အမျိုးသမီးတွေဟာ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်သူတွေပါ

ဓာတ်ပုံ - ဖြိုးသီဟချို / Myanmar Now
ဓာတ်ပုံ - ဖြိုးသီဟချို / Myanmar Now

အရောင်အသွေးစုံ ဆင်မြန်းထားကြသူ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ မတူညီတဲ့လေသံနဲ့ ဆက်သွယ် ပြောဆိုနေသံတွေဟာ နေပြည်တော်က ဆွေးနွေးပွဲကြီးတစ်ခု ပြုလုပ်ရာ ဝန်းကျင်မှာ ပျံ့လွှင့်နေပါတယ်။ ဒါကတော့ မေလကုန်ပိုင်းမှာ ကျင်းပါတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေးမှာ ဖြစ်ပါတယ်။

ပျားပန်းခပ် လှုပ်ရှားနေတဲ့ ညီလာခံကိုယ်စားလှယ်တွေ၊ လေ့လာသူတွေကြားထဲမှာ အမျိုးသမီးတချို့ကိုလည်း တွေ့ရပါတယ်။

အစုအဖွဲ့အလိုက်၊ ကဏ္ဍအလိုက်ဆွေးနွေးပွဲတွေက ထွက်လာတဲ့ သဘောထားတွေကို စုစည်းပြီး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ကို တင်ပြ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

မငြိမ်းချမ်းသေးတဲ့ ဒေသမှာ နေထိုင်သူတွေရဲ့ ခံစားချက်၊ ဒုက္ခတွေကို ဖော်ထုတ်ပြောဆိုပေးနိုင်ရေးအတွက် အမျိုးသမီး အများအပြားပါဝင်လာဖို့က အရေးကြီးတယ်လို့ UPDJC ရဲ့အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဒေါက်တာအေးမောင်က ဆိုပါတယ်။

“ပဋိပက္ခဖြစ်တဲ့ နေရာတွေမှာ အမျိုးသမီးတွေနဲ့ ကလေးတွေက အများဆုံးခံရတာဆိုတော့ UPDJC တိုင်းမှာ အမျိုးသမီးတွေကို ပါဝင်ခွင့်များများပေးဖို့ တောင်းဆိုပါတယ်” လို့ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဆိုပါတယ်။

UPDJC အတွင်းရေးမှူးအဖွဲ့ ကဏ္ဍ ၅ ခုရဲ့ အဖွဲ့ဝင် ၇၅ ယောက်မှာ ပါဝင်တဲ့ အမျိုးသမီးအရေအတွက်က လက်နှစ်ဖက် မပြည့်ပါဘူး။

ဆုံးဖြတ်ချက်ချတဲ့အပိုင်းမှာ အမျိုးသမီးတွေ ပါဝင်ဖို့ လိုတယ် ဆိုတာကို တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေသာမက အစိုးရကလည်း လက်ခံပါတယ်။ အမျိုးသမီးအရေးအတွက် နိုင်ငံတကာ စာချုပ်တွေမှာလည်း မြန်မာပြည်က လက်မှတ်ထိုးထားပြီးသားပါ။ သို့သော်လည်း တိုင်းရင်းသားအဖွဲ့တွေ၊ လက်နက်ကိုင်အဖွဲ့တွေ အားလုံး တက်ရောက်ဆွေးနွေးရေးကို ဦးစားပေးနေရတဲ့ အစိုးရ အနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးများ ပါဝင်လာရေးကို စီစဉ်နိုင်ခြင်း မရှိသေးတာ တွေ့ရပါတယ်။

ဒီအခြေအနေမှာပဲ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ ဆုံးဖြတ်ချက်ချတဲ့အပိုင်းမှာ အမျိုးသမီးတွေ ဝင်ရောက်နိုင်ရေးအတွက် အများအပြားက ပြောဆို တိုက်တွန်းနေကြပါတယ်။

နိုင်ငံတကာစံနှုန်း

အမျိုးသမီးများအပေါ် ခွဲခြားမှုအားလုံးပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာနိုင်ငံက ၁၉၉၇ ခုနှစ်မှာ လက်မှတ်ထိုးထားခဲ့ပြီး၊ အမျိုးသမီးတွေ နိုင်ငံရေးနဲ့ လူမှုရေးနယ်ပယ် တွေမှာ ၃ဝ ရာခိုင်နှုန်းပါဝင်ဖို့ကို ဘေဂျင်းမဟာဗျူဟာစီမံကိန်းမှာ သဘောတူ လက်မှတ်ထိုးထားပါတယ်။

ဒါပေမယ့် ငြိမ်းချမ်းရေးညီလာခံရဲ့ အဓိကလမ်းကြောင်းတစ်ခုဖြစ်တဲ့ တစ်နိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အခန်း (၅)၊ အပိုဒ် (၂၃) မှာ ‘နိုင်ငံရေးဆွေးနွေးပွဲတွေမှာ သင့်လျော်တဲ့ အမျိုးသမီးကိုယ်စားလှယ်ဦးရေ ပါဝင်နိုင်ရန်’ ဆိုပြီးသာ မရေမရာ ဖော်ပြထားပါတယ်။

ငြိမ်းချမ်းရေးအတွက် ကျား မ တန်းတူရေး မဟာမိတ်အဖွဲ့ရဲ့ လေ့လာမှု စာတမ်းတစ်ခုမှာ ဖော်ပြထားတာကတော့ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ရွေးကောက်ခံရတဲ့ အမျိုးသမီး အမတ်ဦးရေဟာ အရင်ကထက် စာရင် ပိုများလာတယ် ဆိုတာပါပဲ။ ဒါပေမယ့် ပြည်ထောင်စုလွှတ်တော်ရဲ့ အမျိုးသမီး အမတ် ဦးရေ ၁၃ ရာခိုင်နှုန်းကို ဒေသတွင်း အာဆီယံနိုင်ငံတွေရဲ့ ပျမ်းမျှ ၁၈ ဒသမ ၃ ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ကြည့်မယ် ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနယ်ပယ်မှာ အမျိုးသမီးပါဝင်မှုက အနည်းဆုံးလို့ ဆိုပါတယ်။

အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း အမည်တင်သွင်းရာမှာ အမျိုးသမီးနဲ့ လူငယ် ဦးစားပေးဖို့ မူဝါဒ ချမှတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ကြားဖြတ် ရွေးကောက်ပွဲမှာတော့ ဒီမူဝါဒကို မတွေ့ရတော့ပါဘူး။

၂၁ ရာစု ပင်လုံ ညီလာခံရဲ့ အစပိုင်းမှာတော့ ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၁၃ ရာခိုင်နှုန်း ဟာ အမျိုးသမီးတွေဖြစ်ပါတယ်။ ၈ လ ကျော်အကြာ ညီလာခံ ပြန်လည် စတင်ရာမှာ ဖိတ်ကြားခဲ့တဲ့ အမျိုးသမီး ဦးရေ၊ တက်ရောက်လာတဲ့ အမျိုးသမီးဦးရေတို့နဲ့ ပတ်သက်ပြီး အစိုးရ သတင်းစာရှင်းလင်းပွဲတွေက အတိအကျဖြေဆိုခြင်း မရှိသေးပါဘူး။

တပ်မတော်သား ကိုယ်စားလှယ်တွေထဲမှာ အမျိုးသမီးအရာရှိ တော်တော်များများ ပါဝင်လာတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပြည်ထောင်စုလွှတ်တော်ကို တပ်မတော်ဘက်က ကိုယ်စားလှယ်တချို့ အစားထိုး ခန့်အပ်ရာမှာလည်း အမျိုးသမီး ၄ ယောက် ပါဝင်လာတာ တွေ့ရမှာပါ။

အမျိုးသမီး ကိုယ်စားလှယ်တွေရဲ့ ဆုံးဖြတ်ချက် ချနိုင်ခွင့်အပိုင်းမှာ မေးခွန်းထုတ်စရာ ရှိနေပေမယ့် ဒီလို ပါဝင်လာနိုင်မှုကတော့ ထုံးတမ်းစဉ်လာ အမျိုးသားကြီးစိုးတဲ့ တပ်မတော်ရဲ့ အပြူသဘောဆောင်တဲ့ ပြောင်းလဲမှု တစ်ခုဖြစ်တယ်လို့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက ယူဆနေကြပါတယ်။

အစိုးရရဲ့ ကြိုးပမ်းချက်

ငြိမ်းချမ်းရေးညီလာခံကိုယ်စားလှယ်တွေထဲမှာမှ လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့မှာ ပါဝင်ဆွေးနွေးနေတဲ့ ဒေါ်သက်သက်ခိုင်ကတော့ အမျိုးသမီးပါဝင်မှုနဲ့ ပတ်သက်ပြီး တိုးတက်တဲ့အနေအထား ရှိတယ်လို့ ဆိုပါတယ်။

“လွှတ်တော်အစုအဖွဲ့မှာ အမျိုးသမီးတွေ ပါဝင်လာမှု များလာပါတယ်။ အခုလို ဆွေးနွေးဖို့ ဖိတ်ခေါ်တယ် ဆိုတာကိုက ဆုံးဖြတ်ချက်ချတဲ့ ဖြစ်စဉ်ထဲမှာ အမျိုးသမီးတွေကို ပါဝင်စေတာပဲလေ” လို့ သုံးသပ်ပါတယ်။

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း အစိုးရက အမျိုးသမီးများ ပါဝင်ရေးကို လျစ်လျူရှုမထားပါဘူးလို့ ဆိုပါတယ်။

“အမျိုးသမီးတွေကို ၃ဝ ရာခိုင်နှုန်းအထိ ပါဝင်ဖို့ ကျွန်တော်တို့ လုပ်ဆောင်ပါတယ်၊ ဒါပေမယ့် တကယ်တမ်းလက်တွေ့မှာတော့ အမျိုးသမီးတွေရဲ့ အနေအထားအရ ပါဝင်လာဖို့ မလွယ်ဘူးဖြစ်နေပါတယ်၊ နိုင်ငံတကာစံနှုန်းနဲ့ ကိုက်ညီအောင်တော့ ကျွန်တော်တို့ ဆက်ကြိုးစားရပါဦးမယ် ” လို့ ဦးဇော်ဌေးက ပြောပါတယ်။

အမျိုးသမီးတွေ ညီလာခံထဲ ရောက်လာဖို့အတွက် ဝိုင်းဝန်း ဆောင်ရွက်ကြရမယ်လို့ မှတ်ချက်ပြုသူကတော့ ညီလာခံ တက်ရောက်လာတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်က ဦးခွန်သောမတ်စ် ပါပဲ။

“တချို့စွမ်းရည်မြင့်တဲ့ အမျိုးသမီးတွေရှိတယ်။ သူတို့တွေကိုလည်း ဒီလိုနိုင်ငံရေးအခင်းအကျင်းတွေထဲမှာ ပါဝင်လာအောင် ကျယ်ကျယ်ပြန့်ပြန့်ဖိတ်ခေါ်ဖို့ လိုအပ်တယ်။

" ဒီလိုအမျိုးသမီးတွေ များများပါဝင်လာရင် ဆွေးနွေးပွဲတွေမှာ ပဋိပက္ခဖြစ်စေတဲ့ စကားလုံးအသုံးအနှုန်းတွေနဲ့ ပတ်သက်ပြီးဆွေးနွေးတဲ့အခါမှာ ပိုပြီးထိရောက်စွာ ဆွေးနွေးနိုင်ကြမယ်။ ညှိနှိုင်းမူတွေလုပ်နိုင်မယ်။ ပိုပြီး အကျိုးရှိမယ်” လို့ ပြောပါတယ်။

မြန်မာအမျိုးသမီး အများစုဟာ နိုင်ငံရေးနဲ့ စစ်ရေးဆိုင်ရာကိစ္စရပ်တွေမှာ ကျွမ်းကျင်မှုမရှိဘူးလို့ သတ်မှတ်ထားတာတွေ၊ ပညာရေးလိုအပ်ချက်တွေကြောင့်လည်း အမျိုးသမီးတို့ရဲ့ အခန်းကဏ္ဍကို မှေးမှိန်စေကြောင်း လေ့လာသူတွေက ဆိုပါတယ်။

ဆုံးဖြတ်ချက်ချတဲ့နေရာတွေအထိ အမျိုးသမီးတွေ အများအပြား ပါဝင်နိုင်ဖို့ဆိုရာမှာ သူတို့ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရေးကို အထူးအားစိုက်ပြီး လုပ်ပေးဖို့လိုအပ်နေပြီ ဆိုတဲ့ အချက်ကိုတော့ အငြင်းမပွားကြပါဘူး။

ဦးခွန်သောမတ်စ်ကတော့ ငြိမ်းချမ်းတဲ့ နေရာဒေသတွေက အမျိုးသမီးတွေတောင် နိုင်ငံရေးနယ်ပယ်မှာ သူတို့ရဲ့ စွမ်းဆောင်ရည် မြင့်မားအောင် ပြုလုပ်နိုင်ဖို့ အခွင့်အရေးရရှိမှု နည်းပါနေတဲ့အတွက် စစ်ပွဲဖြစ်ပွားရာဒေသနဲ့၊ ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ နေရာတွေက အမျိုးသမီးတွေဆိုရင်တော့ ပိုပြီး ဝါယမစိုက်ရမယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ဒေသမှာဆိုရင် အမျိုးသမီးတွေကို စွမ်းရည်မြှင့်တင်ပေးနိုင်ဖို့နည်းနေသေးတယ်။ စာပေးသင်ကြားမှုအပိုင်းမှာရော၊ ကျန်းမာရေးအပိုင်းမှာရော အမျိုးသမီးတွေအတွက် အခွင့်အလမ်း နည်းသေးတယ်၊ ဒါကြောင့် ကျွန်တော်တို့ဘက်က အမျိုးသမီးတွေမှာ အများကြီးနောက်ကျကျန်နေတယ်၊ ဒီ ၂၁ ပင်လုံကို ပါလာနိုင်ဖို့တောင် ကျွန်တော်တို့ အများကြီး ကြိုးစားစည်းရုံးရတယ်” လို့ ဦးခွန်သောမတ်စ်က ပြောပါတယ်။

အစဉ်အလာကို ဖောက်ထွက်ခြင်း

ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ဒေသတွေမှာ အောက်ခြေအဆင့်အထိ လေ့လာ ဆောင်ရွက်နေကြတဲ့ အရပ်ဖက်အဖွဲ့အစည်းများထဲက အမျိုးသမီးတွေရဲ့ အသံက တိုးနေသေးတယ်လို့ ပြောဆိုသူတွေ ရှိပါတယ်။ သူတို့တွေထဲက တစ်ဦးကတော့ ငြိမ်းချမ်းရေးအတွက် ကျားမတန်းတူရေး မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ မိကွန်ချမ်းနွန် ပါပဲ။

“အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေကို ထုတ်ဖော်ပေးနိုင်ဖို့ အခြား အမျိုးသမီးတွေကိုလည်း ဆုံးဖြတ်ချက် ချနိုင်တဲ့ နယ်ပယ်တွေမှာ ပါဝင်ဖို့ အခွင့်အရေးပေးဖို့ လိုအပ်ပါတယ်” လို့ ညီလာခံကို လေ့လာသူအနေနဲ့ တက်ရောက်နေတဲ့ မိကွန်ချမ်းနွန်က ပြောပါတယ်။

တစ်ဖက်မှာလည်း အမျိုးသမီးတွေ အရည်အချင်းရှိလို့ ပါဝင်လာနိုင်တယ်ဆိုရင်တောင် ပါဝင်လာတဲ့ အမျိုးသမီးတွေကို ပံ့ပိုးကူညီမှုတွေ အပြည့်အဝပေးထားနိုင်ဖို့လည်း လိုအပ်နေသေး ကြောင်း မိကွန်းချမ်းနွန်ကပြောပါတယ်။

ရင်သွေးငယ်ရှိတဲ့ မိခင်တွေအတွက်လည်း ဒီလိုအခင်းအကျင်းမျိုးမှာ ပါဝင်လာနိုင်ဖို့အတွက် ပံ့ပိုးပြင်ဆင်ပေးသင့်တယ်လို့ သူက မှတ်ချက်ပေးပါတယ်။

“နို့တိုက်မိခင်နဲ့ ကလေးအတွက် ပြင်ဆင်ပေးထားတာကို မတွေ့ဘူး။ နည်းပညာပံ့ပိုးမှုအပိုင်းက အမျိုးသမီးတစ်ယောက်ဆိုရင် ၆ လ အရွယ် သမီးလေးတစ်ယောက်ပါလာတယ်၊ အဲ့ဒီ အလုပ်ခန်းထဲမှာပဲ ကလေးကို ထားရတာတွေ့ရတယ်” လို့ မိကွန်ချမ်းနွန်က ပြောပြပါတယ်။

အခက်အခဲရှိနေပေမယ့် အမျိုးသမီးတွေ ကိုယ်တိုင်ကလည်း မိမိတို့ရဲ့ လုပ်နိုင်စွမ်းကို မြှင့်တင်ဖို့၊ အစဉ်အလာတွေထဲကနေ ဖောက်ထွက်ပြီး ယုံကြည်မှုရှိရှိရဲရဲဝံ့ဝံ့ ပြောဆို လုပ်ကိုင်ကြဖို့ ဒေါက်တာအေးမောင်က တိုက်တွန်းပါတယ်။

“အမျိုးသမီးတွေကလည်း နိုင်ငံရေး၊ စီးပွားရေးကဏ္ဍတွေမှာ ပါလာနိုင်ဖို့၊ ပြင်ဆင်မှုတွေ လုပ်ဖို့လိုအပ်တယ်လို့” ဒေါက်တာအေးမောင်က ဆိုပါတယ်။

ဒီလို ငြိမ်းချမ်းရေး ဖြစ်စဉ်ကြီးထဲက အမျိုးသမီးတွေ ပါဝင်လာမှု အပိုင်းမှာ အခက်အခဲတွေနဲ့ အဆင်မပြေမှုတွေ ရှိနေသေးတယ် ဆိုပေမယ့်လည်း ဆွေးနွေး ပြောဆိုခွင့်ရတဲ့ နေရာတွေမှာတော့ အခွင့်အရေးရသလောက် အမျိုးသမီးတွေဟာ အစွမ်းကုန် အင်တိုက်အားတိုက် ဆွေးနွေးနေကြတာ တွေ့ရပါတယ်။

ညီလာခံတက်ရောက်တဲ့ ဗိုလ်ကြီးဒေါ်ဟေမန်ဖြိုးဝင်းက “အမျိုးသမီးတွေရဲ့ လုံခြုံရေးအတွက် ငြိမ်းချမ်းရေးက အရေးကြီးတယ်၊ ငြိမ်းချမ်းရေးကို အရမ်းလိုချင်ပါတယ်” လို့ ဆိုပါတယ်။

အမျိုးသမီး အရာရှိရဲ့ မှတ်ချက်က ‘ဝ’ ဒီမိုကရက်တစ် အထောက်အကူပြုအဖွဲ့က အမျိုးသမီးငယ်လေး တစ်ဦးရဲ့ ဖွင့်ဟချက်နဲ့ တူညီနေတာ တွေ့ရပါတယ်။

UPDJCမှ ဒေါ်စောမြရာဇာလင်းက သူကိုယ်တိုင် အမျိုးသမီးတွေ ပါဝင်လာဖို့ တစိုက်မတ်မတ် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေရဲ့ ပါဝင်မှု ကိန်းဂဏန်း ပိုမို များပြားလာဖို့အတွက် အမျိုးသမီးတွေကို အခွင့်အရေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

“ပါတီအသီးသီးနဲ့ အစိုးရဌာနကလည်း အမျိုးသမီးတွေ ပါဝင်လာဖို့ လမ်းဖွင့်ပေးရမယ်၊ အမျိုးသမီးတွေကလည်း ငါ့ကို အခွင့်ပေးလာလိမ့်မယ်လို့ ထိုင်စောင့်မနေဘဲ အဆင်သင့်ဖြစ် နေအောင် ကြိုးစားသင့်တယ်” လို့ ပြောလိုက်ပါတယ်။ ။

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading