ကမ္ဘာကအာရုံစိုက်လာဖို့ ဒုက္ခခံ၊ နေရပ်စွန့်ကြတဲ့ ရိုဟင်ဂျာစစ်သွေးကြွများ

တိုက်ခိုက်မှုတွေကြောင့် သူတို့ရဲ့ဒုက္ခအကြောင်း ကမ္ဘာက အာရုံစိုက်လာကြမယ်ဆိုတာကို သိပြီးသားဖြစ်တယ်လို့ ARSA တပ်မှူးတစ်ဦးက ပြောပါတယ်

Published on Sep 27, 2017
စက်တင်ဘာ ၂၄ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့တွင် ကူညီရေးပစ္စည်း ရယူရန် စောင့်ဆိုင်းနေသော ရိုဟင်ဂျာဒုက္ခသည်များ (ဓာတ်ပုံ - REUTERS/Cathal McNaughton)
စက်တင်ဘာ ၂၄ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့တွင် ကူညီရေးပစ္စည်း ရယူရန် စောင့်ဆိုင်းနေသော ရိုဟင်ဂျာဒုက္ခသည်များ (ဓာတ်ပုံ - REUTERS/Cathal McNaughton)

(Channel News Asia အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသော Fleeing Rohingya fighters accept suffering and exile in exchange for world’s attention ဆောင်းပါးကို ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။ ဆောင်းပါးတွင် ဖော်ပြထားချက်များမှာ Myanmar Now ၏ အာဘော် မဟုတ်ပါ)

ရိုဟင်ဂျာတွေအတွက်တိုက်ခိုက်နေတဲ့အဖွဲ့က ခေါင်းဆောင် တစ်ယောက်ယောက်ကို လူတွေအခက်အခဲ ကြုံတွေ့နေရတဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ရှာဖွေနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။

ရွှံဗွက်တွေနဲ့ လူသွားလမ်းတွေ၊ လေထဲမှာ ပျံ့နေနဲ့ မီးခိုးငွေတွေကြားက ခနော်ခနဲ့ ယာယီနေရာထိုင်ခင်းတွေ ပြည့်ကျပ်နေတဲ့၊ တောင်ကုန်းထူထပ်တဲ့၊ ကူတူပါလွန်ဒုက္ခသည်စခန်းမှာ အခုဆိုရင် ညအချိန်ရောက်လာပါပြီ။

နေရပ်စွန့်ခွာလာသူတွေရှိတဲ့နေရာကို အပေါ်စီးက မြင်နေရတဲ့၊ ညစ်ပတ်နေတဲ့ နေရာတစ်ခုက ဖျင်ကြမ်းစပေါ် ထိုင်စောင့်နေတုန်း မူဟာမက်ရာဖစ်ရောက်လာပြီး တင်ပျဉ်ခွေထိုင်လိုက်ပါတယ်။

အသက် ၃ဝ အရွယ်၊ ပသိုင်းမွှေးတိုတို၊ စကား ခပ်အေးအေးပြောတတ်တဲ့ သူ့ဘေးမှာတော့ လူ့တချို့ ရပ်နေပါတယ်။ သူတို့လည်း ဟာမက်ရာဖစ်လိုပဲ ရခိုင်ကနေ ရောက်လာသူတွေပါ။

သူဟာ ARSA ရဲ့ ဒုတပ်မှူးတစ်ဦးဖြစ်ကြောင်း၊ သြဂုတ် ၂၅ ရက်မှာ သူ့ရွာက လူ ၅ဝ နဲ့အတူ စစ်တပ်ကင်းစခန်းတစ်ခုကို အလစ်ဝင်တိုက်ခဲ့ကြောင်း ရာဖစ်က ပြောပါတယ်။

“ဖြည်းဖြည်းချင်းသေတာထက် မြန်မြန်သေရတာ ပိုကောင်းတာပေါ့ဗျာ။ ကျုပ်တို့ နေ့တိုင်းနှိပ်စက်ခံရတယ်။ အခြားရွေးစရာလမ်းမရှိတော့လို့ အခုလို တိုက်ရတာပါ” လို့ ရာဖစ်က ပြောပါတယ်။

“အကျိုးဆက်က ဒီလိုဖြစ်လာမယ်ဆိုတာလည်း သိပြီးသားပါ။ ကျုပ်တို့ ညီညီညွတ်ညွတ်နဲ့ အခုလိုလုပ်ဖို့ ဆုံးဖြတ်လိုက်တာပါ”

ARSA အဖွဲ့များ ပြိုင်တူတိုက်ခိုက်မှုအပြီး နောက်ဆက်တွဲ တိုက်ခိုက်မှုများ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့ပါတယ်။ ထိုအချိန်ကစပြီး ရွာများစွာ မီးရှို့ဖျက်ဆီးခံရခြင်း၊ ရိုဟင်ဂျာ မူစလင် ၄ သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးတိမ်းရှောင်ခြင်းတို့ ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါ တိုက်ခိုက်မှုများကြောင့် ထွက်ပြေးရသူတွေထဲမှာ ARSA အဖွဲ့ဝင်များလည်း ပါကြောင်း၊ ဘယ်နှစ်ဦးလောက် အသက်ရှင်နေသေးသည်ကို မသိရှိရကြောင်း၊ သို့သော် ခေါင်းဆောင်အင်အား ထိခိုက်မှု မရှိသေးကြောင်း ရာဖစ်က ပြောပါတယ်။

သူတို့အဖွဲ့မှာ လက်နက်၊ လေ့ကျင့်မှုနဲ့ လူအင်အားမကောင်းပါဘူး။ အခုလို တိုက်ခိုက်မှုတွေဟာ ARSA တိုက်ခိုက်ရေးသမားတွေနဲ့ ရိုဟင်ဂျာတွေအတွက် ကိုယ့်သေတွင်း ကိုယ်တူးသလိုပါပဲ။ ဒါပေမယ့် မြန်မာအာဏာပိုင်တွေက သူတို့ကို ဘယ်လို နှိပ်စက်ညှဉ်းပန်းနေသလဲဆိုတာ ကမ္ဘာက သိအောင် ဒီလိုလုပ်ဖို့ လိုတယ်လို့ ဒီအဖွဲ့ရဲ့ တိုက်ခိုက်ရေးသမားဖြစ်တဲ့ အဘူအာလမ်က ပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ်မှာ ဒုက္ခသည်အဖြစ် လာနေရလိမ့်မယ်လို့ မစဉ်းစားခဲ့ပါဘူး။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်း ပြောရရင် ကျုပ်တို့က စစ်တပ်ကို တိုက်တဲ့အခါ သူတို့က ကျုပ်တို့ကို ပြန်တိုက်မယ်။ အဲဒီအခါမှာ ရိုဟင်ဂျာတွေ ဘာဖြစ်နေသလဲဆိုတာ ကမ္ဘာက မြင်ပြီး အသိအမှတ်ပြုလာမယ်” လို့ သူက ပြောပါတယ်။

“မြန်မာစစ်တပ်ကို တိုက်ဖို့ ကျွန်တော်တို့မှာ လက်နက်အင်အားမရှိဘူးဆိုတာ သိပါတယ်။ ကျွန်တော်တို့က တုတ်နဲ့ တိုက်တာပဲဖြစ်ဖြစ် လုပ်လိုက်ရင် ဒီမှာဘာတွေဖြစ်နေလဲဆိုတာ ကမ္ဘာပေါ်ကလူတွေ နားလည်သွားလိမ့်မယ် ဆိုတာလည်း သိထားပါတယ်” လို့ သူကပြောပါတယ်။

ရာဇဝတ်မှုများအတွက် စွပ်စွဲချက်

ARSA အဖွဲ့အနေနဲ့ အခြားဒေသခံတွေကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်တယ်လို့ စွပ်စွဲခံထားရပါတယ်။ သတ်ဖြတ်ခံထားရတဲ့ ဟိန္ဒိူဘာသာဝင်တွေရဲ့ အလောင်းတွေကို စစ်တပ်က စက်တင်ဘာ ၂၄ မှာ တွေ့ခဲ့ပြီး ARSA ရဲ့ လက်ချက်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အာလမ်ကတော့ ရိုဟင်ဂျာတွေဟာ အခြားလူမျိုးစုတွေနဲ့ ပြဿနာဖြစ် တိုက်ခိုက်တာမရှိဘူး၊ ဟိန္ဒူတွေ သတ်ဖြတ်ခံရမှုမှာ သူတို့နဲ့ မသက်ဆိုင်ဘူးလို့ ငြင်းဆိုထားပါတယ်။

“ကျုပ်တို့ စွပ်စွဲခံရတာပါ။ ကျုပ်တို့နဲ့ သက်တူရွယ်တူ ဟိန္ဒူသူငယ်ချင်းတွေ အများကြီးရှိပါတယ်။ သူ့တို့နဲ့တွေ့တဲ့အခါ ‘မင်းတို့က ငါတို့ရန်သူမဟုတ်ဘူး၊ ငါတို့ရန်သူက အစိုးရ။ မင်းတို့ကို ငါတို့ ဘယ်တုန်းကမှ မနှိပ်စက်ခဲ့ဘူး၊ မရိုက်နှက်ခဲ့ဘူး၊ မသတ်ခဲ့ဘူး’ ဆိုတာ ပြောပြတယ်။ တကယ်တော့ ကျုပ်တို့တွေဟာ အတူ ခံနေရသူတွေပါပဲ”

“ဘာသာမတူသူတွေဟာလည်း ညီအစ်ကို၊ မောင်နှမတွေလိုပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် မုန်းနေကြရမယ့် အချိန်မဟုတ်ဘူး။ ကျုပ်တို့က ကျုပ်တို့အခွင့်အရေးအတွက် တိုက်ခိုက်တယ်။ အဲဒီလို လုပ်တဲ့နေရာမှာ အခြားဘာသာဝင်တွေကို ပစ်မှတ်ထားတိုက်တာ မဟုတ်ဘူး။ အစိုးရကိုပဲ တိုက်ခိုက်တာပါ” လို့ သူက ဆက်ပြောပါတယ်။

ဘယ်ဘက်ရဲ့ စကားကိုမှ အတည်ပြုဖို့ မဖြစ်နိုင်ပါ။ ဝါဒဖြန့်ချိရေး စစ်ပွဲဖြစ်နေသလို နှစ်ဖက် အသိုက်အဝန်း ရဲ့ ပြောဆိုနေမှုတွေကို အတည်ပြုနိုင်ဖို့ ရခိုင်ပြည်နယ် မြောက်ပိုင်းကို စာနယ်ဇင်းသမားတွေ လွတ်လွတ်လပ်လပ် သွားခွင့်မရပါဘူး။

ARSA အဖွဲ့ အုပ်စုကွဲသွားချိန်မှာ ရိုဟင်ဂျာတွေကတော့ မြန်မာနိုင်ငံထဲကို ပြန်မသွားနိုင်ပါဘူး။ တိုက်ခိုက်မှုတွေက ဒီမှာတင် ပြီးသွားမှာမဟုတ်ဘူးလို့ ယာဖစ်က ပြောပါတယ်။ ဒါပေမယ့် ရည်မှန်းချက်ကို ရောက်ရင်တော့ သူတို့အဖွဲ့ကို ဖျက်သိမ်းသွားမှာဖြစ်တယ်လို့ ယာဖစ်က ပြောပါတယ်။

“မြန်မာစစ်တပ်နဲ့ အာဏာပိုင်တွေက ဆက်ပြီး နှိပ်စက်ညှဉ်းပန်းနေဦးမယ်ဆိုရင် ကျုပ်တို့ ဆက်တိုက်သွားမှာပါ။ အခြားရွေးချယ်စရာမရှိဘူး။ ကျုပ်တို့အဖွဲ့လည်း ဆက်ရှိနေဦးမယ်။ တကယ်လို့ ညှဉ်းပန်းတာတွေ ရပ်သွားမယ်ဆိုရင်တော့ ကျုပ်တို့အဖွဲ့ကို ဖျက်သိမ်းသွားမှာပါ” လို့ ယာဖစ်က ပြောပါတယ်။

ရိုဟင်ဂျာတွေရဲ့ ညီညွတ်မှုနဲ့ သူတို့အတွက် ထူထောင်ခဲ့

ARSA နဲ့ အစ္စလာမစ်အုပ်စုတွေ အကြား ဆက်စပ်မှုတွေရှိတဲ့အကြောင်းတွေ ထွက်ပေါ်လာပါတယ်။ ဗီဒီယိုမှတ်တမ်းတွေနဲ့ လူမှုမီဒီယာတွေမှာ မြင်တွေ့ရသူ ARSA ရဲ့ လူသိများတဲ့ ခေါင်းဆောင် အတာအူလာအဘူအာမာဂျူနန်နီဟာ ပါကစ္စတန်နဲ့ ဆော်ဒီအာရေဗျတို့မှာ အတော်ကြာနေထိုင်ခဲ့ပြီး အခြားစစ်သွေးကြွ အုပ်စုတွေရဲ့ အထောက်အပံ့ကို ရဖို့ကြိုးစားခဲ့တယ်လို့ သူရဲ့ လှုပ်ရှားမှုတွေအကြောင်းကို အေအက်ဖ်ပီသတင်းဌာနက ဖော်ပြခဲ့တယ်။

“ရိုဟင်ဂျာတွေရဲ့ ဒုက္ခတွေကို ပါးစပ်လေးနဲ့ပဲ စာနာပြနေပြီး ထိရောက်တဲ့ အကူအညီတွေမပေးခဲ့တဲ့ ဂျီဟတ်အဖွဲ့တွေကို ယုံကြည်မှု လုံးဝမရှိတော့ဘဲ စိတ်အားထက်သန်တဲ့ အမျိုးသားရေးဝါဒီတစ်ဦးအဖြစ် နိုင်ငံကနေ ထွက်လာခဲ့တာဖြစ်တယ်လို့ အတာအူလာကို ပါကစ္စတန်မှာ ၂ဝ၁၂ ခုနှစ်တုန်းက မြင်ခဲ့ရတဲ့ စစ်ဘက်သတင်းရင်းမြစ်များက ပြောပါတယ်” လို့ အေအက်ဖ်ပီသတင်းမှာ ဖော်ပြထားပါတယ်။

အခုတိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ နေရာကို ပြည်ပတိုက်ခိုက်ရေးသမားတွေ ခေါ်လာလိမ့်မယ်လို့ ကျွမ်းကျင်သူ အချို့က ယူဆနေပေမယ့် ARSA ကတော့ အယ်လ်ကိုင်ဒါ၊ အိုင်အက်စ်အဖွဲ့တွေနဲ့ ဆက်နွယ်မှုမရှိသလို အစ္စလာမစ်နယ်မြေထူထောင်မှုတွေ၊ ဘာသာရေး အသုံးချ တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

ဒီအဖွဲ့ရဲ့ အရင်နာမည်က Harakah al-Yaqin ဖြစ်ပြီး အခြားအကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ သီးခြားစီအမြင်ခံရဖို့၊ ကမ္ဘာ့အသိုင်းအဝိုင်းက ထောက်ခံမှုကို ရရှိအောင်နဲ့ မြန်မာနိုင်ငံအတွင်းက အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တစ်တန်းတည်းမြင်အောင် ARSA အမည်ကို ဒီနှစ် မတ်လက ပြောင်းလိုက်တာဖြစ်ပါတယ်။

“ကျုပ်တို့အဖွဲ့ကို ရိုဟင်ဂျာတွေနဲ့ ဖွဲ့စည်းပေါင်းစုထားတာပါ။ ကျုပ်တို့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတယ်။ ဒါဟာကျုပ်တို့ရည်မှန်းချက်ပါ” လို့ အာလမ်က ပြန်လည်ချေပပြောဆိုပါတယ်။

ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်က အကူအညီ၊ ငွေကြေး၊ လက်နက်တွေ ပေးနေသလားဆိုတာတော့ သူတို့နှစ်ယောက်လုံး မသိပါဘူး။ ARSA ရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ရှာယစ်ဖ်ကတော့ စစ်တကောင်းဒေသမှာ နေပုံရပါတယ်။

ARSA အဖွဲ့ သူတို့နယ်မြေမှာ လှုပ်ရှားမှုမရှိဘူးလို့ နယ်မြေရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အခိုင်အမာ ပြောပါတယ်။

သူတို့အပေါ် လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုတွေဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ တာဝန်ရှိကြောင်း သူတို့က ပြောပါတယ်။ သူတို့ရဲ့ လက်ရှိအခက်အခဲဒုက္ခတွေဟာ သူတို့မဲပေးခွင့်မရခဲ့တဲ့ ၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်ခင်ကထက် ပိုမိုဆိုးရွားတယ်လို့ သတ်မှတ်ထားပါတယ်။

“ကျုပ်တို့ကတော့ သူ့ကို (ဒေါ်အောင်ဆန်းစုကြည်ကို) ရှုတ်ချပါတယ်။ သူတို့ ပါတီရွေးကောက်ပွဲမှာ အနိုင်ရပြီးကတည်းက အစိုးရက အရင်တုန်းကထက် ကျုပ်တို့ကို ညှဉ်းပန်းတော့တာပါပဲ” လို့ ရာဖစ်က ပြောပါတယ်။

ရိုဟင်ဂျာအသိုင်းအဝိုင်းအပေါ် ဒီလိုဆက်ဆံခံရမှုတွေကြောင့် တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ပါးစပ်နဲ့ ငြင်းခုံမှုတွေ ဆက်လုပ်ဖို့ မဖြစ်နိုင်တော့ဘူးလို့ အာလမ်က ပြောပါတယ်။

“ဘယ်သူတွေ ပျော်ပျော်၊ ဝမ်းနည်းနည်း၊ ကျုပ်တို့ကတော့ ညှဉ်းပန်းနှိပ်စက်ခံနေရတာပါပဲ။ လက်ရှိအခြေအနေတွေကြောင့် ကျုပ်တို့ခံစားရတယ်။ ဒါကြောင့် သူတို့ဘယ်လို ခံစားရတယ်ဆိုတာ ဂရုမစိုက်နိုင်တော့ပါဘူး” လို့ အာလမ်က ပြောပါတယ်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading