မြန်မာ့အရေး စီရင်ပိုင်ခွင့်ရှိကြောင်း ICC ဆုံးဖြတ်

တပ်ခေါင်းဆောင်များကို ICC ရာဇဝတ်ခုံရုံးတင်ရန် ဖြစ်နိုင်ခြေနည်းသော်လည်း နိုင်ငံတကာဖိအား ပိုများလာနိုင်ကြောင်း အကဲခတ်တို့က ယူဆနေကြသည်။

Published on Sep 6, 2018
တရားသူကြီးသုံးဦး လက်မှတ်ထိုးထားသော စာမျက်နှာငါးဆယ်ပါ ဆုံးဖြတ်ချက်၏ ပထမစာမျက်နှာ (ဓာတ်ပုံ - UN online)
တရားသူကြီးသုံးဦး လက်မှတ်ထိုးထားသော စာမျက်နှာငါးဆယ်ပါ ဆုံးဖြတ်ချက်၏ ပထမစာမျက်နှာ (ဓာတ်ပုံ - UN online)

(ရန်ကုန်) - ဘင်္ဂါလီ/ရိုဟင်ဂျာတို့ကို မြန်မာမှ ဘင်္ဂလားဒေ့ရှ်သို့ အလုံးအရင်း ထွက်ပြေးကြရန် လုပ်ဆောင်ခဲ့သည်ဟူသော စွပ်စွဲချက် ပေါ်ထွက်နေရာ ထိုအချက်သည် လူအများအပြားအပေါ် ကျူးလွန်သော ရာဇဝတ်မှု မြောက် မမြောက် စစ်ဆေးနိုင်ရေးအတွက် တရားစီရင်ပိုင်ခွင့်ရှိသည်ဟု အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) က စက်တင်ဘာ ၆ ရက်နေ့တွင် ဆုံးဖြတ်လိုက်သည်။

တရားသူကြီး ၃ ဦးထိုင် ခုံရုံးက ချမှတ်လိုက်သော ဤဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံအပေါ် စွဲချက်တင်နိုင်ရေးတွင် ခိုင်လုံသည့် အထောက်အထား ရှာဖွေရန်အတွက် ခုံရုံးရှေ့နေကို လုပ်ပိုင်ခွင့် ပေးလိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း အဆိုပါ ဥပဒေအရာရှိအမျိုးသမီးက အထောက်အထား ရှာဖွေရေးလုပ်ငန်း စတင်ခြင်း မရှိသေးကြောင်း Reuters သတင်းတစ်ပုဒ်တွင် ရေးသားထားသည်။

မြန်မာအစိုးရကမူ ICC အဖွဲ့ဝင် မဟုတ်သည့် မြန်မာနိုင်ငံအား အရေးယူမှုများ ပြုလုပ်လာပါက လက်ခံမည်မဟုတ်ကြောင်း သြဂုတ်လဆန်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

ဖိအားများ

သြဂုတ်လကုန်ပိုင်းတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ မြန်မာပြည်အရေး စုံစမ်းရန် ဖွဲ့စည်းထားသည့် နိုင်ငံတကာ အချက်အလက် ရှာဖွေရေး အဖွဲ့ အစီရင်ခံစာ ထွက်လာပြီး ထိုအစီရင်ခံစာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် တပ်မတော် ထိပ်တန်း ခေါင်းဆောင် ၆ ဦးကို ICC ခုံရုံးတွင် စစ်ဆေးရန် တိုက်တွန်းထားသည်။

အခြား ထိပ်တန်းခေါင်းဆောင်များမှာ ဒုတိယတပ်ချုပ် ဒုတိယ ဗိုလ်ချုပ်မှုးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ဆင်ရေး အထူးအဖွဲ့မှုး ဒုတိယ ဗိုလ်ချုပ်ကြီးအောင်ကျော်ဇော၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှုး ဗိုလ်ချုပ်မောင်မောင်စိုး နှင့် ဗိုလ်မှူးချုပ် သန်းဦး၊ဗိုလ်မှူးချုပ် အောင်အောင်တို့ ဖြစ်သည်။

အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း တပ်မတော်၏ လုပ်ရပ်များကို တားဆီးရန် ပျက်ကွက်ခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ကမ္ဘာလုံးဆိုင်ရာ ကရင်အဖွဲ့အစည်း ၃၆ ဖွဲ့၊ ကချင်လူမှုအဖွဲ့အစည်း ၂၅ဖွဲ့နှင့် တိုင်းရင်းသားလက်နှက်ကိုင်အဖွဲ့အစည်း တချို့က ICC တင်ရေး ထောက်ခံ တောင်းဆိုခဲ့ကြသေးသည်။

သြဂုတ်၂၇ တွင် ရှမ်းပြည်မြောက်ပိုင်းတွင် လှုပ်ရှားနေသော TNLA တအာင်းလက်နက်ကိုင်အဖွဲ့က တပ်မတော်ခေါင်းဆောင်များ စစ်ရာဇဝတ်မှု ကျူးလွန်ကြောင်း စွပ်စွဲပြီး စုံစမ်းစစ်ဆေး အရေးယူရန် ကုလ အချက်အလက် ရှာဖွေရေးအဖွဲ့ကို ဖိတ်ခေါ်ကြောင်း ကြေညာသည်။

တိုင်းရင်းသားဒေသများတွင် ထိုးစစ်ဆင်နေသည့် တပ်မတော် တပ်ဖွဲ့များသည် ဒေသခံ လူထုအား အစုပြုံလိုက် သတ်ဖြတ်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ အစဖျောက်ခြင်း၊ အုပ်စုလိုက် မုဒိမ်းကျင့်ခြင်း စသည့် ရာဇဝတ်မှုများကို ကုလအချက်အလက်ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာဖော်ပြသည့် အတိုင်း ကျူးလွန်ခဲ့ကြောင်း ထိုကြေညာချက်တွင် စွပ်စွဲထားသည်။

တပ်မတော်ခေါင်းဆောင်တို့ကို ICC ခုံရုံးတင်ရေး ဖိအားပေးမှုများ ပေါ်ပေါက်နေသော်လည်း ထိုသို့ တင်ပို့တရားစွဲရန်မှာ ဖြစ်နိုင်ခြေနည်းပါးကြောင်း လေ့လာသုံးသပ်သူများက Myanmar Now ကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြောကြသည်။

ရန်ကုန်တွင် နေထိုင်သော မြန်မာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဖြစ်စဉ် လေ့လာသူ ဦးမောင်မောင်စိုးက ICCအဖွဲ့ဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ထိုသို့ အရေးယူရန် တိုင်ကြားထားခြင်းမရှိ ဟု ထောက်ပြသည်။

တပ်မတော်၏ လုပ်ရပ်ကိုမနှစ်သက်သူတို့က စစ်ဗိုလ်ချုပ်များ ICC ရောက်ရေး ပြောဆိုနေကြခြင်းများကို နားလည်နိုင်သော်လည်း မြန်မာ့ နိုင်ငံရေး ပြဿနာကို ထိုနည်းလမ်းဖြင့် အဖြေရှာ၍ မရနိုင်ကြောင်း ၎င်းကပြောသည်။

“တပ်ကို ကိုယ်မနိုင်တာနဲ့ နိုင်ငံခြားသားတစ်ယောက်ယောက်က လာဖမ်းပါ ဆိုတာမျိုးက နိုင်ငံရေးသမားတွေ ဖြေရှင်းတဲ့ နည်းမျိုးမဟုတ်ပါဘူး။ ကျွန်တော့် အမြင်ကတော့ တချို့က ကယ်တင်ရှင် မျှော်နေကြတာပါ။ ဗမာပြည်ရဲ့ နိုင်ငံရေး ပြသနာကို ကယ်တင်ရှင် မျှော်ပြီး ဖြေရှင်းလို့မရပါဘူး။ ကျွန်တော်တို့ ကိုယ့်ဘာသာကိုယ် ဖြေရှင်းရမှာပါ ” ဟု ၎င်းက ပြောသည်။

ကုလသမဂ္ဂ၏ လုပ်ဆောင်ချက်များသည် မြန်မာပြည်၏ ပြဿနာကို ရှင်းရန် အဖြေရှာနေခြင်းထက် အပြစ်တင် ပိတ်ဆို့ရေး လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဦးမောင်မောင်စိုးက ဆိုသည်။

နိုင်ငံတကာ၏ ပိတ်ဆို့မှုများကြောင့် ပြည်ပထွက်ခွာရန် ခက်ခဲနိုင်သော်လည်း အကျိုးသက်ရောက်မှု ထူးခြားမည်မဟုတ်ဟု ၎င်းက ဆက်ပြောသည်။

“သူတို့ ခေတ်ဆက်ဆက်က ဒီလိုပဲနေခဲ့ကြတာပဲလေ။ ထွက်လို့ရတဲ့ နိုင်ငံထွက်မယ်၊ ထွက်လို့ မရတဲ့ နိုင်ငံကို မထွက်ဘူးပေါ့”

နေပြည်တော်၏ မဟာမိတ်တချို့

နိုင်ငံရေး လေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းက ခုံရုံးတင်ရန် ကိစ္စမှာ လုံခြုံရေး ကောင်စီ၏ ထောက်ခံချက် ရရှိရန် အလားအလာ အလွန်နည်းပါးနေသည်ဟု ပြောသည်။

၎င်းက တပ်မတော်သည် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးထက် ရုရှနိုင်ငံ ဆက်ဆံရေးတွင် ပိုမိုကောင်းမွန်နေပြီး လုံခြုံရေး ကောင်စီတွင် တရုတ်က ဗီဒိုအာဏာ မသုံးလျှင်ပင် ရုရှက ဗီတိုအာဏာကို အသုံးပြုနိုင်သည်ဟု သုံးသပ်သည်။

အစိုးရ အနေဖြင့် နိုင်ငံတကာ အသိုင်းအဝန်းနှင့် ပိုမိုကျယ်ပြန့်သည့် ထိတွေ့ ဆက်ဆံမှုများ လိုအပ်နေသည်ဟု ဆိုသည်။

“လက်ရှိ နိုင်ငံတကာရဲ့ဖိအားပေးမှုတွေကို ရင်ဆိုင်နေရတာမျိုးရှိတယ်။ စီးပွားရေး အရလည်း ဒဏ်ခတ် ပိတ်ဆို့မှုတွေ၊ကန့်သတ်မှုတွေလည်း ဖြစ်ကောင်းဖြစ်လာနိုင်တယ်”ဟု ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။

မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျုမှ ဆက်ဆံဆက်သွယ်ရေး ဒါရိုက်တာ ဦးအောင်သူငြိမ်းက ကုလလုံခြုံရေးကောင်စီရှိ တရုတ်နှင့်ရုရှားတို့၏ ရပ်တည်ချက်ကို မှန်းဆရန် ခက်ခဲသည်ဟု ဆိုသည်။

“အရင်တစ်ချိန်တုန်းကတော့ စစ်အစိုးရ ကာလတုန်းကတော့ ရုရှတို့ တရုတ်တို့က မြန်မာ အစိုးရဘက် ရပ်တည်ပေးခဲ့တယ်။ အခုအချိန်မှာတော့ တရုတ်ကိုပြန်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံနဲ့ ကုန်သွယ်တာတို့ ရင်းနှီးမြှပ်နှံတာတို့က ခပ်သေးသေးရယ်ဗျ။ ဒီဘက်မှာတော့ မွတ်စလင် နိုင်ငံတွေဖြစ်တဲ့ OIC တို့ စသဖြင့် ပြောကြေးဆိုရင် ကျွန်တော်တို့ထက် အများကြီး များတယ်။ အဲလိုအနေအထားမှာ တစ်ချိန်တလေမှာ ကျွန်တော်တို့ ဘက်က အမြဲတမ်းရပ်မယ်ဆိုတာ မသေချာတော့ဘူး” ဟု ၎င်းက ပြောသည်။

ICCအဖွဲ့ဝင် ဘင်္ဂလားဒေ့ရှ်တွင် မြန်မာပြည်အရေးနှင့် ပတ်သက်ပြီး အစိုးရနှင့် လူထု သဘောထား တိုက်ဆိုင်ခြင်းမရှိကြောင်း ဘီဘီစီ ဘင်္ဂါလီ ဌာနမှူး ဆာဘီယာ မွတ်ဆတာဖာက ဘီဘီစီမြန်မာဌာနကို ပြောသည်။

ဘင်္ဂလားဒေ့ရှ် လူထု အများစုက မြန်မာ တပ်မတော်ခေါင်းဆောင်တို့ကို ICC ရောက်ရန် ဆန္ဒရှိကြောင်း၊ သို့သော်လည်း ၎င်းတို့ အစိုးရက ဤအရေးတွင် ပါဝင်ပတ်သက်လိုဟန် မရှိကြောင်း ၎င်းက ပြောသည်။

"ဘင်္ဂလားဒေ့ရှ်ဟာ အိန္ဒိယ၊ တရုတ်၊ ရုရှား စတဲ့ နိုင်ငံတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ထားရှိတယ်။ ဒီနိုင်ငံ သုံးခုစလုံးဟာ မြန်မာနိုင်ငံကို ICC မတင်ချင်ဘူး၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ အကြား ဆက်ဆံရေး ကောင်းစေချင်တယ်။ ဒါ့ကြောင့် တရုတ်၊ အိန္ဒိယ တို့ရဲ့ အကြံပြုချက်အတိုင်း ဘင်္ဂလားဒေ့ရှ်က မြန်မာနဲ့ သံတမန်နည်းအတိုင်း သွားနေတာ ဖြစ်တယ်" ဟု ၎င်းက သုံးသပ်သည်။

နိုင်ငံတကာက ပေးလာမည့် ဖိအားတို့ကို ဘင်္ဂလားဒေ့ရှ်က မည်သို့ တုန့်ပြန်မည် ဆိုသည့်အချက်မှာလည်း စိတ်ဝင်တစား စောင့်ကြည့်ရမည့်အချက်ဖြစ်သည်ဟု သူက ဆိုသည်။

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading