"သာတူညီမျှတဲ့စိတ်ထားနိုင်ပြီး အစွဲမကြီးဖို့ လိုတယ်" (အင်တာဗျူး)

ရှမ်း၊ ပလောင် လူမျိုးရေးပဋိပက္ခ လပေါင်းများစွာကြီးမားခဲ့ပြီးနောက်ပိုင်း လျော့ကျသွားပုံအကြောင်းကို ထိုလူမျိုးနှစ်ခုလုံးနှင့် သက်ဆိုင်နေသူတစ်ဦးက ပြောပြထားသည်

Published on Aug 28, 2018
လားရှိုးတက္ကသိုလ်၊ ဒဿနိကဗေဒဌာန၊ တွဲဖက်ပါမောက္ခ ဒေါက်တာမျိုးသန့်ထွန်း (ဓာတ်ပုံ - စန္ဒာမော်/Myanmar Now)
လားရှိုးတက္ကသိုလ်၊ ဒဿနိကဗေဒဌာန၊ တွဲဖက်ပါမောက္ခ ဒေါက်တာမျိုးသန့်ထွန်း (ဓာတ်ပုံ - စန္ဒာမော်/Myanmar Now)

ရှမ်း၊ ပလောင် ကပြား ဒေါက်တာမျိုးသန့်ထွန်းသည် လားရှိုးတက္ကသိုလ်၊ ဒဿနိကဗေဒဌာနတွင် တွဲဖက်ပါမောက္ခအဖြစ် တာဝန်ထမ်းနေသူ ဖြစ်သည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကြား တိုက်ခိုက်မှုများကြောင့် ပေါ်ပေါက်လာသော လူမျိုးရေး ပဋိပက္ခ လျော့နည်း ပပျောက်ရေး ဆောင်ရွက်နေသော ပရဟိတသမားတစ်ဦးလည်း ဖြစ်သည်။

မကြာသေးခင်က လားရှိုးမြို့တွင် ဒေါက်တာမျိုးသန့်ထွန်းနှင့် တွေ့ဆုံစဉ် မေးမြန်း၊ ပြောဆိုခဲ့သည်များထဲမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မေး ။ ။ SSA နဲ့ TNLA တို့ရဲ့ တိုက်ပွဲတွေကြောင့် ဒေသတွင်း ပလောင် နဲ့ ရှမ်းလူမျိုးတို့ရဲ့ ဆက်ဆံရေး အခြေအနေ ဘယ်လိုရှိပါသလဲ။

— ရှမ်းနဲ့ ပလောင်တင် မကပါဘူး၊ ဓနု၊ ပအိုဝ်း စတဲ့ ရှမ်းပြည်နယ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသား အချင်းချင်း ချစ်ချစ်ခင်ခင်နဲ့ နှစ်အိမ့်တစ်အိမ်လို နေကြတယ်။ သူငယ်ချင်းလို လည်ပင်းဖက် ပေါင်းကြတယ်။ ဒီလိုနေကြရာကနေ ၂ဝ၁၆ ခုနှစ် (RCSS/SSA နဲ့ TNLA) အပြန်အလှန်တိုက်ပွဲဖြစ်ပြီး နောက်ပိုင်းမှာ ဆက်ဆံရေးပုံစံ ပြောင်းလာတယ်။

ပလောင်လူမျိုးတွေကလည်း TNLAကို RCSS က လာတိုက်တာဖြစ်တဲ့အတွက် ကျဆုံး၊ သေဆုံးတာတွေ ကြားရ၊ မြင်ရတဲ့အခါ မခံချင်ဘဲ “ရှမ်းတွေက ငါတို့ရန်သူ” ဆိုပြီးတော့ ဖြစ်၊ ရှမ်းဘက်ကလည်း ပလောင်တပ်မတော်ပေါ်မှာတင် မကတော့ဘဲနဲ့ ပလောင်လူမျိုးတွေပေါ်မှာကို ရောပြီးတော့ “ပလောင်သည် ငါတို့ရန်သူ” ဆိုပြီး မြင်လာတယ်။

တချို့ လည်ပင်းဖက်ပေါင်းနေတဲ့ သူငယ်ချင်း အချင်းချင်းတောင်မှ အဲဒီကိစ္စနောက်ပိုင်းကို တဖြည်းဖြည်း ဝေးကွာ၊ ဝေးကွာပြီးတော့ သီးသန့်ဖြစ်သွားကြတယ်။ ၂ဝ၁၆ခုနှစ် နမ့်ခမ်းဘက် မှာတော့ ပြည်သူ အချင်းချင်း ဆက်ဆံရေး အခြေအနေ အဆိုးဆုံးဖြစ်ခဲ့တယ်။ ပလောင်တွေက ရှမ်းရွာ ဆိုရင် ဖြတ်မသွား တော့ဘူး။ ရှမ်းတွေကလည်း ပလောင်ရွာဆို မဖြတ်တော့ဘူး။ အရောင်းအဝယ်လည်း အဲဒီလိုတွေ ဖြစ်လာတယ်။ ရှမ်းရောင်းတဲ့ဆိုင် ပလောင်မဝယ်နဲ့၊ ပလောင်ရောင်းတဲ့ဆိုင် ရှမ်းမဝယ်နဲ့ ဆိုတဲ့ ခွဲခြားမှုတွေ ဖြစ်ပေါ်ခဲ့တယ်။

၂ဝ၁၇ နောက်ပိုင်းမှာတော့ ပြည်သူတွေက … ရှမ်းသေတိုင်း ပလောင်သတ်တာမဟုတ်ဘူး။ ပလောင်သေတိုင်း ရှမ်းသတ်တာ မဟုတ်ဘူး၊ ကြားထဲမှာ ဝင်ပြီးတော့ လုပ်တဲ့သူတွေ ရှိတတ်တယ်ဆိုတာ နားလည်လာကြတယ်။ တိုက်ပွဲတွေကြောင့် နှစ်ဖက်စလုံးက ပြည်သူတွေဒုက္ခရောက်နေရတယ်ဆိုတာ မြင်လာတော့ တိုက်ပွဲတွေကို စိတ်ကုန်လာကြတယ်။ အဲဒီကစပြီး တင်းမာမှုတွေလျော့လာပြီး အရောင်းအဝယ်၊ ဆက်ဆံရေးကအစ ပြန်ပြီးတော့ လုပ်လာကြတယ်။ ဒါပေမယ့် တအားကို အယူသည်း၊ အစွဲအလန်းကြီးတဲ့သူတွေကတော့ ကျန်နေသေး တယ်။

မေး ။ ။ တိုက်ပွဲတွေ ဘယ်လို စဖြစ်လာတယ်လို့ သိရသလဲ။

— (တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် - NCA မှာ) လက်မှတ်ထိုးပြီးတော့ RCSS က မြောက်ပိုင်းခွင်ကို ဝင်လာတယ်။ ရှိပြီးသား တိုင်းရင်းသား လက်နက်ကိုင် တွေအကြား လက်နက်နဲ့ ရဲရဲတင်းတင်း ဝင်လာတာက ဝင်ခွင့်ပေးတဲ့ သူရှိတယ်။ ဝင်လာတဲ့ဒေသကိုလည်း လိုက်ပြီးတော့ ကူညီပံ့ပိုးနေတဲ့သူ ရှိတယ်။ ဒီတော့ နယ်ချဲ့လာတယ်လို့ ပြောလို့ရ တဲ့ RCSSနဲ့ ရှိရင်းစွဲ ပလောင်တိုင်းရင်းသား လက်နက်ကိုင်ဖြစ်တဲ့ TNLA တို့ ထိတွေ့မှုဖြစ်ကြ၊ တိုက်ကြတယ်။ ကိုယ့်အိမ်ပေါ်တက်လာပြီး သူများက ရန်လာလုပ်ရင် ပြန်ခုခံတာတော့ ရှိမှာပဲ။

ကျွန်တော်က ရှမ်းပလောင်ကပြားဖြစ်တဲ့အတွက် ပလောင်သေရင်လည်း ကျွန်တော့် အမေဘက်က အမျိုးတွေ သေတယ်လို့ ခံစားရတယ်။ ရှမ်းသေရင်လည်း ကျွန်တော်အဖေဘက်က အမျိုးတွေ သေတယ်လို့ ခံစားရ ပြန်ရော။ ဒါကြောင့် တစ်ဖက်ဖက်ကို အစွန်းရောက်ပြီးတော့ တွေးပေးစရာ မရှိပါဘူး။

RCSS က စစ်ရေးအကျိုးစီးပွား၊ နယ်မြေရရှိမှုပေါ် မူတည်တယ်။ NCA လက်မှတ်ထိုးထားတာဖြစ်လို့ RCSS နဲ့ တပ်မတော်ကြားမှာ ဘယ်လို ကတိကဝတ်တွေ ထားရှိစာချုပ်တွေ ရှိလဲ ဆိုတာတော့ ကျွန်တော်တို့ မသိပါဘူး။ TNLA ကတော့ လက်မှတ်လည်း မထိုးထားဘူး။ လူ့သဘော သဘာဝအရ ကိုယ့်သဘောဆန္ဒမှ မလိုက်နာရင် မကြိုက်တာလည်း အမှန်ပဲ ဆိုတော့ စစ်ရေးအရ တင်းမာတာ တွေရှိတယ်။ ပလောင်စစ်သားမဟုတ်တဲ့ ပလောင် လူမျိုးတောင်မှ လမ်းခရီးသွားရင် စစ်ဆေးမေးမြန်းမှု တင်းကျပ်တဲ့ အခြေအနေမျိုးတွေ ရှိခဲ့တယ်။ တချို့ တာဝန်ရှိသူတွေက တအာင်းကို ပလောင်မှန်း မသိကြဘူး။ တအာင်းလို့ ပြောလိုက်တာနဲ့ ပိုပြီးတော့ တင်းကျပ်တဲ့ စစ်ဆေးမှုတွေ လုပ်တာမျိုးတွေရှိတယ်။

နောက် ထူးခြားတာတစ်ခုက TNLA ထဲမှာ ရှမ်းစစ်သားတစ်ယောက်မှ မရှိဘူးလို့ ကြားပေမယ့် RCSS ထဲမှာ အထက်အကြီးအကဲတွေမှာတော့ ပလောင်တစ်ယောက်မှ မရှိဘူး။

အောက်ခြေက အသေခံတိုက်ရတဲ့ စစ်သားတွေရဲ့ ၆ဝရာခိုင်နှုန်းက တောင်ပိုင်းက ပလောင်လူမျိုးတွေချည်းပဲလို့ သိရပါတယ်။ ဒါကြောင့် ရှမ်းနဲ့ ပလောင်နဲ့ တိုက်ပွဲဖြစ်နေတာ မဟုတ်ဘူး၊ စစ်မြေပြင်မှာ TNLA က ပလောင်နဲ့ RCSS က ပလောင်၊ ပလောင်အချင်းချင်း တိုက်နေသလို ဖြစ်နေတာ။

မေး ။ ။ လောလောဆယ် ရှမ်းနဲ့ တအာင်းကြားမှာ လူမျိုးရေးပဋိပက္ခ ကြီးကြီးမားမား ရှိနေသလား။

— ရှမ်းက ပလောင်ကိုလုပ်တယ်၊ ပလောင်က ရှမ်းကို လုပ်တယ်၊ ပဋိပက္ခတွေ ဖြစ်တယ်ဆိုတာတွေ မြေပြင်မှာ မမြင်တွေ့ရပေမယ့် အင်တာနက်တွေ၊ လိုင်းတွေပေါ်မှာတော့ တွေ့ရ၊ ကြားရတယ်။

မေး ။ ။ ရှမ်းမြောက်မှာ လက်နက်ကိုင် ပဋိပက္ခတွေ၊ မတူတဲ့ လူမျိုးတချို့ကြား အနည်းငယ် တင်းမာနေတာတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေလျှော့လို့ရနိုင်မလဲ။

— ရှမ်းမြောက်မှ မဟုတ်ဘူး။ တနိုင်ငံလုံးက တိုင်းရင်းသားလက်နက်ကိုင်တွေက တန်းတူညီမျှမှုကို လိုနေတယ်လို့ ယူဆတယ်။ တန်းတူညီမျှဆိုတာ အားလုံး တူညီစွာရဖို့မဟုတ်ဘူး၊ ဗမာတစ်ကျပ်ရတိုင်း တိုင်းရင်းသားတွေ တစ်ကျပ်ရရမယ်လို့ မဆိုလိုပါဘူး။ တိုင်းရင်းသားတွေ လိုချင်တဲ့ တန်းတူညီမျှမှုဆိုတာ အရမ်းကို ခွဲခြားလွန်းတာတွေ မလုပ်စေချင်တာပါ။

ဥပမာ…နေပြည်တော်သွားလမ်းလို တောင်ပေါ်ဒေသတွေမှာ နိုင်လွန်ကတ္တရာ နေရာတိုင်း လုပ်ပေးရမယ်၊ အကြီးကြီးလုပ်ပေးရမယ် ဆိုတဲ့ သဘောမဟုတ်ပါဘူး။ ဟိုမှာ ပေတစ်ရာလောက် ခင်းထားပေးရင် တိုင်းရင်းသားဒေသတွေမှာ ပေနှစ်ဆယ်လောက်ကော မရနိုင်ဘူးလား။ နိုင်လွန် ကတ္တရာ မခင်းပေးနိုင်လည်း ကွန်ကရစ် လမ်းပေါ့။ မခင်းနိုင်တဲ့ နေရာလည်း ထားပေါ့၊ ဒါပေမယ့် လမ်းဖောက်ပေးဖို့တော့ လိုအပ်တယ်။ အစိုးရဘက်ကတော့ စေတနာမှန်ရပါမယ်။ အဲဒါမှ တန်းတူ ညီမျှတယ်ဆိုတာ ဖြစ်လာမှာပါ။

မေး ။ ။ ရှမ်း၊ ပလောင် တိုင်းရင်းသားတစ်ယောက်အနေနဲ့ ပဋိပက္ခတွေ လျော့ကျအောင် ဘာတွေလုပ်နေသလဲ။

— ကျွန်တော်တတ်နိုင်တဲ့ အတိုင်းအတာအရတော့ လာရှိုးတက္ကသိုလ်ရဲ့ လှုပ်ရှားမှုတွေ ၊ လားရှိုးမြို့နယ်အတွင်း လှုပ်ရှားမှုတွေမှာ မြို့နယ်အလိုက် တိုင်းရင်းသားယဉ်ကျေးမှုကော်မတီတွေ စုပေါင်းပြီးတော့ လုပ်ဆောင်ရတဲ့ အခမ်းအနားတွေ ကျင်းပတာ၊ အစည်းအဝေးတွေ လုပ်တာ၊ ညစာစားပွဲတွေ လုပ်တာတွေရှိတယ်။ ရင်းရင်းနှီးနှီး ချစ်ချစ် ခင်ခင်နဲ့ ညီအစ်ကို မောင်နှမ တွေလိုဆက်ဆံ ပြောဆိုကြတာတွေ လုပ်ခွင့်ရအောင် ဒီလိုအခမ်းအနားတွေ လုပ်ပြီး ဆုံကြတယ်။ လူမျိုး ပဋိပက္ခ မဟုတ်ဘူး၊ လက်နက်ကိုင်တွေကြားထဲမှာ ဖြစ်တဲ့ ပြဿနာဆိုတာကို ပေါ်လွင်အောင် ပလောင်လူငယ်အဖွဲ့၊ ရှမ်းလူငယ်အဖွဲ့တွေ ပူးပေါင်းပြီးတော့ လုပ်ဆောင်နေတာတွေ ရှိတယ်။

လားရှိုးကို တာဝန်နဲ့ ပြောင်းလာရတော့ ဒီမှာ ရှမ်းလည်းရှိတယ်။ ပလောင်လည်းရှိတယ်။ ရှမ်းအင်အားစုက များတယ်။ ငွေကြေးလည်း တောင့်တင်းတယ်။ လူအင်အားလည်း တောင့်တင်း တယ်။ တစ်ဖက်က ပလောင်တွေကျတော့ ပညာတတ်မှု အားနည်းတယ်။ လားရှိုးမြို့ ပတ်ပတ်လည်မှာဆို စာသင်ကျောင်းမရှိ၊ ဗမာစကား မတတ်တဲ့ ပလောင်ရွာတွေ အများကြီးတွေ့ရ သလို၊ တော်တော်ကို အောက်ကျနောက်ကျဖြစ်နေတာ တွေ့ရတယ်။ ဆေးရုံတက်ရမယ့် ကိစ္စကြုံ လို့ ဆေးရုံလာတက်ရရင်တောင် ငွေကြေးမပါ၊ အဝတ်အစားမပါ၊ တောင်ယာ လုပ်ငန်းမှာ ဝတ်ထားတဲ့ အဝတ်အစားတစ်ခုပဲရှိပြီး ချွေးတွေနဲ့ ညစ်ညစ်ပတ်ပတ်ဖြစ်နေတဲ့ ပလောင်တွေကို ဘယ်သူ လုပ်ပေးမှာလဲ။ လုပ်ပေးမယ့်သူ လားရှိုးမှာ မရှိခဲ့ဘူး။

တအာင်းပရဟိတအဖွဲ့ကို ကျွန်တော် ထူထောင်တယ်။ တအာင်းပရဟိတအဖွဲ့မှာ လုပ်နေတာဖြစ်လို့ တခြားလူမျိုးတွေကို မကူညီဘူး ဆိုတာ မရှိဘူး။ အဖွဲ့နဲ့ သွားရင်းလာရင်း ကြုံရင်ကြုံ သလို ကူညီတာပါ။ ရှစ်ဆယ် ရာခိုင်နှုန်းကတော့ ပလောင်တွေကို ကူညီတာ များတယ်။

မေး ။ ။ တိုင်ရင်းသားတွေ ငြိမ်းချမ်းစွာ အရင်ကအတိုင်း အတူယှဉ်တွဲနေနိုင်ဖို့ဘာတွေလိုအပ်ပါသလဲ။

— တိုင်းရင်းသားတွေကြားမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ဖို့ အဓိကကတော့ “ငါ့လူမျိုး၊ ငါ့ဒေသ” ဆိုတဲ့ အစွဲတွေစွန့်ပြီးတော့မှ ငါတို့လူသားတွေပဲဆိုတဲ့ အသိရှိဖို့ပဲ။ ငါကရှမ်း၊ သူကပလောင်ဆိုတဲ့ ကွဲပြားမှုတွေ ထည့်မစဉ်းစားဘဲ လူသားအချင်းချင်းဆိုတဲ့ သာတူညီမျှတဲ့စိတ်ထားနိုင်ပြီး အစွဲမကြီးဖို့ လိုတယ်။ ကျရာ တာဝန်တော့ ထမ်းဆောင်ရမှာပေါ့၊ ရှမ်းပြည်မှာ နေရင် ရှမ်းပြည်ကောင်းကျိုးကို လုပ်မယ်၊ ရေနံချောင်းမှာ နေရင် ရေနံချောင်းမြို့ရဲ့ကောင်းကျိုးကိုတော့ လုပ်ပေးနေဖို့လိုတယ်။

ထိုက်နန္ဒာဝင်းသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက် ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading