အင်းလေးကန်မှာ စိုက်ပျိုးရေးအစား တခြားလုပ်ငန်းတွေ ပြောင်းလဲလုပ်ကိုင်သင့်တယ် (အင်တာဗျူး)

အင်းသားတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဒေါက်တာဦးထွန်းလှိုင်
အင်းသားတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဒေါက်တာဦးထွန်းလှိုင်

ညောင်ရွှေ - စိုက်ပျိုးရေးလုပ်ကိုင်တဲ့ အင်းလေးဒေသခံ အများအပြားကို တခြား အလုပ်အကိုင်တွေ ပြောင်းလဲလုပ်ကိုင်စေချင်တယ်လို့ ရှမ်းပြည်နယ်အစိုးရ အင်းသားတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဒေါက်တာဦးထွန်းလှိုင်က ပြောပါတယ်။

အင်းလေးကန်ဒေသဟာ တခြားဒေသထက် ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာ ပိုမို သုံးစွဲရတာကြောင့် စိုက်ပျိုးရေးသမားတို့ရဲ့ ကျန်းမာရေး၊ အင်းလေးကန် ရေရှည်တည်တန့်မှုတို့ကို ထိခိုက်နိုင်ပါတယ်။

မကြာသေးခင်က ဒေါက်တာ ဦးထွန်းလှိုင်နဲ့ တွေ့ဆုံရာမှာ သူက အင်းလေးဒေသ အသက်မွေးဝမ်းကျောင်း လုပ်ငန်း၊ စီးပွားရေး၊ ကျန်းမာရေး၊ အင်းလေးကန်ဒေသခံတို့ရဲ့ အခက်အခဲများ အကြောင်းကို ပြောပြထားပါတယ်။

မေး။ ။ အင်းလေးဒေသ စိုက်ပျိုးရေးအခြေအနေက ဘယ်လို ရှိနေပါသလဲ။

ဖြေ။ ။ အဓိကစိုက်ပျိုးတာက ခရမ်းချဉ်သီး ဖြစ်ပါတယ်။ ဝင်ငွေအများဆုံးနဲ့ အင်းလေးဒေသခံတွေအများဆုံး လုပ်ကိုင်တဲ့ စိုက်ပျိုးရေး လုပ်ငန်းဖြစ်ပါတယ်။ နောက်တစ်ခုက ဟင်းသီး ဟင်းရွက် စိုက်ပျိုးရေးကလည်း အင်မတန်အားထားရတဲ့ လုပ်ငန်းပါ။ ပြောင်းနဲ့မြေပဲ၊ ကြံတို့လည်း စိုက်ပျိုးကြပါတယ်။ အင်းလေးကန်အုပ်ချုပ်ရေးအဖွဲ့မှာ ဥပဒေ တိတိကျကျ မရှိသေးတော့ ဥပဒေကို ရေးဆွဲနေပါတယ်။ အရင်ကတော့ ရေနဂို၊ ဘာဖာဧရိယာ၊ ဝါးတားရှစ် ဧရိယာ ဆိုပြီး ၃ ခု ထားပါတယ်။ ဇုန်နယ်ကို ၅ ခုလောက် ထားရင် ကောင်းမယ် ဆိုပြီးတော့ ကျွန်တော် အကြံပြုထားပါတယ်။ ဒါကတော့ အင်းလေးရေ သက်သက် ဧရိယာပေါ့။ အဲဒီအပြင်ဘက် ကျွန်းမျော အရိုင်းနဲ့ စိုက်ပျိုးတဲ့ ဧရိယာမှာ ဆိုရင်တော့ လူနေအိမ်ခြေရှိနေတယ်၊ ရေထဲမှာနေတဲ့ အိမ်တွေ။ နောက်တစ်နေရာက လယ်တွေစိုက်ပျိုးတဲ့နေရာ။ လယ်ထက်မြင့်သွားတဲ့ နေရာမှာ ဥယျာဉ်စိုက်တဲ့နေရာ။ ဥယျာဉ်စိုက်တဲ့နေရာရဲ့ အပြင်ဘက်မှာ ဆိုရင် ကားလမ်း။ ကားလမ်းရဲ့ အပြင်ဘက်မှာက သစ်တော ဧရိယာ။ ဒါက ညောင်ရွှေမြို့နယ် အင်းလေးဒေသရဲ့ ပကတိ မြေအနေအထားပေါ့။ ရေနဂို ဧရိယာကိုတော့ ကျွန်တော်တို့လုံးဝ အထိခံလို့မဖြစ်တော့ အနေအထားမှာ ရှိပါတယ်။ ကျွန်းမျော စိုက်ခင်းတွေက ရေဧရိယာကို ချဲ့လာခဲ့ရင်တော့ အင်းလေးကန်ဆိုတာ ကျွန်းမျောကြီးပါလားဆိုပြီး ဖြစ်သွားပါလိမ့်မယ်။ ကျွန်တော်တို့ လုံးဝ ခွင့်ပြုလို့မရတဲ့ ကိစ္စ ဖြစ်ပါတယ်။

မေး။ ။ ကျွန်းမျောစိုက်ခင်းတွေဟာ မြေပြင်စိုက်ခင်းတွေထက် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး ပိုပြီး သုံးစွဲနေရတာကြောင့် ဘယ်လိုမျိုး ထိခိုက်မှုတွေ ရှိလာနိုင်ပါသလဲ။

ဖြေ။ ။ ထိခိုက်တာနဲ့ပတ်သက်ပြီးတော့ ပညာရှင်တွေပြောကြတာပေါ့။ ခရမ်းချဉ်သီးက ရာသီချိန် ကာလမှာဆို တစ်ရက်ကို ဆယ်ဘီးကား အစီး ၂ဝ လောက်ထိနဲ့ကို တင်ပို့နေရပါတယ်။ အထွက်နည်းတဲ့ ရာသီမှာတော့ ဆယ်ဘီးကား ၁ စီးကနေ ၅စီးထိ ရှိပါတယ်။ ပိုးသတ်ဆေးနဲ့ ပတ်သက်လို့ကတော့ အန္တရာယ်ရှိတာကို မသိတာ မဟုတ်ဘူးဗျ၊ သိကြပါတယ်။ စီးပွားဖြစ် ဆိုတာထက် ဝမ်းစာအနေနဲ့က အရေးကြီးနေတာ။ ကျွန်တော်တို့ အင်းသူ၊ အင်းသားများ ဒီခရမ်းချဉ်သီးကို မရွေးလို့ မဖြစ်နိုင်တဲ့ အနေအထားမှာ ရှိနေတယ်။ ပိုးသတ်ဆေးနဲ့ ပတ်သက်ပြီး အဆိပ်အတောက်ဖြစ်တဲ့ဟာကိုတော့ တွေ့ပါတယ်၊ အရင်အစိုးရလက်ထက်ကပေါ့ဗျာ၊ အင်းလေးဒေသက ရေနမူနာတွေယူပြီးတော့ ပိုးသတ်ဆေး ပျော်ဝင်မှု ဘယ်လောက်ထိ ဆိုးရွားနေ သလဲဆိုတာကို သုတေသနပြုလုပ်ထားတာ ရှိပါတယ်။ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ ကျေးရွာတွေမှာတော့ လူတွေကို အန္တရာယ်ပေးနိုင်တဲ့ အနေအထားမျိုးမှာရှိပါတယ်။ ပိုးသတ်ဆေး အန္တရာယ်ရှိတဲ့ အထဲမှာတော့ မြေအောင်း ပိုးသတ်ဆေးက အဆိုးဆုံးပါပဲ။ တချို့လူတွေကတော့ ကင်ဆာဖြစ်တယ်၊ အနည်းအကျဉ်းရှိတယ်၊ အာရုံကြောနဲ့ ပတ်သက်တဲ့ အဆိပ်အတောက် က အများဆုံး တွေ့ရပါတယ်။ ပိုးသတ်ဆေးကို စနစ်တကျ မသုံးစွဲတဲ့အတွက် တစ်ထိုင်တည်းနဲ့ ဆုံးပါးသွားတဲ့ လူတွေလည်း အရင်တုန်းက ရှိခဲ့ဖူးပါတယ်။ ယနေ့ခေတ်မှာတော့ နည်းပါးသွားပါပြီ။

မေး။ ။ ဒေသခံတွေက ဘယ်လို ကျန်းမာရေးအန္တရာယ်မျိုးနဲ့ ရင်ဆိုင်နေရပါသလဲ။

ဖြေ။ ။ အာရုံကြော အဆိပ်အတောက် ဖြစ်မှုက ကျန်းမာရေး ပညာပေး ဦးစားပေးတဲ့အခါမှာ ဒုတိယ အဆင့်လောက် ရှိတယ်။ ပထမဦးစားပေးရတာကတော့ ရေအားဖြင့် ကူးစက်တက်တဲ့ ရောဂါများဖြစ်ပါတယ်။ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးတွေကို ကိုင်တွယ် အသုံးပြုတာနဲ့ ပတ်သက်ပြီးတော့ အရင်တုန်းကဆိုရင် ဘာမှ ဗဟုသုတမရှိခဲ့ဘူး၊ (ဆေး) အရည်ဖျော်တာတောင်မှ လက်နဲ့မွှေတာမျိုးတွေ ရှိတယ်၊ တော်တော် အခြေအနေဆိုးတယ်။ (အရေပြား) လောင်တာတွေ၊ အလာ့ဂျစ် (ဓာတ်မတည့်တာ)တွေဖြစ်တာ။ ကျွန်တော်တို့ တော်တော့်ကို ပညာပေးရတာ။ လူတွေသိထားတာကတော့ နှာခေါင်းထဲဝင်မှ၊ ပါးစပ်ထဲဝင်မှ စသည် အားဖြင့်ပေါ့။ အမှန်တော့ ထိတာနဲ့ အရေပြားက စိမ့်ဝင်နိုင်တဲ့ အန္တရာယ်ရှိတယ်။ ကျန်းမာရေး အန္တရာယ်ကို မသိဘဲနဲ့ ဆေးဖြန်းလက်စနဲ့ နေ့လယ်စာ စားလိုက်တာ တစ်ထိုင်တည်း သေသွားတာမျိုးတွေလည်း ရှိတယ်။ ဓာတ်မြေသြဇာနဲ့ ပတ်သက်လို့ကလည်း တောင်ကြီးတက္ကသိုလ်တို့၊ စိုက်ပျိုးရေးဌာနတို့ သုတေသနပြုလုပ်တာအရ ရေထဲမှာ ဖော့စထရက် ပါဝင်မှုနှုန်းက ကျွန်တော်တို့ အင်းလေးရေမှာကတော့ သူများဒေသထက် များနေတာပေါ့။

မေး။ ။ ဘယ်လိုပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေပါသလဲ။

ဖြေ။ ။ ကုမ္ပဏီတစ်ခုနဲ့ ချိတ်ဆက်ပြီးတော့ အော်ဂင်းနစ် (ဓာတုကင်းစင်) ဆေးတွေ ဖြန့်ဖြူးခဲ့တယ်။ ရွာတွေမှာ လူစုပြီးတော့ ဟောပြောပွဲတွေ လုပ်ပါတယ်။ လူတွေက အရင်တုန်းကထက် စာရင်တော့ အော်ဂင်းနစ် စိုက်ပျိုးရေးကို အားပေးလာကြတာလည်း တွေ့လာရပါတယ်။ ကျွန်တော်တို့ အော်ဂင်းနစ် စိုက်ပျိုးရေးကို အဓိက ပညာပေးပါတယ်။

မေး။ ။ ပိုးသတ်ဆေးနဲ့ ဓာတ်မြေသြဇာ အန္တရာယ်ကင်းရှင်းအောင် ဘယ်လိုဆောင်ရွက်သွားဖို့ရှိပါသလဲ။

ဖြေ။ ။ ကျွန်တော်တို့ကတော့ ဖြစ်နိုင်ရင် ပြည်သူလူထု ဝမ်းစာရှာဖွေရေး အလုပ်အကိုင်ကိုတောင် အစားထိုး ဆောင်ရွက်ဖို့ ဆန္ဒရှိနေပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ စိုက်ပျိုးရေးဆိုတာနဲ့ မြေဧရိယာ တိုးချဲ့ဖို့၊ မျိုးကောင်းမျိုးသန့်ရဖို့၊ အထွက်နှုန်းကောင်းဖို့ ဆိုပြီးတော့ ပိုးသတ်ဆေးနဲ့ ဓာတ်မြေသြဇာကို သုံးနေရတယ်။ ခရမ်းချဉ်သီး အများကြီး ထွက်တာပဲ၊ ဈေးကောင်း လည်း ရတယ်လို့ အများက ထင်ကြတယ်။ အဲဒီလို အမြဲမဟုတ်ပါဘူး၊ ရှေ့လေးနှစ်လောက်တုန်းက ဆိုရင် ဆက်တိုက်ကို အရူံး ပေါ်ခဲ့ပါတယ်။ ရှေ့တစ်နှစ်နဲ့ ဒီတစ်နှစ်ကမှ ဈေးကောင်း ရလာလို့ အကြွေးတွေ ကျေပါတယ်။

လတ်တလောတော့ နိုင်ငံခြားသား ခရီးသွားလုပ်ငန်းနဲ့ ဝင်ငွေရနိုင်တဲ့ လုပ်ငန်းဖြစ်အောင် ဆောင်ရွက်လိုတယ်၊ ပြည်သူလူထု ဘယ်အခန်းကဏ္ဍကနေ ပါဝင်နိုင်မလဲ ဆိုတာကိုတော့ စဉ်းစားဆဲပဲ။ ညောင်ရွှေမြို့နယ်မှာ ဟိုတယ်ပေါင်း ၉၂ လုံး ရှိတယ်။ ဒေသခံ တိုင်းရင်းသားတွေ ပိုင်ဆိုင်တာက ၃ဝ လောက်ပဲ ရှိတယ်။ အဲဒီ ၃ဝ က သေးသေးလေးတွေပဲ။ အကြီးကြီး မှန်သမျှက လုပ်ငန်းရှင်တွေပိုင်တာ ဖြစ်တယ်။ အင်းလေး (ကန်) ဝဲယာမှာ ဟိုတယ် ၂၂ လုံး ရှိတယ်။ ဌာနေ တိုင်းရင်းသားများ ပိုင်တာက ၂ လုံးပဲ ရှိတယ်။ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက် လို့ ဌာနေတိုင်းရင်းသားတွေက ဘယ်လိုဝင်ငွေမျိုး ရနေတယ် ဆိုတာကို ခန့်မှန်းကြည့်လို့ ရပါတယ်။

အင်းလေးမှာက ဖြတ်သွားရင်တောင်မှာ ပိုးသတ်ဆေးနံ့ ရနေတယ်၊ စိုက်ပျိုးရေးကိုချည်း ရေရှည်မှာ အားကိုးရင် ဒါက အဆင်မပြေတဲ့ ကိစ္စပေါ့၊ အရင်ကဆိုရင် ပိုဆိုးတယ်၊ ပိုးသတ်ဆေး ဆိုတာက တစ်နေကုန် ဖြန်းတယ်။ ခုတော့ တောင်သူများက ဗဟုသုတရလာတဲ့ အတွက်ကြောင့် နေ့ခင်းနေ့လယ်တွေမှာ ပိုးသတ်ဆေးနဲ့ မထိတွေ့တာတွေ ရှိနေကြပြီ။ ခု ကျွန်တော်တို့ အဖြစ်ချင်ဆုံးကတော့ လုပ်ငန်းကိုင်ငန်း အစားထိုးဖို့ပေါ့။ တချို့စိုက်ပျိုးရေးရွာတွေမှာဆိုရင် အလုပ်အကိုင် ပြောင်းလဲလာတယ်။ အထည်ချုပ်လုပ်ငန်း၊ ရက်ကန်းလုပ်ငန်း၊ ပင်နီလုပ်ငန်း၊ သိုးချည်နဲ့ လွယ်အိတ်ရက်တာတွေ ရှိတယ်။ ခရီးသွားလာရေး လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ CBT (Community Based Tourism - ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း) ကို ကြိုးစားနေ ပါတယ်လို့ ဟိုတယ်နဲ့ခရီးဝန်ကြီးကလည်း ပြောပါတယ်။ အင်းသူအင်းသားများက ပိုးသတ်ဆေးနဲ့ ဓာတ်မြေသြဇာကို ရှောင်ရှားဖို့ ခရီးသွားလုပ်ငန်းထဲ ဝင်မယ်ဆိုရင် အမှတ်တရပစ္စည်း ရောင်း၊ မော်တော်မောင်း၊ စားသောက်ဆိုင် အသေးလေးတွေ တည်ထောင်တာနဲ့ တချို့ဟိုတယ်တွေမှာ ဝန်ထမ်း အနည်းငယ်လောက် ဝင်ရောက် လုပ်ကိုင်နိုင်တဲ့ ကိစ္စလောက်သာ လုပ်ကိုင်နိုင်ပါသေးတယ်။

မေး။ ။ ခရီးသွားလုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်ဖို့ ဒေသခံတွေမှာ ဘယ်လို အခက်အခဲတွေရှိနေသလဲ။

ဖြေ။ ။ ဌာနေတိုင်းရင်းသားများ ကိုယ့်မြေကိုယ့်ဒေသမှာ ဟိုတယ်ဆောက်လုပ်ခွင့်ဆိုတာ မရှိတော့ပါဘူး။ အင်းလေးဒေသနဲ့ ၁ဝ မိုင် ပတ်လည် အတွင်းမှာ ဟိုတယ် ဆောက်လုပ်ခွင့်၊ Guest House (တည်းခိုခန်း) တိုးချဲ့ခွင့်လည်း မရှိတော့ပါဘူး၊ အသက်မွေးဝမ်းကျောင်းသင်တန်းကို အများကြီး ဆောင်ရွက်ဖို့ လိုနေပါသေးတယ်။ ပြီးတော့ CBT ကလည်း အနီးဆုံး ဟိုတယ်နဲ့ ဘယ်နှစ်နာရီ အတွင်း အသွားအပြန် ဖြစ်မယ့် နေရာတွေ ရွေးရမယ် ဆိုတော့ အင်းသူ အင်းသားများ နေထိုင်တဲ့နေရာတွေက မူဘောင်နဲ့ ကျော်လွန်နေသလိုမျိုး ဖြစ်နေပါတယ်။ ဥပမာ အားဖြင့် ကျွန်တော်တို့ဆီမှာ စားသောက်ဆိုင် ဆောက်မယ်ထားဦးပေါ့။ ကျွန်တော်တို့ ဒေသမှာ မြေယာနဲ့ ပတ်သက်လို့ မူဝါဒတွေ ရှိပါတယ်။ ရှိသမျှ ကမ်းနား အောက်ဖက်ကို တောရိုင်း တိရစ္ဆာန်နဲ့ သဘာဝ သားငှက်များနေရာ ဆိုပြီး သစ်တောဌာနက ကိုင်ထားပါတယ်၊ အပေါ်ပိုင်းကတော့ သစ်တောပါ။ ဘာကို ဖြေလျှော့ပေးထားသလဲဆိုတော့ နေမြဲရှိနေတဲ့ အိမ်ကိုတော့ ဌာနဆိုင်ရာပိုင်တဲ့ မြေကနေ ကင်းလွှတ်ခွင့်ပေးပါတယ် ဆိုပြီး လုပ်ထားပါတယ်။ ရှိသမျှ မြေနေရာ၊ ရေနေရာ မှန်သမျှက ဌာနဆိုင်ရာက ပိုင်ဆိုင်တာဖြစ်နေပါတယ်။ အိမ်တိုးချဲ့မယ်ဆိုတာနဲ့ ပြဿနာဖြစ်နေတယ်။ ပိတ်ပင် တားဆီးတာနဲ့ ကြုံနေရတယ်။ ။

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading