အလုပ်ပြောင်းရကိန်းဆိုက်လာတဲ့ ငွေဆောင်တံငါသည်များ

ငွေဆောင်ဒေသငါးရရှိမှု လျော့နည်းလာတာကို ဖြေရှင်းရေး နည်းလမ်းတွေသိပေမယ့် ကိုင်တွယ်ဆောင်ဖို့ ခက်ခဲနေပါတယ်

Published on Jun 15, 2017
ဇွန် ၇ ရက်နေ့ကတွေ့ရတဲ့ ငွေဆောင်မြို့ ကမ်းခြေမြင်ကွင်းတချို့ (ဓာတ်ပုံများ - Myanmar Now)
ဇွန် ၇ ရက်နေ့ကတွေ့ရတဲ့ ငွေဆောင်မြို့ ကမ်းခြေမြင်ကွင်းတချို့ (ဓာတ်ပုံများ - Myanmar Now)

ငွေဆောင်၊ ပုသိမ် - ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင် ပင်လယ်ကမ်းခြေမြို့ ကျေးလက် ဒေသတစ်ခုမှာ နေထိုင်သူ ဦးညိုဝင်းက နှစ် ၂ဝ ကျော်ကြာ လုပ်ကိုင်လာတဲ့ မိရိုးဖလာ ငါးဖမ်းလုပ်ငန်းကို စွန့်လွှတ်ဖို့ စိတ်ကူးနေပါတယ်။

သူ့အသက်မွေးဝမ်းကျောင်းလုပ်ငန်း အပြောင်းအလဲလုပ်ဖို့ စိတ်ကူးရတာကတော့ ငါးရရှိနှုန်း ကျဆင်းလာတာကြောင့်ဖြစ်တယ်လို့ ကျောက်ဖျာကျေးရွာအုပ်စု၊ အုန်းတစ်ပင်ကုန်းရွာသား ၄၄ နှစ်အရွယ် ဦးညိုဝင်းက ပြောပြပါတယ်။

"အရင်တုန်းက ပင်လယ်ထဲ တစ်ရက်ဆင်းရင် လှေတစ်တစ်စီးကို ငါးကောင်ရေ ၃ဝဝ လောက် ရတယ်။ အခုကျတော့ အကောင်ရေ ၈ဝ ရဖို့ တော်တော်လေး ခက်လာတဲ့ အနေအထားမျိုး။ လုံးဝ ငါးမရတဲ့နေ့တွေတောင် ရှိတယ်" လို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တွေ့ခဲ့ရတဲ့ ကမ်းနီးငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူ ဦးညိုဝင်းက ဆိုပါတယ်။

မကျည်းမှော်ရွာက ကမ်းနီးငါးဖမ်းသမား ဦးသိန်းစိုးကလည်း တခြားရွေးချယ်စရာ လုပ်ငန်းမရှိသေးတဲ့အတွက် ရေလုပ်ငန်း ဆက်လုပ်နေရတယ်လို့ ပြောပါတယ်။

သူတို့လိုမျိုး ငွေဆောင်ဒေသ ရေလုပ်သား တစ်ထောင်ကျော် ကြုံတွေ့နေရတဲ့ ငါးဖမ်းဆီးရရှိမှုနှုန်း နည်းပါး လာခြင်း ပြဿနာ လျော့ပါးစေနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

အဲဒီနည်းလမ်းတွေထဲမှာ ငါးဖမ်းဆီးမှု ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်း စည်းကမ်း ပြဋ္ဌာန်းထားချက်တွေအတိုင်း တိတိကျကျ ကိုင်တွယ်ရေးလည်း ပါဝင်ပါတယ်။ ဒါပေမယ့် စည်းကမ်း တင်းကျပ်ဖို့အတွက် အခြေအနေ မပေးသေးဘူးလို့ အစိုးရ ဌာနဆိုင်ရာတွေက ပြောကြပါတယ်။

ငါးပြုန်းတီးစေတဲ့ အကြောင်းရင်း

ရေလုပ်ငန်းလုပ်ကိုင်သူတွေထဲမှာ တရွတ်ဆွဲပိုက် သုံးခြင်း၊ အဆိပ်ချခြင်း၊ လျှပ်စစ်ဓာတ်အားသုံးခြင်း၊ မိုင်းခွဲခြင်း စတဲ့ တားမြစ်ထားတဲ့နည်းလမ်းအသုံးပြုသူတွေ ရှိတာကြောင့် ငါးသယံဇာတ ယခင်ထက် ပိုမိုပြုန်းတီးလာခြင်းဖြစ်တယ်လို့ ငွေဆောင်မြို့ ငါးလုပ်ငန်းဦးစီးဌာ ဦးစီးမှူး ဦးဆန်းဝင်းက ပြောပါတယ်။

“အရေးယူတာထက်စာရင် ကိုယ်ကိုယ်တိုင် သိရှိနားလည်ရင် ပိုကောင်းတာပေါ့” လို့ ဦးစီးမှူးက ပြောပါတယ်။

ငါးလုပ်ငန်းဦးစီးဌာနက ကန့်သတ် တားမြစ်ထားတဲ့ ငါးဖမ်းနည်းတွေကို အသုံးပြုသူဟာ ငွေဒဏ် ၃ သိန်း ကနေ ထောင်ဒဏ် ၁ဝ နှစ် အထိ ပြစ်ဒဏ်ပေးဖို့ ဥပဒေပြဋ္ဌာန်းချက် ရှိပါတယ်။

“တရားမဝင်ငါးဖမ်းနည်းတွေအထဲမှာ တရွတ်တိုက်ငါးဖမ်းနည်းက အဆိုးဆုံးပါ။ အဲ့ဒီ နည်းကို ကမ်းဝေးသမားတွေရော၊ ကမ်းနီးငါးဖမ်းသမားတွေရောက တားမြစ်ထားတဲ့ကြားထဲက သုံးကြပါတယ်။ တရွတ်ဆွဲပိုက်က ပင်လယ်ကြမ်းပြင် ပျက်စီးတဲ့ အထဲမှာ ပါပါတယ်” လို့ ဦးစီးမှူးက ဆိုပါတယ်။

“တိုက်ပြီးတော့ ဆွဲလိုက်တော့ နှုန်းတွေမှာပေါက်နေတဲ့ အပင်ပေါက်လေးတွေက ပျက်စီးသွားတာပေါ့။ အစာကွင်းဆက်တွေ ပျက်ကုန်၊ ငါးသေးလေးတွေလည်း ပါကုန်တော့ ငါးသယံဇာတတွေပြုန်းတီးကုန်တာပေါ့”

ငါးသယံဇာတပြုန်းတီးမှုကို ကာကွယ်ဖို့အတွက် ဇွန်၊ ဇူလိုင်၊ သြဂုတ်လများကို ငါးမဖမ်းရ ရာသီအဖြစ် ငါးလုပ်ငန်းဦးစီးဌာနက သတ်မှတ်ထားတယ်၊ ကမ်းနီး ကမ်းဝေးငါးဖမ်းစက်လှေ များ ငါးမဖမ်းရ နယ်မြေတွေအကြောင်း ကြေညာ အသိပေးထားတယ်၊ ဒါပေမယ့် စည်းကမ်းဖောက်သူတွေ ရှိနေသေးတယ်လို့ သူကရှင်းပြပါတယ်။

ဝင်ငွေနည်းလာတဲ့ ရေလုပ်သားများဘဝ အဆင်ပြေလာရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနက အကူအညီပေးရေး အဖွဲ့တချို့နဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေတဲ့ အစီအစဉ်တစ်ခုကတော့ ငွေကြေးထောက်ပံ့ခြင်းပါပဲ။

ဆင်းရဲမွဲတေမှု ပပျောက်ရေး အစီအစဉ်တစ်ခု ဖြစ်တဲ့ မြစိမ်းရောင် စီမံကိန်းအောက်မှာ ကျေးရွာတစ်ခုကို အရင်းမပျောက် မတည်ငွေ သိန်း ၃ဝဝ စီ ထောက်ပံ့ထားတာပါ။
အိမ်၊ စက်လှေ၊ ငါးဖမ်းပိုက် ပိုင်ဆိုင်ကြောင်း ပြနိုင်တဲ့ မိသားစုတစ်ခုကို ချေးယူနိုင်တဲ့ ပမာဏက ကျပ် ၃ သိန်းပါ။

ဒီငွေပမာဏက ကျေးလက်ဒေသနေထိုင်သူတွေအတွက် အတိုင်းအတာတစ်ခုအထိ အဆင်ပြေပါတယ်။ ချေးငွေ မရသူတွေကတော့ ဒီစီမံကိန်းကို မကျေနပ်ကြပါဘူး။

ငါးပြုန်းတီးမှု ကာကွယ်ရေး

ငါးမဖမ်းရရာသီအပြီး ပင်လယ်ပြင်ထွက် ငါးဖမ်းကာလကို ရက် ၉ဝ သတ်မှတ်ခဲ့တယ်၊ ဒါပေမယ့် ငါးဖမ်း သင်္ဘောတွေက အလွန်အကျွံဖမ်းဆီးကြတာကြောင့် ရက် ၆ဝ အဖြစ် ပြင်ဆင်သတ်မှတ်လိုက်ပါတယ်၊ ငါးလုပ်ငန်းဦးစီးဌာနက ဒီအကြောင်း ထုတ်ပြန်ခဲ့ပြီးပါပြီ။

သတ်မှတ်ကာလကျော်လွန်ပြီး ငါးဖမ်းတဲ့ ပြည်တွင်းငါးဖမ်းလှေကို တစ်ရက် ဒဏ်ငွေ ငါးသောင်းနှုန်း အပြစ်ပေးမယ်၊ ငါးရက်ကျော်သွားရင် နေ့စဉ် ဒဏ်ငွေက နှစ်ဆ တက်မယ်၊ ဆယ့်ငါးရက်အထက် ကျော်သွားရင်တော့ စည်းကမ်းပျက်ရေယာဉ်အဖြစ် သတ်မှတ်အရေးယူမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးမှူး ဦးထွန်းဝင်းမြင့်က ပြောပါတယ်။

ရက်ကျော်ဖမ်းတဲ့ နိုင်ငံခြားသင်္ဘောကို တစ်ရက် ဒေါ်လာ ၇,ဝဝဝ ဒဏ်ကြေး ပေးဆောင်စေဖို့ သတ်မှတ်ထားကြောင်း သူကရှင်းပြပါတယ်။

“ငါးရဖို့တစ်ခုတည်းကိုကြည့်ပြီးတော့ စည်းကမ်းဥပဒေကို ချိုးဖောက်မယ် ဆိုရင်တော့ အခုလိုပြဿနာတွေဖြစ်နေအုံးမှာပဲ” လို့ တိုင်းဦးစီးမှူးက ပြောပါတယ်။

ဌာနက ငါးဖမ်းလုပ်ငန်းခွင် ရေပြင်အထိ ကြပ်ကြပ်မတ်မတ် လိုက်လံစစ်ဆေးနိုင်ရင် ဥပဒေချိုးဖောက်မှု လျော့နည်းသွားမယ်လို့ သူက ဆက်ပြောပါတယ်။

“ကျွန်တော်တို့က ကုန်းပေါ်က ညွှန့်ကြားချက်ပဲ ပေးနိုင်တာပါ။ ရေပြင်မှာ တကယ်တမ်း လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ တာဝန်ယူထားတာက တပ်မတော်(ရေ)ပါ။ သူတို့ရဲ့အဓိက တာဝန်က နိုင်ငံတော်လုံခြုံရေးပါ။ ငါးဖမ်း သင်္ဘောတွေနဲ့ ပတ်သက်ပြီး စောင့်ကြည့်တာ၊ စစ်ဆေးတာက သူတို့အတွက် အလုပ်အပိုပါ။ သူတို့အနေနဲ့ စစ်ဆေးတာကလည်း ငါးဖမ်းတဲ့လှေ အကုန်လုံးကို ထောင့်စေ့အောင် မကြည့်နိုင်ဘူး” လို့ တိုင်းဦးစီးမှူးက ပြောပါတယ်။

ဥပဒေ၊ စည်းမျဉ်းတွေကို သင့်တော်သလို ပြုပြင်ဖို့ လိုအပ်သလို လုပ်ငန်းရှင်၊ ရေယာဉ်မှူး၊ ရေယာဉ်ပိုင်ရှင်၊ ရေလုပ်သားများဘက်ကလည်း အပြောင်းအလဲ ပြုလုပ်ရမယ်လို့ တိုင်းဦးစီးမှူးက မှတ်ချက်ပေးပါတယ်။

“ဥပဒေတစ်ရပ် ပြဋ္ဌာန်းမယ်ဆိုရင် လိုက်နာမယ်သူရှိဖို့လိုပါတယ်။ ဥပဒေက မည်သို့ပဲ ပြင်းထန်ပြင်းထန်၊ လစ်ရင် လစ်သလိုလုပ်တယ်၊ အသိစိတ်ဓာတ်တွေကို ပြင်ဖို့လိုပါတယ်” လို့ သူက ဆိုပါတယ်။

အလုပ်အကိုင် အခွင့်အလမ်း

ငွေဆောင်မြို့ ငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးမှူး ဦးဆန်းဝင်းက တားမြစ်ထားတဲ့ ငါးဖမ်းနည်း အသုံးပြုတာတွေကို သတင်းရလို့ ပင်လယ်ပြင်ထဲ သွားရောက် ဖမ်းဆီးနိုင်ဖို့အတွက် ဌာနပိုင် ရေယာဉ်(မော်တော်ဘုတ်) မရှိဘူး၊ ရဲတပ်ဖွဲ့နဲ့ မချိတ်ဆက်ဘဲ သွားရောက် တားဆီးမယ် ဆိုရင်လည်း ဝန်ထမ်းတွေရဲ့လုံခြုံရေး စိတ်မချရဘူးလို့ ရှင်းပြပါတယ်။

ငွေဆောင်ရုံးအတွက် ဝန်ထမ်း ငါးဦး သုံးစွဲနိုင်တယ်လို့ သတ်မှတ်ထားပေမယ့် သူအပါအဝင် အမြဲတမ်းဝန်ထမ်း ၂ ဦး၊ နေ့စားဝန်ထမ်း ၁ ဦးပဲ ရှိတယ်လို့ ဆိုပါတယ်။

“ပင်လယ်ပြင်ကို သွားဖမ်းဖို့လည်း ကျွန်တော်တို့အနေနဲ့ နည်းပညာအခက်အခဲ ရှိတယ်။ သွားဖမ်းမယ်ဆိုရင်တောင် အဆင့်ဆင့် စာတင်ရမယ်။ ရဲတပ်ဖွဲ့ကို အကူအတောင်းရမှာဖြစ်တဲ့ အတွက် အနည်းဆုံး အချိန်ကတော့ တစ်ရက်လောက်ကြာမှာပဲ” လို့ ငွေဆောင်မြို့က ဦးစီးမှူး ဦးဆန်းဝင်းက ဆိုပါတယ်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရဲ့ ပုသိမ်မြို့နယ် မဲဆန္ဒနယ်(၂) ကိုယ်စားလှယ် ဦးအောင်သူထွေးက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြရင် ငါးသယံဇာတ ပြုန်းတီးမှု လျော့ပါးမှာ ဖြစ်တဲ့အတွက် ရေလုပ်သားများ ပူးပေါင်း ဆောင်ရွက်သင့်တယ်လို့ တိုက်တွန်းပါတယ်။

ငါးဖမ်းဆီးမှုနည်းလာတဲ့ နောက်ဆက်တွဲရလဒ်အဖြစ် ပင်လယ်ပြင်ကို အားကိုးနေရသူတွေ စားဝတ်နေရေး ခက်ခဲလာတာကြောင့် ဒေသနဲ့ ကိုက်ညီတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ လုပ်ငန်းရှင်တွေကို တိုက်တွန်းချင်တယ်၊ အစိုးရပိုင်းကလည်း ပစ်မထားသင့်ဘူးလို့ လွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။

“သူတို့ ပင်မလုပ်ငန်းက မနက်ဆို ငါးထွက်ဖမ်းမယ်၊ ညနေဆို ပြန်တက်လာမယ်။ ဒီလို ကျင်လည် ဖြတ်သန်းနေမှုတွေကို ခေတ်နဲ့လျော်ညီအောင်၊ ဒေသနဲ့လည်း ကိုက်ညီအောင် ဒေသ ဖွံ့ဖြိုး တိုးတက်တက်ရေး လုပ်ငန်းတွေ နိုင်ငံတော်အနေနဲ့ ဖော်ဆောင်ပေးဖို့ လိုပါတယ်” လို့ လွှတ်တော်ကိုယ်စားလှယ်က ပြောလိုက်ပါတယ်။ ။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading