ပျားမွေးမြူရေးကြောင့် ဝင်ငွေများစေပြီး စိုက်ပျိုးရေးကိုပါ အထောက်အကူဖြစ်

ကလော၊ ပင်းတယ - ရှမ်းပြည်နယ်၊ ကလောမြို့နယ် ကျောက်ထပ်ကျေးရွာမှ ကိုဇော်မျိုးသိန်း၏ဂျုံခင်းသည် တွေ့နေကျ စိုက်ခင်းများနှင့် မတူချေ၊ သူ၏ ဂျုံပင်များအနီး မြေလွတ်တွင် မွေးမြူရေးပျားအုံများကို တန်းစီချထားသည်။

လွန်ခဲ့သော ၄ နှစ်က ခေတ်မှီပျားမွေးမြူရေးသင်တန်း တက်ရောက်ပြီးနောက် သူ့ခြံထဲတွင် ပျားအုံ ၅ အုံ ထားရှိကာ မွေးမြူရေးလုပ်ငန်း စတင်ခဲ့ရာ ယခုအခါ ပျားအုံပေါင်း ၁ဝဝ ကျော်အထိ တိုးချဲ့ လုပ်ကိုင်လျက် ရှိကြောင်း တွေ့ရသည်။

မိသားစုစီးပွားတိုးစေသော ပျားမွေးသည့်လုပ်ငန်းအပေါ် ပိုမိုအာရုံစိုက်နေကြောင်းကို သူ့ခြံထဲမှ မခူးဆွတ်ရသေးသည့် ရင့်ထော်နေသော ရုံးပတီသီးများက သက်သေခံလျက်ရှိသည်။

“စိုက်ပျိုးရေးလုပ်ရုံသက်သက်နဲ့ဆိုရင် ကျွန််တော့်သားလေးကို မြို့မှာ ကျောင်းထားနိုင်မှာမဟုတ်ဘူး။ ပျားမွေးမြူရေးကနေ ဝင်ငွေရလို့ သားလေးကို ကျောင်းထားနိုင်တာ” ဟု ကိုဇော်မျိုးသိန်းက ဆိုသည်။

စိုက်ပျိုးရေးမှ နှစ်စဉ် ရလာသော အကျိုးအမြတ်မှာ ဝမ်းဝ ခါးလှရုံသာရှိခဲ့ရာမှ ပျားမွေးမြူရေး တွဲဖက်လုပ်ကိုင်သောကြောင့် သူ၏ နှစ်စဉ်ဝင်ငွေက သိန်း ၁၃ဝ ခန့် ရှိနေပြီဖြစ်သည်။

ကလောနှင့် မနီးမဝေး ပင်းတယမြို့မှ ပျားမွေးတောင်သူ ကိုဟိန်းဟိန်းထွန်းကလည်း သူ၏ ပျား ၃၄ အုံကြောင့် အမြတ်ငွေ နှစ်စဉ် ၁၅ သိန်းကျော် ရှိမည်ဟု ခန့်မှန်းသည်။

ပျားမွေးမြူရေးကို စီးပွားဖြစ်လုပ်ကိုင်သော ဒေသတွင်းမှ တောင်သူများလည်း ၎င်းတို့ကဲ့သို့ ဝင်ငွေ တိုးပွားလျက်ရှိကြောင်း တွေ့ရသည်။ ထို့ပြင် ပျားတို့၏ ဝတ်မှုန်ကူးသည့် သဘောသဘာဝကလည်း သီးနှံများ ပိုမို အထွက်တိုးစေရန် အားပေးနေသည်။

ပျားမွေးမြူရေးလုပ်ငန်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပျားလုပ်ငန်းဌာန ညွန်ကြားရေးမှူး ဦးအောင်မင်းက နိုင်ငံအနှံ့တွင် ပျားမွေးမြူရေးလုပ်ငန်း မှတ်ပုံတင်ပြီး လုပ်ကိုင်နေသူ ၉၅ဝ ကျော် ရှိသည်ဟု ပြောသည်။

ပျားမွေးတောင်သူတို့သည် ၎င်းတို့၏ ပျားအုံတို့ကို တစ်နှစ်လျှင် ပန်းခင်း၊ သီးနံစိုက်ခင်း စသည့် ပျားစားကျက် လေးနေရာမှ ခြောက်နေရာခန့်အထိ ပြောင်းရွှေ့ပြီး မွေးမြူကြရသည်။

ပျားအုံတစ်အုံတွင် ပျားဘုရင်မတစ်ကောင်၊ ပျားကောင်ရေ အနည်းဆုံး သုံးသောင်းဝန်းကျင်၊ ပျားရည်သိုလှောင်သည့် ပျားသလက် ၅ ချပ်မှ ၈ ချပ်အထိ ပါဝင်တတ်သည်။ မွေးမြူရေးပျားတို့က ဆီးသီး (ဇီးသီး)၊ ပန်းနှမ်း၊ လိုင်ချီး၊ နေကြာ စသည့်အပင်များ၊ စိုက်ခင်းများမှ အချိုဓာတ်၊ ဝတ်ရည်တို့ကို စုတ်ယူကြပြီး ပျားအုံတွင် သွားရောက် သိုလှောင်ကြရာမှ ပျားရည် ဖြစ်ပေါ်လာသည်။ တစ်နိုင်ငံလုံးမှ ထွက်ရှိသော ပျားရည်များ၏ ရဝ ရာခိုင်နှုန်းမှာ ဆီးပျားရည်ဖြစ်သည်ဟု သိရသည်။

ပျားမွေးမြူခြင်းဖြင့် တစ်ပိဿာ ၁,ရဝဝ မှ ၂,၃ဝဝ အထိ ပေါက်စျေးရှိသော ပျားရည် ထုတ်လုပ်နိုင်သကဲ့သို့ ပျားဖယောင်း၊ ဝတ်မှုန်၊ ပျားနို့ တို့ကိုလည်း ထုတ်လုပ် ရောင်းချနိုင်သည်။ ပျားအုံ တစ်အုံမှ နှစ်စဉ် ပျားရည်ပိဿာချိန် ၂၅ဝ ခန့် ထွက်ရှိသည်။

စိုက်ခင်းနှင့်ပျားအုံဝေးကွာခြင်းကဲ့သို့သော ပျားစာ မရနိုင်သည့် အခြေအနေမျိုးတွင် မွေးမြူရေးပျားတို့ကို သကြား အရည်ဖျော်ပြီး ကြွေးရကြောင်း၊ ပျားတစ်အုံအတွက် နှစ်စဉ် သကြား ပိဿာ ၂ဝ မှ ၂၅ အထိ ကုန်ကျကြောင်း ရှမ်းပြည်နယ် ပျားလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးစန်းဝင်းက ရှင်းပြသည်။ သူ၏လုပ်ငန်းတွင် ပျားအုံပေါင်း ၄ဝဝ ခန့် ရှိနေသည်။

ကောင်ရေ ၃ဝ,ဝဝဝ ဝန်းကျင်ခန့် ရှိသော ပျားတစ်အုံအတွက် အစာကုန်ကျစားရိတ်မှာ နှစ်စဉ် ၈ဝ,ဝဝဝ ဝန်းကျင် ရှိသည်ဟု ဦးစန်းဝင်းက ခန့်မှန်းသည်။

နိုင်ငံတကာတွင် မွေးမြူရေးပျားကောင်ရည် လျော့နည်းလာသော်လည်း မြန်မာနိုင်ငံသည် ပျားမွေးမြူရေး လုပ်ငန်း တိုးတက် များပြားလာနိုင်သည့် ဒေသတစ်ခု ဖြစ်သည်ဟု မျှော်လင့်ကြောင်း အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ (LIFT) အဖွဲ့၏ ထုတ်ပြန်ချက် တစ်စောင်တွင် ဖော်ပြထားသည်။ သို့သော်လည်း ပျားတို့၏ ရှင်သန်ရေးကို ခြိမ်းခြောက်နေသည်မှာ စိုက်ခင်းများတွင် ဓာတုဗေဒပိုးသတ်ဆေးကို အသုံးပြုမှု တိုးပွားလာခြင်း၊ မဆင်မခြင်သုံးကြခြင်းတို့ ဖြစ်သည်ဟု ကုလသမဂ္ဂက ကြီးကြပ်သည့် ထိုအဖွဲ့က သုံးသပ်သည်။

တောင်သူတချို့က ၎င်းတို့၏ သီးနှံများ အထွက်လျော့နည်းရခြင်းမှာ ၎င်းတို့၏ စိုက်ခင်းအနီး ပျားပုံးချပြီး ပျားရည် စုဆောင်းမှုကြောင့် ဖြစ်ကြောင်း ပြောဆိုကြသည်။

တောင်ကြီးမြို့နယ် ပျားလုပ်ငန်းဌာန ဦးစီးအရာရှိ ဦးမျိုးဝင်းက ထိုစွပ်စွဲချက်များကို ပျယ်ချလိုက်သည်။

“ပျားကြောင့် အထွက်တိုးတာပဲရှိပါတယ်။ နိင်ငံတကာ သုတေသနလည်း ရှိပါတယ်။ ကျွန်တော်တို့ဆီမှာလည်း သုတေသနသုံးလေးခါလောက်လုပ်ပြီး စမ်းသပ်ပြီးတဲ့အခါမှာ ပျားကြောင့် ဆုတ်ယုတ်တယ်ဆိုတာ မရှိပါဘူး” ဟု ဦးစီးအရာရှိက ဆိုသည်။

ပျားမွေးတောင်သူ ကိုဇော်မျိုးသိန်းကလည်း ထိုအချက်ကို ထောက်ခံသည်။

“ပျားတွေက (သီးနှံပင်တွေကြား) ဝတ်မှုန်ကိုသယ်ဆောင်ပေးနေတဲ့အတွက် စိုက်ပျိုးရေးတွေကအောင်မြင်နေရတာ” ဟု ကိုဇော်မျိုးသိန်းက ပြောသည်။

သင်တန်းပေးခြင်း

ပြီးခဲ့သည့် ၂ နှစ်တာအတွင်း ရှမ်းပြည်နယ် ပျားလုပ်ငန်းဌာနသည် နိုင်ငံတကာအဖွဲ့တစ်ခုဖြစ်သည့် TAG International Deveploment နှင့် တွဲဖက်၍ ကျေးရွာပေါင်း ၂ဝ ခန့်မှ တောင်သူ ၅ဝဝ ကျော်ကို ပျားရောဂါကာကွယ်ကုသရေး၊ ပျားဘုရင်မ မွေးမြူရေး၊ ပျားထွက်ပစ္စည်း အမြောက် အများထုတ်လုပ်ရေး၊ ပျားအုံကိုင်တွယ်ထိန်းသိမ်းမှု ဆိုင်ရာ သင်တန်းများ ပေးခဲ့သည်။

TAG အဖွဲ့က ပင်းတယမြို့တွင် ပျားမွေးမြူရေးသင်တန်းကျောင်း ဖွင့်ထားရာ Plan Bee ဟု အမည်ပေးထားသော ထိုကျောင်းက ဒေသတွင်း မြို့နယ်များရှိ ရွာပေါင်း ၂၁ ရွာကို ပျားအုံ ၅ဝ နှုန်းစီ ရောက်ရှိစေရန် စီစဉ်ပေးခဲ့သည်။ နောက်ပိုင်းတွင် ပျားတစ်အုံလျှင် ၃ဝ,ဝဝဝ နှုန်းဖြင့် ရောင်းချပေးသည်။

“ရှေ့ပိုင်းက သင်တန်းသားတွေကတော့ သူတို့ဘာသာသူတို့ ရပ်တည်နိုင်တဲ့ အခြေအနေအထိ ရောက်သွားပါပြီ၊ လိုအပ်တဲ့ ပံ့ပိုးမှုလေးတွေ ထပ်ပေးလိုက်ရင် သူတို့ရဲ့ စီးပွားရေးလမ်းကြောင်း ဖြောင့်ဖြူးသွားမှာပါ” ဟု Plan Bee ၏ စီမံကိန်းမန်နေဂျာ ဦးတင်မောင်ကြည်က ပြောသည်။

ပျားမွေးမြူနေသူတို့ လုပ်ငန်းများ စနစ်တကျ စီစဉ်နိုင်ရန် အတွက် စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ သင်တန်း တချို့လည်း ပို့ချပေးနေသည်။ သင်တန်းဆင်းသူများကိုလည်း အကူအညီ ပေးနေကြောင်း Plan Bee က ဖွဲ့စည်းထားသော ပျားမွေးမြူရေးအရင်းအမြစ်နှင့် စီးပွားရေးစင်တာမှ ဒါရိုက်တာ ဒေါ်ခင်မြဦးက ပြောသည်။

“သူတို့ဆီက ထွက်လာတဲ့ ပျားရည်နဲ့ ပျားထွက်ပစ္စည်းတွေကို လက်လီလက်ကား စျေးကွက်တွေ ရရှိအောင် ဆောင်ရွက်နေပါတယ်” ဟု ဒေါ်ခင်မြဦးက ပြောသည်။

ပျားတုပ်ခံရလျှင် သုံးရက်ခန့်ဆေးကုခဲ့ရသောကြောင့် ပျားကို ရန်သူလိုသဘောထားခဲ့သူ ကိုဇော်မျိုးသိန်းသည် ပျားမွေးမြူရန် စိတ်ကူးမရှိခဲ့ပေ။ သင်တန်းတွင် ပျားတို့၏ဇီဝဗေဒ၊ ပျားအုံ ထိန်းသိမ်းနည်း၊ ပျားရုက္ခဗေဒ၊ ပျားရောဂါ ကာကွယ် ကုသနည်း၊ သစ်ခေါင်းပျားမွေးမြူရေးနှင့် ပျားစခန်းနေရာ ရွေးချယ်ခြင်း စသည့် အကြောင်းအရာတို့ကို သင်ယူခဲ့ပြီး လက်တွေ့ လုပ်ကိုင်ရာမှ ပျားချစ်သူ ဖြစ်လာသည်။

“အစတုန်းက (ပျားအုံကို) တောထဲမှာ တွေ့ရင် သစ်ကိုင်းကိုပါချိုးပြီးတော့ သားလောင်းတွေပါ သတ်စားလိုက်တာလေ။ ပျားက ကိုယ့်ရဲ့ကျေးဇူးရှင်ဖြစ်တယ်ဆိုတာကို ဒီသင်တန်းတက်ပြီး နောက်ပိုင်းမှ သိရတာ” ဟု ကိုဇော်မျိုးသိန်းက ဆိုသည်။

စီးပွားဖြစ်ပျားမွေးသူများ အတွေ့အကြုံနှင့် လုပ်ငန်းတိုးချဲ့မှု ရှိလာပါက တစ်နှစ်ပတ်လုံး ဝင်ငွေ ကောင်းလာနိုင်ကြောင်း အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ (LIFT) အဖွဲ့၏ ၂ဝ၁၅ နှစ်ပတ်လည် အစီအရင်ခံစာတွင်ဖော်ပြထားသည်။

ပျားရည်စျေးကွက်

လတ်တလောအခြေအနေအရ ကမ္ဘာ့ပျားရည်စျေးကွက်ကျဆင်းခြင်း၊ ဒေသတွင်းနိုင်ငံများမှ ပျားရည် ပိုမိုထုတ်လုပ်လာခြင်းတို့ကြောင့် ပျားရည်စျေးနှုန်း ကျဆင်းနေသော်လည်း ပျားမွေးတောင်သူတို့ အဆင်ပြေနေသေးသည်ဟု သိရသည်။ မကွေးတိုင်း အောင်လံမြို့နယ်မှ ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်သို့ လာရောက်ပြီး ပျားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူ ကိုသိန်းတန်က လတ်တလော ပျားရည်စျေးကျနေခြင်းကြောင့် အမြတ်အစွန်း နည်းသွားကြောင်း ပြောသည်။

“ပျားအုံ ၅ဝ လောက်ကို တစ်နှစ်ပတ်လုံးကုန်ကျစားရိတ်က သိန်း ၂ဝ ကုန်တယ်။ သိန်း ၄ဝ ကျော်လောက် ပြန်ရတယ်” ဟု ပျားအုံပေါင်း ၉ဝဝ ခန့် ပိုင်ဆိုင်သူ ကိုသိန်းတန်က တွက်ပြသည်။

ပြည်ပဝယ်လိုအား နည်းသွားသောကြောင့် ပျားရည်စျေးကွက်ကျဆင်းဖြစ်ကြောင်း Plan Bee မှ Project Mananger ဦးတင်မောင်ကြည်က ရှင်းပြသည်။

“အခုလောလောဆယ် သူတို့ မရှုံးပါဘူး၊ သင့်တင့်တဲ့အမြတ်တော့ ရပါတယ်” ဟု ၎င်းက ပြောသည်။

ပျားရည်ကို ထိုင်း၊ ဂျပန်၊ မြောက်အမေရိကနိုင်ငံများသို့ တင်ပို့နေသည်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် တန် ၄,ဝဝဝ ကျော် ထုတ်လုပ်ခဲ့ပြီး၊ အဆုံးသတ်တော့မည့် လက်ရှိ ဘဏ္ဍာနှစ်အတွက် တန် ၂,၃ဝဝ ခန့် ထုတ်လုပ်ပြီး ဖြစ်ကြောင်း နေပြည်တော် ပျားလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံမှ ပျားမွေးမြူရေး လုပ်ကိုင်သူများသည် နိုင်ငံတကာက ပိုမိုလက်ခံသည့် အရည်အသွေးမှီ ပျားရည် ထုတ်လုပ်ရန် အရေးကြီးသည်ဟု Plan Bee မှ ဦးတင်မောင်ကြည်က ထောက်ပြသည်။

“ခေတ်မှီနည်းပညာတွေသုံးပြီးတော့ အရည်အသွေး ပိုကောင်းလာအောင် ထုတ်နိုင်မယ် ဆိုရင်တော့ ကမ္ဘာ့ စျေးကွက်မှာ မြန်မာ့ ပျားရည်က နာမည်ရပြီးသားဖြစ်တဲ့အတွက်ကြောင့် ဆက်လက် ရပ်တည်သွားနိုင်မှာပါ” ဟု ဦးတင်မောင်ကြည်က ပြောလိုက်သည်။ ။

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading