ရိုဟင်ဂျာတိုက်ခိုက်မှု နောက်ကွယ်မှ အခြေအနေမှန်

စက်တင်ဘာ ၁၅ ရက်နေ့က မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ တွေ့ရတဲ့ မြင်ကွင်းတစ်ခု (ဓာတ်ပုံ - (Reuters/Mohammad Ponir Hossain)
စက်တင်ဘာ ၁၅ ရက်နေ့က မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ တွေ့ရတဲ့ မြင်ကွင်းတစ်ခု (ဓာတ်ပုံ - (Reuters/Mohammad Ponir Hossain)

(The Asia Times အင်တာနက်စာမျက်နှာမှ The truth behind Myanmar’s Rohingya insurgency ဆောင်းပါးကို အောင်ခင် ဆီလျော်အောင် ဘာသာပြန်သည်။ ဤဆောင်းပါးပါ ဖော်ပြချက်များသည် Myanmar Now သတင်းဌာန၏ အာဘော်နှင့်သဘောထားမဟုတ်ပါ။ သုံးသပ်ချက်ဆောင်းပါးကို မြန်မာစာဖတ်ပရိသတ် ဖတ်ရှုနိုင်ရန် ဖော်ပြပေးခြင်းသာ ဖြစ်သည်။)

ရန်ကုန်၊ အာရကန်ရိုဟင်ဂျာကယ်တင်ခြင်းတပ် (ARSA) က သူတို့ဟာ တခြား တိုင်းရင်းသားလက်နက်ကိုင်တပ်တွေလိုပဲ နိုင်ငံတွင်းမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေတာ ဖြစ်ပြီး အကြမ်းဖက် အဖွဲ့အစည်းတစ်ခုအဖြစ် မသတ်မှတ်သင့်ကြောင်း ပြောဆိုနေပေါတယ်။ တကယ့်ဖြစ်စဉ်ကတော့ သူတို့ပြောတာနဲ့ တခြားစီပါပဲ။

နယ်မြေပိုင်ဆိုင်ခွင့်ရဖို့ ကြိုးပမ်းနေတဲ့ဒီအဖွဲ့ဟာ စနစ်တကျလက်နက်တပ်ဆင်ထားခြင်း မရှိဘူး ဆိုတာ မြန်မာ့တပ်မတော်က ပြခဲ့ပြီးပါပြီ။ ကချင်၊ ရှမ်း၊ ကရင်၊ မွန် အစရှိတဲ့ ဒေသတွေက လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေမှာတော့ အဖွဲ့ရဲ့ အမည်၊ အမှတ်အသား၊ ရာထူး စတာတွေကို ထင်ထင်ရှား ရှား ဖော်ပြထားတဲ့ ယူနီဖောင်း ရှိကြပါတယ်။

ARSA အဖွဲ့ဝင်တွေဟာ ရွာသားတွေနဲ့ရောနှောနေပြီး အရပ်သားတွေလိုပဲ ဝတ်ဆင်ကြတာပါ။ လုံခြုံရေးတပ်ဖွဲ့တွေကို စွမ်းရည်မပြည့် နည်းလမ်းတွေသုံး၊ ပစ်မှတ်ထား တိုက်ခိုက်ပြီး နောက်မှာတော့ သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ဆုတ်ခွာသွားကြတယ်လို့ သိရပါတယ်။ အဲဒီ ဒေသမှာနေထိုင်သူတွေက သူတို့နဲ့ ဘာသာစကား၊ ကိုးကွယ်မှုတူကြပါတယ်။

သူတို့ရဲ့ ဒီလိုဆောင်ရွက်မှုတွေဟာ အခြား မြန်မာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေလို မဟုတ်ဘဲ မလေးရှား-ထိုင်းနယ်စပ် မွတ်စလင်သူပုန်တွေရဲ့လုပ်ရပ်နဲ့ ပိုပြီး တူသွားပါတယ်။

နီပေါနဲ့ အိန္ဒိယနိုင်ငံတွေက မော်သူပုန်တွေနဲ့ အယူဝါဒချင်း မတူပေမယ့် သူတို့ရဲ့ တိုက်ခိုက်ပုံနည်းလမ်းတွေကို ပုံတူကူးပါတယ်။ မြန်မာစစ်တပ်ကို ချောင်းမြောင်း တိုက်ခိုက်တာတွေ မလုပ်ဘဲ နီပေါက မော်သူပုန်တွေ တိုက်ခိုက်ခဲ့တဲ့ပုံစံမျိုး၊ အိန္ဒိယက လက်ရှိ နက်ဆယ်လိုက် (Naxalite) သူပုန်တွေ လုပ်ဆောင်သလိုမျိုး လက်နက်မရှိတဲ့ ရွာသားတွေကို စည်းရုံးပြီးတော့ ညဉ့်နက်ပိုင်းမှာ အစိုးရပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တာပါ။

နယ်စွန်နယ်ဖျားမှာရှိတဲ့ အင်အားနည်း လုံခြုံရေးစခန်းတွေကိုလူအမြောက်အများနဲ့ ဝိုင်း၊ ရဲနဲ့ စစ်သားတွေကို ဝင်တိုက်၊ လက်နက်တွေကိုယူပြေးပါတယ်။ တောင်အာရှနဲ့ အခြားနိုင်ငံတွေမှာ မြင်တွေ့နေကျ ဒီလို တိုက်ခိုက်မှုပုံစံကို မြန်မာနိုင်ငံမှာ စပြီး တွေ့လာရပါပြီ။

ရခိုင်ပြည်နယ်မှာ သြဂုတ် ၂၅ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်ပိုင်း သူပုန် ၄ဝဝ လောက် သေဆုံးသွားပြီလို့ မြန်မာစစ်တပ်က ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် အဲဒီလူတွေအားလုံး နီးပါးဟာ တိုက်ခိုက်မှုတွေမှာ ပါဝင်ဖို့ ဆွဲသွင်းခံခဲ့ရတဲ့ ရွာသားတွေ ဖြစ်နိုင်ခြေများပါတယ်။

လုံခြုံရေးဆိုင်ရာအကဲဖြတ်သူတွေကတော့ ARSA အဖွဲ့မှာ လူဒီလောက်အထိ သေဆုံး သွားမယ်ဆိုရင် ဒီအဖွဲ့တစ်ခုလုံး ကျန်တော့မှာ မဟုတ်တော့ဘူးလို့ ဆိုပါတယ်။

အဖွဲ့ဝင် အရေအတွက်ဟာ အဲဒီအဖွဲ့နဲ့ မြန်မာစစ်တပ်ကထုတ်ပြန်ထားတဲ့ပမာဏထက် အများကြီး နည်းတယ်လို့ အကဲခတ်တချို့က ခန့်မှန်းကြပါတယ်။ သူတို့နဲ့ နီးစပ်သူတွေဆီက သိရတာကတော့ ARSA ရဲ့ အင်အားဟာ ထောင်ဂဏန်းအထိမရှိဘဲ ရာဂဏန်းလောက်သာရှိပြီး စစ်ရေးလေ့ကျင့်မှု သေသေချာချာ ရထားသူအရေအတွက်ကလည်း ၅ဝဝ ထက် မပိုဘူး ဆိုတာပါပဲ။

စစ်အင်အား နည်းပါးပေမယ့် သူတို့ရဲ့ ဝါဒဖြန့်ချိရေး ယန္တရားကတော့ ကျယ်ပြန့်ပါတယ်။ အံ့သြစရာကောင်းအောင် ချောမွေ့တဲ့ အင်္ဂလိပ်စာ အရေးအသားတွေနဲ့ တွစ်တာ၊ လူမှုမီဒီယာတွေမှာ ကြေညာချက်တွေ ထုတ်ပြန်ပြီး သူတို့အဖွဲ့အစည်းဟာ အစွန်းမရောက်ကြောင်း၊ မှန်ကန်တဲ့ အဖွဲ့အစည်းဖြစ်ကြောင်း သတင်းတွေ ဖြန့်ခဲ့ပါတယ်။

စက်တင်ဘာ ၉ ရက်နေ့က ထွက်ရှိခဲ့တဲ့ ARSA ရဲ့ ထုတ်ပြန်ချက်တစ်ခုမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေဆီကို အကူအညီပေးရေး အဖွဲ့အစည်းများ သွားနိုင်ဖို့၊ ဒီဒုက္ခသည်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ပြေလည်စေဖို့ သူတို့အနေနဲ့ ပစ်ခတ်တိုက်ခိုက်မှု တစ်လကြာ ရပ်စဲကြောင်း ဖော်ပြထားပါတယ်။ သြဂုတ် ၂၅ ရက် တိုက်ခိုက်မှုနောက်ပိုင်း စစ်တပ်ရဲ့ လက်တုံ့ပြန်မှုတွေ ကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတဲ့ အရပ်သား အရေအတွက် ၄ သိန်းကျော်သွားပြီလို့ အကူအညီပေးရေးအဖွဲ့တွေက ဆိုပါတယ်။

စနစ်တကျဖွဲ့စည်းထားခြင်းမရှိဘဲ အင်အားအနည်းငယ်သာရှိတဲ့ အဲဒီအဖွဲ့ရဲ့ကြေညာချက်ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုလွန်းတယ်လို့ဆိုရမှာပါ။ တိုက်ခိုက်မှုအများအပြားမှာ လက်နက်အဖြစ် ဓားတွေကိုပဲ သုံးခဲ့ကြပါတယ်။ အင်အားကြီးတဲ့မြန်မာစစ်တပ်ကို လူဦးရေနည်းနည်း၊ လက်နက်လည်းမပြည့်စုံနဲ့ တိုက်နေတာဟာ ရိုဟင်ဂျာတွေကို ဘယ်လိုကာကွယ် ပေးနိုင်မလဲ ဆိုတာ ARSA အဖွဲ့က ရှင်းမပြနိုင်ခဲ့ပါဘူး။

ရိုဟင်ဂျာတွေ၊ လူနည်းစုအုပ်စုတွေ နေထိုင်တဲ့နေရာများမှာ မြန်မာစစ်တပ်က လူမျိုးရေးရှင်းလင်းမှုတွေ လုပ်ဖို့ အကြောင်းပြချက်ရသလို ဖြစ်သွားတဲ့အတွက် ဒေသခံတွေက ဒီအဖွဲ့ကို ဒေါသထွက်နေတယ်လို့ Asia Times က သတင်းရရှိပါတယ်။

ဒီအဖွဲ့ကတော့ သူတို့ဟာ အယ်လ်ကိုင်ဒါး၊ ISIS, Lashkar-e-Taiba နဲ့ အခြားနယ်စပ်ဖြတ်ကျော် အကြမ်းဖက်အဖွဲ့ အစည်း တွေနဲ့ ပတ်သက်မှုမရှိကြောင်း စက်တင်ဘာ ၁၄ ရက်နေ့က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းကို အကြမ်းဖက်သမားတွေ ဝင်ရောက်မလာစေရေးနဲ့ လက်ရှိအခြေအနေကို ပိုဆိုးမသွားအောင် ကာကွယ်ဟန့်တားရေးအတွက် လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်အောင် ပြင်ဆင်ထားကြောင်း ARSA က ကမ္ဘာ့နိုင်ငံတွေကို အသိပေးခဲ့ပါတယ်။

လုံခြုံရေးဆိုင်ရာလေ့လာသုံးသပ်သူတွေနဲ့ အကြမ်းဖက်ဝါဒနယ်ပယ် ကျွမ်းကျင်သူတွေကတော့ ARSA ဟာ ပါကစ္စတန်အပါအဝင် အခြားနိုင်ငံက အစွန်းရောက်အဖွဲ့အစည်းတွေနဲ့ မပတ်သက်ဘူးဆိုတာ မယုံကြည်ပါဘူး။

ARSA ရဲ့ ခေါင်းဆောင် အတူလာအဘူအမ်မာဂျန်ဂျန်နီခေါ် ဟာဖစ်တိုဟာဆိုသူဟာ ကရာချိမြို့မှာမွေးပြီး ဆော်ဒီအာရေဗျနိုင်ငံက အစ္စလာမ်ဘာသာကျောင်းမှာ ပညာသင်ယူခဲ့သူပါ။
ရိုဟင်ဂျာ ပထမ၊ ဒုတိယ၊ တတိယ မျိုးဆက်တွေ သိန်းနဲ့ချီပြီး အိုရန်ဂီ၊ ကိုရန်ဂီ၊ လန်ဒီနဲ့ ကရာချိမြို့စွန်တွေက နွမ်းပါးတဲ့ အရပ်တွေမှာနေခဲ့ကြတယ်။ ပါကစ္စတန်မှာ နှစ်ပေါင်းများစွာနေခဲ့၊ အများစုဟာ အဲဒီမှာပဲ မွေးဖွားကြီးပြင်းခဲ့တာ့ပါ။ ဒါပေမယ့် သူတို့အားလုံးနီးပါးဟာ နိုင်ငံမဲ့တွေပါ။ အဲဒီဒေသဟာ အစွန်းရောက်လှုပ်ရှားမှုတွေ အထိုင်ချတဲ့နေရာဖြစ်ပြီး သူတို့ထဲက အရည်အချင်းရှိသူ တချို့ကိုတော့ အာဖဂန်နစ္စတန်စစ်ပွဲတွေအတွက် စုဆောင်းခေါ်ယူသွားခဲ့ပါတယ်။

ARSA ရဲ့ မူလအမည်က Harakah al-Yaqin ခေါ် The Faith Movement ဖြစ်ပါတယ်။ ဒီနာမည်မှာ ဘာသာရေးစကားလုံးက နောက်ဆက်တွဲ ဂယက်အနက် ပါနေတာ ထင်ရှားပြီး ရိုဟင်ဂျာဆိုတဲ့ စကားလုံး၊ အာရကန် (ရခိုင်) ဆိုတဲ့ စကားလုံးတွေ မပါဝင်တာ တွေ့နိုင်ပါတယ်။ တိုင်းရင်းသားလူမျိုးရေးနဲ့ ပိုသက်ဆိုင်တဲ့ သဘောဖြစ်အောင် ARSA ဆိုတာကို ပြီးခဲ့တဲ့ နှစ်လောက်ကမှစပြီး သုံးလာတာကို တွေ့ရတယ်။ သူတို့ လှုပ်ရှားမှုရဲ့ အစဇစ်မြစ်နဲ့ ခပ်ခွာခွာဖြစ်အောင် ဆောင်ရွက်မှုလည်း ဖြစ်နိုင်ပါတယ်။

ထောက်လှမ်းရေးအချက်အလက်ကျွမ်းကျင်သူတွေအဆိုအရ ဒီအဖွဲ့ရဲ့ခေါင်းဆောင်ဟ ရိုဟင်ဂျာနွယ်ဖွား ပါကစ္စတန်တစ်ဦးဖြစ်တဲ့ အဒူကာဒိုဘာမီဖြစ်ပါတယ်။ သူလည်း ကရာချိမှာပဲ အခြေချနေထိုင်သူပါ။ လူမှုမီဒီယာမှာ ပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုတစ်ခုမှာ သူက မြန်မာနိုင်ငံအတွင်း ဂျီဟတ်ဆင်နွဲဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင်သူဟာ Lashkar-e-Taiba ခေါ် Army of the Righteous အဖွဲ့နဲ့ အဆက်အသွယ်ရှိကြောင်း ခိုင်ခိုင်မာမာအထောက်အထား တွေရှိပါတယ်။ ဒီအဖွဲ့ကြီးဟာ တောင်အာရှရဲ့ အင်အားအကြီးဆုံး အကြမ်းဖက် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ပါကစ္စတန်မှာ အဓိက အခြေစိုက် လှုပ်ရှားတာပါ။ အဲဒီအဖွဲ့ကို အယ်လ်ကိုင်ဒါးအဖွဲ့ခေါင်းဆောင် အိုစမာဘင်လာဒင်ရဲ့ ငွေကြေးထောက်ပံ့မှုတွေနဲ့ အာဖဂန်နစ္စတန်မှာ ၁၉၈၇ ခုနှစ်က တည်ထောင်ခဲ့ပါတယ်။ အဒူကာဒိုဘာမီကို Lashkar-e-Taiba အဖွဲ့ရဲ့ အဓိပတိ ဟာဖစ်မိုဟာ မက်ဆာယက်နဲ့အတူ အစည်းအဝေး အတူတက်ခဲ့တဲ့ ပုံတွေ ထွက်ပေါ်လာခဲ့ပါသေးတယ်။

ARSA အဖွဲ့ရဲ့ ဒုတိယခေါင်းဆောင်ကတော့ ရှာယစ်ဖြစ်ပြီး သူကတော့ သိပ်ပြီး ထင်ပေါ်ကျော်ကြားမှု မရှိပါဘူး။ ဘင်္ဂလားဒေ့ရှ်အနောက်ပိုင်းကလာသူတစ်ဦးဖြစ်တဲ့ သူ့ကို အဖွဲ့ရဲ့ ဝါဒဖြန့်ချိရေး ဗီဒီယိုတွေထဲမှာတော့ မတွေ့ရပါဘူး။ ပါကစ္စတန်ရဲ့ ရုံးသုံးဘာသာစကား အူရဒူလေသံနဲ့ စကားပြောသူလို့ ဆိုပါတယ်။

ARSA အဖွဲ့ဟာ စိတ်ဆိုးလွယ်ပြီး ဘာမှသိပ်မစဉ်းစားကြတဲ့ ရိုဟင်ဂျာလူငယ်တွေကို ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကနေ ရှာဖွေစုဆောင်းနိုင်ခဲ့ဟန်ရှိပါတယ်။ လုံခြုံရေးဆိုင်ရာ သုံးသပ်သူတွေက အဲဒီအဖွဲ့ထဲမှာ ၁၅ဝ လောက်ကတော့ နိုင်ငံခြားသားတွေ ဖြစ်တယ်လို့ ခန့်မှန်းကြတာပါ။ အများစုဟာဘင်္ဂလားဒေ့ရှ်ကဖြစ်တယ်၊ ပါကစ္စတန်ကလာတာ ၈ ယောက်ကနေ ၁ဝ ယောက်အထိ ရှိတယ်၊ တချို့တွေကတော့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းတောင်ပိုင်းက ဖြစ်တယ်၊ ၂ ယောက်ကတော့ ဥဇဘက်ကစ္စတန်ကဖြစ်တယ်လို့ သိရပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာလုပ်တဲ့ သင်တန်းတွေကိုတော့ အာဖဂန်စစ်ပွဲမှာ ပါဝင်ခဲ့ဖူးသူတွေက ပို့ချတယ်လို့ သိရပါတယ်။

သြဂုတ် ၂၅ ရက်နေ့က နေရာအများအပြားကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ခြင်းဟာ စနစ်တကျ ကြိုတင်စီစဉ်ထားမှုဆိုတာ ထင်ရှားပါတယ်။ ဒီတိုက်ခိုက်မှုဖြစ်စဉ်မတိုင်မီ ရှေ့လတွေတုန်းကလည်း မြန်မာအစိုးရရဲ့ သတင်းပေးတွေဆိုပြီး မွတ်စလင်နဲ့ ဗုဒ္ဓဘာသာဝင် ၅ဝ လောက် လည်လှီး သို့မဟုတ် ခုတ်ထစ် သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီနယ်မြေမှာ မြန်မာစစ်ထောက်လှမ်းရေးတွေ သတင်းမရနိုင်အောင် လုပ်ဆောင်ခဲ့တာပါ။

လက်ရှိပေါ်ပေါက်နေတဲ့ မတည်မငြိမ်အခြေအနေတွေကြောင့် ARSA ရဲ့ တောင်းဆိုထားမှုတွေ ဖြစ်လာဖို့ မလွယ်ပါဘူး။ တိုက်ခိုက်မှုတွေ ထပ်ပြီးဖြစ်ပွားလာနိုင်တဲ့ အခြေအနေကို ရောက်နေပါပြီ။

အင်ဒိုနီးရှားနိုင်ငံ အစ္စလာမစ်အုပ်စုတွေက ဖြန့်လိုက်တဲ့ ဗီဒီယိုတွေမှာ ရခိုင်ပြည်နယ်အတွင်း ဂျီဟတ်ဆင်နွဲဖို့ အင်ဒိုနီးရှားနိုင်ငံ ဆူမတြာကျွန်းမြောက်ပိုင်းက အာချေးအရပ်မှာ လူငယ်တွေကို စစ်သင်တန်းပေးနေတာ ပါရှိပါတယ်။ ရိုဟင်ဂျာတွေကို ထောက်ခံတဲ့ ဆန္ဒပြပွဲတွေ ဘင်္ဂလားဒေ့ရှ်မှာ ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီကို ဒုက္ခသည်အမြောက်အများ ရောက်ရှိသွားခြင်းဟာ လက်ရှိအာဏာရ အာဝါမီအဖွဲ့ချုပ်ပါတီအပေါ် အတိုက်အခံ ပါတီရဲ့ ထိုးနှက်ကွက်တစ်ခု ဖြစ်လာစေပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၉ ရက်က ARSA နဲ့ လုံခြုံရေးတပ်ဖွဲ့အကြား တိုက်ခိုက်မှုတွေအပြီး စစ်တပ်က ပြင်းပြင်းထန်ထန် တုံ့ပြန်ကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ပါတယ်။ တိုက်ခိုက်မှုတွေကြောင့် ဒုက္ခသည် ရဝ,ဝဝဝ လောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ရောက်သွားပါတယ်။ စက်တင်ဘာ ၂၅ တိုက်ခိုက်မှုကြောင့် ပိုမိုပြင်းထန်တဲ့ တုံ့ပြန်မှုတွေဖြစ်လာမှာကို ARSA အနေနဲ့ ထည့်သွင်းမစဉ်းစားဘဲ နေမှာမဟုတ်ဘူးလို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

ARSA ရည်ရွယ်ချက်က ရိုဟင်ဂျာတွေကို ကာကွယ်ဖို့လို့ ဆိုထားပေမယ့် သူတို့ရဲ့ လုပ်ရပ်ကြောင့် ပြင်းထန်တဲ့ တန်ပြန်တိုက်ခိုက်မှုတွေ ဖြစ်လာပါတယ်။ သူတို့အနေနဲ့ကတော့ နောက်ဆက်တွဲ ပြန်လည်ရင်ဆိုင်ရမှာတွေကို တွက်ချက်ပြီး ဖြစ်ပါလိမ့်မယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် ရိုဟင်ဂျာတွေရဲ့ ဒုက္ခတွေကို နိုင်ငံတကာက အာရုံစိုက်လာပါတယ်။

အာရပ်နဲ့မွတ်စလင်ကမ္ဘာက ထောက်ပံ့မှုတွေပေးဖို့ အလားအလာကောင်းတွေ ရှိလာပါတယ်၊ ဒေါသထွက် ပေါက်ကွဲနေတဲ့ လူငယ်တွေကို အကြမ်းဖက်လုပ်ငန်းတွေအတွက် စည်းရုံး သိမ်းသွင်းနိုင်ပါလိမ့်မယ်။

အောက်ခြေမှာ ထုထည်ကြီးစွာရှိနေတဲ့ ပြဿနာတွေကြောင့် ပေါ်ပေါက်လာရတဲ့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေဟာ ရိုဟင်ဂျာတွေ၊ နေအိမ်တွေ ဖျက်ဆီးခံရလို့ ထွက်ပြေးလာခဲ့ရသူတွေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက စုတ်ပြတ်နုံချာတဲ့ ဒုက္ခသည်စခန်းမှာ ခိုလှုံနေရသူတွေ၊ နှစ်နိုင်ငံအကြားမှာရှိတဲ့ ငရဲဘုံတစ်မျှ ဒုက္ခပင်လယ်ဝေနေတဲ့ နေရာတွေမှာ လူ့အသိုင်းအဝိုင်းက အသိအမှတ်ပြုမခံရသူတွေပဲ ဖြစ်ပါလိမ့်မယ်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading