အရေပြားအတွက် ဆင်ကိုသတ်ခြင်းကြောင့် မြန်မာ့ဆင်များ ပျောက်ကွယ်သွားနိုင်

မြန်မာ့တောရိုင်းဆင်များ မျိုးတုန်းပျောက်ကွယ်မည့် အန္တရာယ်မှာ ထိတ်လန့်ဖွယ် အခြေအနေ ဖြစ်သည်။ ဆင်အရေခွံကို လက်ဝတ်ရတနာအဖြစ်လည်းကောင်း၊ ဆင်ရေကိုအမှုန့်ကြိတ်၍ ဆေးဝါးအဖြစ် လည်းကောင်း ရောင်းချကြသည်။ ယခု နှုန်းအတိုင်းသာ အသတ်ခံနေရပါက နှစ်ပေါင်း ၆၀ အကြာတွင် မျိုးတုန်းသွားနိုင်ပေသည်။

Published on Aug 15, 2018
ရခိုင်ပြည်နယ်တွင် တရားမဝင်သတ်ဖြတ်ထားသော တောရိုင်းအာရှဆင်
ရခိုင်ပြည်နယ်တွင် တရားမဝင်သတ်ဖြတ်ထားသော တောရိုင်းအာရှဆင်

မြန်မာနိုင်ငံရှိ ဂေဟဗေဒပညာရှင်များ သည် ချုံနွယ်များ၊ ဝါးပင်များထူထပ်သော တောကြီးမျက်မည်းထဲတွင် နာရီပေါင်းများစွာ တောနင်းရှာသော်လည်း အာရှဆင်တစ်ကောင်တစ်မြီးမျှ မတွေ့ပါပေ။ ယခုဆိုလျှင် ဂေဟဗေဒပညာရှင်များ သည် တရားမဝင်ဆင်ခိုးဖမ်းသူများနှင့် အပြိုင် အာရှဆင်များကို ရှာတွေ့ရန် ကြိုးပမ်းနေရပြီ ဖြစ်သည်။

လွန်ခဲ့သည် သုံးနှစ်၊ လေးနှစ်က စ၍ ဆင်ခိုးဖမ်းသူများသည် ပတ္တမြားတုများပြုလုပ်ရန် ဆင်များ၏ အရေပြားများကို ခိုးယူလာကြသည်။ Smithsonian Conservation Biology Institute နှင့် အင်္ဂလန်နိုင်ငံရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို စောင့်ကြည့်သည့် ဌာနတစ်ခုဖြစ်သော Elephant Family တို့၏ သီးခြားစုံစမ်းစစ်ဆေးမှုများအရ ဆင်၏ အရေပြားကို အမှုန့်ပြုလုပ်၍ ဆေးအဖြစ် ရောင်းချကြကြောင်းလည်း သိရသည်။

တောရိုင်း အာရှဆင်စုစုပေါင်းအရေအတွက်သည် လက်ရှိတွင် ၅ဝ,ဝဝဝ သာ ကျန်ရှိတော့သည်။ အာရှဆင်များသည် အာဖရိက ဆဗားနားဆင်မျိုးများထက် ဆယ်ဆပို၍ မျိုးတုန်းနိုင်ခြေ ရှိနေပြီး၊ အာဖရိကတောတွင်းဆင်များနှင့် ယှဉ်လျှင် ထက်ဝက်ခန့်သာရှိသည်။ ဆဗားနားမြက်ခင်းပြင်တွင် ကျက်စားသည့် အာဖရိကဆင်မျိုးများနှင့် မတူဘဲ အာရှဆင်များသည် ချုံနွယ်ထူထပ်သော တောကြီးမျက်မည်း များတွင်သာ ကျက်စားကြသည်။ ထိုကဲ့သို့ တောကြီးမျက်မည်းတွင် လူမသိသူမသိ နေထိုင်ကျက်စားကြသော်လည်း ဆင်ခိုးဖမ်းသူများ၏ တစ်ကျော့ပြန်အန္တရာယ်ကို ရှောင်ကွင်းနိုင်စွမ်း မရှိကြပါပေ။ ထိုဆင်ခိုးဖမ်းသူများ၏ အန္တရာယ်ကြောင့် မြန်မာ့သဘာဝပတ်ဝန်းကျင်တွင် နေထိုင်ကျက်စားနေသော လက်ကျန် အာရှဆင်ပေါင်း ၂ဝဝဝ သည် မျိုးတုန်းပျောက်ကွယ်မည့် အခြေအနေကို ရင်ဆိုင်နေရပြီ ဖြစ်သည်။

မြန်မာအစိုးရက ပြုလုပ်သည့် စစ်တမ်းတွင်မူ ၂ဝ၁၆အတွင်း အသတ်ခံရသည့် ဆင်စုစုပေါင်းမှာ ၂၅ ကောင်ဖြစ်ကြောင်း အစီရင်ခံထားသည်။ လွန်ခဲ့သည့် ၂ နှစ်အတွင်း အသတ်ခံရသည့် ဆင်စုစုပေါင်းသည် အကောင် ၇ဝ ဖြစ်ပြီး ၂ဝ၁ဝမှ ၂ဝ၁၄ အတွင်း အသတ်ခံခဲ့ရသည့် ဆင်အရေအတွက်ထက် နှစ်ဆမက များနေသည်။

ယခင်ကမူ ဆင်စွယ်ရယူရန် ဆင်များကို ခိုးယူသတ်ဖြတ်ခြင်းသည် အာရှဆင်များအပေါ်တွင် ထိခိုက်မှုသိပ်မရှိခဲ့ပါ။ အဘယ့်ကြောင့် ဆိုသော် အရွယ်ရောက်ပြီးသော ဆင်ထီးများသာ ဆင်စွယ်ပေါက်သောကြောင့် ဖြစ်သည့်အပြင် ထိုအချိန်တုန်းကပင်လျှင် ၂၅ ရာခိုင်နှုန်းသာ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အရေပြားကိုလိုချင်၍ ဆင်ကိုလိုက်ခြင်းသည် ဆင်ထီး၊ ဆင်မများအပြင် ဆင်ငယ်များကိုပါ ခိုးယူသတ်ဖြတ်ခြင်း ဖြစ်သောကြောင့် ဆင်စွယ်ကြောင့် သတ်ခြင်းထက်ပို၍ မျိုးတုန်းမှု အန္တရာယ်ရှိပါသည်။

“ဒါဟာ ဆင်မျိုးတုန်းဖို့အတွက် သေချာတဲ့ နည်းလမ်းပဲ” ဟု စမစ်ဆိုနီယမ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဂေဟဗေဒစင်တာ၏ ဒါရိုက်တာဖြစ်သူ ပီတာ လမ်ဂရူဘာ ကပြောသည်။

ထိုဂေဟဗေဒစင်တာမှ ဂေဟဗေဒပညာရှင်များသည် မြန်မာနိုင်ငံလုပ်ရိုးလုပ်စဉ် ခြေရာခံ စစ်ဆေးလေ့လာမှုများ ပြုလုပ်နေစဉ်တွင် နိုင်ငံအတွင်း ဖြစ်ပွားနေသည့် တရားမဝင် ဆင်သတ်ဖြတ်မှုနှုန်း မြင့်တက်လာခြင်းကို မတော်တဆ ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယခုနှုန်းအတိုင်းသာ အရေပြားအတွက် ဆင်များကို တရားမဝင်သတ်ဖြတ်နေပါက နှစ်ပေါင်း ၆ဝ အတွင်း မြန်မာ့တောရိုင်းဆင်များ မျိုးတုန်းသွားနိုင်သည်။

တရားမဝင်ဆင်ခိုးသတ်မှုပြဿနာကို ဖော်ထုတ်ပုံ

လူဦးရေလျင်မြန်စွာထူထပ်လာခြင်းနှင့် စပါးခင်းများ၊ စားအုန်းဆီစိုက်ခင်းများ ပိုများလာခြင်းတို့ကြောင့် ဆင်များအတွက် သဘာဝကျက်စားရာနေရာများ နည်းပါးလာကာ လူနှင့်ဆင်များကြား ပဋိပက္ခဖြစ်လာသည်။ မြန်မာနိုင်ငံအတွင်းတွင်သာမကဘဲ အာရှတစ်ဝန်းတွင် ဖြစ်နေသည့်ပုံစံဖြစ်သည်။ အာရှဆင်များသည် ကောက်ပဲသီးနှံများကို စားသုံး၍ လူတို့က ပြန်လည် ခြောက်လှန့်ပါက နေအိမ်များကိုပင် ဖျက်ဆီးသည့် သာဓကများ ရှိခဲ့သည်။ မေလအတွင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ယာယီဒုက္ခသည်စခန်းတွင် နေထိုင်သော အသက် ၁၂ နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦးသည် အာရှဆင်တစ်ကောင်၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည်။

“ကျွန်တော်တို့က ဆင်တွေရဲ့ ဂေဟဗေဒနဲ့ လူနဲ့ဆင်ကြားဘာကြောင့် ပဋိပက္ခတွေ ဖြစ်ရသလဲ ဆိုတာကို လေ့လာချင်ရုံ သက်သက်ပါ။ တရားမဝင် ဆင်သတ်ဖြတ်မှုကို ကျွန်တော်တို့ မတော်တဆ ဖော်ထုတ်နိုင်ခဲ့တာပါ” ဟု သုတေသနပညာရှင်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဂေဟဗေဒစင်တာ၏ ဂေဟဗေဒပညာရှင် တစ်ဦးဖြစ်သူ ဂျွန်မဂ်အဗွိုင် ကပြောကြားသည်။

စ၍ လမ်ဂရူဘာနှင့်အဖွဲ့သည် ၂ဝ၁၄ ခုနှစ်နှောင်းပိုင်းမှ မြန်မာပြည်ရှိ ဒေသငယ်များတွင် ကျက်စားနေသော အာရှဆင် ၁၉ ကောင်တွင် ဂျီပီအက်စ် (ခြေရာခံ) စနစ်ပါသည့် လည်ပတ်များ တပ်ဆင်ပေးခဲ့သည်။ ထိုဒေသများသည် ပဲခူးရိုးမ တောင်တန်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် တနင်္သာရီတိုင်းရှိ ကမ်းမြောင်ငယ် တစ်ခုတို့ ဖြစ်သည်။

ဆင်များ၏အရေပြားမှ သွေးနီရောင်ရှိသော ပုတီးများပြုလုပ်၍ လက်ဝတ်ရတနာအဖြစ် ရောင်းချကြသည်။

ဆင်များကို ခြေရာခံသည့် စနစ်သည် “ ငါ့အိုင်ဖုန်းကိုရှာပေးပါ” ဆိုသည့် အိုင်ဖုန်းစနစ်နှင့် တူညီပြီး ခြေရာခံသည့် စနစ်ကို ၂၃ ပေါင် (ခြောက်ပိဿာကျော်) လေးသော လည်ပတ်ထဲတွင် ထည့်ထားခြင်းဖြစ်သည်ဟု လမ်ဂရူဘာက ပြောသည်။ အချိန်လေးနာရီကြာတိုင်း ထို လည်ပတ်သည် ဆင်၏ တည်နေရာကို ဂြိုလ်တုသို့ ပို့ပေးပြီး ထိုဂြိုလ်တုမှတစ်ဆင့် သုတေသန ပညာရှင်များ၏ လက်ကိုင်ဖုန်းများနှင့် ကွန်ပျူတာများဆီသို့ အီးမေးလ်ပို့ပေးခြင်းဖြစ်သည်။ ဝါရှင်တန်ရှိ စမစ်ဆိုနီယမ် အမျိုးသား တိရစ္ဆာန်ရုံမှ ဆင်များကို လည်ပတ် တစ်နှစ်ခန့် စမ်းဝတ်စေ၍ ထို လည်ပတ်များသည် ဆင်များကို ကသိကအောက်မဖြစ်စေကြောင်း အတည်ပြုပြီး ဖြစ်သည်။

“တချို့ဆင်တွေရဲ့ လည်ပတ်က ရုတ်တရက် အလုပ်မလုပ်တော့ဘဲ အချက်လည်း မပြတော့တာ ကျွန်တော်တို့ တွေ့လိုက်ရတယ်။ အဲဒီဆင်တွေထဲက ငါးကောင်က အသတ်ခံလိုက်ရတာ သေချာတယ်။ ကျွန်တော်တို့ ဆင်သေကောင်တွေ ရှာတွေ့ခဲ့တယ်။ ဆင်နှစ်ကောင်ကတော့ ပျောက်နေတယ်။ ဒါပေမယ့် သူတို့ မပျောက်ခင် လှုပ်ရှားမှုပုံစံပြောင်းသွားတာကို ကြည့်ရင် သူတို့လည်း အသတ်ခံလိုက်ရပြီ ထင်ပါတယ်” ဟု လမ်ဂရူဘာက ပြောသည်။

မမျှော်လင့်ထားသည့် ဆင်ခိုးသတ်မှုကြောင့် စမစ်ဆိုနီယမ်မှ သုတေသနပညာရှင်များသည် လူနှင့် ဆင် ပဋိပက္ခများကို အများပြည်သူများသိရှိရန် ပညာပေးနေသော မြန်မာနိုင်ငံအခြေစိုက် လူ-ဆင်ငြိမ်းချမ်းရေး ပရိုဂရမ်နှင့် လက်တွဲပူးပေါင်း၍ ရွာများမှ ဆင်ခိုးသတ်မှုမှတ်တမ်းများကို လိုက်လံစုဆောင်းခဲ့ကြသည်။

၂ဝ၁၅ မတ်လနှင့် ၂ဝ၁၇ သြဂုတ်လအတွင်း အသတ်ခံခဲ့ရသည့် ဆင်ပေါင်း ၄၅ ကောင်ရှိကြောင်း သုတေသနပညာရှင်များက တွေ့ရှိခဲ့သည်။ မြန်မာအစိုးရက ပြုလုပ်သည့် စစ်တမ်းတွင်မူ ၂ဝ၁၆ ခုနှစ် အတွင်း အသတ်ခံရသည့် ဆင်စုစုပေါင်းမှာ ၂၅ ကောင်ဖြစ်ကြောင်း အစီရင်ခံထားသည်။ စမစ်ဆိုနီယမ်က တင်ပြသည့် အရေအတွက်နှင့် ပေါင်းလိုက်ပါက ပြီးခဲ့သည့် သုံးနှစ် အတွင်း အသတ်ခံရသည့် ဆင်အရေအတွက်သည် ၂ဝ၁ဝ နှင့် ၂ဝ၁၄ ခုနှစ်များအထိ အသတ်ခံခဲ့ရသည့် ဆင်အရေအတွက်ထက် နှစ်ဆမက များနေကြောင်း တွေ့ရသည်။

မြန်မာနိုင်ငံတွင် သေနတ်ကိုင်ဆောင်ခွင့်ကို အထူးတင်းကျပ်ထားသောကြောင့် ဆင်မုဆိုးများသည် အာရှဆင်များကို သတ်ရန် ပိုးသတ်ဆေးများထည့်ထားသော အဆိပ်လူးမြားငယ်များကို အသုံးပြုကြသည်။

“ဆင်တွေကို ဆုံးရှုံးသွားတာ ကျွန်တော်တို့တိုင်းပြည်ရဲ့ ရတနာကို ဆုံးရှုံးသွားတာပါပဲ။ နောက်လာမယ့် မျိုးဆက်သစ်တွေလည်း တောဆင်ရိုင်းတွေကို မြင်ဖူးကြတော့မှာ မဟုတ်ပါဘူး” ဟု စမစ်ဆိုနီယမ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဇီဝဗေဒ အသင်းမှ မြန်မာနိုင်ငံညှိနှိုင်းရေးမှူး ကိုအောင်မျိုးချစ်က ပြောသည်။

ဆင်အရေခွံလက်ဝတ်ရတနာတွေကို ဘယ်သူတွေဝယ်နေလဲ

အာရှဆင်များကို အထူးပြုသော ဗြိတိန်ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် “ဆင်မိသားစု” သည် အရေခွံအတွက် ဆင်များကို သတ်သည့် သတင်းသဲ့သဲ့ကို ၂ဝ၁၂ ခုနှစ် နှောင်းပိုင်းတွင်း စတင်ကြားသိခဲ့သည်။

ထိုအချိန်က ၎င်းအဖွဲ့အစည်းသည် အစိုးရအရာရှိများနှင့် ပူးပေါင်း၍ သက်ရှိ တိရစ္ဆာန်များကို မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားမဝင်တင်ပို့နေသည့်အကြောင်းကို အစီရင်ခံစာ ရေးနေချိန် ဖြစ်သည်။

တရားမဝင်ဆင်သတ်သူများက အဆိပ်ခတ်ပြီး ခြေဖျားအထိ အရေခွံခွာထားသော အာရှဆင်တစ်ကောင်၏ ခြေထောက်

အာရှတိုက်တစ်ဝန်းတွင် ထိန်းသိမ်းထားသော အာရှဆင်များအရေအတွက်မှာ ၁၅,ဝဝဝ ဝန်းကျင်ရှိသည်။ သို့သော် နိုင်ငံတကာဥပဒေအရ အာရှဆင်များကို မည်သည့်ပုံစံနှင့်မဆို ကုန်သွယ်မှုပြုလုပ်ခြင်းသည် တရားမဝင်ကုန်သွယ်ခြင်းဖြစ်သည်။ ခြွင်းချက်မှာ သုတေသနပြုလုပ်ရန် သွေးနမူနာများ လဲလှယ်ခြင်းနှင့် တိရစ္ဆာန်ရုံ အချင်းချင်း တိရစ္ဆာန်များ ဝေမျှခြင်းတို့ဖြစ်သည်။

“ဆင်တွေကို အရေခွံယူဖို့ သတ်တာကို စသိတဲ့အချိန်မှာ အဲ့ဒါအတွက် ဈေးကွက်အသစ် ခိုင်ခိုင်ရှိနေပါပြီ” ဟု ဆင်မိသားစုမှ အမှုဆောင်ဒါရိုက်တာဖြစ်သူ ဘလင်ဒါ စတီးဝပ်-ကော့စ် က ပြောသည်။

ဇန်နဝါရီ ၂ဝ၁၄ ခုနှစ်မှစတင်ကာ ဆင်မိသားစုသည် ဆင်အရေခွံမှောင်ခိုဈေးကွက်ကို စုံစမ်းမှုများ စတင်ပြုလုပ်ခဲ့သည်။ ထိုအဖွဲ့အစည်းသည် အာရှဆင်များ၏ အရေခွံမှ ပြုလုပ်ထားသည့် ပုတီးများအတွက် အွန်လိုင်းကြော်ငြာများကို တွေ့ရှိခဲ့ပြီး တရုတ်ပြည်မှ မှောင်ခိုကုန်သွယ်သူများသည် မြန်မာနိုင်ငံမှ ခိုးယူသတ်ဖြတ်ခြင်းခံရသည့် ဆင်များကို ဝယ်ယူသည့် အဓိက ဖောက်သည်များဖြစ်သည်။ စမစ်ဆိုနီယမ်က စုံစမ်းစစ်ဆေးရာတွင်လည်း အလားတူပင် တွေ့ရှိခဲ့သည်။

ခွာပြီးသော ဆင်အရေခွံသည် တစ်လက်မ အထူရှိသည်။ “တချို့အရေခွံအစတွေကို အတုံးလေးတွေတုံး၊ အဲဒီအတုံးတွေကို အခြောက်ခံပြီး ပုတီးလုပ်ကြတာ” ဟု စတီးဝပ်-ကော့စ် က ပြောသည်။ ထိုပုတီးများကို စိပ်ပုတီးများ၊ လည်ဆွဲများနှင့် အခြားအမှတ်တရပစ္စည်းများအဖြစ် ရောင်းချကြသည်။ ဆင်မိသားစုသည် Baidu  နှင့် WeChat ကဲ့သို့သော ဆိုရှယ်မီဒီယာများရှိ အွန်လိုင်း ဈေးရောင်းသူများကို ခြေရာခံလိုက်ခဲ့ သည်။

“အဲဒါတွေ (ဆင်အရေခွံပုတီးတွေ) ကို ကြည့်လိုက်ရင် ဂေါ်မုတ်နီလိုလို၊ ပတ္တမြားလိုလို၊ ကျောက်နီတစ်မျိုးမျိုးနဲ့တူပါတယ်။ ဆင်ရဲ့အရေပြားမှာ သွေးကြောတွေအများကြီး ရှိပါတယ်။ သွေးကြောတွေထဲမှာ သွေးတွေအများကြီးရှိလို့ အဲဒီပုတီးတွေက ပတ္တမြားရောင်နီနေတာပါ”ဟု စတီးဝပ်-ကော့က ပြောသည်။

ဆင်အရေခွံကို အမှုန့်ပြုလုပ်ပြီး ဆေးဝါးအဖြစ်လည်း အသုံးပြုကြသည်။ ဆင်အရေခွံသည် အစာအိမ်အနာ၊ အစာအိမ်ရောင်ခြင်းနှင့် အစာအိမ်ကင်ဆာများကို ကုသနိုင်ကြောင်း ရောင်းချသူများက ဆိုကြသည်။

ဘာကြောင့် အရေးကြီးသလဲ

တရုတ်ပြည်သည် တရားမဝင်တောရိုင်းတိရစ္ဆာန်များကို ကုန်သွယ်သည့် အဓိကနေရာအဖြစ် မကောင်းသတင်းကျော်ကြားသော်လည်း တရုတ်သည် တစ်ဦးတည်းသော တရားခံတော့ မဟုတ်ပါပေ။

တရားမဝင်တောရိုင်းတိရစ္ဆာန်ကုန်သွယ်မှုကို ခြေရာခံလိုက်ရန် အလွန်ခက်ခဲသော်လည်း စစ်တမ်းများအရ ဆင်စွယ်အများစုကို တရုတ်ပြည်နှင့် အမေရိကန်နိုင်ငံသို့ တင်ပို့ကြကြောင်း သိရသည်။ မျိုးသုဉ်းမှုအန္တရာယ်ရှိသော တောရိုင်းတိရစ္ဆာန်များနှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက် (CITES) အရ ဆင်စွယ်ကိုဈေးကွက်တင် ရောင်းချခြင်းကို ၁၉၈၉ ခုနှစ်တွင် တရားမဝင်အဖြစ် ပိတ်ပင်ခဲ့သည်။ သို့သော် ထိုသဘောတူညီချက်၏ ခြွင်းချက်အနေနှင့် တောင်အာဖရိက၊ ဇင်ဘာဘွေ၊ နမီးဘီးယားနှင့် ဘော့ဆွာနာ နိုင်ငံတို့ကို အာဖရိဆင်၏ အစိတ်အပိုင်းများကို နိုင်ငံခြားသို့တင်ပို့ရန် ခွင့်ပြုထားသည်။

အွန်လိုင်းတွင် ကြော်ငြာထားသော ဆင်အရေခွံပုတီးများ

ထို့အပြင် တရုတ်နိုင်ငံသည် နိုင်ငံတွင်း တရားမဝင်ဆင်အစိတ်အပိုင်းများ လိုအပ်မှုကို တိုက်ဖျက်ခဲ့ရာ အခြေအနေတိုးတက်လာပြီဖြစ်သည်။ ၂ဝ၁၅ ခုနှစ်တွင် အမေရိကန်သမ္မတ ဘားရက် အိုဘားမားနှင့် ပြုလုပ်ခဲ့သော ပူးပေါင်းအစီအစဉ်အရ တရုတ်သမ္မတ ရှီကျင်းပင်သည် နိုင်ငံတွင်း ဆင်စွယ်ရောင်းချမှုကို ဒီဇင်ဘာလက ပိတ်ပင်ခဲ့သည်။ သို့သော် မတ်လတွင် သမ္မတ ဒေါ်နယ်ထရမ့်က ထိုပိတ်ပင်မှုကို အနည်းအကျင်းပြန်ဖွင့်ပေး၍ တရားဝင်အမဲလိုက်သတ်ဖြတ်ခြင်းခံရသည့် ဆင်အစိတ်အပိုင်းများကို တင်ပို့ရန် ခွင့်ပြုခဲ့သည်။

“ပိတ်ပင်ဖို့ဆိုတာ တရုတ်ပြည်အတွက် လုပ်ဖို့မလွယ်ပါဘူး။ ဒါပေမယ့် ဒီကုန်သွယ်မှု အသစ်ကိုတိုက်ဖျက်ဖို့ တရုတ်ပြည်ရဲ့ အကူအညီကို ကျွန်မတို့ လိုအပ်ပါတယ်”ဟု စတီးဝပ်-ကော့စ် က ပြောသည်။

CITES သဘောတူညီချက်အရ အာရှဆင်ကို မည်သည့်ပုံစံနှင့်မဆို ကုန်သွယ်မှုပြုလုပ်ခြင်းကို တားမြစ်ထားပြီး ခြွင်းချက်အနေနှင့် သုတေသနပြုလုပ်ရန် သွေးနမူနာများ လှဲလှယ်ခြင်းနှင့် တိရစ္ဆာန်ရုံ အခြင်းခြင်း တိရစ္ဆာန်များ ဝေမျှခြင်းတို့ကိုမူ ခွင့်ပြုထားသည်။

အာရှဆင်အရေခွံလိပ်များ။ ခွာပြီးသော ဆင်အရေခွံများသည် တစ်လက်မထက်ပို၍ ထူနိုင်သည်။

တရုတ်အာဏာပိုင်များသည် ဆင်မိသားစု၏ စစ်တမ်းတွေ့ရှိချက်များကို ဧပြီလက ငြင်းဆိုခဲ့သည်။

“တရုတ်ပြည်မှာ ဆင်အရေခွံတင်ပို့တာကို မပိတ်ပင်ထားပေမယ့် တရုတ်ပြည်ကို တကယ်တင်ပို့တဲ့ ဆင်အရေခွံပမာဏ အရမ်းနည်းပါတယ်။ အဲဒီ အဖွဲ့အစည်းရဲ့ စစ်တမ်းက အလိမ်အညာတွေပါ” ဟု တရုတ်ပြည်၏ မျိုးသုဉ်းမှုအန္တရာယ်ရှိသော တောရိုင်းတိရစ္ဆာန်များနှင့် သစ်ပင်ပန်းမန်များ တင်ပို့ခြင်းနှင့် တင်သွင်းခြင်း ကြီးကြပ်ရေးဌာန၏ အမှုဆောင်ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ မန်ရှန်လင်းက အာဖရိကမှ တရားဝင်အရေခွံတင်ပို့သည့် ပမာဏနှင့် နှိုင်းယှဉ်ပြီး ပြောကြားခဲ့သည်။

CITES ၏ အချက်အလက်များအရ သွေးပုတီးများရောင်းချမှုသည် အမေရိကန်၊ ဂျပန်၊ ဗြိတိသျှနိုင်ငံနှင့် အခြားသော အာရှဆင်ဈေးကွက်ကောင်းသည့် နိုင်ငံများသို့ ပျံ့နှံ့ခြင်းရှိမရှိ မသေချာပါ။

ဆင်အရေခွံပစ္စည်းများ ရောင်းချမှုကို ကာကွယ်ရန် Smithsonian ၊ U.S. Fish and Wildlife and Compass Films နှင့် မြန်မာပြည်တွင် လုပ်ကိုင်နေသော ပြင်သစ်ထုတ်လုပ်ရေး ကုမ္ပဏီတို့က အများပြည်သူအတွက် ပညာပေးကြေညာချက်များထုတ်ပြန်ခဲ့ပြီး ဒေသတွင်း လက်လှမ်းပရိုဂရမ်များကို စတင်လုပ်ဆောင်ခဲ့သည်။

အသိပညာပေးခြင်းသည် သွေးပုတီးနှင့် အရေခွံအမှုန့်များ သုံးစွဲခြင်းကို ရပ်တန့်စေရန် အဓိက သော့ချက်ဖြစ်ပြီး တရားမဝင်သတ်ဖြတ်ခြင်းကိုလည်း ရပ်တန့်စေနိုင်ကြောင်း လမ်ဂရူဘာက ပြောကြားခဲ့သည်။

“ဒီပစ္စည်းတွေကို ဝယ်တဲ့လူအများစုက သူတို့ဘာလုပ်နေလဲဆိုတာ သေချာသိတဲ့သူတွေ မဟုတ်ပါဘူး။ အဲဒီတော့ ကျွန်တော်တို့က ဈေးတွေထဲသွားပြီး ဝယ်ယူသူတွေကို သူတို့ဒီလို ဝယ်ယူအားပေးနေတာဟာ ဘယ်လောက်အထိဆိုးကျိုးသက်ရောက်မှုရှိတယ်ဆိုတာ ပညာပေးဖို့ လိုအပ်ပါတယ်”ဟု လမ်ဂရူဘာက ဆိုသည်။

(PBS News Hour ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် ဆောင်းပါးရှင် Nsikan Akpan ရေးသားသည့် "Skin poaching of Asian elephants, a crisis unfolding in Myanmar, could crush the species"ကို ဘာသာပြန်ဆို ဖော်ပြခြင်းဖြစ်သည်။)

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading