ရခိုင်ပြည်အရေးအကြပ်ဆိုက်နေသည့် ဒေါ်အောင်ဆန်းစုကြည်ကို မြင်အောင်ကြည့်ခြင်း

( သြစတေးလျဝန်ကြီးချုပ်ဟောင်းဖြစ်သူ ကေဗင်ရဒ် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အား ၂၀၁၁ ခုနှစ်က ဒေါ်အောင်ဆန်းကြည်၏ တက္ကသိုလ်ရိပ်သာလမ်းအိမ်တွင် တွေ.ရစဉ်။ ဓာတ်ပုံ- သြစတေးလျနိုင်ငံခြားနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန )
( သြစတေးလျဝန်ကြီးချုပ်ဟောင်းဖြစ်သူ ကေဗင်ရဒ် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အား ၂၀၁၁ ခုနှစ်က ဒေါ်အောင်ဆန်းကြည်၏ တက္ကသိုလ်ရိပ်သာလမ်းအိမ်တွင် တွေ.ရစဉ်။ ဓာတ်ပုံ- သြစတေးလျနိုင်ငံခြားနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန )

(The New York Times တွင် သြစတေးလျဝန်ကြီးချုပ်ဟောင်းရေးသားသော Myanmar’s Rohingya Crisis Meets Reality ဆောင်းပါးကို ဘာသာပြန်ထားခြင်းဖြစ်သည်။ ဤဆောင်းပါးပါ ဖော်ပြချက်များသည် Myanmar Now သတင်းဌာန၏ အာဘော်နှင့်သဘောထားမဟုတ်ပါ။ နိုင်ငံတကာတွင် ဖြစ်ပေါ်နေသော မြန်မာပြည်ဆိုင်ရာ ထိပ်တန်းသုံးသပ်ချက်ဆောင်းပါးတချို့ကို မြန်မာစာဖတ်ပရိသတ် ဖတ်ရှုနိုင်ရန် ဖော်ပြပေးနေခြင်းသာဖြစ်သည်။)

လွန်ခဲ့သည့်လများအတွင်း မြန်မာနိုင်ငံအကြောင်း သတင်းဖော်ပြမှုများကိုကြည့်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် လူ့အခွင့်အရေးကိုကာကွယ်ရန်တည်းဟူသော သူ၏တာဝန်များကို ထမ်းဆောင်ရန် ပျက်ကွက်ခဲ့သည်ဟု လူအများအပြားက ကောက်ချက်ချခဲ့ကြသည်။

မြန်မာပြည်အနောက်ပိုင်းတွင် ရာစုနှစ်များစွာ နေထိုင်လာခဲ့သော ရိုဟင်ဂျာလူနည်းစုများအနက်မှ သိန်းနှင့်ချီသော လူပေါင်းများစွာကို စစ်တပ်က မောင်းထုတ်နေသည်။

မည်သည့်ပေတံစံနှုန်းဖြင့်တိုင်းတိုင်း ကျွနုပ်တို့အားလုံး မြင်တွေ့နေရသည်မှာ လူသားတို့၏ အခြေခံအကျဆုံးသော အခွင့်အရေးများကို အဆိုးရွားဆုံး ချိုးဖောက်နေခြင်းဟု ဆိုရမည်ပင် ဖြစ်သည်။

ထိုသို့ ရက်စက်ကြမ်းကြုတ်စွာပြုမှုခြင်းတို့၏ နောက်ကွယ်တွင် ရှုပ်ထွေးလှသော မြန်မာ့နိုင်ငံရေးအခြေအနေများလည်း ရှိနေသည်။ နှစ်ပေါင်း ၅ဝ ခန့် စစ်အာဏာရှင်စနစ် ဖြစ်ပေါ်ခဲ့ပြီးနောက် ၂ဝ၁၅ နိုဝင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံ၏ ဒီမိုကရေစီခေါင်းဆောင်အဖြစ် ပေါ်ထွန်းလာခဲ့သည်။ နိုင်ငံတကာက အုတ်အော်သောင်းတင်း ကောင်းချီးပေးခဲ့သည့် ထိုအချိန်ကာလကို ကျွန်ုပ်တို့ အမှတ်သတိရနေရန် လိုအပ်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါသတ်မှတ်ချက်တစ်ခုကို အသုံးပြုပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်မပေးခဲ့ပါ။ အထူးခြားဆုံးမှာ အသွင်သာရှိပြီး အနှစ်သာရအားဖြင့် လိုအပ်နေသေးသည့် ဒီမိုကရေစီစနစ်တစ်ရပ်ကို အသွင်ပြောင်းပြီးနောက်ပိုင်းမှာပင် စစ်တပ်သည် အလွန်ကျယ်ပြန့်သည့် လုပ်ပိုင်ခွင့်အာဏာများကို ဆက်လက် ထိန်းချုပ်နေသည့့် အချက်ဖြစ်သည်။

ရွေးကောက်ခံမဟုတ်ဘဲ လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း နေရာဝင်ယူထားသည်မက၊ ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်လုံခြုံရေး ဌာနကြီးများကို ထိန်းချုပ်ထားပြီး၊ နိုင်ငံ့ဝန်ထမ်း လောကကြီး တစ်ခုလုံးကိုလည်း လွှမ်းမိုးထားသည့်နှယ်ရှိပါသည်။ ထိုကဲ့သို့ အာဏာခွဲဝေထားရမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်ထိပ်တန်းခေါင်းဆောင် များ၏ အလိုဆန္ဒများကို ဆန့်ကျင်ကာ စစ်တပ်နှင့် နယ်စပ်လုံးခြုံရေးတပ်ဖွဲ့များကို စီမံကွပ်ကဲမှုများလုပ်နိုင်မည့် အခွင့်အရေးကို ဥပဒေကြောင်းအရ ပိတ်ပင်တားမြစ်ခံထားရပါသည်။

ယခုဆိုခဲ့သောအချက်အလက်များသည် ရခိုင်ပြည်အရေးနှင့်ပတ်သက်၍ လွန်ခဲ့သည့် တနင်္လာနေ့က ဒေါ်အောင်ဆန်းစုကြည် ပြောကြားသောမိန့်ခွန်း၏ နောက်ကွယ် အခြေအနေများ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ်အတွင်း စစ်တပ်၏ ရက်စက်မှုများကို ပြင်းပြင်းထန်ထန် ဝေဖန်ခြင်းမရှိဟုဆိုကာ လူအများက သူ့ကို အပြစ်တင်နေကြသည်။

သို့ရာတွင် သူ့မိန့်ခွန်းသည် သူပြည်တွင်းတွင် ရင်ဆိုင်နေရသော နိုင်ငံရေးအကြပ်အတည်းများနှင့် စစ်တပ်ကို ပြောင်ပြောင်တင်းတင်း ဝေဖန်ရမည်ဆိုသည့် အခြေအနေ နှစ်ခုကြားတွင် သိမ်သိမ်မွေ့မွေ့ ထိန်းညှိပြီး ပြောဆိုခဲ့သော မိန့်ခွန်းဟု ဆိုရမည်ဖြစ်သည်။

လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်သူ မှန်သမျှကို ဥပဒေကြောင်းအရ တိတိကျကျ အရေးယူမည်ဟု သူက ဆိုသည်။ သေနတ်ပြောင်းဝကိုအသုံးပြု၍ အာဏာ ဆက်လက်ရယူထားသော စစ်တပ်၏အခြေအနေကို ထောက်ရှုပါက ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သောအချက်မှာ သတ္တိရှိသည့် ပြောဆိုချက်ဟု ဆိုနိုင်သည်။

မြန်မာစစ်တပ်သည် တုံဏှိဘာဝေနေသော အစိုင်အခဲကြီးမဟုတ်။ သဘောထားပြင်းထန်သည့် စစ်ဗိုလ်ချုပ် အများအပြားသည် အစိုးရ၏အာဏာအရပ်ရပ်ကို ပြန်လည် ရယူလိုသူများ ဖြစ်ကြသည်။

ရိုဟင်ဂျာတို့အတွက် ရေရှည် ပြေလည်စေမည့် အဖြေများကို ကြိုးစားရှာဖွေနေရပြီး၊ တစ်ဖက်တွင်လည်း ဒီမိုကရေစီနည်းဖြင့် တက်လာသော သူ့အစိုးရကို ဆန့်ကျင်၊ အာဏာသိမ်းစေမည့် အခြေအနေများကို ရှောင်ရှားရေးမှာ ဒေါ်အောင်ဆန်းစုကြည်၏ အခက်အခဲဖြစ်သည်။

အန္တရာယ်မှာ တောင်မရောက်၊ မြောက်မရောက် ဒုက္ခဖြစ်နိုင်သည့် အခြေအနေသို့ သူရောက်ရှိနိုင်ခြင်း ဖြစ်သည်။ ပြည်တွင်းတွင် စစ်တပ်က သူ့အား “အမျိုးသားအကျိုးစီးပွား” ပေါ် ရပ်တည်ချက် အလွန်ပျော့လွန်းသည်ဟု ဇာတ်လမ်းသွင်း ပုံဖော်ခံရနိုင်ပြီး၊ နိုင်ငံတကာအသိုင်းအဝန်းတွင်မူ လူနည်းစုတစ်စုအပေါ် သူ၏ကာကွယ်ပေးမှုမှာ ဖြစ်ဖြစ်မြောက်မြောက်မရှိဟု ထင်မြင်ခံရနိုင်သည်။

ရခိုင်ပြည်နယ်အရေးတည်ငြိမ်မှုရှိစေရန်အလို့ငှာ ဒေါ်အောင်ဆန်းစုကြည်သည် အကြံပေး ကော်မရှင် ဖွဲ့ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကို
ကော်မရှင်တွင် ဦးဆောင်စေခဲ့သည်။

သြဂုတ်လနှောင်းပိုင်းတွင် ထွက်ရှိလာသော ကော်မရှင်၏အစီရင်ခံစာကို ဒေါ်အောင်ဆန်းစုကြည်က ပြည့်ပြည့်ဝဝ ကြိုဆိုခဲ့သည်။ ကော်မရှင်၏အကြံပြုချက်များတွင် ဒုက္ခသည်စခန်းများ ပိတ်သိမ်းရန်၊ လွတ်လပ်စွာ သွားလာခွင့်ပြုရန်၊ နိုင်ငံ့အရေးတွင် လူနည်းစုများ ပါဝင်ခွင့်ပြုရန်၊ ကော်မရှင်၏အကြံပြုချက်များကို အကောင်အထည်ဖော်မည့် အဖွဲ့တစ်ခု ဖွဲ့စည်းရန် စသည်တို့ ပါဝင်သည်။

အစီရင်ခံစာထွက်ပြီးရက်အနည်းငယ်အတွင်း အာရကန်ရိုဟင်ဂျာကယ်ဆယ်ရေးတပ် (ARSA) က နပ်စပ်ကင်းစခန်းများစွာကို တိုက်ခိုက်ခဲ့သည်။ မြန်မာစစ်တပ်က ထိုတိုက်ခိုက်ခံရမှုကို အကြောင်းပြုပြီး ယခုကျွန်ုပ်တို့မြင်တွေ့နေရသည့် လူ့ဒုက္ခကပ်ဘေးကြီးဖြစ်လာစေမည့် ဆိုးရွားသည့် တုန့်ပြန်မှုများ ပြုလုပ်ခဲ့သည်။

လူပေါင်း ၂ သိန်းမှ ၄ သိန်းကြား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရကြောင်း ခန့်မှန်းချက်များ ထွက်ပေါ်နေသည်။ တချို့က နယ်စပ်ဖြတ်နေဆဲဖြစ်ပြီး တချို့မှာ ထွက်ခွာ၍မရနိုင်ဟု သိရသည်။ ရွာလုံးကျွတ် မီးရှို့ခံရမှုများ၊ သတ်ဖြတ်မှု၊ မုဒိမ်းမှုများအကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။ ဖြစ်ပေါ်နေသောအခြေအနေမှာ ရိုဟင်ဂျာတို့နှင့် အတူယှဉ်တွဲ နေထိုင်သူတို့ကိုလည်း ထိခိုက်စေသည်။

လူအများအသက်ဆုံးရႈံးရသည့် ARSA ၏ တိုက်ခိုက်မှုများသည် ထိုဒေသရှိ လူနည်းစု တိုင်းရင်းသားအားလုံး၏ ကံကြမ္မာကို ပိုဆိုးသွားစေသည်။ တစ်ဖက်တွင်လည်း စစ်တပ်၏ ဗျုဟာ တစ်ခုမှာ မွတ်စလင်ရိုဟင်ဂျာတို့အပေါ် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နယ်သော ဗုဒ္ဓဘာသာ လူအများစု၏ မကျေနပ်မှုခံစားချက်ကို အသုံးချရေးဖြစ်သည်။
ရိုဟင်များကို မောင်းထုတ်သောကြောင့် စစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်ထက် ပိုမို စွမ်းဆောင်နိုင်သည်ဟု ပြည်သူလူထုက မြင်လာသည်။

မြန်မာနိုင်ငံကမဟုတ်ဟု လူအများစုက ရှုမြင်နေသော ရိုဟင်ဂျာတို့ကို ဒေါ်အောင်ဆန်းစုကြည်က ပြတ်ပြတ်သားသား မဆန့်ကျင်၊ တစ်ဖက်တွင်လည်း ဗုဒ္ဓဘာသာ လူများစုအတွက် ခိုင်ခိုင်မာမာ ရပ်တည်မှုမရှိကြောင်း စစ်တပ်က ပုံဖော်ဖို့ ကြိုးစားနေသည်။

နိုင်ငံတကာမျက်နှာစာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က အကျိုးယုတ်စေရန် မျှော်လင့်လျက်ရှိသည်။ အကြောင်းမှာ ရိုဟင်ဂျာများအတွက် ဖြစ်ဖြစ်မြောက်မြောက် အကာအကွယ်မပေးဟု ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာအသိုင်းအဝန်းတွင် ရှုမြင်မှုများ ရှိနေသည်။

ပကတိနိုင်ငံရေး အခြေအနေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာနှင့် အခြားသော ဥပဒေကြောင်းများမှ အဖက်ဖက်လှုပ်မရအောင် တုပ်နှောင်ထားသော အခက်အခဲတို့ကို မြင်အောင်ကြည့်မည် ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်သည် မည်သို့မျှ လုပ်မရကိုင်မရ အာဏာမဲ့ အခြေအနေသို့ ဆိုက်ရောက်နေသည်။ ထိုသို့အကြပ်အတည်း ဆိုက်နေခြင်းကြောင့် လုပ်ရကိုင်ရ ခက်ခဲနေခြင်းကို နိုင်ငံတကာက ဝေဖန်နေခြင်းသည် စစ်တပ်အတွက် အောင်ပွဲခံနေခြင်းပင် ဖြစ်သည်။

ဤသို့အကြောင်းများကြောင့် နိုင်ငံတကာအသိုင်းအဝန်းသည်လည်း အကြပ်အတည်းနှစ်ခုကို တစ်ပြိုင်နက်တည်း ရင်ဆိုင်နေရသည်။ ပထမအကြပ်အတည်းမှာ ရခိုင်ပြည်နယ်ရှိ ကြီးမားသော လူသားခြင်းစာနာမှုဆိုင်ရာ အရေးပေါ် အခြေအနေဖြစ်သည်။ ဒုတိယ အကြပ်အတည်းမှာ စစ်အုပ်ချုပ်ရေးဆီသို့ တစ်ကျော့ပြန်သွားစေရန်၊ ပြည်တွင်းပြည်ပတွင် ဒေါ်အောင်ဆန်းစုကြည် အခက်အခဲဖြစ်ပေါ်စေရန် ဖန်တီးထားသော စစ်တပ်၏ မဟာဗျုဟာဖြစ်သည်။

ရခိုင်ပြည်နယ်အရေးကို ကုလသမဂ္ဂတွင် အဆုံးအဖြတ်ပြုကြရာတွင် အထက်ပါ အကြောင်းချင်းရာ နှစ်ရပ်လုံးကို မလွဲမသေ ထည့်သွင်းစဉ်းစားရပါမည်။ ထိပ်တန်းဦးစားပေး အနေဖြင့် ရိုဟင်ဂျာများကို ကာကွယ်ရမည်ဖြစ်သည်။ သို့ရာတွင် မြန်မာပြည်၏ နုနုနယ်နယ် ဒီမိုကရေစီစနစ်ကိုလည်း တစ်ပြိုင်နက်တည်း ထောက်ခံအားပေးရမည်ဖြစ်သည်။

ထိုသို့ပြုလုပ်ရေးအတွက် စစ်တပ်ကို ရိုဟင်ဂျာများအားတိုက်ခိုက်မှုရပ်တန့်စေရန် တောင်းဆိုရုံသာမကဘဲ၊ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံနေမှုများကို မပစ်ပယ်ရန် ဖြစ်သည်။ ကိုဖီအာနန်ကော်မရှင်၏ အကြံပြုချက်များ အကောင်အထည်ဖော်သည့် အဖွဲ့ကို နိုင်ငံတကာက ပိုမို ကူညီရန်လည်း လိုအပ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူတော်စင် မဟုတ်ပါ။ ထို့အတူ မည်သည့် နိုင်ငံရေးခေါင်းဆောင်မှလည်း သူတော်စင် မဖြစ်သေးပါ။ သို့ရာတွင် ပြဿနာ၏ ရႈထောင့်ပေါင်းစုံအသွယ်သွယ်ကို နိုင်ငံတကာ အသိုင်းအဝန်းက သေသေချာချာ မသုံးသပ် မလေ့လာလျှင် ရိုဟင်ဂျာတို့၏ လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးကြီးသည်လည်း မပြေလည်ရုံမက၊ မြန်မာပြည်၏ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သည်လည်း နိဋ္ဌိတံသွားမည်ကို ကျွန်ုပ်တို့ တွေ့မြင်ရမည်ဖြစ်ပေသည်။
 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading