မြောက်ဦးမှာ ထိန်းသိမ်းရမယ့် ရှင်သန်ဆဲအမွေအနှစ်နဲ့ ပြိုပျက်နေတဲ့ ခန့်ညားထည်ဝါမှု

မြောက်ဦး စေတီတစ်ဆူအနီး စာဖတ်နေသူတစ်ဦး (ဓာတ်ပုံ - သင်းလဲ့ဝင်း/Myanmar Now)
မြောက်ဦး စေတီတစ်ဆူအနီး စာဖတ်နေသူတစ်ဦး (ဓာတ်ပုံ - သင်းလဲ့ဝင်း/Myanmar Now)

မြောက်ဦး၊ ရခိုင်- မြန်မာနိုင်ငံရဲ့ အရေးပါဆုံး ယဉ်ကျေးမှုအမွေအနှစ်များအနက်က နေရာတစ်ခုဖြစ်တဲ့ ရခိုင်ရှေးမင်းနေပြည်တော်မြောက်ဦးမြို့ရဲ့သမိုင်းကို မှတ်တမ်းတင်ထားတဲ့ ရှေးဟောင်း သုတေသန ပြတိုက်ဟာ စာလုံးပျက်ဆိုင်းဘုတ်ဟောင်းတစ်ခု ရှိတဲ့ ခပ်ရိုးရိုး ခပ်ကုပ်ကုပ် တစ်ထပ် အဆောက်အအုံတစ်ခုပါပဲ။

နန်းတော်ရာဟောင်းနေရာမှာ တည်ရှိတဲ့ ဒီပြတိုက်မှာ အဓိက ခန်းမကြီးတစ်ခုရှိပြီး ဘေးဘက် အခန်းသုံးခုမှာတော့ လက်ရာမြောက် ကျောက်ဆစ်ရုပ်တွေအပြင် သပ္ပာယ်တင့်တယ်လှတဲ့ ကြေးဗုဒ္ဓဆင်းတုတော်တွေ၊ လှပခန့်ညားစွာရှိနေတဲ့ ကျောက်ပြားတွေကို တွေ့ရပါတယ်။ ဒီထဲက လက်မှုအနုပညာအချို့ဟာ ၈ ရာစုနှစ်လောက်ကဖြစ်ပြီး အများအပြားကတော့ မြောက်ဦးခေတ် အထွတ်အထိတ်ကာလဖြစ်တဲ့ ၁၅ ရာစု၊ ၁၆ ရာစု လက်ရာတွေပါ။

နိမ့်လွန်းတဲ့ မျက်နှာကျက်၊ အားနည်းတဲ့ အလင်းရောင်၊ ခရီးသွားဧည့်သည် လာရောက်မှု နည်းပါးခြင်း၊ အဖိုးတန်ပစ္စည်းတွေကို ဖြစ်သလို ခင်းကျင်းထားတဲ့ ပုံစံနဲ့ ပြတိုက်ဟာ အမေ့ခံထားရတဲ့ ရှေးဟောင်းမြို့တော် စောင့်ရှောက်ထိန်းသိမ်းဖို့ အမြန်လိုအပ်နေတဲ့အခြေအနေကို ဖော်ပြနေပါတယ်။

ရခိုင်ပြည်နယ်ကို ကျွန်မရောက်လာခဲ့ရတာက မြောက်ဦးမြို့ကို လည်ပတ်ကြည့်ရှုဖို့ မဟုတ်ဘဲ တိုင်းရင်းသားမီဒီယာဆွေးနွေးပွဲတစ်ခုမှာ ကူညီဆောင်ရွက်ပေးဖို့ပါ။ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ အကြား ဒီဇင်ဘာလတိုက်ပွဲဒဏ်တွေခံခဲ့ရတဲ့ ဒေသခံများနဲ့ ခရီးစဉ်အတွင်း တွေ့ဆုံ မေးမြန်းဖို့လည်း စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့် နာမည်ကျော် ဗျူရိုကရေစီ စနစ်ကြောင့် ခွင့်ပြုချက် အဆင့်ဆင့် တောင်းဖို့ လိုအပ်နေတဲ့အတွက် အဲဒီလို တွေ့ဆုံမယ့်အစီအစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။

စစ်ဘေးသင့်ဒေသတွေကို သွားဖို့အတွက် စစ်တွေမှာရှိတဲ့ ပြည်နယ်ပြန်ကြားရေးဝန်ကြီးဌာန ခွင့်ပြုချက်လိုမယ်လို့ ကျွန်မကိုပြောပါတယ်။ ဒါပေမဲ့ ဝန်ကြီးဌာနကိုလည်း ရောက်ရော နယ်စပ်ရေးရာ၊ လူဝင်မှုကြီးကြပ်ရေးအပါအဝင် ဌာနလေးခုက ထောက်ခံချက် ထပ်လိုပါမယ်လို့ ကျွန်မကို ပြောပြန်ပါတယ်။ အဲဒါတွေလုပ်ဖို့အတွက် အချိန်မရှိပါဘူး။ ကျွန်မ စစ်တွေကို ပြန်သွားပြီး ခွင့်ပြုချက်တွေ တောင်းဖို့ မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ရတဲ့အချိန်ကို ငဲ့ပြီးတော့ ကျွန်မဟိုးအရင်ကတည်းက ရောက်ဖို့ တောင့်တခဲ့တဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေရှိရာ မြောက်ဦးကိုပဲ လာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သေးငယ်ပြီး ဖုန်တွေထူနေတဲ့ ဒီမြို့လေးဟာ တစ်ချိန်က ခန့်ညားထည်ဝါမှုတွေရှိပြီး အခုတော့ တဖြည်းဖြည်း ယိုယွင်းပျက်စီးနေပြီဖြစ်တဲ့ ၁၅ ရာစုနဲ့ ၁၆ ရာစု ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေအကြားမှာ သက်ဝင်လှုပ်ရှားနေဆဲပါ။

ရှေးခေတ်ဟောင်းအငွေ့အသက်

မြောက်ဦး စေတီတွေဟာ ညိုညိုမှောင်မှောင် အရောင်အဆင်းနဲ့ပါ။ တည်ဆောက်ထားတဲ့ အုတ်တွေဟာလည်း ဒေသရဲ့ ပူပြင်းတဲ့ နွေရာသီတွေ၊ အားကောင်းတဲ့ မိုးရာသီတို့ကြောင့် ဖြစ်လာတဲ့ ရေညှိတွေ တက်နေပါတယ်။ ဒါကြောင့် မြန်မာပြည်မှာ တွေ့မြင်နေကျ ရွှေပိန်းနေအောင်ချထားတဲ့ ဘုရားတွေလိုမဟုတ်ဘဲ အဆောင်အယောင်တွေ၊ အဆင်တန်ဆာတွေမရှိတဲ့ ရှေးခေတ်ဟောင်းရဲ့ အငွေ့အသက်ကို ပေးပါတယ်။ တချို့ဘုရားတွေမှာ အမိုးတွေမရှိတော့သလို ဆင်းတုတွေ၊ စေတီတွေရဲ့ နံဘေးမှာ သစ်ပင်ခြုံနွယ်တွေပေါက်နေလို့ ဒီမြင်ကွင်းတွေက ရှေးခေတ်ကာလကို ပြန်ပြောင်းမှန်းဆမိစေပါတယ်။

အတွင်းပိုင်းမှာတော့ ခန့်ခန့်ညားညား ထည်ထည်ဝါဝါပါပဲ။ ရှည်လျားတဲ့ ကျောက်လမ်း တစ်လျှောက် ရုပ်ပုံအသေးလေးတွေ အနုစိတ်ထုဆစ်ထားပြီး ပုံစံမျိုးစုံ၊ အရွယ်မျိုးစုံ ဗုဒ္ဓဆင်းတုတော်တွေကလည်း ထောင်နဲ့ချီရှိနေပါတယ်။ မြောက်ဦးဟာ နိုင်ငံအလယ်ပိုင်း ရှေးဟောင်းမြို့တော်ပုဂံမှာလောက် ဘုရား၊ စေတီတွေ မများပါဘူး။ ပုဂံမှာကတော့ ခရီးသွားလုပ်ငန်းတွေ၊ အစိုးရနဲ့ အဆက်အသွယ်ကောင်းတဲ့ ကုမ္ပဏီတွေရဲ့ ဟိုတယ်လုပ်ငန်းတွေထူထောင်ဖို့ ရှေးဟောင်း အမွေအနှစ်ဇုန်ထဲမှာ နေထိုင်သူ ရွာသားတွေကို အာဏာပိုင်တွေက ဖယ်ရှားခဲ့ပါတယ်။

ဒီမှာတော့ ဒီလိုမဟုတ်ပါဘူး။ သမိုင်းထဲက မြို့တော်ဟာ တိုင်းရင်းသားရခိုင်လူမျိုးတို့ရဲ့ နေ့စဉ် ဘဝနဲ့ တစ်သားတည်း ရှိနေတာမို့ ဆက်လက်ရှင်သန်နေဆဲသမိုင်းတစ်ခုကို ဘယ်မှာနဲ့မှ မတူအောင် ဖန်တီးပေးထားပါတယ်။ မြောက်ဦးဟာ ရခိုင်တို့ရဲ့ မင်းနေပြည်တော်ဖြစ်ပြီး ၁၇၈၄ ခုနှစ်မှာ ကုန်းဘောင်မင်းဆက်အောက်ကို ကျရောက်ပါတယ်။ ဘုန်းတန်ခိုးအာဏာ တောက်ပခဲ့စဉ်က ရခိုင်ဘုရင်တွေဟာ အရှေ့ဘင်္ဂေါ ပြည်နယ်မြေအချို့၊ လက်ရှိ ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအောက်ပိုင်း အနောက်ဘက် ဒေသအချို့အထိ အုပ်ချုပ်ခဲ့ပါတယ်။

သွားလာရ ခက်ခဲ့တာကြောင့် ပုဂံနဲ့ နှိုင်းယှဉ်ရင် လာရောက်တဲ့ ကမ္ဘာလှည့်ခရီးသွားအရေအတွက် နည်းပါတယ်။ လေယာဉ်တိုက်ရိုက်ပျံသန်းမှုမရှိပါဘူး။ ပြည်နယ် မြို့တော်စစ်တွေကနေ လာမယ်ဆိုရင် မြောက်ဦးမြစ်ရိုးတစ်လျှောက် သုံးနာရီလောက် သင်္ဘောစီးရင်စီး၊ ဒါမှမဟုတ် ကားလမ်းခရီးကို အကြာကြီးစီးရမှာဖြစ်ပါတယ်။ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမတိုင်မီ မသေချာမရေရာမှုတွေကြောင့် ၂ဝ၁၅ မှာ ဧည့်သည်လာရောက်မှု နည်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လွန်ခဲ့တဲ့ ၆ လ တုန်းကလည်း မြောက်ဦးမှာ နှစ် ၅ဝ အတွင်း အဆိုးရွားဆုံး ရေကြီးမှုဖြစ်ပွားခဲ့လို့ ဒေသတွင်းက စီးပွားရေးလုပ်ငန်းတွေ ထိခိုက်၊ ပျက်ပြီးသားလမ်းတွေပိုပျက်စီးလို့ ဖုန်လည်း ပိုထူလာတယ်လို့ ဆိုကြတယ်။

ဧည့်သည်မလာကြတဲ့အကြောင်းတစ်ခုကတော့ ဒေသခံတွေ မပြောချင်တဲ့ အကြောင်းအရာပါပဲ။ ၂ဝ၁၂ ခုနှစ်က မြောက်ဦးအပါအဝင် အခြား ရခိုင်မြောက်ပိုင်းမြို့တွေမှာ လူမျိုးရေးအဓိကရုဏ်းတွေကြောင့် မွတ်စလင်တွေရော၊ ဗုဒ္ဓဘာသာ ရခိုင်တွေပါ ထိခိုက် နစ်နာခဲ့ရပြီး နိုင်ငံတကာက အာရုံစိုက်လာတဲ့ အကြောင်းအရာတစ်ခုဖြစ်ခဲ့ပါတယ်။

ထိန်းသိမ်းစောင့်ရှောက်မှုသာလိုအပ်ပြီး ပြုပြင်မွမ်းမံ ရန်မဟုတ်

အထင်ရှားအကျော်ကြားဆုံးဖြစ်တဲ့ သျှစ်သောင်းပုထိုးတော်ကြီးကို ၁၅၃၅ ခုနှစ်က တည်ထားခဲ့တာဖြစ်ပြီး စင်္ကြန်လျှောက်လမ်း ငါးခုမှာတော့ ဗုဒ္ဓစေတီ၊ ဆင်းတုနဲ့ ကျောက်ထွင်း ရုပ်ပွားတော်ပေါင်း ၈ဝ,ဝဝဝ ကို ဖူးတွေ့ရမှာဖြစ်ပါတယ်။

နဂိုလှပမှု ရှိနေပြီးဖြစ်သော်လည်း လွန်ခဲ့သော နှစ်ပေါင်းများစွာက သက်ဆိုင်ရာအာဏာပိုင်များရဲ့ စနစ်မကျတဲ့ ပြုပြင်မွမ်းမံမှုကြောင့် သမိုင်းလက်ရာတန်ဖိုးများ ပျက်စီးသွားမယ်ဆိုတဲ့ သတိပေးမှုများ ထွက်ပေါ်လာခဲ့ပါတယ်။

ရှစ်သောင်းပုထိုးတော်ကြီးမှာ အပေါ်ပိုင်းကို ကွန်ကရစ်နဲ့ ပြန်လည်တည်ဆောက်ခဲ့တဲ့အတွက် တခြားပစ္စည်းတွေနဲ့ဆောက်ထားတဲ့ ကျန်အစိတ်အပိုင်းတွေနဲ့ မလိုက်မဖက် ဖြစ်သွားရပါတယ်။ ပုထိုးတော်ကြီးဟာ သစ်လွင်တဲ့ပုံသဏ္ဍာန်ဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီမှာ တွေ့နေရတာက ရွေးရခက်တဲ့အနေအထားတစ်ခုပါ။ မြောက်ဦးရဲ့ ယိုယွင်းပျက်စီးနေပြီဖြစ်တဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ရန်ပုံငွေတွေ လိုအပ်နေပါပြီ။ ဒါပေမဲ့ ထိန်းသိမ်းစောင့်ရှောက်တယ်ဆိုတဲ့အခါမှာလည်း သိပ်ကိုပြုပြင်ချင်နေတဲ့ အာဏာပိုင်တွေ ပုဂံက ဘုရားတွေကို နဂိုပုံစံ ပျောက်သွားပြီး အသစ်တွေလိုဖြစ်သွားအောင် ပြုပြင်မွမ်းမံသလို မဖြစ်စေဖို့၊ မူလလက်ရာ မပျက်အောင် ထိန်းသိမ်းဖို့ လိုပါတယ်၊ ပြုပြင်တည်ဆောက်ဖို့ မဟုတ်ပါဘူး။

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်များစာရင်းမှာ ထည့်ဖို့ ယူနက်စကိုက မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ ၂ဝ၁၄ ခုနှစ်မှာ စတင်ဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့ စစ်အစိုးရလက်ထက်က ဒစ္စနေပုံစံစိတ်ကူးယဉ်ကမ္ဘာ တစ်ခုလို့ ကုလသမဂ္ဂအရာရှိတွေ မှတ်ချက်ပြုခဲ့တဲ့ စေတီ၊ ပုထိုးတွေကို ပြုပြင် မွမ်းမံမှုတွေ၊ ဟိုတယ်ဇုန်တိုးချဲ့မှုတွေ၊ ရွာတွေကို ရွှေ့ပြောင်းလိုက်မှုတွေကြောင့် လုပ်ငန်းစဉ်တွေ အခက်အခဲဖြစ်ခဲ့ရပါတယ်။

မြောက်ဦးမြို့ကို ထိန်းသိမ်းမှုလုပ်မယ်ဆိုရင်တော့ ဦးဆောင်သင့်တာကတော့ ရှေးဟောင်းသုတေသနပညာရှင်တွေနဲ့ ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေး ကျွမ်းကျင်သူတွေပါပဲ။ ဗျူရိုကရက်တွေနဲ့ ဆောက်လုပ်ရေးကုမ္ပဏီတွေက ဦးဆောင်မှု မလုပ်သင့်ပါဘူး။

“ရှေးဟောင်းအဆောက်အဦတွေကို ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းတွေမှာ အခက်အခဲ စိန်ခေါ်မှုတွေ အများကြီးရှိပါတယ်။ မြောက်ဦးမြို့တော်ဟာ အရှေ့တောင်အာရှရဲ့ တစ်ချိန်က အကြီးဆုံးခံတပ်မြို့ကြီးတစ်ခုလည်းဖြစ်ပါတယ်” လို့ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်သန်းက မြစ်မခသတင်းဌာနကို မကြာသေးမီက ပြောကြားခဲ့ပါတယ်။

“မြောက်ဦးဒေသဝန်းကျင် ထိန်းသိမ်းရေးအတွက် တင်ဒါတွေခေါ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအလုပ်တွေကို လုပ်သူတွေဟာ ရှေးဟောင်းသုတေသနပညာရှင်တွေက ဦးဆောင်ပြီး လုပ်တာမဟုတ်တဲ့အတွက် အရမ်းကို တန်ဖိုး ထားစရာကောင်းတဲ့ ဘုရားတွေ၊ အုတ်နံရံတွေမှာရှိတဲ့ ရခိုင်ယဉ်ကျေးမှု လက်မှုအနုပညာလက်ရာတွေ အမြောက်အများပျက်စီးခဲ့ရပါတယ်” လို့ သူက ဆိုပါတယ်။

ငွေကြေးလိုအပ်ချက်ဟာလည်း စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါသေးတယ်။ စောစောက သတင်းထဲမှာ ဖော်ပြထားချက်အရ ရာပေါင်းများစွာသော ဘုရားတွေနဲ့ အခြားရှေးဟောင်း အဆောက်အဦးတွေရှိတဲ့ နယ်မြေ အပိုင်းအခြားကို ပြုပြင်ထိန်းသိမ်းဖို့ ရခိုင်ပြည်နယ်အစိုးရက ၂ဝ၁၅-၂ဝ၁၆ ခုနှစ်မှာ အသုံးစရိတ် ကျပ်သန်း ၆ဝဝ ထုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ရှေးဟောင်းယဉ်ကျေးမှုသုတေသနပြတိုက်နဲ့ နန်းတော်ရာနေရာကနေ ကျွန်မတို့ ပြန်လာချိန်မှာတော့ ကန်တစ်ကန်ကို အမျိုးသားတစ်စု စည်းရိုးခတ်နေတာ တွေ့ရပါတယ်။

နန်းသားကန် ခေါ် နန်းတွင်းသားများအတွက်ရေကန်ကို ပြည်နယ်အစိုးရက ရရှိတဲ့ငွေနဲ့ သူတို့ မကြာသေးမီက ပြန်လည်တူးဖော်ခဲ့ပါတယ်။ အဲဒီကန်နဲ့ ပတ်သက်တဲ့ ကျောက်စာတိုင်၊ ကျောက်တုံးပေါ်မှာ ထွင်းထားတဲ့ နတ်သားပုံနဲ့ ဘီလူးရုပ်၊ ကန်ထဲကို တစ်ဆင့်ချင်း နိမ့်ဆင်းသွားတဲ့ ရှေးဟောင်း အုတ်တွေကို တွေ့ခဲ့ရပါတယ်။ သာမန်ရေကန်တစ်ခုအနေနဲ့ ရှိခဲ့ရာကနေ အခုအခါမှာတော့ လှပပြီး သမိုင်းဝင်တဲ့ နေရာတစ်ခုဖြစ်နေပါပြီ။

ကန်ထိန်းသိမ်းရေးလုပ်ငန်းကို ကြီးကြပ်နေသူတစ်ဦးကတော့ ကန်ကိုအပြီးအစီးအထိ တူးဖော်ဖို့ သဲတွေ နောက်ထပ် ၁ဝ ပေထက်မနည်း ထုတ်ပစ်ဖို့ လိုဦးမယ်လို့ ပြောပါတယ်။ အဲဒါဘယ်တော့လောက် လုပ်မလဲလို့ ကျွန်မက မေးတဲ့အခါမှာတော့ ‘အဲဒီအတွက် ရန်ပုံငွေ ရမှာလား၊ ဘယ်တော့ထပ်ရမလဲ မသိတော့ ဘယ်တော့မှ လုပ်ဖြစ်မယ်ဆိုတာ ကျွန်တော်တို့လည်း မသိပါဘူး’ လို့ တစ်ယောက်က ပြန်ပြောပါတယ်။ ။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading