တစ်ကိုယ်ရည် လွတ်မြောက်မှုအတွက် ပန်းချီဆွဲသူ တင်အောင်မြင့်

သမိုင်းလမ်းဆုံ အနီး၊ City Mart ဘေးလမ်းထဲဝင်၊ လမ်းလယ်ဓမ္မာရုံလေးကိုကျော်လိုက်တော့ ဝဲဘက်ရှိ ခြံတခြံထဲမှာ ပန်းချီတင်အောင်မြင့် နေထိုင်တဲ့ ဂိုဒေါင်သဖွယ် အဆောက်အဦး တခုကို တွေ့ရတယ်။ အဆောက်အဦးထဲ ဝင်လိုက်တာနဲ့ ပန်းချီဆေးနံ့တချို့ ရလိုက်သလို အခန်းနံရံမှာ မှီထောင်ထားတဲ့ Non-representative Paintings ခေါ် Abstract ပန်းချီကား (သို့) ဒြပ်မဲ့ ပန်းချီကား အတော်များများကို တွေ့ရတယ်။

ပြီးတော့ ရေဆေးပန်းချီကား အကြည်လေးတွေလည်း အများအပြား၊ Cubism ပန်းချီကား အနည်းငယ်နဲ့ Surrealism နွယ်တဲ့ ပန်းချီကား တချို့လည်း တွေ့လိုက်ရပါတယ်။

“အဲဒီ Abstract ပန်းချီကားတွေထဲမှာ ခင်ဗျား သိပ်ပြီး စိတ်ကျေနပ်မှု ရနေတဲ့ ပန်းချီကားက ဟောဒီ အဝါရောင်နောက်ခံ ပန်းချီကား ရယ်၊ နောက်ပြီး ဒီ အနက်ရောင်ပန်းချီကားပဲ လို့ ကျနော် ထင်တယ်ဗျ။ ကျန်တဲ့ ကားတွေတော့ ခင်ဗျား စိတ်ကျေနပ်မှု ဘယ်လိုလဲ ဆိုတာတော့ ကျနော် သိပ်မသိဘူး၊ ကြည့်သူ ကျနော့် အနေနဲ့ကို အားမရသလို ခံစားရတယ်” လို့ ဝေဖန်လိုက်တော့…၊ သူ့စိတ်အလျဉ် အတိုင်း နေထိုင် တတ်သူ ပန်းချီတင်အောင်မြင့်က ဘာမှ မပြောဘဲ ပြုံးနေပါတယ်။

ခဏနေတော့မှ သူက - “ကျနော့် ပန်းချီကားတွေနဲ့ ပတ်သက်ပြီး ဒီလို ပြောသူ၊ ဒီလိုမြင်သူ မရှိသေးဘူး။ သူတို့ကြိုက်ရင် ဝယ်သွား၊ ယူသွားကြတာ များတယ်။ အစ်ကို ပြောမှ ကျနော့်ကိုယ် ကျနော် ပြန်ကြည့်မိတယ်။ ကျနော်က စိတ်ပါမှ ပန်းချီ ရေးတယ်၊ သီချင်းရေးတယ်၊ ဗိသုကာပုံတွေ ဖန်တီးတယ်။ ပြီးတော့ ကဗျာလေးတွေ၊ ဝတ္ထုတိုလေးတွေ ရေးတယ် ပေါ့ဗျာ။ အစ်ကို အခုလို ပြောတော့မှ… ကျနော် ကိုယ့်ကိုယ်ကို ပြန်ကြည့်မိသွားတယ်။ ကျနော်က ပျော်နေမှပဲ အလုပ် လုပ်တယ်၊ ပျော်နေမှပဲ အလုပ် လုပ်လို့ရတယ် ဆိုတာ ပြန်တွေ့သွားတယ်” လို့ တင်အောင်မြင့်က ဆိုပါတယ်။

ရုတ်တရက်သာ သူ့ကို တွေ့လိုက်ရသူတွေ ဆိုရင် သူဟာ ခင်မင်နှစ်လိုဖွယ် တဦးလို့ ဘယ်လိုမှ မမြင်နိုင်ပါ။ သို့ပေမယ့် သူဟာ ခင်မင်နှစ်လိုဖွယ် ကောင်းသူ တဦးပါ။ ဘာဖြစ်လို့လဲ ဆိုတော့ စကားပြောရာမှာပဲ ဖြစ်ဖြစ်၊ သူ့ခံစားချက်ကို ဖွင့်ထုတ် သွန်ချရာမှာပဲ ဖြစ်ဖြစ် သူဟာ အားပါးတရ ပြောဆိုတတ်၊ ပြုမူတတ်တာကို သူနဲ့ တွေ့ဆုံခဲ့တဲ့ မိနစ်ပိုင်း အတွင်း လေ့လာ သိရှိလိုက်ရ သလို သူ့စိတ်ခံစားမှုကိုလည်း လျှပ်တပြက် သိမြင် ခံစားလိုက်ရတာကြောင့်ပါ။

“ကျနော် ကြောက်တာ တခုရှိတယ်။ အဲဒါက တခုခုကို စိတ်ကျေနပ်မှု မရှိဘဲ လုပ်ဖြစ်နေတာမျိုး၊ ဖန်တီး နေတာမျိုးပဲ။ ကျနော့် အတွက် အခက်အခဲတွေက တခုခု လုပ်နေချိန်မှာ ကျန်တာတွေ အားလုံး မေ့သွားတာပဲ။ ထည့်သွင်း မစဉ်းစားမိ တော့တာပဲ။ ကျနော့် စိတ်ကျေနပ်မှုနဲ့ ကျနော် ကျေနပ်အားရ ဖြစ်သွားမှပဲ အဲဒီ အလုပ်တခုက ပြီးမြောက်သွားတာ…” လို့ တင်အောင်မြင့်က သူ့ အနုပညာ ဖန်တီးမှု အပေါ် သူ့ရဲ့ ခံစားမှုကို ပြောပါတယ်။

ပြီးတော့… သူက “အစ်ကို ပြောသလို… ကျနော် စိတ်ကျေနပ်မှု ရတဲ့ ပန်းချီကားတွေက ကြိုက်နှစ်သက်သူ၊ ဝယ်ယူလိုသူ ပိုများတာ တွေ့ရတယ်။ ကျနော် စိတ်ကျေနပ်မှု နည်းနေတဲ့ ပန်းချီကားတွေဆို အဲဒီကားတွေကို ပြန်ကြည့်ရတာကိုက စိတ် မပျော်ဘူး၊ ငြီးငွေ့သလိုတောင် ဖြစ်တယ်ဗျ။ ငြီးငွေ့စေမယ့် ကားတွေ မရေးဆွဲ မဖန်တီးချင်ဘူး” လို့လည်း သူက ပြောပြတယ်။

တကယ်တော့ ပန်းချီ၊ ပန်းပုပဲ၊ ဖြစ်ဖြစ်… တခြား ဘယ်အနုပညာ ဖန်တီးမှုတွေမှာပဲ ဖြစ်ဖြစ် အနုပညာ ဖန်တီးမှု ဆိုတာ စိတ်ခံစားမှုကို ကျွမ်းကျင်မှုနဲ့ ပုံဖော် ထင်ဟပ် တင်ပြတာ ဖြစ်တယ်။ တင်အောင်မြင့်ဟာလည်း သူ့စိတ်ခံစားမှုကို သူ သိမြင် တတ်မြောက်ထားတဲ့ ကျွမ်းကျင်မှုနဲ့ ပုံဖော်ထင်ဟပ် တင်ပြတာ တွေ့ရတယ်။ သို့ပေမယ့် အများစုသော ပန်းချီဆရာတွေလို သူများ အကြိုက် (သို့မဟုတ်) ကြည့်ရှုသူ အကြိုက်၊ ဝယ်ယူသူ အကြိုက် ရေးဆွဲနေသူတွေလို ရေးဆွဲတင်ပြတာမျိုး မဟုတ်တာလည်း သတိပြုမိ ပါတယ်။

တာအိုဝါဒကို လက်ခံသူ

“ကျနော်က Minimalism ကို ပန်းချီထဲမှာရော ဘဝထဲထိပါ လက်ခံကျင့်သုံးပါတယ်။ တကယ်က Taoism ကို နှစ်သက် လက်ခံတာပါ။ ကျနော် နှစ်သက်ရတဲ့ အကြောင်းအရင်းနဲ့ အဲဒီ philosophy ကို စိတ်ဝင်စားတာက… ဘဝမှာ ပိုလျှံခြင်းကို အရမ်းမုန်းပါတယ်။ ချို့ငဲ့ခြင်းနဲ့ ထပ်တူထပ်မျှ မုန်းတယ်ဗျ” လို့လည်း သူက ပြောပြတယ်။

လူ့ဘဝ လူ့တာဝန်မှာ သဘာဝတရားနဲ့ လူနဲ့ အကြား သဟဇာတဖြစ်တဲ့ မျှခြေကို ရှာဖွေနေထိုင်ဖို့ဟာ အရေးအကြီးဆုံး လို့ ခံယူကျင့်သုံးသူ တင်အောင်မြင့်မှာ အဝတ် ၁၀ စုံ မပြည့်၊ ဘာပစ္စည်းပဲ ဖြစ်ဖြစ် အပိုများလာရင် စိတ်အလွန် မချမ်းမသာ ဖြစ်ရသူ၊ environmentalist တယောက်လို့လည်း သူ့ကို ပြောရမှာပါ။

ပန်းချီတင်အောင်မြင့်ရဲ့ မျက်မှောက်ခေတ် လူသား ဖြစ်တည်မှုနဲ့ သဘာ၀၀န်းကျင် အပေါ် အမြင်က ဒီလိုပါ။

“လူသားကိုယ်တိုင်က အနုပညာ၊ ဘဝဟာ အနုပညာ၊ သဘာဝလောကကြီးဟာ အနုပညာ၊ စကြဝဠာကြီးကိုယ်နှိုက်က အနုပညာနဲ့ တည်နေတယ် လို့ အခိုင်အမာ ယုံကြည်ပါတယ်။ အနုပညာမဲ့တဲ့ ပေါင်းစည်းမှုတိုင်းဟာ ဟန်ချက်မညီလို့ ရေရှည် မတည်တံ့ဘူး လို့ ခံယူတယ်။ မျက်မှောက်ခေတ် လူနေမှုကို အရမ်းမုန်းပါတယ်။ အနုပညာ ဟန်ချက်ပျက်ယွင်းပြီး မျှခြေ မခိုင်တော့တဲ့ ခေတ်လို့ မြင်ပါတယ်” လို့ သူက ပြောပါတယ်။

သဘာ၀ ပတ်ဝန်းကျင် ထိခိုက်နေတာနဲ့ ဆက်စပ်ပြီး သူ ပြောပြတာက “ပန်းချီကားတကားရဲ့ အစိတ်အပိုင်းလေး တခုဟာ သူ့ချည်း ကွက်ကွက်လေး ပြီးပြည့်စုံအောင် ကောင်းနေရုံနဲ့ ပန်းချီကား တချပ်လုံး အနုပညာမြောက် ဖြစ်မလာပါဘူး။ အစိတ်ပိုင်းတိုင်း ဟန်ချက်ညီစွာ မျှခြေ တည်ဆောက်နိုင်မှသာ အနုပညာမြောက် ဖြစ်လာတာပါ။ မျက်မှောက်ခေတ် လူသားတွေရဲ့ အခြေအနေက သူ့ချည်း ကွက်ပြီး အရမ်းကောင်း လာပေမယ့် အဲလို ချွန်ထွက်ပြီး ကောင်းလွန်းနေတာကိုက သဘာဝလောကကြီးရဲ့ အလွန် အနုပညာမြောက်တဲ့ ဟန်ချက်ညီမှု မျှခြေကို ဖျက်ဆီးပစ်ရာရောက်နေပါတယ်” လို့လည်း သူ့ရဲ့ စိုးရိမ်မှုကို ပြောပြတယ်။

ပန်းချီ တင်အောင်မြင့်ကို အဖ ဦးကျော်မြင့် အမိ ဒေါ်မြင့်မြင့်သိန်းတို့က ၁၉၇၆ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက်၊ ရန်ကုန်မြို့ လသာမြို့နယ်မှာ မွေးဖွားပါတယ်။ သူ့ရဲ့ အစ်မနဲ့ ညီမတို့ကလည်း လက်ရှိမှာ ဆရာဝန်တွေ ဖြစ်ကြပြီး အမေ ဖြစ်သူက အစ်မဖြစ်သူနဲ့ အတူ မကွေးမှာ နေထိုင်နေတယ်လို့ သိရပါတယ်။

စက်မှုတက္ကသိုလ်ကျောင်းသား ဘဝ

စက်မှု တက္ကသိုလ် (RIT) ကျောင်းသားတဦး ဖြစ်ခဲ့တဲ့ တင်အောင်မြင့်ဟာ ပန်းချီဆရာဖြစ်ချင်ခဲ့တာပါ။ ဒါပေမယ့် အာရ်အိုင်တီ အမှတ်မီတာနဲ့ ၁၉၉၅ ခုနှစ် စတက်ဖြစ်သွားရာကနေ ပုံဆိုးပန်းဆိုး ပညာရေးကို ဆန့်ကျင်တဲ့ အနေနဲ့ ဆန္ဒပြခဲ့တာကြောင့် ထောင်ကျခဲ့ရတဲ့ အကြောင်းကို အခုလို ပြောပြတယ်။

“အဲဒါနဲ့ ပက်သက်ပြီး ၉၆ အရေးအခင်း ဖြစ်ပြီး ကျောင်းပိတ်သွားတယ် ဆိုပါတော့။ ကျောင်းဖွင့်တာ ၂ လပဲ ရှိသေးတယ်။ ၁ နှစ် နဲ့ ၈ လလောက်ကြာတော့ ကျောင်းပြန်ဖွင့်တယ်။ ၇ ရက်ပဲ ပြန်ဖွင့်ပြီး စာမေးပွဲ အဖြေခိုင်းတယ်။ အဲဒါဟာ ပညာရေး အနေနဲ့ မဖြစ်သင့်ဘူး ဆိုတာ ဝန်ကြီးဦးသောင်းကို ကျောင်းသားတွေ စုပြီး လက်မှတ်ထိုး တင်ပြတယ်။ ဝန်ကြီးက စာသင်ရက် ပြန်တိုးပေးဖို့ လက်မခံဘူး။ ဒါနဲ့ပဲ အခြေအမြစ် မရှိတဲ့ ပုံဆိုးပန်းဆိုး ပညာရေးကို ဆန့်ကျင်တဲ့ အနေနဲ့ ဆန္ဒပြခဲ့တယ်။ စာမေးပွဲဖြေတော့ ဦးဆောင်ပါဝင်သူ ၂၅ ယောက် GTI မှာ ခွဲဖြေရတယ်။ ဆန္ဒပြပွဲပြီးလို့ ၂ လအကြာမှာ ကျနော့်ကို လာဖမ်းတယ်။ ဖမ်းလို့ မမိတာနဲ့ ကျနော့်အဖေကို ဖမ်းသွားပြီး လူစားပြန်လဲဖို့ ဖုန်းနံပါတ်ပေးခဲ့တယ်။ ၉၈ နိဝင်ဘာ ၉ ရက်နေ့မှာ အဖမ်းခံရတယ်။ ၇ နှစ်ချတယ်။ ထောင်ထဲမှာ ၃ နှစ် ၈ လကျော် ကြာတယ်။ ၂၀၀၂ ခုနှစ် ဇူလိုင် ၂၈ မှာ ပြန်လွတ်လာတယ်”

“ထောင်ထဲမှာ ဗိသုကာဆိုင်ရာတွေ ၁ နှစ်ကြာ စဉ်းစားလေ့ကျင့်တယ်။ လ,တော်တော်ကြာ သီချင်းရေးတယ်။ အင်္ဂလိပ်စာ ကို ၁ နှစ်နီးပါး လေ့လာဖြစ်ခဲ့တယ်။ အဘိဓာန်ကို အက္ခရာစဉ် အလိုက် အလွတ်ကျက်မှတ်တာတွေတောင် ရှိခဲ့တယ်”

ကိုတင်အောင်မြင့်ရဲ့ ဗိသုကာ လေ့လာမှုနဲ့ ဗိသုကာ လက်ရာတွေ အကြောင်းကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။

“ဗိသုကာကို အစပိုင်းမှာ ကိုယ်တိုင် စာဖတ်ပြီး လက်တွေ့လေ့ကျင့်ခဲ့ပါတယ်။ ထောင်က လွတ်ပြီးနောက်မှာ ဆရာရွှေဆီမှာ သင်ယူရင်း သူ့လက်အောက်မှာ ဝင်လုပ်ခဲ့ဖူးတယ်။ Miesvander, Kahn, Tange, Frank Lloyd Wright, Alva Alto တို့ကို အရမ်းအားကျတယ်။ Modern architecture ကို အလေးအနက် ယုံကြည်တယ်။ postmodernism မှာ concept ခိုင်မှာမှုနဲ့ ပြစရာ အားကောင်းကောင်း လက်ရာမျိုး မရှိဘူး လို့ ခံစားရတယ်။ ဗိသုကာရဲ့ အန္တိမပန်းတိုင်ဟာ space လို့ ယုံကြည် တယ်။ အဲဒီ space ကို structural principle ထဲက စည်းကမ်းတကျ ရှာဖွေတင်ပြနိုင်တာကို ဗိသူကာ တယောက်ရဲ့ ဂုဏ်လို့ ယုံကြည်တယ်။ design လုပ်ပေးဖူးတာ ဆိုလို့ တောင်ဥက္ကလာမှာ shelter လေးတခုရယ်၊ ကွမ်းခြံကုန်း မန်းကလိတ်မှာ တည်လက်စ ပုထိုးတဆူရယ်ပဲ ရှိပါတယ်။ ဗိသုကာပညာဆိုတာ အနုပညာမြောက်တဲ့ ဟင်းလင်းခွင် လက်တွေ့ ပုံဖော်ဖမ်းယူတဲ့ အတတ်ပညာ လို့ ခံယူပါတယ်”

ပန်းချီနဲ့ ဗိသုကာကြား သဘောသဘာ၀ အားဖြင့် အတော်ကွားခြားပါတယ်။ အဲဒီကွာခြားတဲ့ အချက်၊ ခြားနားတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး ပန်းချီတင်အောင်မြင့်က သူ့ရဲ့ အယူအဆကို အခုလို ပြောပါတယ်။

“ပန်းချီက မြင်တွေ့ခံစားရအောင် လှုံ့ဆော်တာပါ။ ဗိသုကာကတော့ ကိုယ်တိုင်ပါဝင် ထိတွေ့ခံစားမှုကို ပေးပါတယ်။ ပန်းချီရဲ့ အားသာချက်က လက်တွေ့ ပုံဖော်ရာမှာ အချုပ်အနှောင် နည်းတယ်။ ဗိသုကာက အတားအဆီး အချုပ်အနှောင် ပိုများတယ်။ ပန်းချီလက်ရာကောင်းက တမျိုးတည်းပဲ လှနိုင်တယ်။ ဗိသုကာလက်ရာကောင်းက အချိန်ကို လိုက်ပြီး အမျိုးမျိုးလှနိုင်တယ်။ ပန်းချီမှာ functional value ကို ထည့်တွက်ဖို့ မလိုတော့ပိုပြီး လွတ်လွတ်လပ်လပ် လုပ်လို့ရတယ်။ ဗိသုကာမှာတော့ funtional value ကို ထည့်တွက်ရတယ်။ လုပ်ချင်တာ အပြည့်အဝ လုပ်ခွင့်ရမယ် ဆိုရင်တော့ ဗိသုကာ ကို ပိုကြိုက်တယ်။ ရှင်းအောင်ပြောပြဖို့တော့ အခက်အခဲ ရှိနေတယ်ဗျ။ Art make you feel while architecture make you experience. (ပန်းချီအနုပညာ လက်ရာက သင့်ကို တွေးမြင်ခံစားရစေပြီး ဗိသုကာလက်ရာကတော့ သင့်ကို ထိတွေ့ ခံစားရစေတယ်) လို့ ပြောရမလားမသိ”

ပန်းချီတင်အောင်မြင့်က သူငယ်စဉ်က ပန်းပုထုခဲ့တဲ့ အကြောင်းလည်း အခုလို ပြောပြတယ်။

“ကျနော် ၆ တန်း၊ ၇ တန်းလောက်မှာ အပျင်းပြေ မြေဖြူတောင့်နဲ့ ရေအိုးရွက်ထားတဲ့ မိန်းမပျိုလေးပုံ ထုကြည့်ရင်း စလုပ်ဖြစ် တာပါ။ ထုပြီးရင် မြေဖြူပန်းပုလေးကို superglue လောင်းချလိုက်တော့ ဆင်စွယ်ရုပ်လေးလို ဖြစ်သွားရော။ ထောင်ထဲ ရောက်တော့ အခြေအနေရဲ့ လိုအပ်ချက် အရ သူငယ်ချင်းတွေ အတွက် ဘုရားဆင်းတုကို ဆပ်ပြာခဲနဲ့ ဒိုင်ခံထုပေးခဲ့တယ်။ အဲဒီနောက် ဆပ်ပြာအမွှေးတုံးနဲ့ နှင်းဆီပန်းခြင်းလေးတွေ ထုတယ်။ အပြင်ပြန်ရောက်တော့ ရွှံ့ဖြူလက်ဆောင် ရလို့ နှင်းဆီပန်းဂန္ဓမာပန်းတွေ ထုတယ်။ တခါက အရမ်းကို အာသီသ ပြင်းလာလို့ ပျားဖယောင်းဝယ်ပြီး ကျနော် ရေးတဲ့ ပန်းချီကားကို ပန်းပုပြန်ထုဖြစ်တယ်။ အဲဒီပုံတော့ မရှိတော့ဘူး”

ပန်းချီကားနဲ့ အရက်ကောင်းကောင်း

ပန်းချီကား ကောင်းကောင်းကို ရွေးချယ်ရကြသလဲ…၊ ဘယ်လို ရွေးချယ်ရမလဲ လို့ ပန်းချီနဲ့ ဆက်စပ် ပတ်သက်သူများကြား မကြာခဏ မေးမြန်းကြ ပြောဆိုကြတဲ့ မေးခွန်းတခုပါ။ ဒီမေးခွန်းကို အလွယ်တကူ ဖြေဖို့၊ ပြောပြဖို့ ခက်ခဲ ရှုပ်ထွေးပါတယ်။ ပန်းချီတင်အောင်မြင့်က ပန်းချီကား ကောင်း/မကောင်း ရွေးဖို့ ကြည့်ဖို့ အခုလို ပြောပြတယ်။

“တခါက မိတ်ဆွေ ကဗျာရေးသူတွေနဲ့ စကားဝိုင်းမှာ အမေးခံရဖူးတယ်။ ပန်းချီကား ကောင်းမကောင်း ဘယ်လို ကြည့်ရမလဲတဲ့။ ကျနော်က ပြန်မေးတယ်..၊ အရက်ကောင်း ဟုတ်မဟုတ် ခင်ဗျားတို့ ဘယ်လိုခွဲခြားသိနိုင်လဲ လို့။ အရက်ကောင်း များများသောက်ဖူးရင် အရက် ကောင်း/ မကောင်း ခွဲခြမ်းစိတ်ဖြာနေစရာ မလိုဘဲ အလိုလို သိနိုင်သလို ပန်းချီကားကောင်း များများကြည့်ဖူးထားရင် ပန်းချီကား မကောင်းတဲ့ အခါ ချက်ချင်း သိနိုင်ပါတယ် လို့ ပြောခဲ့တယ်” လို့ သူ့ အယူအဆ အမြင်ကို ပြောပြတယ်။

ပန်းချီတင်အောင်မြင့်ဟာ ပန်းချီကို ၁၉၉၄ ခုနှစ်က စတင်ရေးဆွဲခဲ့တာ ဖြစ်ပြီး ဆီဆေးကို စတင်လေ့လာခဲ့တာလို့ သိရပါတယ်။ ပန်းချီရေဆေး ဆီဆေး သုံးစွဲ ရေးဆွဲတာကို သူ့ဘာသာသူ လေ့လာရင်း စမ်းသပ်ရင်းနဲ့ ပန်းချီကားတွေ ရေးဆွဲနိုင်လာတာ ဖြစ်ပါတယ်။ သူ အားကျအတုယူ ကူးရေးခဲ့တဲ့ ပန်းချီဆရာတွေထဲမှာတော့ WPM ၊ ရမ်းဗြဲတင်ရွှေ၊ Talbot Kelly တို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အနုပညာသမားတိုင်းမှာ အနုပညာနဲ့ ပတ်သက်ရင် ကိုယ်ပိုင် ခံယူချက်၊ ယုံကြည်ချက် ရှိကြသူများ ဖြစ်ပါတယ်။ ကိုယ်ပိုင် ခံယူချက် ယုံကြည်ချက် မရှိသူ အနုပညာရှင်ရယ်လို့ မရှိနိုင်ပါ။ အကယ်၍ ကိုယ်ပိုင်ခံယူချက် ယုံကြည်ချက် မရှိဘဲနဲ့ အနုပညာအလုပ်တွေ လုပ်နေသူ၊ အနုပညာရှင်လို့ ကိုယ့်ကိုယ်ကို သတ်မှတ်သူဟာ အလိမ်အညာသာ ဖြစ်ပါတယ်။ ပန်းချီတင်အောင်မြင့်က သူ့ရဲ့ ခံယူချက် ယုံကြည်ချက်ကို အခုလို ပြောပြတယ်။

“ကိုယ်တိုင်ရေးတဲ့ ပန်းချီကားရော သူများရေးတဲ့ ပန်းချီကားတွေနဲ့ ပက်သက်တဲ့ ခံယူချက် တခုရှိပါတယ်။ အဲဒါကတော့ ကျနော် ဘယ်ပန်းချီကားကိုမှ အတင်းလိုက် ကြိုက်ဖို့ မကြိုးစားဘူး။ ဝါဒအမျိုးမျိုးနဲ့ ရေးထားတဲ့ ပန်းချီကားကောင်းတွေ အများကြီး ကြည့်ထားတယ်။ ကျယ်ကျယ်ပြန့်ပြန့် လက်ခံနိုင်အောင် လေ့ကျင့်ပြီးပြီ။ ကျနော့် စိတ်တံခါးမှာ ပိတ်ဆို့ကန့်လန့် ခံနေတာတွေကို ရှင်းထားပြီးပြီ။ သော့ခလောက်တွေ၊ မင်းတုပ်တွေ ဖြုတ်ထားပြီးပြီ။ စိတ်တံခါးကို စေ့ရုံ စေ့ထားတယ်။ တွန်းဖွင့်ပြီး ဝင်လာမယ့် အနုပညာကောင်းတွေကို လက်ခံနှစ်သက်ဖို့ အဆင်သင့်။ တွန်းဖွင့်ပြီး ဝင်မလာနိုင်တဲ့ လက်ရာမျိုး ကို ကိုယ်က တံခါးဖွင့်ထွက်ပြီး ရှာဖွေလက်ဆွဲ မခေါ်နိုင်ဘူး။ အနုပညာကောင်းဟာ သူ့ဟာသူ တွန်းဖွင့် ဝင်လာတတ်ပြီး သား။ အနုပညာကို ဦးနှောက်နဲ့ ခွဲခြမ်းစိတ်ဖြာပြီး နှစ်သက်ရတာကို လုံးဝ အယုံအကြည်မရှိဘူး။ တွန်းဝင်မလာနိုင်တဲ့ လက်ရာဆို ကိုယ့်ဟာရော၊ သူများဟာရော အတင်းကြိုက်ဖို့ မကြိုးစားဘူး” လို့ ဆိုပါတယ်။

အနုပညာမြောက် လက်ရာဆိုတာ ဘယ်လိုမျိုးလဲ…၊ ကိုင်စွဲဖန်တီးတဲ့ အစ်ဇင်တွေနဲ့ရော ဆက်စပ်သလား… ဒီမေးခွန်းတွေ အနုပညာလောကမှာ အမြဲကြားနေရ၊ မေးနေကြတဲ့ မေးခွန်းပါ။ ပန်းချီတင်အောင်မြင့် ယူဆတာက - “မနေ့တနေ့ကမှ စ,ရေးတဲ့ သူရဲ့ လက်ရာဖြစ်ဖြစ် ကမ္ဘာကျော် တယောက်ရဲ့ လက်ရာဖြစ်ဖြစ် ကျနော့်အတွက် ဘာမှ မထူးခြားဘူး။ ပီကာဆို လက်ရာတွေမှာ ကျနော် မကြိုက်တာတွေ အများကြီး။ ဒါလီလည်း အတူတူပဲ။ အနုပညာမှာ ခေတ်မီတာ ခေတ်နောက်ကျ တာ မရှိဘူး။ တူအောင်ရေးတာ၊ မတူအောင်ရေးတာ အရေးမကြီးဘူး။ အရုပ်ပါတာ မပါတာနဲ့လည်း မဆိုင်ဘူး။ အနုပညာမြောက်ပြီ ဆိုရင် ကြည့်သူက သိပ်အားမစိုက်ရဘဲ သူ့အလိုလို ရင်ထဲရောက်လာရော။ အဲလို အချိန်မှာ Abstract တွေ cubism တွေ realism တွေဆိုတာ တွေးချိန်တောင် မရလိုက်ဘဲ ကြိုက်သွားတာ”

အနုပညာသမားတိုင်းဟာ တခြားလူသားတွေလိုပဲ မိမိတို့ ကျင်လည် ဖြတ်သန်းရာ ကာလ၊ ဒေသရဲ့ ရိုက်ခတ်စေစားမှု ပယောဂကို ခံကြရသူတွေ ဖြစ်ပါတယ်။ အဲဒီ ရိုက်ခတ်စေစားမှုက အနုပညာသမားတို့ရဲ့ စိတ်ပိုင်း ရုပ်ပိုင်း ခံစားရမှုတွေ ဖြစ်စေတဲ့ အပြင် စိတ်ခံစားမှုကို အခြေတည် ဖြစ်ပေါ်လာတဲ့ အနုပညာဖန်တီးမှုမှာပါ အပြောင်းအလဲတွေ ဖြစ်ပေါ် ထင်ဟပ်စေတာ တွေ့ရပါတယ်။ ပန်းချီတင်အောင်မြင့်က သူ့ရဲ့ စိတ်ခံစားမှု အပြောင်းအလဲနဲ့ ပတ်သက်ပြီး အခုလို ရှင်းပြတယ်။

“တချိန်က complexity (ခက်ခဲနက်နဲ ရှုပ်ထွေးမှု) က ကျနော့်အတွက် အရမ်း ဆန်းကြယ် ခဲ့ဖူးတယ်။ ကိုးကွယ်ခဲ့ဖူးတယ်။ ခုတော့ simplicity (သဘာဝတရားနဲ့ နီးစပ်တဲ့ ရိုးရှင်းမှု) လောက် ခိုင်မာ အားကောင်းတာ ရှာမတွေ့တော့ဘူး။ simplicity ကို ရောက်ဖို့ တည်ငြိမ်ရတယ်၊ သွေးအေးရတယ်၊ အညှာအတာ ကင်းရတယ်၊ အစွဲချွတ်ရတယ်။ အဲဒါထက် ခက်ခဲတာ ဘာမှ မရှိဘူး။ ပြီးပြည့်စုံဖို့ တွေ့ရာကို ဖြည့်ပေါင်းလို့ မရဘူး။ အမှုမဲ့ အမှတ်မဲ့ ရှုပ်ထားမိတဲ့ အမှိုက်တွေကို ရှင်းထုတ်ပစ်မှ သာ ရောက်နိုင်တယ်။ အမှိုက်ကင်းသွားပြီးရင် လိုအပ်နေသေးတာတွေကို ရှင်းရှင်းလင်းလင်း မြင်လာရော၊ အဲဒီအခါ လိုနေတာလေး ဖြည့်လိုက်ရုံပဲ။ ရှုပ်ပွနေတဲ့ အစုအပေါင်းတခုမှာ ဘာ လိုအပ်နေလဲ ဘယ်လိုမှ ရှာမတွေ့နိုင်ဘူး။ အခုရက်ပိုင်း ခင်ဗျားမေးတာတွေ ဖြေဖို့ကြိုးစားရင်း ကိုယ့်ဟာကိုယ် ပြန်ဆန်းစစ် မိတာလေးတွေပါ”

ပြီးတော့ သူက ပန်းချီရေးတဲ့ အခါ စိုးရိမ်စိတ် အဖြစ်ဆုံး ခံစားမှုကိုလည်း အခုလို ပြောပြတယ်။

“ပန်းချီရေးတိုင်း လိုနေသေးတာကို မကြောက်ဘူး။ အချိန်မရွေး ထပ်ဖြည့်လို့ ရလို့။ ပိုသွားရင် အရမ်းစိတ်တိုတယ်။ ပြန်နုတ်ရတာ ပိုခက်လို့ပါ။ ပန်းချီကားတိုင်းမှာ ပိုနေတဲ့ အမှိုက်တွေ မပါစေချင်သလို ဘဝမှာလည်း ပိုနေတဲ့ အမှိုက်တွေ ရှင်းထုတ်နေရတုန်းပါ”

ပန်းချီတင်အောင်မြင့်ဟာ ထရိုဂျန်ကလောင် အမည်နဲ့ လင်းရောင်ခြည်၊ စံပယ်ဖြူမဂ္ဂဇင်းတွေမှာ ဆောင်းပါးများ၊ ဘာသာပြန်ဝတ္ထုတိုများ၊ ပင်ကိုယ်ရေး ဝတ္ထုတိုများရေးခဲ့ဖူးပါတယ်။ စံပယ်ဖြူမှာ ရေးခဲ့တဲ့ ဝတ္ထုတိုခေါင်းစဉ်က ဆေးမြီးတို ဖြစ်တယ်လို့ သိရပါတယ်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading