ပြည်သူတွေ တရားမျှတမှုကို ကိုယ့်အားကိုယ်ကိုး ရှာဖွေရတော့မလား (အမြင်ဆောင်းပါး)

သာမန်အားဖြင့် လူသတ်မှုဖြစ်ပြီဆိုလျှင် လူသတ်တရားခံကို ပြည်သူလူထုက ပြင်တင်ကဲ့ရဲ့ကြမည်။ ဆိုးဆိုးရွားရွား ယုတ်မာသည့် လူသတ်မှုဖြစ်လျှင် ထိုသူကို ရွံရှာစက်ဆုပ်ကြသည်အထိ ဖြစ်မည်။ သို့သော် မလင်းလင်းခိုင်၏ဖြစ်ရပ်တွင် မူ လူသတ်တရားခံကို အများအပြားက အပြစ်မတင်သည့်အပြင် ကရုဏာပင် သက်ကာ ဝိုင်းဝန်းအားပေးကြသည်။ လူယုတ်မာတစ်ယောက်ကို ဖယ်ရှားပေးခဲ့ပြီး နောင် သူ့လို မိန်းကလေးများ ထပ်မခံစားရအောင် အနစ်နာခံခဲ့သူအဖြစ် ချီးကျူးဂုဏ်ပြုကြသည်။ သူ့ဘက်က အခမဲ့ရှေ့နေလိုက်ပေးမည်ဟုပင် အွန်လိုင်းပေါ်တွင် ရှေ့နေ အချို့က ရေးသားကြသည်။

မလင်းလင်းခိုင်က သူလူသတ်ခဲ့ကြောင့် ဝန်ခံထားသည့် ဗီဒီယိုဖိုင်ကို ကြည့်ရသူတိုင်းက လူသတ်ခဲ့သည့် သူ့ကို အပြစ်မတင်ဘဲ သူ့အတွက် တရားမျှတမှုကို ဆောင်ကြဉ်းမပေးနိုင်ခဲ့သည့် တရားဥပဒေစိုးမိုးရေး ဝန်ထမ်းများကိုသာ ဝိုင်းဝန်းအပြစ်တင်ကြသည်။ မြန်မာနိုင်ငံ၏ တရားရေးမဏ္ဍိုင်ကြီးကိုသာ နာနာဖိဆဲကြတော့သည်။ မိမိကို လိမ်ညာခိုးယူပေါင်းသင်း၊ မြဝတီသို့ ရောင်းစားရန်အကြံဖြင့် ခေါ်ယူသွားပြီးမှ ထားခဲ့သည့် ထိုလူကို အရေးယူပေးရန် တောင်ဒဂုံရဲစခန်းသို့ သွားသော်လည်း ရဲစခန်းက အမှုဖွင့်မပေးဘဲ တရားရုံးတွင် ဦးတိုက်လျှောက်ဖို့ အကြံပေး ခဲ့သည်။ တရားရုံးရောက်တော့လည်း ရှေ့နေဆိုသူက မြဝတီမှာ ဖြစ်ခဲ့ခြင်းကြောင့် မြဝတီမှာအမှုသွားဖွင့်ရမည်ဟု ဆိုကာ သူ့တိုင်ကြားချက်ကို မဆောင်ရွက်ပေးခဲ့။ ဤသို့ဖြင့် မလင်းလင်းခိုင်တစ်ယောက် လုပ်မိလုပ်ရာဖြင့် ဟိုလူကို ဓားဖြင့် ထိုးမိခဲ့သည်အထိ ဖြစ်ခဲ့ရသည်။ တကယ်ဆို ၎င်းအဖြစ်သည် လူကုန်ကူးမှုပုဒ်မဖြင့် အမှုဖွင့်၍ရသည့် အမှုဖြစ်သော် လည်း ရဲစခန်းက မဆောင်ရွက်ပေးခဲ့ပါ။ ရဲနှင့်တရားရုံးတို့ကသာ ကိုယ့်အလုပ်ကိုယ် လုပ်ခဲ့ကြလျှင် မလင်းလင်းခိုင်တစ်ယောက် ယခုလို သံတိုင်များနောက် ရောက်စရာမလိုပါ။

မလင်းလင်းခိုင်အဖြစ်ကို ကြားရသည့်အခါ ကြည့်ဖူးခဲ့သည့် ရုပ်ရှင်တစ်ကားကို အမှတ်ရမိသည်။ Law-abiding Citizen (ဥပဒေကိုလိုက်နာသည့်နိုင်ငံသား) အမည်ရှိ ဟောလီးဝုဒ်ကားဖြစ်သည်။ မိန်းမနှင့်ကလေး ရက်ရက်စက်စက် အသတ်ခံခဲ့ရသည့်အဖြစ်ကို မျက်စိဖြင့်မြင်ခဲ့ရသော်လည်းထို အမှုတွင် တရားစွဲရှေ့နေသည် တရားခံနှစ်ဦးအနက် တစ်ဦးနှင့် အပေးအယူလုပ်ကာ ပစ္စည်းခိုးရုံကြံစည်ခဲ့သူကို သေဒဏ်၊ တကယ်သတ်ခဲ့သူကို ပြစ်မှုအသေးဖြင့် ပြောင်းလဲကျခံ စေရန် လုပ်ဆောင်ခဲ့သည်။ ကိုယ့်မိန်းမနှင့်ကိုယ့်ကလေးကို သတ်ခဲ့သူက ထောင် ခဏကျပြီး အပြင်မှာလွတ်ကာ တကယ်မသတ်ခဲ့သူက သေဒဏ်ခံခဲ့ရသည်ကို မြင်ရသည့် ယောက်ျားဖြစ်သူသည် ထို အမှုတွင် ပါဝင်ပတ်သက်ခဲ့သည့် တရားရေးဝန်ထမ်းများကို တစ်ယောက်ချင်းစီ အမှည့်လိုက်ချွေသည့် ဇာတ်ကား ဖြစ်သည်။

ထိုအဖြစ်အပျက်များမှ ကျွန်တော်တို့ ဘာသင်ခန်းစာ ယူနိုင်ပါသနည်း။ လူတို့သည် မိမိတို့မတရားခံစားရမှုများ အတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် ဥပဒေ၏အကာအကွယ် သို့မဟုတ် တရားမျှတမှုကို မဆောင်ကြဉ်းနိုင်မှန်း ခံစားရသည့်အခါ လုပ်မိလုပ်ရာ လုပ်တတ်သည်ဆိုသော အချက်ပင်ဖြစ်သည်။ တရားရုံးများ၊ ရဲဌာနများကို ထားရှိခြင်းသည် လူတို့အချင်းချင်း မတရားမှုများမပြုအောင်၊ ပြုခဲ့သည်ရှိသော် ဓားဓားချင်း၊ လှံလှံချင်း လက်တုံ့ ပြန်ခြင်းမျိုးမဖြစ်စေရန်အတွက် ဖြစ်သည်။ သို့သော် ထိုကဲ့သို့သော တရားဥပဒေယန္တရားများက မူလ ရည်ရွယ်ချက် အတိုင်း တရားမျှတမှုကို မဆောင်ကြဉ်းနိုင်သည့်အခါ လူတို့သည် ရှေးခေတ်ကလိုပင် ကိုယ့်အား ကိုယ်ကိုးပြီး လက်တုံ့ပြန်ကြ၊ လက်စားချေသည့်အဖြစ်ကို ရောက်ကြသည်။

ဦးသိန်းစိန် သမ္မတဖြစ်သည့်နောက်ပိုင်း မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေးများ ဖော်ဆောင်သည့်အခါ ခေတ် အဆက်ဆက် သုံးစားမရခဲ့သည့် တရားရေးမဏ္ဍိုင်ပြောင်းလဲရေးအတွက် ပြည်သူတို့မျှော်လင့်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း တရားဥပဒေစိုးမိုးရေးကို ရွေးကောက်ပွဲ ကတိတစ်ခုဖြင့် ထည့်သွင်းကြွေးကြော်ခဲ့သည်။ သို့သော် ဒီချုပ်အစိုးရလက်ထက်တွင်လည်း တရားဥပဒေစိုးမိုးရေး အခြေအနေသည် သိသာထင်ရှားလောက်အောင် မပြောင်းလဲခဲ့သေးပါ။ ဦးဝင်းမြင့် သမ္မတဖြစ်ခါစ မိန့်ခွန်းတွင် ယိမ်းယိုင်နေသောတရားရေးမဏ္ဍိုင်ကို ပြန်တည့်မတ်ရပါမည်ဟူ၍ ပြောကြားခဲ့ပါသေးသည်။ သို့သော် လက်ရှိ တရားရေး မဏ္ဍိုင်သည် ဒီတောင်ကိုကျော်နိုင်ပါ့မလားဟု မေးခွန်းထုတ်ရမလောက်အောင်ကို ဗုန်းဗုန်းလဲနေပြီကို မြင်တွေ့နေရသည့် ဖြစ်စဉ်များက ပြောပြနေသည်။

တချို့ကမူ ပြည်ထဲရေးဝန်ကြီးဌာနကို ကာကွယ်ရေးဦးစီးချုပ်ကခန့်အပ်သည့် စစ်ဗိုလ်ချုပ် ဝန်ကြီးတစ်ဦးအောက် တွင် ထားရှိစေရန် စီမံရေးဆွဲခဲ့သည့် ၂၀၀၈ အခြေခံဥပဒေကို အပြစ်တင်ကြသည်။ တရားရေးလောကအတွင်းရှိ အရိုးစွဲ အကျင့်ပျက်ခြစားမှုကို လက်ညှိုးထိုးကြသည်။ ခုရေတွင်းတူး ခုရေကြည်မသောက်နိုင်ဟု စောဒက တက်ကြသည်။ တပ်ချုပ်ကလည်း ပြည်ထဲရေးဝန်ကြီးကို သူ့အနေဖြင့် အမည်တင်သွင်းရုံသာရှိပြီး သမ္မတက ခန့်အပ်ရသလို သမ္မတ၏ ကက်ဘိနက်အဖွဲ့ဝင်ဖြစ်သဖြင့် သမ္မတညွှန်ကြားချက်အတိုင်းသာ ပြည်ထဲရေးအစ ရှိသည့် စစ်တပ်ကလာသည့် ဝန်ကြီးများက အလုပ်လုပ်ရပါသည်ဟု ဆိုပြန်သည်။ ကြားထဲမှာတော့ ပြည်သူတွေက မြေစာပင်ဖြစ်ရသည်။
ဒီချုပ်အစိုးရအနေဖြင့် တရားရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးကို ယခုထက်ပို၍ အားစိုက်ခွန်စိုက် လုပ်ဆောင်သင့် နေပါပြီ။ ပြည်ထဲရေးဝန်ကြီးသည် သမ္မတစေခိုင်းသည့်အတိုင်း မလုပ်ဆောင်ပါက ဝန်ကြီးအသစ်လဲပေးရန် တပ်ချုပ်ထံ တင်ပြတောင်းခံနိုင်ပါသည်။ ထိုနည်းဖြင့် ဝန်ကြီးဌာနသုံးခုအတွင်း အရွေ့တစ်ခုဖြစ်အောင် ကြိုးစား စေချင်ပါသည်။ ၂၀၀၈ ခြေ/ဥကြောင့်၊ အစိတ်သားကြောင့်၊ ထွေအုပ်ကြောင့် စသည်ဖြင့် အကန့်အသတ်များ ရှိနေခြင်းကို အကြောင်းမပြ စေချင်ပါ။ ပြည်ထဲရေးဝန်ကြီးသည် တပ်ကလာမည်ဆိုသည်ကို မိမိတို့ အာဏာမရမီ ကတည်းက သိပြီးဖြစ်ပါသည်။ တရားဥပဒေစိုးမိုးရေးသည် ဒီချုပ်၏မဲဆွယ်ကတိဖြစ်ပါသည်။ ပြည်သူတို့က မဲပေးခဲ့ခြင်းမှာ ထိုအကန့်အသတ်များရှိလင့် ကစား ဒီချုပ်အစိုးရသည် ထိုထောင်ချောက်ကိုကျော်လွန်နိုင်လောက် သည့် ဗျူဟာတစ်ခုခုရှိလိမ့်မည်ဟု ယုံကြည်ခဲ့၍ဖြစ်ပါသည်။ အစိုးရဖြစ်ပြီးခါမှ ပြည်ထဲရေးသည် မိမိတို့ လက်အောက်မှာမရှိဟု အကြောင်းပြမည်ဟု မမျှော်လင့်ခဲ့၍ ဖြစ်ပါသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောခဲ့ဖူးသည့်စကား ရှိသည်။ ဒီချုပ်သည် ၇၅ ရာခိုင်နှုန်းသာ အာဏာရှိသော်လည်း ၁၀၀ ရာခိုင်နှုန်း တာဝန်ရှိသည်ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ကိုယ်အုပ်ချုပ်သည့်ကာလတွင် ဘာပဲဖြစ်လာလာ မိမိမှာသာ အလုံးစုံတာဝန်ရှိသည်၊ တာဝန်ခံရမည်ကို သိပြီးဖြစ်သည်ဟု ယူဆပါသည်။ ထိုသို့ဖြစ်အောင်လည်း ၂၀၀၈ ခြေဥက စီမံထားသည်ကို သိပြီးဖြစ်ပါလိမ့်မည်။ အာဏာရသည့်အခါ ထိုအခက်အခဲကို မည်သို့ ကျော်လွှား မည်ဆိုသည်ကိုလည်း ကြိုတင်စဉ်းစားပြီးသား ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် ရွေးကောက်ပွဲကတိဖြစ်သည့် တရားဥပဒေစိုးမိုးရေးကို တိုးတက်ပြောင်းလဲအောင် အပြောမဟုတ် လက်တွေ့ပြရမည့်အချိန် ဖြစ်သည်ဟု ဆိုချင်ပါသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading