ဘင်္ဂလားဒေ့ရှ်ရောက် ဟိန္ဒူတို့အတွက် မရေရာတဲ့ အနာဂတ်

ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာတဲ့ ဟိန္ဒူဘာသာဝင်တွေဟာ ဘင်္ဂလားဒေ့ရ်ှ ယာယီဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြပါတယ် (ဓာတ်ပုံများ - Joe Freeman/Myanmar Now)
ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာတဲ့ ဟိန္ဒူဘာသာဝင်တွေဟာ ဘင်္ဂလားဒေ့ရ်ှ ယာယီဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြပါတယ် (ဓာတ်ပုံများ - Joe Freeman/Myanmar Now)

ကော့ဘဇား၊ ဘင်္ဂလားဒေ့ရှ် — ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက ယာယီစခန်းတစ်ခုမှာရောက်နေတဲ့ ဟိန္ဒူဒုက္ခသည်တွေဟာ မြန်မာနိုင်ငံမှာ နေစဉ် သူတို့နဲ့ ရိုဟင်ဂျာမွတ်စလင်တွေအကြား ညီညီညွတ်ညွတ် နေထိုင်ခဲ့ကြတဲ့ အခြေအနေတွေကို သတိရနေကြပါတယ်။

“ကျွန်တော်တို့ ပွဲတော်တစ်ခုခုကျင်းပတိုင်း သူတို့ကို ဖိတ်လေ့ရှိသလို သူတို့ပွဲရှိရင်လည်း ကျွန်တော်တို့ကို ဖိတ်ပါတယ်” လို့ ရခိုင်ပြည်နယ် မောင်တောမြို့၊ ဆီယွန်ဆူရီရွာ မြန်မာဘာသာနဲ့ဆိုရင် အလယ်သံကျော်ရွာက ထွက်ပြေးလာသူလို့ ဆိုတဲ့ အသက် ၆ဝ အရွယ် ဘိုလာရန်ရှီက ပြောပါတယ်။

Arakan Rohingya Salvation Army (ARSA)အဖွဲ့နဲ့ တပ်မတော်အကြား သြဂုတ် ၂၅ ရက်ကစလို့ တိုက်ပွဲတွေဖြစ်ပွားပြီးတဲ့ နောက်ပိုင်းမှာ သူတို့အသိုင်းအဝိုင်းနှစ်ခု ဆက်ဆံရေးပျက်စီးသွားတာပါ။ ဒီအခြေအနေဟာ တစ်သက်လုံးလည်း ဖြစ်သွားနိုင်ပါတယ်။

သူတို့ရွာနဲ့ နီးတဲ့ ရဲဘောက်ကျရွာက ဟိန္ဒူတွေကတော့ ARSA အဖွဲ့ဝင်တွေဟာ ရဲစခန်းနဲ့ စစ်တပ်ကင်းစခန်းတွေကို တိုက်ခိုက်ပြီး မရှေးမနှောင်းမှာဘဲ သူတို့ဆွေမျိုးအများအပြားကို သတ်ဖြတ်ခဲ့တယ်လို့ ပြောကြပါတယ်။ အခုဆိုရင် ဟိန္ဒူဘာသာဝင်အများအပြားလည်း ပျောက်ဆုံးနေပါတယ်။  ARSA အဖွဲ့ကတော့ ဒါဟာ သူတို့လက်ချက် မဟုတ်ဘူးလို့ ဆိုပါတယ်။ မြန်မာအစိုးရကတော့ ARSA လက်ချက်လို့ စွပ်စွဲထားပြီး နယ်စပ်ကို ဖြတ်ပြီးထွက်ပြေးသွားတဲ့ ကျန်ရစ်သူ ဟိန္ဒူတွေကိုလည်း ပြန်ခေါ်ထားပါတယ်။

နေရပ်စွန့်ခွာ ထွက်ပြေးလာတဲ့ ဟိန္ဒူတွေဟာ ရခိုင်ဒေသမှာ အစိုးရက စီစဉ်ပေးထားတဲ့ ဒုက္ခသည်စခန်းမှာပဲ ခိုလှုံနေကြရပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာကြတဲ့ ဟိန္ဒူဘာသာဝင်တွေကတော့ ရိုဟင်ဂျာတွေနဲ့ နေရတဲ့ ဒုက္ခသည်စခန်းမှာ နှိပ်စက်ခံရမှုတွေ၊ ပစ်ပယ်ခံထားရမှုတွေ၊ မရေရာတဲ့ အနာဂတ်အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို ဆိုပါတယ်။

အများစုကတော့ နေရပ်ကို ပြန်ရကောင်းနိုးနိုး၊ မပြန်ရကောင်းနိုးနိုးနဲ့ ချီတုံချတုံဖြစ်နေကြတာပါ။

“ဘင်္ဂလားဒေ့ရှ်က မွတ်စလင်နိုင်ငံဖြစ်လို့ အိန္ဒိယကိုပဲသွားချင်တယ်” လို့  ၅၅ နှစ်အရွယ် စီတရိုရန်ဂျွန်ပါးလ်က ပြောပါတယ်။

အရင်တုန်းကတော့ သူငယ်ချင်းတွေ

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ခေါ်ပြီး မြန်မာအများအပြားက ဘင်္ဂါလီလို့ ခေါ်ဆိုသူတွေကို တွေ့နိုင်ပါတယ်။ အဲဒီမှာ ရိုဟင်ဂျာတွေထက်စာရင်  ဟိန္ဒူဘာသာဝင်တွေက ပိုပြီး လွတ်လွတ်လပ်လပ် သွားလာနိုင်ပေမယ့် တချို့ကိစ္စတွေမှာတော့ အနှိမ်ခံရတာချင်း အတူတူပါပဲ။ ဆီယွန်ဆူရီရွာကို ARSA ဝင်လာတဲ့အခါ ဟိန္ဒူဘာသာဝင်တွေနဲ့ မွတ်စလင်တွေ အကြား စိတ်ဝမ်းကွဲသွားကြပါတယ်။

ရိုဟင်ဂျာ/ဘင်္ဂါလီတွေရဲ့ တိုက်ခိုက်မှုတွေဟာ အရင်ကလည်းရှိနေခဲ့ပေမယ့် ကြာကြာမခံခဲ့သလို အောင်မြင်မှုလည်း မရှိခဲ့ပါဘူး။

ရခိုင်ပြည်နယ်ထဲမှာနေထိုင်တဲ့ ဘင်္ဂါလီ တစ်သန်းကျော်ကို ကန့်သတ်တင်းကျပ်၊ အဲဒီထဲက တစ်သိန်းခွဲကို ပြည်တွင်းက ဒုက္ခသည်စခန်းတွေကို ပို့လိုက်တာကြောင့် ဗုဒ္ဓဘာသာတွေနဲ့ မွတ်စလင်တွေအကြား တိုက်ခိုက်မှုတွေ ၂ဝ၁၂ မှာ ဖြစ်ပွားပြီးနောက်ပိုင်း ARSA အဖွဲ့ပေါ်လာပါတယ်။

ပါကစ္စတန်မှာ မွေးတဲ့ ရိုဟင်ဂျာအမျိုးသား အက်တူလာဆိုသူ ဦးဆောင်တဲ့ ARSA အဖွဲ့က လွန်ခဲ့တဲ့နှစ် အောက်တိုဘာ ၉ ရက်မှာ ပထမဆုံး တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတုန်းကအဖွဲ့ရဲ့ အမည်က Harakat Al-Yakin ခေါ် ဘာသာရေးလှုပ်ရှားမှု ဖြစ်ပါတယ်။ တပ်မတော်နဲ့ပထမအကြိမ် တိုက်ခိုက်ပြီး နောက်ပိုင်းမှာ အဲဒီအဖွဲ့ဟာ လူအင်အားပိုများလာသလို တပ်မတော်က မုဒိမ်းကျင့်တယ်၊ ဥပဒေဘောင်အပြင်ဘက်က သတ်ဖြတ်မှုတွေလုပ်တယ်၊ ရွာတွေကို မီးရှို့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

အဲဒီအဖွဲ့ဟာ ရွာထဲမှာ လူစုနေတာကို တွေ့ခဲ့ရတယ်၊ လူငယ်တွေနဲ့ သူသိတဲ့သူ တချို့ ပါသွားတယ်လို့ ပါးလ်က ပြောပါတယ်။

“သူငယ်ချင်းတချို့လည်း ARSA ထဲ ဝင်လိုက်ကြတယ်” လို့ ပါးလ်က ဆိုပါတယ်။ ဘာကြောင့်ဒါမျိုးလုပ်ရတာလဲလို့ သူက မေးပါတယ်။ လွတ်မြောက်မှုကို ရချင်တာကြောင့်လို့ သူတို့က ဖြေပါတယ်။

အဲဒီထဲမှာ တစ်ယောက်က သူ့နဲ့ နီးနီးကပ်ကပ်ပေါင်းတဲ့ သူငယ်ချင်းပါ။

“ကျွန်တော်တို့ အတူတူကြီးပြင်းခဲ့တာပါ။ သူ့ကိုရော၊ သူ့အမည်ကိုရော ၊ သူ့အဖေအမည်ကိုရော သိပါတယ်” လို့ ပါးလ်က ပြောပါတယ်။

ဒီပြဿနာမှာ ဝင်မပါဖို့နဲ့ အစိုးရက ဘာဖြစ်ဖြစ်လုပ်ရင်ခံရမယ်လို့ ပါးလ်က သူ့သူငယ်ချင်းကို တိုးတိုးတိတ်တိတ် တားပါသေးတယ်။ ပါးလ်အနေနဲ့ ဒီကိစ္စကို မကြိုက်ဘူးဆိုလည်း ဘယ်သူ့ကိုမှ အသိမပေးဖို့နဲ့၊ အခြားသူတွေ သိသွားရင် ပြဿနာရှိတယ်ဆိုတာ သူ့သူငယ်ချင်းက ပြောခဲ့ပါတယ်။ ARSA တွေဟာ အစိုးရသတင်းပေးတွေကို ပစ်မှတ်ထားနေတာကြောင့် ပါးလ်အနေနဲ့ ဒီကိစ္စကို ရေငုံနှုတ်ပိတ် နေလိုက်ပါတော့တယ်။

သြဂုတ် ၂၅  တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်းမှာ ARSA အဖွဲ့ဝင်တွေဟာ မျက်နှာကို အဝတ်နက်တွေစည်း၊  ရွာထဲ လှည့်သွားနေပြီး ရွာသားတွေကို မနှောက်ယှက်ဘူးလို့ ပြောပါတယ်။ တချို့က ပါးလ်ကို ချက်ပြုတ်စားစရာတွေနဲ့ စီးကရက်တွေကိုတောင် ပေးသွားကြပါတယ်။

ဒါပေမယ့် ဆွေမျိုးတစ်ယောက်က သူ့ကိုခေါ်ပြီး ARSA တွေက ဟိန္ဒူဘာသာဝင်တွေကိုပါ သတ်မယ့်အကြောင်း ကြားထားတာ ပြောသလို သူ့ကိုလည်း ထွက်ပြေးဖို့ ပြောပါတယ်။

“အဲဒီမှာ ကျုပ်စပြီး ကြောက်သွားတာပဲ” လို့ သူက ပြောပါတယ်။ အဲဒီကတည်းက ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာပြီး သူ့သူငယ်ချင်းကိုလည်း ပါးလ်မတွေ့ရတော့ပါဘူး။

တိုက်ခိုက်မှု

ဘင်္ဂလားဒေ့ရှ်ဘက်ကို ဟိန္ဒူဘာသာဝင် ငါးရာကျော်ထွက်ပြေးခဲ့ပါတယ်။  ဒါဟာ ရိုဟင်ဂျာအရေအတွက် ငါးသိန်း ဆိုတဲ့ ကိန်းဂဏန်းနဲ့ယှဉ်ရင် အဆမတန် ကွာဟနေတာပါ။ ဟိန္ဒူဒုက္ခသည်တွေကို သူတို့ဘုရားကျောင်း အနီးမှာရှိတဲ့ ကြက်ခြံတစ်ခုထဲမှာ သီးသန့်ထားပါတယ်။ သူတို့နေရတဲ့ နေရာက ရိုဟင်ဂျာတွေကို ထားတဲ့ နေရာလောက် ဆိုးဆိုးရွားရွား မဟုတ်ပေမယ့် သူတို့နေခဲ့တဲ့ အိမ်နဲ့တော့ တူနိုင်မှာ မဟုတ်ပါဘူး။

ဘင်္ဂလားဒေ့ရှ်ကို ရောက်ပြီး တစ်ပတ်လောက်အကြာမှာ ဆီယွန်ဆူယီရွာသားတွေဟာ  အရင်က အိမ်နီးနားချင်းတွေကို ဆက်သွယ်မိပါတယ်။

သူတို့ပြောပြချက်အရ ဟိန္ဒူတွေက သူတို့အိမ်နီးချင်းတွေကို ရောင်းခဲ့တဲ့ တိရိစ္ဆာန်ဖိုးတွေကို သွားတောင်းချင်တယ်။

အဲဒီကိစ္စ ဘယ်လိုဆက်ဖြစ်တယ် မသိပေမယ့် ဟိန္ဒူအမျိုးသားနှစ်ယောက် ပြောတာကတော့ သူတို့ကို မွတ်စလင် ၁၁ ယောက်က လမ်းမှာခြိမ်းခြောက်ပြီး သစ်သားတုတ်၊ သံတုတ်တွေနဲ့ ဝိုင်းရိုက်ပါတယ် တဲ့။

ဟိန္ဒူဘာသာဝင်တစ်ယောက်ကတော့  အရိုက်ခံထားရတဲ့ လက်မောင်း၊ တင်ပါးပေါ်က ဒဏ်ရာတွေကို ပြပါတယ်။

အဲဒီဒုက္ခသည်စခန်းတွေရှိရာ ကော့ဘဇား ခရိုင်ရဲစခန်းအောက်မှာရှိတဲ့ အူခီးယားရဲစခန်းမှူး မိုဟာမက်ကိုင်ကီစလူအင်းက အဲဒီရန်ပွဲက စက်တင်ဘာ ၁၂ ရက်ဝန်းကျင်လောက်က ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံကတည်းက ပါလာတဲ့ ရန်ငြိုးရန်စဖြစ်တယ်လို့ ပြောပါတယ်။

ရိုက်နှက်တဲ့ အုပ်စုထဲမှာ ပါတဲ့သူအချို့ကို ဒုက္ခသည်စခန်းကနေ တောထဲကို မောင်းထုတ် အပြစ်ပေးလိုက်ပြီလို့ ရဲအရာရှိက ပြောပါတယ်။

“အဲဒီလူအုပ်က ဒီလူနှစ်ယောက်လက်ကို ကြိုးတွေနဲ့ တုပ်ပြီး ရိုက်တာပါ” လို့ အရိုက်ခံရသူတွေရဲ့ တိုင်ကြားချက်ကို သူက ပြောပါတယ်။

ရိုက်ခဲ့သူများမှာ ထွက်ပြေးလွတ်မြောက်သွားပြီး ပြန်မလာတော့ကြောင်း ဟိန္ဒူဒုက္ခသည်တွေက ပြောပါတယ်။

ကိုင်ကီစလူအင်းက သူတို့ရဲတပ်ဖွဲ့အနေနဲ့ လူသေအလောင်းနှစ်လောင်းကို ရှာဖွေတွေ့ခဲ့ပေမယ့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့အတွက် ယခုဖြစ်စဉ်နဲ့ ပတ်သက်မှုရှိ၊ မရှိ ကောက်ချက် မချနိုင်ကြောင်း ပြောပါတယ်။  မိသားစုဝင်တစ်ဦးက အလောင်းတစ်လောင်းကို လာကြည့်ပြီး သူတို့လူဖြစ်ကြောင်း ပြောခဲ့ပေမယ့် တာဝန်ရှိသူများက သံသယရှိနေကြတာပါ။

“ဒီအလောင်းနှစ်လောင်းကို ဘယ်သူဘယ်ဝါဆိုတာ ဘယ်သူမှ အတည်မပြုနိုင်သေးပါဘူး” ဟု ကိုင်ကီစလူအင်းက ပြောပါတယ်။

အဆိုပါ ကိစ္စရပ်ကို စုံစမ်းနေဆဲဖြစ်ပြီး ရှေ့နောက်မညီတဲ့ ထွက်ဆိုချက်များရှိနေကြောင်း ရဲအရာရှိတစ်ဦးက ပြောပါတယ်။ ပျောက်သွားတယ်လို့ ပြောတဲ့တစ်ယောက်ကို နောက်ပိုင်းမှာ ပြန်တွေ့ခဲ့တာမျိုး ဖြစ်ခဲ့ဖူးတာကို သူက ဥပမာ ပေးပါတယ်။

ဒီဖြစ်စဉ်ကို လူသတ်မှုလို့ပဲ သတ်မှတ်ထားကြောင်း ရဲအရာရှိ ကိုင်ကီစလူအင်းက ပြောပါတယ်။
 
အလောင်းမြှုပ်တဲ့နေရာ

ဂျာဂါဒစ်ရှ်ပါးဟာ သူရဲ့ ဖိနပ်ကို ချွတ်၊  မြစ်ကမ်းဘက်ကို သွားပြီး မြေစာပုံအသစ်ပေါ်ကို လျှောက်သွားပါတယ်။

သူ့အဖေ ရာဘင်ဒရာပါးကို မြှုပ်ဖို့ ဖြစ်သလိုတူးထားရတဲ့ တွင်းနားမှာ သူဆုတောင်းပါတယ်။ ဟိန္ဒူအယူအဆမှာ ဖခင်သေရင် သားဖြစ်သူ ခေါင်းတုံးတုံးရပါတယ်။

အဲဒီတွင်းကို ဟိန္ဒူတွေအတွက် ယာယီဒုက္ခသည်စခန်းထဲမှာပဲ တူးလိုက်တာပါ။ ဘာအမှတ်အသားမှလည်း မရှိပါဘူး။ တူးတဲ့နေရာက ဗုဒ္ဓဘာသာ သင်္ချိုင်းနဲ့တော့ နေရာ ကန့်ထားပါတယ်။ သင်္ချိုင်းနှစ်ခုစလုံးက တောနံဘေး၊ ဟင်းလင်းပြင်ကွင်းထဲမှာပါ။

ငွေသိမ်းဖို့ သွားခဲ့ပြီး အိမ်ပြန်မလာနိုင်တော့တဲ့ ဟိန္ဒူ ဘာသာဝင် ၁ဝ ယောက်ထဲမှာ သူ့အဖေလည်း ပါတယ်လို့ ပါးလ်က ပြောပါတယ်။ စခန်းမှာရှိသူတွေကလည်း ရုပ်အလောင်းမှာ
ပတ်ထားတဲ့ လက်ပတ်ကို  ကြည့်တာနဲ့ ဟိန္ဒူဘာသာဝင်ဖြစ်တယ်ဆိုတာ ခွဲခြားနိုင်တယ်လို့ ပြောပါတယ်။

ပါးလ်နဲ့ သူ့ညီအစ်ကို မောင်နှမ ၆ ယောက်ဟာလည်း ဒီဒုက္ခသည်စခန်းမှာ နေကြပြီး သူ့အမေကတော့ မြန်မာနိုင်ငံဘက်မှာ ကျန်နေတယ်လို့ ဆိုပါတယ်။ ပါးလ်ကတော့ အရင်တုန်းက စစ်တကောင်းမှာ ဆံသဆရာတစ်ဦးအဖြစ် အလုပ်လုပ်ခဲ့သူပါ။

သူ့အနေနဲ့ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရပြီး ရန်ကုန်မှာနေခွင့်ရမယ်ဆိုရင်  မြန်မာနိုင်ငံဘက်ကို အပြီးပြန်သွားချင်ကြောင်း ပါးလ်က ပြောပါတယ်။

“ကျုပ်တို့ တစ်ရွာတည်းမှာ သူတို့နဲ့ အတူနေလို့ မဖြစ်တော့ဘူး။ ဘင်္ဂလားဒေ့ရှ်မှာလည်း မနေချင်ဘူး” လို့ သူက ပြောပါတယ်။

အိန္ဒိယကိုတော့ နေသင့်တဲ့နေရာလို့ သူက ဆိုပါတယ်။

“ကျုပ်တို့အတွက်တော့ ဒီဒုက္ခသည်စခန်းရှိတဲ့နေရာက မလုံခြုံပါဘူးဗျာ”

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading