အမျိုးသမီးအင်အား လိုအပ်နေသော မြန်မာပြည်ငြိမ်းချမ်းရေးဖော်ဆောင်မှု

ဓာတ်ပုံ - မြခြူ
ဓာတ်ပုံ - မြခြူ

ရှမ်းပြည်နယ်၊ နမ္မတူမြို့ KBC  စစ်ရှောင်စခန်းအတွင်း တဲတစ်လုံးအဝင်ဝတွင်   အပ်ချုပ်စက်တစ်လုံးက နေရာယူထားပြီး မီးဖိုချောင်သုံး ပစ္စည်းများက  ဟိုတစ်စ ဒီတစ်စ ရှိနေသည်။ ယင်းအခန်းလေးထဲတွင် ဒေါ်ရွယ်ဆမ်နှင့် ဧည့်သည်အမျိုးသားတစ်ဦး စကားစမြည်ပြောနေကြ၏။

‘‘ဒီမီးဖိုက ကျွန်မတို့ဘာသာ လုပ်ထားတာပါ။ အဲ့ဒါကို သေသေချာချာလုပ်ပြီး စျေးကွက်မှာ ပြန်ရောင်းချင်ပါတယ်’’ ဟု အမျိုးသမီးက ပြောလိုက်ရင်း မီးဖိုအတွင်းရှိ ထင်းနှင့် မီးခဲများကို ဖြန့်ချလိုက်သည်။

မီးခိုးအူနေသည့် မီးဖိုကိုကြည့်နေသူ အမျိုးသားက သူ၏ အထက်အဖွဲ့အစည်းသို့တင်ပြမည်ဖြစ်ကြောင်း၊ အဆင်ပြေမည်ဟုယူဆကြောင်း ပြန်ပြောလိုက်၏။

အသားအရေ ဝါဖန့်ဖန့်၊ စကားကို အသံတည်တည်ငြိမ်ငြိမ်ဖြင့် ပြောတတ်သည့် ဒေါ်ရွယ်ဆမ်၏ မျက်ဝန်းများနှင့် လက်များက အစဉ်မပြတ် လှုပ်ရှားနေတတ်သည်။  လမ်းကို  ခပ်သွက်သွက် လျှောက်လေ့ရှိသည်။   ခင်ပွန်းသည် ကွယ်လွန်သွားပြီဖြစ်သောကြောင့် သားသမီး ၆ ဦးကို တစ်ယောက်တည်း အုပ်ထိန်းလာသူ ဒေါ်ရွယ်ဆမ်က စခန်းရှိ မူကြိုကျောင်းတွင် အလုပ်လုပ်နေသူဖြစ်သည်။

‘‘လူကြီးတွေက ဘာကြောင့်ကျွန်မကို ခေါင်းဆောင်လုပ်ဖို့ ရွေးလိုက်လဲ ဆိုတာတော့ မသိဘူး။ ဒါပေမယ့် ကျွန်မတာဝန်ကို ကျွန်မ ကျေအောင်လုပ်ရမှာပေါ့’’ ဟု ဒေါ်ရွယ်ဆမ်က ဟင်းချက်နေရင်း ပြောသည်။

မိသားစုစားဝတ်နေရေးအတွက် ဦးဆောင် ရုန်းကန်နေသူ၊ လက်မှုပစ္စည်းများ ထုတ်လုပ်သူ၊ စခန်းအတွင်းရှိ ပြဿနာများကို ဒိုင်ခံဖြေရှင်းရာတွင် ပါဝင်ရသူ ဒေါ်ရွယ်ဆမ်သည် အလုပ် လွန်စွာ များပြားသော်လည်း သူကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်သည့် လုပ်ငန်းစဉ်တစ်ခု ရှိနေသည်။ ယင်းမှာ ၎င်းတို့ကို နေရပ်စွန့်ခွာထွက်ပြေးစေသော ပြည်တွင်းစစ် ရပ်စဲရန်အတွက် ပြုလုပ်နေသည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ခြင်း ဖြစ်သည်။

သို့သော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အရေးပါသော ကဏ္ဍများတွင် အမျိုးသမီးများကို နေရာပေးမှု အားနည်းခြင်းက ၄၈ နှစ်အရွယ် ဒေါ်ရွယ်ဆမ်ကဲ့သို့သော ထက်မြက်သူတို့လျှောက်နေသောလမ်းတွင် အဟန့်အတားကြီးဖြစ်နေသည်။

တိုက်ပွဲကြားထဲ ဖြတ်သန်းရသူ

မန်တုံမြို့နယ်အတွင်းရှိ ဒေါ်ရွယ်ဆမ်တို့၏ မန်ဆန်ရွာ အပါအဝင် ကျေးရွာများသည် ၂ဝ၁ဝ ပြည့်နှစ်နောက်ပိုင်း ပြည်တွင်းစစ်ဒဏ် ပိုမို ခံလာရသည့် နောက်ဆက်တွဲအဖြစ် အိမ်နီးချင်း နမ္မတူမြို့နယ်တွင် စစ်ဘေးရှောင်စခန်းများ ပေါ်ပေါက်လာခဲ့သည်။

တိုက်ပွဲများနှင့် မည်သို့သက်ဆိုင်သည် မသိသော်လည်း ၂ဝ၁၆ မှ စတင်ကာ  စခန်းများ၌ မူးယစ်ဆေးသုံးစွဲမှု မြင့်တက်လာခဲ့သည်။  အကျိုးဆက်အဖြစ်  မိသားစုတွင်း အကြမ်းဖက်မှု ပြဿနာများက ဒေါ်ရွယ်ဆမ်ထံသို့ ရောက်ရှိလာလေသည်။

‘‘ဒါတွေဖြစ်နေရခြင်းရဲ့ အကြောင်းရင်းတွေထဲမှာ စစ်ပွဲတွေဟာ အဓိကအကြောင်းရင်းတစ်ခုပဲ’’ ဟု မျက်မှောင်ကြုတ်ထားသည့် ဒေါ်ရွယ်ဆမ်က ဒေသအကြိုက် ချဉ်ရေဟင်းလုပ်ရန် ဆွန်ထန်ခြောက်များကို ရေနွေးပူထဲ ပစ်ထည့်လိုက်ရင်း ပြောလိုက်သည်။

‘‘ကျွန်မတို့ကို ကာကွယ်တယ်ဆိုတာ ဘာကိုပြောတာလဲလို့ အဲ့ဒီ စစ်တိုက်နေကြတဲ့ သူတွေကိုပြောချင်တယ်’’ ဟု ဟင်းရည်အိုးထဲ လိုအပ်သည်များထည့်ရင်း တရစပ်ပြောနေသည်။  ထို့နောက် ထင်းချောင်းတစ်ခုပေါ် ထိုင်ကာ ခဏနားလိုက်ရင်း ‘‘ကျွန်မတို့တွေ CAMP တွေမှာ နေဖို့ လုပ်ပေးနေတာကို ပြောတာလား’’ ဟု အသံမာမာဖြင့် ပြောလိုက်သည်။

‘‘ဒီလိုဒုက္ခတွေဘာကြောင့် ဖြစ်ရလဲဆိုတာကို သိချင်လာတယ်၊ ဒီအတွက် ကျွန်မစာတွေဖတ်တယ်၊ သတင်းတွေနားထောင်တယ်၊ ဒါပေမယ့် ကျွန်မ အခုထိနားမလည်ဘူး’’
စာဖတ်ဝါသနာပါခြင်းကလည်း ဒေါ်ရွယ်ဆမ် ခေါင်းဆောင်နေရာ  ရောက်လာရေးအတွက် အထောက်အကူ ဖြစ်မည်ဟု ယူဆကြောင်း   ဒုက္ခသည်များအရေး ဆောင်ရွက်နေသည့် ဝန်ထမ်းတစ်ဦးက ပြောသည်။

‘‘သူက စာဖတ်ဖို့ မပျင်းဘူး။ စာဖတ်တော့ဘာဖြစ်လဲဆိုတော့ သူ့လူတွေကို သူကိုယ်တိုင် စီမံခန့်ခွဲနိုင်တယ်။ နောက်တစ်ခုက ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ်တွေမှာလည်း အများကြီး ကူညီပေးနိုင်တယ်’’ ဟု ၎င်းက မှတ်ချက်ချသည်။

ဒေါ်ရွယ်ဆမ်သည် နမ္မတူရှိ အခြားသော စစ်ရှောင်စခန်းများအတွင်း တစ်ကိုယ်ရေသန့်ရှင်းရေး ကိစ္စရပ်များအတွက်လည်း စေတနာ့ဝန်ထမ်းအဖြစ်  ကူညီနေသူဖြစ်သည်။ နံနက် ၄ နာရီမှ  ည ၉ နာရီအထိ အလုပ်အချိန်ဇယား ပြည့်နှက်နေသည့် ဒေါ်ရွယ်ဆမ်၏ အတွေးထဲတွင် စခန်းအတွင်း လိုအပ်ချက်များကို မိမိတို့၏ ခွန်အားဖြင့် ဖြည့်ဆည်းနိုင်ရေးလည်း ပါဝင်နေသည်။

‘‘ကျွန်မတို့ကို ကူညီနေသူတွေက အမြဲမကူနိုင်ဘူး။ ပြီးတော့ ကလေးတွေရဲ့ပညာရေးလည်း ရှိတယ်။ဒီတော့ ကိုယ်တိုင် ရုန်းကန်ရမယ်လို့ပဲ တွေးတယ်’’ ဟု   ပန်းကန်များကို သိမ်းဆည်းရင်း ပြောပြသည်။

စုပေါင်းလုပ်ကိုင်နိုင်သည့် လုပ်ငန်းတစ်ခုကို ဖော်ဆောင်နိုင်ရန် ပညာရပ်အချို့ကို လေ့လာ သင်ယူလျက်ရှိသည်။ လောင်စာနည်း ထင်းမီးဖို၊ သဘာဝကုန်ကြမ်းသုံး ဆပ်ပြာ၊ ခေါင်းလျှော်ရည်တို့ကို  လေ့လာ ဖန်တီးထားပြီးဖြစ်သည်။

အမျိုးသမီးတို့၏အသံ နားထောင်ခြင်း

တိုက်ပွဲများကြောင့် အများဆုံး ထိခိုက်နစ်နာရသူတို့မှာ အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များ ဖြစ်ကြောင်း နိုင်ငံတကာ  စစ်တမ်းများက အဖြေထုတ်ထားသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။

သန်မာသည့် အမျိုးသားများက စစ်အေးချိန်တွင်   အိုးအိမ်ပိုင်ဆိုင်မှုများကို စောင့်ရှောက်ရန် နေရပ် ပြန်လေ့ရှိကြသည် ဆိုသောကြောင့် ကျန်ရစ်သည့် အမျိုးသမီးနှင့် ကလေးများအတွက် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုအတွက် လိုအပ်ချက်များရှိနေကြောင်း နမ္မတူရှိ စစ်ဘေးရှောင် ကူညီရေးအဖွဲ့တချို့ထံမှ သိရသည်။

၂၁ ရာစု ဒုတိယ ပင်လုံညီလာခံ၏ လူမှုရေးကဏ္ဍမူဝါဒ သဘောတူညီချက် ၄ ခုတွင် သက်ကြီးရွယ်အို၊ မသန်စွမ်း၊ အမျိုးသမီး၊ ကလေးများ၏ အခြေခံရပိုင်ခွင့်နှင့် အခွင့်အရေးများကို လူမျိုး၊ ဘာသာ၊ ဆင်းရဲ၊ ချမ်းသာ မခွဲခြားဘဲ ထိရောက်စွာ ကာကွယ်စောင့်ရှောက်ရန်၊ လူမှုဘဝမြှင့်တင်မှုကို ဆောင်ရွက်ရန်ဟူသည့် အချက်လည်း ပါဝင်သည်။

ယင်းသဘောတူညီချက် ထွက်ပေါ်လာသည်မှာ  ငါးလကြာပြီ ဖြစ်သော်လည်း နမ္မတူ စစ်ရှောင်စခန်းများရှိ ထိခိုက်နစ်နာရသူများအတွက် လှုပ်ရှားဆောင်ရွက်မှု တစ်စုံတရာ မရှိသေးကြောင်း စစ်ဘေးရှောင်တို့ကို ကူညီနေသည့်  ရှမ်းပြည်နယ် ကချင်နှစ်ခြင်း အသင်းတော်များအဖွဲ့မှ  ဒေါ်ခေါင်နန်းက ပြောသည်။

‘‘ဒီသဘောတူညီချက်တွေကို အကောင်အထည် မဖော်နိုင်သေးဘူးဆိုရင်တောင် တကယ်တိုက်ရိုက် သက်ဆိုင်တဲ့ သူတွေကို သိအောင်ပြောပေးသင့်တယ်။ သူတို့စကားသံတွေကို နားထောင်သင့်တယ်’’ ဟု အသင်းတော်မှ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းတာဝန်ခံ ဒေါ်ခေါင်နန်းက သုံးသပ်သည်။

‘‘ကျွန်မတို့ တကယ်မြေပြင်မှာထိတွေ့နေရတဲ့ အသံတွေကို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဆီ မပို့နိုင်သေးဘူး။ ဆွေးနွေးနေသူတွေက ဘယ်လိုအချက်အလက်တွေရယူလဲ ဆိုတာကိုတော့ မသိဘူး’’

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ၏ အထွေထွေအတွင်းရေးမှူး ဒေါ်စောမြရာဇာလင်းက မငြိမ်းချမ်းသည့် အတွက် စစ်ရှောင်စခန်းသို့ သွားရောက် ခိုလှုံရသူများ၊  အမျိုးသမီးများကိုလည်း  ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် မေ့မထားသင့်ကြောင်း ထောက်ပြသည်။

‘‘ကျွန်မတို့ ဒီလူတွေအတွက် ဘာမှထိထိရောက်ရောက် မဆောင်ရွက်ပေးနိုင်သေးဘူး။ ဒါဟာ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ ပြည်နဲ့အစိုးရတို့ရဲ့ ညှိနှိုင်းဆွေးနွေးတာမျိုးတွေ မရှိတာကြောင့် ဖြစ်တယ်’’ ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ၏ အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ် တာဝန်ယူထားသည့် ဒေါ်စောမြရာဇာလင်းက ပြောသည်။

ရန်ကုန်အခြေစိုက် ငြိမ်းချမ်းရေးအတွက် ကျား၊ မ တန်းတူရေး မဟာမိတ်အဖွဲ့မှ  ပြန်ကြား/ဆက်သွယ် တာဝန်ခံအရာရှိ ကိုကောင်းလတ်က ငြိမ်းချမ်းရေး ဆွေးနွေးရာတွင်  အမျိုးသမီးတို့ကို ဖိတ်ခေါ်ရန် မပျက်ကွက်သင့်ဟူသော အချက်ကို သဘောတူသူ ဖြစ်သည်။

‘‘ကျွန်တော်တို့က Camp (စခန်း) တွေကို ကိုယ်စားပြုတဲ့ အမျိုးသမီးတွေကိုပါ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပါဝင်လာနိုင်ဖို့ တတ်နိုင်သမျှ ကြိုးစားနေပါတယ်’’ ဟု ကိုကောင်းလတ်က ဆိုသည်။

အမျိုးသမီးစွမ်းအင်

အမျိုးသမီးများ ရင်ဆိုင်နေရသည့် လိင်စော်ကားခံရမှု အပါအဝင် ပြဿနာများစွာနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေး စားပွဲဝိုင်းတွင် သိရှိအဖြေရှာနိုင်ရန်အလို့ငှာ တိုက်ပွဲကြားတွင် ဖြတ်သန်းနေရပြီး ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်လိုသော အမျိုးသမီးတို့ကို ဆွေးနွေးပွဲသို့ ပို့ဆောင်ရေးမှာ အရေးကြီးလုပ်ငန်းစဉ်တစ်ရပ် ဖြစ်နေသည်။

၂၁ ရာစုပင်လုံဆွေးနွေးပွဲများ အစပြုချိန်တွင် အမျိုးသမီး ၁၃ ရာခိုင်နှုန်းပါဝင်ခဲ့ပြီး နောက်ဆုံး ဆွေးနွေးပွဲများတွင် ၁၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ခြင်းမှာ သိသာ ထင်ရှားသည့် တိုးတက်ဖြစ်ထွန်းမှုတစ်ခု ဖြစ်သည်။ သို့သော်လည်း အရေးကြီး ဆုံးဖြတ်ချက် ချမှတ်နိုင်သည့် နေရာများတွင်မူ အမျိုးသမီးတို့ ပါဝင်နိုင်ခွင့် မရှိသေးချေ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အမျိုးသမီး ကိုယ်စားလှယ် ၃ဝ ရာခိုင်နှုန်း  အနည်းဆုံး ပါဝင်ရေး ဟူသော သတ်မှတ်ချက််အတိုင်း အမှန်တကယ် ဖြစ်လာရန် ကြိုးစားနေရဆဲပင် ဖြစ်သည်။

ငြိမ်းချမ်းရေးစားပွဲသို့ သွားရောက်သူများအနက်  မြေပြင်အခြေအနေမှန်ကို စုံစမ်းသိရှိထားသူ မည်မျှပါဝင်သည်ဆိုသည်က ဒေါ်ရွယ်ဆမ် မေးလိုသည့် မေးခွန်းတစ်ခုဖြစ်၏။

ထိုကဲ့သို့သော ဖြစ်ရပ်များအတွက် စစ်ပွဲများကြောင့် အမျိုးသမီးများအပါ ထိခိုက်နစ်နာမှု၊ ပဋိပက္ခ ဖြေရှင်းရေးတွင် အမျိုးသမီးများ၏ အရေးပါမှုနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးတို့နှင့် စပ်လျဉ်းပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အထူးအလေးထားဆုံးဖြတ်ထားသည်။ လုံခြုံရေးကောင်စီ၏ သက်တမ်း ၁၇ နှစ်ရှိပြီဖြစ်သော အဆိုပါ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ ကို အစိုးရ၊ တပ်မတော်၊ လက်နက်ကိုင်တပ်ဖွဲ့များက လေးစား လိုက်နာကြရန် ပြည်တွင်းပြည်ပ အဖွဲ့များက တောင်းဆိုထားကြသည်။

ငြိမ်းချမ်းရေး စေ့စပ် ဆွေးနွေးကြစဉ် အမျိုးသမီးများ၊ လူမှုအဖွဲ့အစည်းများ ပါဝင်လျှင်  သဘောတူညီမှုပျက်ပြားမှု ၆၄ ရာခိုင်နှုန်း လျော့နည်းစေသည်၊ သဘောတူညီချက် ရေရှည်ခိုင်မြဲမှုကိုလည်း ၃၅ ရာခိုင်နှုန်း ပိုမိုစေနိုင်သည်ဟု ကုလသမဂ္ဂအမျိုးသမီးအဖွဲ့က မှတ်တမ်းပြုထားသည်။

စေတနာ့ဝန်ထမ်း ဒေါ်ရွယ်ဆမ်က   လူသုံးကုန်ပစ္စည်းလေးများ ထုတ်လုပ်ရင်း သူ၏ ကလေးများကို ထိန်းသိမ်းစောင့်ရှောက်ခဲ့သူဖြစ်သည်။  အရွယ်ရောက်လာသော အကြီးဆုံးကလေးက  စင်ကာပူတွင် သွားရောက်  အလုပ်လုပ်နေပြီး၊   အငယ်ဆုံးမှာ စတုတ္ထတန်းတက်နေသည်။

သူ့တွင်မျှော်လင့်ချက်တစ်ခုရှိနေသည်။  သူ့မေးခွန်းများကို ဖြေပေးနိုင်မည့်သူ (သို့မဟုတ်) သူတို့အကြောင်း  စိတ်ဝင်တစား သိလိုသည့် လက်နက်ကိုင်တပ်ဖွဲ့ တာဝန်ရှိသူတို့ကို တွေ့ဆုံလိုသည့် မျှော်လင့်ချက်ဖြစ်သည်ဟု စစ်ရှောင်စခန်းရှိ လူဦးရေ ၁၉၅ ဦး အသုံးပြုသည့် တစ်ခုတည်းသော ရေကန်ဘေးတွင်   အဝတ်လျှော်ဖွတ်ရင်း ဒေါ်ရွယ်ဆမ်က ပြောသည်။

‘‘ကျွန်မတို့ကို ကာကွယ်ဖို့ တိုက်ခိုက်ကြတယ်။ အဲ့ဒါဟာ ဘယ်လိုမှကာကွယ်ရာ မရောက်ဘူးဆိုတာကို သူတို့ကို သိစေချင်တယ်’’ ဟု ငြိမ်းချမ်းရေးဖြစ်စဉ်၏ တစ်ထောင့်တစ်နေရာမှ ပါဝင်အားဖြည့်ချင်သူ  ဒေါ်ရွယ်ဆမ်က ပြောလိုက်သည်။     ။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading