ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ခွဲတမ်းပေးခြင်းဟာ အမျိုးသမီးတို့ပါဝင်မှုကို အာမခံခြင်း မဟုတ်ပါ

၂ဝ၁၅ မတ်လ ၃၁ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ် မူကြမ်း လက်မှတ်ရေးထိုးပွဲ အခမ်းအနား မြင်ကွင်းတစ်ခု (ဓာတ်ပုံ - REUTERS)
၂ဝ၁၅ မတ်လ ၃၁ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ် မူကြမ်း လက်မှတ်ရေးထိုးပွဲ အခမ်းအနား မြင်ကွင်းတစ်ခု (ဓာတ်ပုံ - REUTERS)

ရန်ကုန် - တက်ရောက်သူ ရဝဝ ခန့်အနက် ၇ ရာခိုင်နှုန်းသာ အမျိုးသမီးများ ပါဝင်ခွင့်ရတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ကျားမကွဲပြားမှုရေးရာကဏ္ဍမှာတော့ သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပါတယ်။

ဆွေးနွေးပွဲ ဇန်နဝါရီ ၁၆ မှာ ပြီးဆုံးသွားပြီးနောက်တစ်နေ့မှာတော့ နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကပိုင် ဖက်စပ်ဖြစ်တဲ့ The Global New Light of Myanmar သတင်းစာက ‘The four-point proposal approved by the first Union Peace Conference’ (ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံက အတည်ပြုလိုက်သော အဆိုပြုချက် လေးချက်) ခေါင်းစဉ်ပါ ဆောင်းပါး ဖော်ပြပါတယ်။

အဲဒီအထဲက တတိယအချက်က ၂ဝ၁၁ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆွေးနွေးပွဲတွေ စတင်ချိန်ကစလို့ အမျိုးသမီးအခွင့်အရေးအဖွဲ့တွေ တစိုက်မတ်မတ် တောင်းဆိုနေတဲ့ အချက်တစ်ခုကို အသေးစိတ်ဖော်ပြထားတာပါ။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ပါ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်အရ လုပ်မယ့် နိုင်ငံရေးဆွေးနွေးမှု အဆင့်အသီးသီးမှာ အမျိုးသမီးတွေ ၃ဝ ရာခိုင်နှုန်းထက်မနည်း ပါဝင်နိုင်အောင် လုပ်ဆောင်ပေးဖို့ ရေးထားပါတယ်။

စာချုပ်ပါ စာသားအရ အမျိုးသမီးအရေအတွက် သင့်တော်တဲ့ ပမာဏတစ်ခုအထိ ပါဝင်ရပါမယ်။

ဒါဟာ ညီလာခံကိုတက်ရောက်ခဲ့တဲ့ အမျိုးသမီးဦးရေက နည်းပင်နည်းသော်ငြား သူတို့တွေရဲ့ စွမ်းရည်၊ ရဲရင့်မှုနဲ့ ဆုံးဖြတ်ချက် ခိုင်မာမှုတို့ကြောင့် အမျိုးသမီးတွေရဲ့ပြောဆိုတင်ပြချက်များ အလဟဿ မဖြစ်ခဲ့ဘူးဆိုတာကို ပြသခဲ့တာပါပဲ။ လွန်ခဲ့တဲ့နှစ်လခန့်က ဆိုရင် ဒါမျိုး ဖြစ်ဖို့ဆိုတာဟာ တောင့်တရတဲ့အရာတစ်ခုသာဖြစ်ခဲ့တာပါ။

ဒီကာလမတိုင်မီ ဒီဇင်ဘာ ၁၈ ဆွေးနွေးပွဲတစ်ခုမှာ Alliance for Gender Inclusion in the Peace Process (AGIPP) က တာဝန်ရှိကော်မတီဝင်နှစ်ဦး၊ အမျိုးသမီးနိုင်ငံရေးသမားတစ်ဦးတို့နဲ့အတူ ကြားဝင်မေးမြန်းပြောဆိုသူအဖြစ် ကျွန်မ ဆောင်ရွက်ခဲ့ပါတယ်။ ဒီအမျိုးသမီးအားလုံးက တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေအကြား အမျိုးသမီးတွေ ပါဝင်ခဲ့ခြင်းမရှိတဲ့အပေါ် စိတ်မကောင်း ဖြစ်ခဲ့ကြပါတယ်။

ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကြောင့် လွန်ခဲ့တဲ့ နှစ်တွေကစပြီး ဒေသခံထောင်နဲ့ ချီပြီး ထွက်ပြေးခဲ့ရတယ်။ သူတို့တွေထဲက အများစုဟာ သူတို့မိသားစုတွေကို ရှာဖွေလုပ်ကိုင် ကျွေးနေရသူ အမျိုးသမီးတွေပါ။ တိုက်ပွဲဖြစ်ပွားတဲ့ ဒေသတွေက အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရပေမယ့် ကျူးလွန်တဲ့သူတွေဟာ လွတ်မြောက်နေဆဲဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲက ထွက်ပေါ်လာခဲ့တဲ့ ဒီအဆိုပြုချက်ဟာ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေအတွက် ကြီးမားတဲ့ အောင်မြင်မှုတစ်ရပ်ပါပဲ။ ဒါပေမဲ့ ငါးရက်ကြာတဲ့ ဒီဆွေးနွေးပွဲကို တက်ရောက်သူအမျိုးသမီးတွေရဲ့ အတွေ့အကြုံအရဆိုရင်တော့ လက်သီးလက်မောင်းတန်းဖို့ စောနေပါသေးတယ်။

မထီမဲ့မြင် သဘောထားများ ဆက်ရှိနေ

ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီး ငါးရက်အကြာ ဇန်နဝါရီ ၂၂ ရက်မှာ AGIPP က ဦးဆောင်ကျင်းပတဲ့ ဆွေးနွေးပွဲတစ်ခုမှာ ကြားနေဒိုင်အဖြစ် ကျွန်မပါဝင်လိုက်ရပါသေးတယ်။ ပြောဆိုဆွေးနွေးသွားတဲ့ အမျိုးသမီး လေးဦးစလုံးဟာ ထင်ရှားသူတွေဖြစ်ပြီး သူတို့ရဲ့ လှုပ်ရှားမှုတွေမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုများအကြောင်း ပြောဆိုသွားကြပါတယ်။

ရန်ကုန်အခြေစိုက် Myanmar Institute for Peace and Security Studies ကို ထူထောင်သူ ဒေါ်ခင်မမမျိုးက ဆွေးနွေးပွဲသုံးခုမှာ ၁၅ မိနစ် အပြည့် ပြောလိုက်ရပေမယ့် သူဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေဟာ အစည်းအဝေး နေ့စဉ်မှတ်တမ်းနဲ့ မှတ်စုတွေထဲမှာ ပါမလာခဲ့ပါဘူးလို့ ရှင်းပြပါတယ်။ ဒီလိုချည်းပဲ ဖြစ်ဖြစ်နေတော့ နောက်ဆုံး အစည်းအဝေးခေါင်းဆောင်တွေရဲ့ ကွန်ပြူတာတွေကိုယူ၊ သူပြောတဲ့အချက်တွေကို သူကိုယ်တိုင်စာရိုက်ပြီး မှတ်တမ်းတင်ပေးခဲ့ရပါတယ်။

အမျိုးသားဆွေးနွေးသူတွေ၊ ပွဲစီစဉ်သူတွေရဲ့ မထီမဲ့မြင် လုပ်ရပ်တွေကို အလားတူ ကြုံတွေ့ရတယ်လို့ အခြားဆွေးနွေးသူတွေကလည်း ပြောပါတယ်။ မြန်မာနိုင်ငံအမျိုးသမီးများ အဖွဲ့ချုပ်မှ မသင်းသင်းအောင်ရဲ့အတွေ့အကြုံကတော့ အစည်းအဝေးမှာ ဦးဆောင်တဲ့ အမျိုးသားဟာ အမျိုးသမီးတွေ ဆွေးနွေးသွားတဲ့ အချက်တွေကို သာမန်ကာလျှံကာ လုပ်ပစ်ခြင်းကြောင်း ရှင်းပြပါတယ်။ အချို့သော အမျိုးသားတွေက ဆွေးနွေးပွဲမှာ ဝင်ရောက်ဆွေးနွေးတဲ့ အမျိုးသမီးအချို့ကို ‘ကလေးမ ’ လို့ ခေါ်ဆိုတာမျိုးတောင် ကြုံရပါတယ်။

ဒီလိုသဘောထားမျိုးတွေကို ပြောင်းလဲပစ်ဖို့ အချိန်ယူဖို့ လိုပါဦးမယ်။ ဒါပေမယ့် လတ်တလော လုပ်ဆောင်နိုင်တာကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲမှာ စွမ်းဆောင်ရည်ရှိတဲ့ အမျိုးသမီးတွေ ပိုမိုပူးပေါင်းပါဝင်လာစေမယ့်၊ ပံ့ပိုးပေးမယ့် ပတ်ဝန်းကျင်အနေအထားတစ်ရပ်ရှိလာအောင်၊ မူဝါဒတွေနဲ့ လုပ်ထုံးလုပ်နည်းတွေရှိအောင် လုပ်ထားဖို့ပါပဲ။

လိုအပ်နေတဲ့ အကူအညီဖြစ်မယ့် မူဝါဒများ

အမျိုးသမီးများကို မြန်မာလူမှုအသိုင်းအဝိုင်းမှာ လူအိုလူနာ ပြုစုပေးသူ၊ အိမ်ရှင်မ၊ မိခင် နေရာတွေနဲ့ ခေါင်းဆောင်နေရာတွေမှာ ကျယ်ပြန့်စွာ ပါဝင်လုပ်ဆောင်နေရသူများအဖြစ် လက်ခံနားလည်ဖို့ လိုအပ်ပါတယ်။

အမျိုးသမီးခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများကို ရံဖန်ရံခါဆိုသလို အရေးပါတဲ့ ဆွေးနွေးပွဲတွေကို ဖိတ်ကြားတတ်ကြောင်း ရှမ်းအရပ်ဖက်အဖွဲ့အစည်းတစ်ခုမှ မသန္တာဦးက ပြောပါတယ်။

“ကျွန်မတို့က အပေါ်အင်္ကျီလေး ကောက်ဝတ်ပြီး လာလို့ရတာ မဟုတ်ပါဘူး။ အိမ်အလုပ်တွေနဲ့ မိသားစု ဗာဟီရကိစ္စတွေကို လုပ်ရပါတယ်။ ကျုပ်တို့က ခင်ဗျားတို့ကို ဖိတ်တယ်။ ခင်ဗျားတို့သာ မလာတာလို့လည်း အပြောခံရပါသေးတယ်” ဆိုပြီး သူက ရှင်းပြပါတယ်။

အခြားနိုင်ငံတွေမှာ ကျင်းပတဲ့ ဆွေးနွေးပွဲတွေမှာ ကလေးတွေကို ကြည့်ရှုစောင့်ရှောက်ပေးဖို့ တာဝန်ယူမှုတွေ ပါတာကြောင့် သူ့ရဲ့လသားအရွယ် ကလေးကို ထားခဲ့နိုင်ကြောင်း၊ မြန်မာနိုင်ငံရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အဲဒီလို စီစဉ်ထားခြင်းမရှိကြောင်း ဒေါ်ခင်မမမျိုးက ပြောပါတယ် ။

၂ဝ၁၂ ခုနှစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ကရင်တိုင်းရင်းသားများ အစည်းအရုံး (KNU) ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သူ Salween Institute for Public Policy က သုတေသနပညာရှင်၊ နှစ်နှစ်ခွဲအရွယ် သားငယ်ရဲ့ မိခင် နော်မေဦးမူထရောက သူလည်း အလားတူပြဿနာကြုံရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသမီးများရဲ့ လူမှုရေး၊ စီးပွားရေးအရ ထားရှိတဲ့အဆင့်အတန်းနိမ့်ကျမှုကြောင့် သူတို့အပေါ် အသိအမှတ်ပြုမှု မရှိဘူး၊ ဒါကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ အရေးပါတဲ့ အခန်းကဏ္ဍ၊ ဦးဆောင်သူအခန်းကဏ္ဍကနေ ပါဝင်နိုင်စေမယ့်ဖို့ ပံ့ပိုးကူညီမှု ကင်းမဲ့နေခြင်းပါပဲ။ “ကျွန်မတို့ လူမှုအသိုင်းအဝိုင်းရဲ့ စံနှုန်း၊ ထုံးတမ်းစဉ်လာတွေကြောင့် အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေအပေါ် မသိ နားမလည်တာတွေ ပိုဆိုးလာစေတယ်” လို့ သူက ပြောပါတယ်။

၃ဝ ရာခိုင်နှုန်း မဖြစ်မနေပေးလိုက်လို့လည်း အားလုံးပြီးသွားပြီလို့ မဆိုနိုင်ပါဘူး။ အင်ဒိုနီးရှားနိုင်ငံကို နမူနာကြည့်ပါ။ ပါလီမန်အတွက် အမျိုးသမီးအမတ်အရေအတွက် သတ်မှတ်ထားတယ် ဆိုပေမဲ့ အမျိုးသမီးအခွင့်အရေးနဲ့ဆိုင်တဲ့ကိစ္စတွေကို ဆောင်ရွက်ရာမှာ အပေါ်ယံ လုပ်နိုင်အောင် သက်သက် ထည့်ပေးထားတာပါ။ အင်ဒိုနီးရှားမှာ အမျိုးသမီးတွေကို လွှတ်တော်ကိုယ်စားလှယ်ရာထူး ပေးထားခြင်းဟာ အမျိုးသမီး အခွင့်အရေး တိုးတက်ဖို့ထက် ရွေးကောက်ပွဲမှာ မဲရအောင် ငွေအားနဲ့ဖိတာတွေ၊ မင်းဆက်ပုံစံ နိုင်ငံခေါင်းဆောင်နေရာကို ဆက်ခံတာတွေကိုသာ ပိုပြီးအားကောင်းလာစေပါတယ်။

မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ အမျိုးသမီး ၃ဝ ရာခိုင်နှုန်း ပါဝင်ခွင့် ထည့်ထားခြင်းဟာ အကျိုးတစ်စုံတစ်ရာရှိမယ်ဆိုရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အမျိုးသမီးတွေ ပါဝင်နေစဉ်အတွင်း အမျိုးသမီးတွေနဲ့ သူတို့လိုအပ်တာတွေကို ပံ့ပိုးကူညီပေးမယ့် ကျားမ ကဏ္ဍ သဘာဝကို ထည့်သွင်းစဉ်းစားတဲ့ မူဝါဒတွေ၊ လုပ်ထုံးလုပ်နည်းတွေ ရှိထားနှင့်ဖို့ လိုပါလိမ့်မယ်။

ဒီလို ပံ့ပိုးဆောင်ရွက်ရာမှာ ဆွေးနွေးပွဲတွေ၊ ငြိမ်းချမ်းရေးညှိနှိုင်းပွဲတွေမှာ တက်ရောက်သူ အမျိုးသမီးတွေရဲ့ ကလေးငယ်တွေကို ထိန်းကျောင်းပေးခြင်းဖြင့် ပံ့ပိုးတာကအစ ပါဝင်တဲ့အမျိုးသမီးတွေ ပိုများလာအောင် တက်တက်ကြွကြွ ဖော်ထုတ် အားပေးတာ၊ ဒါမှမဟုတ် မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားတဲ့ အမျိုးသမီးအခွင့်အရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်တွေ၊ သဘောတူညီချက်တွေကို လေးစားလိုက်နာမှုရှိစေဖို့တိုက်တွန်းတာအဆုံး ပါဝင်ပါတယ်။

ဒါဆိုရင်တော့ အမျိုးသမီးတွေရဲ့ ပါဝင်ဆောင်ရွက်မှုတွေဟာ အဓိပ္ပာယ်ပြည့်လာနိုင်ပြီး အမျိုးသမီးတွေနဲ့ သူတို့ရဲ့စကားသံတွေကိုလည်း အမျိုးသားတွေပြောတဲ့စကားသံတွေလိုပဲ ဂရုတစိုက် တလေးတစား ရှိလာကြမှာပါ။ ဒီလိုမဟုတ်ဘူးဆိုရင် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသမီးတွေပါဝင်ခွင့်ရဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ရသမျှဟာ အရာထင်လာဖို့ သိပ်အကြောင်းမရှိသေးဘူး လို့ ဆိုရပါမယ်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading