တိုင်းပြည်စီးပွားရေးကို တရွတ်တိုက်နေတဲ့ နိုင်ငံပိုင်စက်ရုံတွေ

ပဲခူးတိုင်း သာဂရရှိ အမှတ် ၁၄ အကြီးစားစက်ရုံ ( အင်ဂျင်စက်ရုံ) (ဓာတ်ပုံ- စက်မှုဝန်ကြီးဌာန ဝက်ဘ်ဆိုက်)
ပဲခူးတိုင်း သာဂရရှိ အမှတ် ၁၄ အကြီးစားစက်ရုံ ( အင်ဂျင်စက်ရုံ) (ဓာတ်ပုံ- စက်မှုဝန်ကြီးဌာန ဝက်ဘ်ဆိုက်)

သာဂရ -- ပဲခူးတိုင်း သာဂရရှိ အင်ဂျင်စက်ရုံသည် ယမန်နှစ် ဧပြီလမှ စတင်၍ ထုတ်လုပ်မှု ရပ်ဆိုင်းသွားပြီဖြစ်သော်လည်း အလုပ်သမားပေါင်း ၃၅၀ဦးသည် နေ့စဉ် အလုပ်ဆင်းနေကြဆဲ ဖြစ်ပါသည်။

ထိုစက်ရုံကဲ့သို့သော အစိုးရပိုင်စက်ရုံများကြောင့် ဆုံးရှုံးမှုသည်၂၀၁၆ ခုနှစ်အတွင်း ကန်ဒေါ်လာ သန်း ၂၀၀ ကျော် ရှိနေပြီဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲမှတဆင့် စစ်အစိုးရမှ အာဏာလွဲပြောင်းယူခဲ့သော အစိုးရသစ်လက်ထက်တွင် ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်ခဲ့သည်။ ၂၀၁၁ မှ စတင်၍ စီးပွားကဏ္ဍအတွက် ဥပဒေအသစ် အနည်းဆုံး နှစ်ဒါဇင် ခန့်ချမှတ်ခဲ့သည်။

နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ၊ အထူးသဖြင့် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများသည် နိုင်ငံ၏စီးပွားရေးကို တစ်နှစ်လျှင် ၇ ရာခိုင်နှုန်းခန့် တိုးမြှင့်ပေးခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံသည် အဆင်းရဲဆုံးနိုင်ငံများတွင် ပါဝင်နေဆဲဖြစ်ပြီး နိုင်ငံ၏ စီးပွားရေးကဏ္ဍ အများစုသည် ပြုပြင်ပြောင်းလဲခြင်းမရှိသေးပါ။

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများတွင် ဝန်ထမ်းပေါင်း ၁၄၅,၀၀ဝခန့်ရှိပြီး၊ နိုင်ငံခြားကူငွေများကို ထည့်မတွက်လျှင် အစိုးရဝင်ငွေ၏တစ်ဝက်ခန့်သည် ထိုလုပ်ငန်းများမှ ရရှိခြင်းဖြစ်သည်။ ထိုလုပ်ငန်းများ၏ ဘဏ္ဍာနှစ် တစ်နှစ် ဝင်ငွေသည် GDP ၏ ၁၂ ရာခိုင်နှုန်းခန့်ရှိပြီး သုံးငွေသည်လည်း ထိုပမာဏလောက်ပင် ရှိသည်။

သို့သော် စစ်အစိုးရလက်ထက်တွင် ထိုလုပ်ငန်းများကို ထိန်းချုပ်သော ဥပဒေသည် မတင်မကျရေးသားထားသော စာမျက်နှာ နှစ်မျက်နှာရှိ စာရွက်စာတမ်းတစ်ခုသာဖြစ်ပြီး ၎င်းတို့လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းဆောင်တာများကို ဖော်ပြထားခြင်းလည်းမရှိပါ။ ထိုဥပဒေ၏ အဓိကဖော်ပြချက်မှာ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများသည် အစိုးရတစ်ဦးတည်းသာလုပ်ပိုင်ခွင့်ရှိသော လုပ်ငန်းများဖြစ်ပြီး ထိပါးလာသူ မည်သူမဆို ထောင်ဒဏ်ပေးခြင်းခံရမည်ဖြစ်ကြောင်း ဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း ၃၁ ခုရှိသည်။ ၎င်းတို့အနက် အချို့သည် ယိုယွင်းပျက်စီးနေသာ သာဂရကဲ့သို့ စက်မှုလုပ်ငန်းများဖြစ်ပြီး အခြားလုပ်ငန်းများသည် အကျိုးအမြတ်များသော လေကြောင်း၊ ကျောက်မျက်၊ ဆီနှင့် လောင်စာ၊ ဆက်သွယ်ရေးနှင့် သစ်လုပ်ငန်းများဖြစ်သည်။

ထိုလုပ်ငန်းများ ၏ စီးပွားရေးသက်ရောက်မှုသည် ကြီးမားလှသည်။ ၎င်းတို့သည် အကျိုးအမြတ်ရရှိရန် စီးပွားဖြစ်လုပ်ငန်းများလုပ်ကိုင်ကြသည့်အပြင် အများစုသည် အခွန်ကောက်ခံပြီး ၎င်းတို့လုပ်ကိုင်နေသည့် စီးပွားရေးကဏ္ဍကိုလည်း ထိန်းချုပ်ထားသည်။

အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်မြို့ရှိ Local Renaissance Institute နှင့် Natural Resource Governance Institute က မကြာမီက ထုတ်ပြန်သော အစီရင်ခံစာတွင် နိုင်ငံပိုင်လုပ်ငန်းများသည် အစိုးရထိန်းချုပ်မှုမှ ကင်းဝေးကာ လွတ်လပ်မှုရှိနေကြောင်းကို အသေးစိတ်ရေးသားထားသည်။

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအတွက် စွမ်းဆောင်ရည် ရည်မှန်းချက်များ တိတိကျကျ သတ်မှတ်ထားခြင်း မရှိသည့်အပြင် အကြီးပိုင်းအရာရှိများခန့်အပ်ရာတွင် စနစ်တကျ တရားဝင်ခန့်အပ်ခြင်း မရှိပါ။

အရာရှိအများစုသည် စစ်မှုထမ်းဟောင်းများဖြစ်သည်။ ထိုအရာရှိများ၏ ငွေစာရင်းများကို စာအုပ်ထဲတွင် လက်ရေးဖြင့်သာ မှတ်သားထားပြီး စစ်ဆေးမှုများပြုလုပ်ရာတွင် ဘဏ်စာရင်းနှင့် ထိုလက်ရေးဖြင့်ရေးမှတ်ထားသော စာရင်းများကို တိုက်စစ်ခြင်းသာရှိသည်။ ၎င်းတို့၏ ဘတ်ဂျက်စုစုပေါင်းကိုသာ လွှတ်တော်သို့တင်ပြရပြီး စာရင်းအသေးစိတ်ကိုမူ တင်ပြခြင်းမရှိပါ။

ရှေးရိုးစွဲစည်းမျဉ်းများအရ နိုင်ငံပိုင်လုပ်ငန်းများသည် အကျိုးအမြတ်၏ ၅၅ ရာခိုင်နှုန်းကို သီးသန့်ဖယ်ထားရသည်။

ဥပမာ မြန်မာ့ကျောက်မျက်လုပ်ငန်းသည် ကိုယ်တိုင်လုပ်ငန်းလည်ပတ်ရန် နှစ်ပေါင်း ၁၇၂ နှစ်စာ အရင်းအနှီး အလုံအလောက်ရှိ နေသော်လည်း နိုင်ငံပိုင်ဘဏ်မှ အတိုးရရှိခြင်းမရှိပါ။
နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများတွင် ထားရှိသော ရင်းနှီးငွေပမာဏသည် ၂၀၁၇ ဇန်နဝါရီလတွင် ဒေါ်လာ စုစုပေါင်း ၈ ဒသမ ၆ဘီလျံရှိသည်။ ထိုငွေများသည် အသုံးချမှုမရှိဘဲ အလကားသက်သက်သာ ရှိနေကြောင်း အရာရှိများက ဝန်ခံထားသည်။

မြန်မာနိုင်ငံရှိ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများသည် စစ်အစိုးရ၏ အာဏာရှင်ဆန်သော အုပ်ချုပ်မှု၏ တစ်ခုတည်းသော အမွေဆိုးပြယုဂ်မဟုတ်သော်လည်း ပွင့်လင်းမြင်သာမှု မရှိဆုံးနှင့် ထိန်းသိမ်းမှုအဆိုးရွားဆုံး လုပ်ငန်းများဖြစ်သည်။ အခြားသောနိုင်ငံများတွင် ထိုလုပ်ငန်းများသည် နှစ်စဉ် လုပ်ငန်းအစီရင်ခံစာ တင်သွင်းကြရသည်။

ထိုင်းနိုင်ငံတွင် နိုင်ငံတကာအဆင့်မီ အစီရင်ခံသောပုံစံမျိုးကို ကျင့်သုံးနေပြီဖြစ်သည်။ မလေးရှားတွင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၏ မန်နေဂျာများကို စိစစ်သော စွမ်းဆောင်ရည်တိုင်းတာသည့် သတ်မှတ်ချက်များကို ကျင့်သုံးသည်။ ဖိလစ်ပိုင်နိုင်ငံတွင် နိုင်ငံပိုင်လုပ်ငန်းများအနည်းအကျဉ်း တွင် ပုဂ္ဂလိကရှယ်ယာဝင် အနည်းစုပါဝင်သည်။

တရုတ်နိုင်ငံတွင် အကြီးအကဲတို့၏ လစာသည် ၎င်းတို့၏ စွမ်းဆောင်ရည်နှင့် တိုက်ရိုက်အချိုးကျသည်။

သို့သော်လည်း ဖွံ့ဖြိုးတိုးတက်မှုရောင်ခြည်များကို အနည်းငယ်မြင်တွေ့လာရပြီ ဖြစ်သည်။

မြန်မာအစိုးရသည် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို မည်သို့အကောင်းဆုံးထိန်းချုပ်မည်ကို ဆွေးနွေးသော အာရှဖိုရမ်တွင် ပါဝင်လာပြီဖြစ်သည်။

မကြာမီကပင် လာဘ်စားသည်ဟုစွပ်စွဲခံရပြီး၊ ၎င်း၏ ဒေါက်တာဘွဲ့သည် အတုဖြစ်ကြောင်း ၂၀၁၆ က ဝန်ခံခဲ့သော ဘဏ္ဍာရေးဝန်ကြီး ကျော်ဝင်းကို တာဝန်မှ ဖယ်ရှားခဲ့သည်။

အသစ်ခန့်အပ်လိုက်သော ဝန်ကြီး ဦးစိုးဝင်းသည် လုပ်ငန်းကြီးကြပ်ရေးကို ပိုမိုလုပ်ဆောင်မည်ဟု မျှော်လင့်ရသည်။ ဦးစိုးဝင်းသည် နိုင်ငံတကာ စာရင်းကိုင် ကုမ္ပဏီဖြစ်သော Deloitte တွင် အလုပ်လုပ်ခဲ့ဖူးပြီး၊ Renaissance Institute ၏ ဘုတ်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။

သို့ရာတွင် ကျော်လွှားရန် အခက်အခဲကြီးကြီးမားမားကျန်ရှိနေပါသေးသည်။

အမျိုးမျိုးသော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းအမျိုးမျိုးကို ဝန်ကြီးဌာနအမျိုးမျိုးက ချုပ်ကိုင်ထားပြီး၊ ၎င်းတို့၏ သုံးစွဲမှုများကို ဘဏ္ဍာရေးဝန်ကြီးဌာနက ထိန်းချုပ်ပိုင်ခွင့်မရှိပါ။

ပြုပြင်ပြောင်းလဲရေးအမိန့်များကိုလည်း ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းကသာ ချမှတ်ပိုင်ခွင့်ရှိပါသည်။ သို့သော် စီးပွားရေးသည် နိုင်ငံတော် အတိုင်ပင်ခံ၏ ဦးစားပေးကဏ္ဍမဟုတ်သလို စစ်တပ်အကျိုးစီးပွားနှင့်ပတ်သက်လာလျှင် ၎င်းသည် ထိန်းထိန်းသိမ်းသိမ်း လုပ်တတ်ပြန်ပါသည်။

ပြည်သူ့လွှတ်တော်၏ ပြည်သူ့ငွေစာရင်းကော်မတီမှ အမတ်များသည် ထိုအရှုပ်တော်ပုံကို စစ်ဆေးရန် ဆန္ဒရှိကြောင်း ဥက္ကဋ္ဌဖြစ်သူ ဦးအောင်မင်းကပြောကြားသည်။

သို့သော်လည်း အုပ်ချုပ်ရေးပိုင်းက ထောက်ခံမှုမရှိသလို စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ကျွမ်းကျင်မှုလည်း မရှိပါ။ ထို့အပြင် အမတ်အနည်းငယ်သာလျှင် ၎င်းတို့၏မဲဆန္ဒနယ်ရှိ သုဿာန်တစပြင်ကဲ့သို့ရှိသော စက်ရုံများကို စစ်ဆေးရန် သဘောတူမည်ဖြစ်သည်။

သာဂရရှိ ဝန်ထမ်းများကတော့စိုးရိမ်ပူပန်မှုမရှိပါ။ အစိုးရပိုင်ဖြစ်သောကြောင့် စက်ရုံသည် ပိတ်လိမ့်မည်မဟုတ်ဟု ဝန်ထမ်းတစ်ဦးက ဆိုသည်။

The Economist စာစောင်ပါ Myanmar’s state-owned enterprises show how much reform is still needed ကို မြန်မာဘာသာသို့ပြန်ဆိုထားခြင်းဖြစ်ပါသည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading