မုဒိမ်းမှု လျော့ပါးလာရေးအတွက် တရားဥပဒေစိုးမိုးမှု လိုအပ်သည်

၂ဝ၁၂ မေ ၂ဝ ရက်နေ့က ရန်ကုန်မြို့ရှိ "ဘာလဲ၊ ဘယ်တော့လဲ၊ အပြောင်းအလဲ" စာတန်း ရေးထိုးထားသည့် တံတားတစ်ခုအောက်နံရံအနီး တွေ့ရသော အမျိုးသမီး နှစ်ဦး (ဓာတ်ပုံ - REUTERS/စိုးဇေယျာထွန်း)
၂ဝ၁၂ မေ ၂ဝ ရက်နေ့က ရန်ကုန်မြို့ရှိ "ဘာလဲ၊ ဘယ်တော့လဲ၊ အပြောင်းအလဲ" စာတန်း ရေးထိုးထားသည့် တံတားတစ်ခုအောက်နံရံအနီး တွေ့ရသော အမျိုးသမီး နှစ်ဦး (ဓာတ်ပုံ - REUTERS/စိုးဇေယျာထွန်း)

ရန်ကုန် − ၂ဝ၁၅ နှစ်လယ်ပိုင်းတွင် ရန်ကုန်၊ လှိုင်သာယာမြို့နယ်မှ ၁၁ နှစ် အရွယ်မိန်းကလေးငယ်တစ်ဦးကို နေအိမ်တွင် သန့်ရှင်းရေး လုပ်ကိုင်သည့် အလုပ်သမားတစ်ဦးက အဓမ္မပြုကျင့်ခဲ့သည်။ ခရိုင်တရားရုံးတစ်ခုက ကျူးလွန်သူကို ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့သည်။

တရားမျှတမှု အားနည်းသော ထိုစီရင်ချက်ကြောင့် အမျိုးသမီးများ လုံခြုံမှု ကင်းမဲ့သကဲ့သို့ ခံစားရစေသည်ဟု တရားလိုဘက်မှ အကူအညီပေးခဲ့သည့် ရန်ကုန်မြို့မှ အမျိုးသမီးရေးရာ တက်ကြွလှုပ်ရှားသူ မဝင်းဝင်းခိုင်က ပြောသည်။

“ပြစ်ဒဏ်ကို များများချမှဖြစ်မယ်၊ ပြစ်ဒဏ်နည်းနည်းပဲ ချတော့ ကျူးလွန်သူတွေက ဒီပြစ်မှုကို မကြောက်မရွံ့တန်းကို ကျူးလွန်နေကြတာ” ဟု သူက ပြောသည်။

မကြာသေးမီနှစ်များအတွင်း တိုင်ကြားလာသော မုဒိမ်းမှုပေါင်းမှာ နှစ်စဉ် ရဝဝ ခန့် ရှိကြောင်း ရဲမှတ်တမ်းများတွင် တွေ့ရသည်။

မတရားပြုကျင့်ခံရသူများထဲတွင် အသက်မပြည့်သေးသူများ၊ ကလေးငယ်များ ပါဝင်နေသောကြောင့် နိုင်ငံတွင် တရားဥပဒေစိုးမိုးရေး အားနည်းလွန်းနေပြီး တရားစီရင်ရေးအခြေအနေမှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟု မတရားပြုကျင့်ခံရသူများ၊ ၎င်းတို့အတွက် လိုက်ပါ အကျိုးဆောင်ပေးသူများ၊ ရှေ့နေများက ပြောသည်။

ပြီးခဲ့သည့်နှစ်က အမျိုးသမီးနှင့် ကလေးသူငယ်များ အရေးကိစ္စများကို အကျိုးဆောင်ပေးသည့် ဥပဒေရေးရာကုစားရေးအဖွဲ့ (Legal Clinic Myanmar) ၏ ရန်ကုန်ရုံးသို့ အကူအညီလာရောက်တောင်းခံသည့် အမှုများမှာ သက်ငယ်မုဒိမ်းမှုများသာဖြစ်သောကြောင့် သက်ငယ်မုဒိမ်းဖြစ်ပွားမှု ပမာဏ များပြားနိုင်သည်ဟု ထိုအဖွဲ့မှ ရှေ့နေ ဒေါ်လှလှရီက သုံးသပ်သည်။

မုဒိမ်းမှုကျူးလွန်ခံရသူ အများအပြားက ရဲစခန်းနှင့် တရားရုံးသို့ သွားရောက်လိုခြင်း မရှိကြောင်း သူက ဆက်ပြောသည်။

“တရားရုံးက တစ်ဖက်ရှေ႕နေကမေးတာကို သိပ်ပြီးတော့ မဖြေချင်ကြပါဘူး။ တရားရုံးမှာ အမှုစစ်ဆေးတဲ့အခါ ကြာတဲ့ အချိန်ကို သိပ်ပြီးမကြိုက်တဲ့အတွက် တရားမစွဲတာမျိုးတွေ ရှိပါတယ်” ဟု ဒေါ်လှလှရီက ရှင်းပြသည်။

ပုဒ်မ ၃၇၆

မြန်မာနိုင်ငံ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ တွင် "မုဒိမ်းမှုကျူးလွန်သူကို တသက်တကျွန်းဒဏ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်" ဟု ပြဋ္ဌာန်းထားသည်။

၂၀၁၃ ခုနှစ်က ရန်ကုန်၊ ကမာရွတ်မြို့နယ်တွင် ဖြစ်ပေါ်ခဲ့သည် အသက် ၇ နှစ်အရွယ် မိန်းကလေး မတရားကျင့်ခံရမှုတွင် ခရိုင်တရားရုံးတစ်ခုက ကျူးလွန်သူ အသက် ရဝ အရွယ် အမျိုးသားကို ထောင်ဒဏ် ၄ နှစ် ချမှတ်ခဲ့သည်။ စီရင်ချက်ကို မကျေနပ်သည့် မိန်းကလေး၏ မိခင်က တိုင်းဒေသကြီးတရားရုံးကို အယူခံဝင်ရာ ထောင်ဒဏ် ၂ နှစ် ထပ်တိုးချလိုက်သည်။

ယင်းကဲ့သို့ ပြစ်မှုထင်ရှားသော်လည်း ထောင်ဒဏ်ဆယ်နှစ် အပြည့်အဝ မချသည့် မုဒိမ်းမှု အများအပြား ရှိနေပြီး ယခုအခါ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်မှု မရှိသလောက် နည်းပါးကြောင်း ရှေ့နေများ၊ အမျိုးသမီးရေးရာကိစ္စများ ကူညီဆောင်ရွက်နေသည့် အရပ်ဖက်အဖွဲ့အစည်းများက ပြောသည်။

ရန်ကုန်မြို့မှ တရားလွှတ်တော်ရှေ႕နေ ဦးမောင်မောင်စိုးက သက်ငယ်မုဒိမ်းမှု အများအပြား ပေါ်ပေါက်နေခြင်းမှာ မုဒိမ်းမှုပြစ်ဒဏ်ကို မကြောက်မရွံ့ ကျူးလွန်နေကြသည့် အခြေအနေမျိုး ဖြစ်နေသောကြောင့် ပြစ်ဒဏ် တိုးမြှင့်ရန် ဥပဒေ ပြင်ဆင်သင့်သည်ဟု ပြောသည်။

“ဘယ်အမှုပဲဖြစ်ဖြစ် ပြစ်ဒဏ်ကို တရားသေထားတာ မကောင်းဘူး။ လိုတိုးပိုလျှော့ လုပ်သင့်ပါတယ်” ဟု ဦးမောင်မောင်စိုးက ပြောသည်။

ကျူးလွန်သူနှင့် တရားသူကြီးများကြားတွင် လာဘ်ပေးလာဘ်ယူမှု ရှိတတ်ခြင်းကြောင့် တရားဥပဒေစိုးမိုးမှု အားနည်းနေကြောင်း သူကဖြည့်စွက်ပြောကြားသည်။

ကလေးများကို မတရားပြုကျင့်လျှင် သေဒဏ်ချမှတ် အပြစ်ပေးရန် ပြီးခဲ့သည့်နှစ်များအတွင်း ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်းမှုမှာ ပယ်ချခံခဲ့ရသည်။ ရန်ကုန်မြို့မှ ရှေ့နေ ဦးမင်းသက်ဇင်ကမူ သေဒဏ် အပြစ်ပေးရေး အဆိုပြုချက်ကို သဘောမတူပေ။

“ပြစ်မှုကျူးလွန်သူကို ပြစ်ဒဏ်စီရင်တဲ့ အခါ အကျင့်စာရိတ္တ ပြုပြင်ရေးကို တရားစီရင်ရေး အခြေခံမူအဖြစ်နဲ့ကျင့်သုံးကြတာပါ။ လူဆိုတာက မမှားတဲ့သူဆိုတာ မရှိပါဘူး။ တသက်တကျွန်း ဆိုတာကလည်း နောင်တ တရားရနိုင်တဲ့ ထိရောက်တဲ့ ပြစ်ဒဏ်တစ်ခုပါပဲ” ဟု ဦးမင်းသက်ဇင်က ပြောသည်။

အမျိုးသမီးရေးရာ တက်ကြွလှုပ်ရှားသူ မဝင်းဝင်းခိုင်ကလည်း မုဒိမ်းမှုကျူးလွန်သူများအတွက် ပြစ်ဒဏ် စီရင်မှု ပြဋ္ဌာန်းချက်ကို ပြင်ဆင်ရန် မလိုအပ်သေးဟု ဆိုသည်။
“ပြစ်ဒဏ်က ကောင်းပြီးသား။ တရားစီရင်တဲ့ တရားသူကြီးအနေနဲ့ ပြစ်ဒဏ်ကို ထိထိရောက်ရောက်ချမှတ်ဖို့ပဲ လိုပါတယ်” ဟု မဝင်းဝင်းခိုင်က ပြောသည်။

လွတ်ငြိမ်းချမ်းသာခွင့်

သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်ပြီး ကန့်ကွက် ရှုတ်ချဆန္ဒပြခြင်း၊ အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ခြင်းတို့ကို ဤအမှုများ အများအပြား ပေါ်ပေါက်ခဲ့သော ရန်ကုန်တိုင်း ဒေသကြီး ဒလ၊ ကော့မှူး မြောက်ဥက္ကလာ နှင့် လှိုင်သာယာစသည့် ဆင်ခြေဖုံး မြို့နယ်များတွင် ၂ဝ၁၃ ခုနှစ်အတွင်း တွေ့ခဲ့ရသည်။ ပြစ်မှုကျူးလွန်သူအများအပြားကို ထားရှိရာ အကျဉ်းထောင်များ အတွင်းတွင်မူ စာရိတ္တပြုပြင်ရေး အစီအစဉ်များ လွန်စွာ အားနည်းနေသေးသည်။

စစ်အစိုးရအဆက်ဆက် နိုင်ငံရေးအကျဉ်းသားများကို ထောင်မှ ပြန်လွှတ်ရာတွင် မုဒိမ်းသမားများအပါအဝင် ရာဇဝတ်သားမျိုးစုံလည်း ထောင်ပြင်ပသို့ အလုံးအရင်း ပြန်ရောက်လာလေ့ရှိသည်။

လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့်အခါ မုဒိမ်းမှုကျူးလွန်သူတို့ကို ထည့်သွင်းခြင်း မပြုသင့်ကြောင်း ရန်ကုန်မှ ရှေ့နေတစ်ဦးဖြစ်သည့် ဒေါ်ဖြူဖြူညွန့်က သုံးသပ်သည်။
"မုဒိမ်းမှုကျူးလွန်တယ်ဆိုတာနဲ့ တစ်သက်တစ်ကျွန်း ချသင့်တယ်လို့ မြင်တယ်" ဟု ဒေါ်ဖြူဖြူညွန့်က ပြောသည်။

သက်ငယ်မုဒိမ်းမှုဖြင့်ထောင်မှလွတ်မြောက်လာသည့် ဦးဌေးလုံး(ခ) ဦးကျင်အေးသည် ၂ဝ၁၄ ခုနှစ်က ရန်ကုန်၊ ကော့မှူးမြို့နယ်တွင် အသက် ၆ နှစ်အရွယ် သမီးငယ်ကို အဓမ္မပြုကျင့်မှုဖြင့် ထောင်ဒဏ် ၁ဝ နှစ် ချမှတ်ခံရသည်။ ကလေး၏ ဖခင်ကမူ ပြစ်မှုကျူးလွန်သူ ပြန်လည် လွတ်မြောက်လာမည်ကို စိုးရိမ်လျက် ရှိသည်။

“ဒီအမှုနဲ့ ထောင်ကျဖူးတဲ့သူက ပြန်ထွက်လာရင် ဒါပဲ ပြန်လုပ်မှာပဲ။ ဒီလိုလူမျိုးတွေကို ထိထိရောက်ရောက် အရေးယူမှုတွေ ပြုလုပ်သင့်ပါတယ်” ဟု သူက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်း ကျေးလက် စာသင်ကျောင်းတစ်ခုမှ ကချင်ဆရာမနှစ်ဦး ၂ဝ၁၅ နှစ်ဆန်းပိုင်းတွင် အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရသည့် အမှုနှင့်ပတ်သက်ပြီး ကျူးလွန်သူကို ဖော်ထုတ်အရေးယူနိုင်ခြင်း မရှိသေးပေ။

ဆရာမ မရန်လုရာ၏ အစ်မဖြစ်သူ အစ်မဖြစ်သူ မရန်ဆန်လုံက “အမှန်တရား တစ်နေ့နေ့ပေါ်ပါစေဆိုပြီး အသက်ရှင် နေထိုင်နေရတယ်” ဟု ပြောသည်။

မော်လမြိုင်မြို့နယ်တွင် ၃ နှစ်အရွယ် ကလေးငယ် အဓမ္မပြုကျင့်ခဲ့အမှုမှာ သက်သေခိုင်လုံသော်လည်း ၅ လကျော်ကြာသည်အထိ စီရင်ချက် ချမှတ်ခြင်း မပြုနိုင်သေးသည့်အပြင် တရားခံဟုစွပ်စွဲခံထားရသူ အသက် ရဝ အရွယ် အမျိုးသားကိုလည်း အာမခံပေးထားသည်ဟု မွန်ပြည်နယ်လုံးဆိုင်ရာ အမျိုးသမီးများနှင့် ကလေးသူငယ်များ စွမ်းရည်မြှင့်တင်ရေး ရှေ့ဆောင်အသင်း ဥက္ကဋ္ဌ ဒေါ်ခင်သန်းထွေးက ပြောသည်။

“အမှုက အချိန်ကြာလာတာနဲ့အမျှ အရင်ရှိခဲ့တဲ့ သက်သေတွေ ပျောက်ကုန်တယ်။ ကျူးလွန်တဲ့သူက အပြင်မှာ ရောက်လာတော့ ကလေးရဲ့မိသားစုကိုတောင် ပြန်ပြီး ခြိမ်းခြောက်နေတယ်” ဟု ဒေါ်ခင်သန်းထွေးက ပြောသည်။

အဓမ္မပြုကျင့်ခံခဲ့ရပြီး ရန်ကုန်၊ မြောက်ဥက္ကလာပ မြို့နယ်တရားရုံးတွင် အမှုရင်ဆိုင်လျက်ရှိသည့် အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးကလည်း သူ့အမှုနှင့် ပတ်သက်ပြီး “တရားစီရင်ရေးက မျှတမယ်လို့တော့ မယုံကြည်ဘူး။ တစ်ဘက်က ပိုက်ဆံထိုးရင် အမှုက ပြောင်းလဲသွားမှာပဲ” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ တားဆီးကာကွယ်ရေး ဥပဒေကောင်းတစ်ခုရှိပြီး ယင်းဥပဒေကို ထိထိရောက်ရောက် အသုံးပြုသည့် နည်းလမ်းများရှိပါက အမျိုးသမီးကြီးငယ်မရွေးကို လုံခြုံမှုပေးနိုင်မည်ဖြစ်ကြောင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေမူကြမ်းရေးဆွဲသည့် လုပ်ငန်းကော်မတီ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်မေစံပယ်ဖြူက ဆိုသည်။

ပြစ်မှုကျူးလွန်သူကို ကျောသားရင်သားမခွဲခြားဘဲ ထိရောက်သည့် စုံစမ်းစစ်ဆေးမှုများ၊ အပြစ်ပေးမှုများ မလုပ်သည့် ကာလပတ်လုံး အမျိုးသမီးများ၏ ဘဝလုံခြုံမှုရှိမည် မဟုတ်ကြောင်း သူက ပြောသည်။

အမျိုးသမီးရေးရာ တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သော မဝင်းဝင်းခိုင်က လှိုင်သာယာမြို့နယ်မှ ၁၁ နှစ် အရွယ် ကလေးငယ် အဓမ္မပြုကျင်ခံရမှုတွင် ကျူးလွန်သူကို ထောင်ဒဏ် ၆ နှစ်သာ ချမှတ်ခဲ့ခြင်းမှာ ထိရောက်သည့်ပြစ်ဒဏ်မဟုတ်ဟု သုံးသပ်သည်။

“ဥပဒေအကာအကွယ် ပြည့်ပြည့်ဝဝ မရသရွေ့ ဒီကလေးလို အဖြစ်ဆိုးမျိုးတွေ ထပ်ရှိနေအုံးမှာပါ” ဟု မဝင်းဝင်းခိုင်က ပြောလိုက်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading