အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ခြေဥပြင်ရေးလှုပ်ရှားသူ ဦးနေမျိုးဇင်ကို အရေးယူရန် တပ်က တိုင်ကြား

အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံပွဲများမှ ဟောပြောမှုတချို့နှင့် ပတ်သက်ပြီး တပ်မတော်က ပုဒ်မ ၅၀၅ က၊   ခ တို့ဖြင့် အမှုဖွင့် ထားသည်ဟု ရန်ကုန်၊  တိုက်ကြီးမြို့မ ရဲစခန်းထံမှ သိရကြောင်း  တပ်မတော်အရာရှိဟောင်း ဦးနေမျိုးဇင်က ဧပြီ ၄ ရက်နေ့တွင် ပြောသည်။

တပ်မတော်ဘက်က ဘယ်သူက စွဲတယ်၊  ဘာကြောင့် ဆိုတာတော့ မသိရသေးဘူး။ ၆ ရက်နေ့ မနက် တရားရုံးသွားမှ သိရပါမယ်၊  အခု ကျွန်တော်က နယ်ရောက်နေပါတယ်၊  ဝရမ်းထုတ်ထားတယ်လို့လည်း ပြောပါတယ်ဟု ၎င်းက ဆိုသည်။

လွတ်လပ်စွာပြောဆိုပိုင်ခွင့် ဆုံးရှုံးနေသေးတယ်လို့ ပြောချင်တယ်၊  ကျွန်တော်ပြောတဲ့ စကားထဲမှာ ပုဂ္ဂိုလ်ရေးအရ စော်ကားတာ တိုက်ခိုက်တာ မပါပါဘူး၊ သို့သော်ပြည်သူတွေက အကဲဖြတ်တာ ရှိတယ်လေ၊ ကျွန်တော်က တပ်မတော် အရာရှိကြီးတွေ ဘယ်လစာနဲ့ ဘယ်လိုချမ်းသာနေလဲ မေးရင် ပြည်သူတွေက ခိုးတာလို့ ဖြေတယ်၊  ဒါတွေကြောင့် ထင်ပါတယ်

ရဲစခန်းတွင် အမှုဖွင့်ခြင်း မဟုတ်ဟု တိုက်ကြီးရဲစခန်းမှ အရာရှိတစ်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တိုက်ကြီးမြို့နယ် တရားရုံးကို တိုက်ရိုက် ဦးတိုက်လျှောက်တာပါ၊ ဘယ်အရာရှိကလဲ ဆိုတာတော့ အတိအကျ မသိရသေးပါဘူး၊ ဘာအတွက်စွဲတာလဲ ဆိုတာလည်း မသိရသေးပါဘူးဟု ၎င်းက  ပြောသည်။ တပ်မတော်အရာရှိဟောင်း ဦးနေမျိုးဇင်သည် နယ်လှည့်ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ထောက်ခံပွဲများတွင် ပါဝင် ဟောပြောနေသူဖြစ်သည်။

အာဏာရပါတီက အခြေခံဥပဒေပြင်ဆင်ရေးအတွက် ကော်မတီတစ်ရပ် ပေါ်ပေါက်လာရန်  နေပြည်တော် လွှတ်တော်တွင် မကြာသေးမီ ကြိုးပမ်းရာ တပ်မတော်၊ အတိုက်အခံပါတီ ပြည်ခိုင်ဖြိုးတို့၏ ကန့်ကွက်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။

သို့သော်လည်း ထိုကော်မတီသည် အာဏာရပါတီအမတ် အားကောင်းသော လွှတ်တော်တွင် ပေါ်ပေါက်လာသည်။

တစ်ချိန်တည်းတွင်ပင် အခြေခံ ဥပဒေပြင်ဆင်ရေး ထောက်ခံပွဲများကို မြို့ကြီး မြို့ငယ် အများအပြားတွင် တွေ့ခဲ့ရသည်။

အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံသူ တစ်ဦးဖြစ်သည့် ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည်လည်း Facebook ရေးသားမှုများနှင့် ပတ်သက်၍ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တရားရုံး၊ ရဲစခန်းတို့တွင် တိုင်ကြားခံခဲ့ရသည်။

တိုင်ကြားသူမှာ တပ်မတော် အရာရှိတစ်ဦး ဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button