သမိုင်းဝင်တဲ့ လွှတ်တော်အခင်းအကျင်းသစ်

ရန်ကုန် - ရာစုနှစ်ထက်ဝက်ကျော် စစ်တပ်ကကြီးစိုးခဲ့တဲ့ မြန်မာနိုင်ငံမှာ အားလုံးပါဝင်ပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲကနေ ရွေးချယ်ခံရတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ လွှတ်တော်ကို တနင်္လာနေ့မှာ စတင်ဖို့ ပြင်ဆင်နေပြီး အဲဒီနေ့ဟာ နိုင်ငံရဲ့ သမိုင်းဝင်နေ့တစ်နေ့ ဖြစ်လာပါလိမ့်မယ်။

၁၉၆၂ ခုနှစ်မှာ စစ်တပ်ကနေ ပါလီမန် ဒီမိုကရေစီအစိုးရဆီက အာဏာသိမ်းပြီး ပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေကို ဖိနှိပ်ချုပ်ချယ်လာခဲ့ရာကနေ အငြင်းပွားစရာ ၂ဝ၁ဝ ရွေးကောက်ပွဲအပြီး အရပ်သားအစိုးရအဖြစ် ပြောင်းလဲရာမှာလည်း စစ်တပ် ကျောထောက်နောက်ခံ ပြုထားတဲ့ပါတီကြီးက လွှတ်တော်ကို လွှမ်းမိုးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာတော့ စစ်အစိုးရကို နှစ်ပေါင်း ၂ဝ ကျော် အံတုခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က အပြတ်အသတ်နိုင်တဲ့အတွက် ဒီမိုကရေစီအင်အားစုတွေ လွှတ်တော်ကို အားကောင်းမောင်းသန်နဲ့ မောင်းနှင်နိုင်တော့မှာပါ။

လွှတ်တော်အမတ် နေရာ ၄၄ဝ သတ်မှတ်ထားတဲ့ ပြည်သူ့လွှတ်တော်အတွက် ၂၅၅ နေရာ၊ ၂၂၄ နေရာ သတ်မှတ်ထားတဲ့ အမျိုးသားလွှတ်တော်အတွက်လည်း ၁၃၅ နေရာ အနိုင်ရခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD ပါတီဟာ အစိုးရအဖွဲ့သစ် ဖွဲ့တော့မှာပါ။

သမ္မတ ဘယ်သူဖြစ်မလဲ မှန်းဆခြင်း

ဒေါ်အောင်ဆန်းစုကြည်ဟာ သားနှစ်ဦး ဗြိတိန်နိုင်ငံသားတွေ ဖြစ်တယ်ဆိုတဲ့အချက်ကြောင့် အခြေခံဥပဒေအရ သမ္မတတာဝန် ထမ်းဆောင်ခွင့် မရှိပါဘူး။ ဒါပေမဲ့ သူက သမ္မတ တာဝန် ထမ်းဆောင်ခွင့်မရရင်တောင် ပေါ်ပေါက်လာမယ့် သမ္မတအထက်ကနေ တိုင်းပြည်ကို ဦးဆောင်သွားမယ်လို့ လူသိထင်ရှား ပြောပြခဲ့ဖူးပါတယ်။

NLD က ဘယ်သူ့ကို သမ္မတအဖြစ် တင်မြှောက်မလဲဆိုတာက လူထုကြားမှာ အသိချင်ဆုံးကိစ္စဖြစ်နေပါတယ်။

သူသမ္မတဖြစ်ခွင့်ကို အဟန့်အတား ဖြစ်စေတဲ့ ဖွဲ့စည်းပုံအခြေခံဥ ပဒေ ပုဒ်မ ၅၉(စ) ကို ငါးနှစ်တာ ဆိုင်းငံ့နိုင်ခဲ့ရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ တာဝန် ယူနိုင်လိမ့်မယ်လို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်၊ အမျိုး သားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် စတဲ့ လွှတ်တော်အသီးသီးရဲ့ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို တပ်မတော်က ပိုင်ဆိုင်ထားတာပါ။

အခုလို သမိုင်းတွင်တဲ့ အပြောင်းအလဲတစ်ခုဖြစ်လာပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်တစ်ခုခုကို ပြင်ဆင်မယ်ဆိုရင်တောင် လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှသာ ပြင်ဆင်ခွင့်ရှိမှာဖြစ်တဲ့အတွက် စစ်တပ်ဟာ လွှတ်တော်အတွင်းမှာ ဗီတိုအာဏာကို ဆက်လက်ဆွဲကိုင်ထားနိုင်သလို ဖြစ်နေပါတယ်။

NLD ပါတီရဲ့ ကြွေးကြော်ထားတဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖယ်ဒရယ်စနစ်စတဲ့ ဟာတွေရဲ့ အချုပ် ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ စစ်တပ်နဲ့ ညှိနှိုင်းပူးပေါင်း ဆောက်ရွက်ရဦးမှာဖြစ်ပါတယ်။

အစိုးရအဖွဲ့ရဲ့ အဓိက ဌာနတွေဖြစ်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာတွေကိုလည်း စစ်တပ် ရဲ့လက်အောက်မှာရှိနေသလို တိုင်းပြည်ရဲ့အရေးကြီးဆုံးနေရာဖြစ်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့နေရာမှာ အဖွဲ့ဝင် ၁၁ နေ ရာမှာ စစ်တပ်က ၆ နေရာအထိ ပိုင်ဆိုင်ထားခဲ့တာကလည်း လာမယ့်အစိုးရအတွက် အဓိကစိန်ခေါ်မှုဖြစ်နေဆဲပါ။

လွှတ်တော်ကိုယ်စားလှယ်သစ်တွေက လွှတ်တော်အဖွင့်အတွက် သဘာပတိတစ်ဦးကို လွှတ်တော်ကိုယ်စားလှယ်တွေထဲက ရွေးချယ်ပြီး သူကပဲ လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် နာယကတွေကို ရွေးချယ် ရေးအဆင့်ကို ပြုလုပ်ပေးရမှာပါ။

NLD က လွှတ်တော်ကြီးနှစ်ရပ် ဥက္ကဋ္ဌတွေအဖြစ် ပါတီဝင်အမတ်တွေကိုပဲ တာဝန်ပေးမယ်၊ ပြည်သူ့လွှတ်တော်အတွက် ရှေ့နေ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်အတွက် ဦးမန်းဝင်းခိုင်သန်းတို့ ဖြစ်တယ်လို့ သတင်းတွေ ထွက်ထားရာကနေ ကြာသပတေးနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်က အဲဒီသတင်းကို အတည်ပြု ကြေညာလိုက်ပါတယ်။ ဦးမန်းဝင်းခိုင်သန်းက မြန်မာ့လွတ်လပ်ရေး အာဇာနည်တစ်ဦးဖြစ်တဲ့ မန်းဘခိုင်ရဲ့ မြေးဖြစ်ပါတယ်။

ဒုဥက္ကဋ္ဌတွေအဖြစ် ပြည်သူ့လွှတ်တော်အတွက် ပြည်ခိုင်ဖြိုးပါတီဝင် ကချင်တိုင်းရင်းသား လွှတ်တော်အမတ် ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်အတွက် ရခိုင် အမျိုးသားပါတီ မှ ဦးအေးသာအောင်တို့ကို လျာထားတယ်လို့ ပြောလိုက်ပါတယ်။

၂ဝ၁၁ ခုနှစ်က စတင်ခဲ့တဲ့ လွှတ်တော်ဟာ စစ်တပ်သြဇာလွှမ်းမိုးတာကြောင့် လွှတ်တော် အစပိုင်းမှာ အသက် များစွာ မဝင်ခဲ့ပေမယ့် ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအပြီး NLD ပါတီက ကိုယ်စားလှယ်တွေဝင်ရောက် လာချိန်ကစပြီး လွှတ်တော်ရဲ့ အင်္ဂါရပ်နဲ့ တဖြည်းဖြည်းနီးစပ်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း လွှတ်တော်ရဲ့ ဆောင်ရွက်ချက်တွေဟာ အစိုးရအဖွဲ့ကို ပြန်လှန်ထိန်းကျောင်းနေရင် လွှတ်တော်နာယကနဲ့ အစိုးရတို့ကြားမှာ ပွတ်တိုက်မှုတွေတောင်ဖြစ်ပျက်ခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့လွှတ်တော်ရဲ့ ဥပဒေပြုရေးဆောင်ရွက်ချက်တွေကို ပြန်ကြည့်လိုက်မယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်က တင်သွင်းတဲ့ ဥပဒေတွေ၊ ဥပဒေပြင်ဆင်ချက်တွေ၊ ဖြည့်စွက်ချက်တွေဟာ အားနည်းခဲ့ပြီးတော့ အစိုးရဌာနတွေကတင်ပြတာကိုပဲ ကိုယ်စားလှယ်တွေက အပြန်အလှန်ဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ပြည်သူတွေအတွက် အကျိုးပိုဖြစ်ထွန်းမယ့် ဥပဒေမျိုးတွေ ထွက်ပေါ်လာတာနည်းခဲ့ပြီး အစိုးရကို ပိုအကျိုးဖြစ်ထွန်းစေမယ့် ဥပဒေတွေ များပြားခဲ့တယ်၊ နောင်မှာတော့ လွှတ်တော်က ပိုမို မြိုင်ဆိုင်လာနိုင်မှာဖြစ်သလို အဲဒီလိုဖြစ်လာဖို့လည်း မျှော်လင့်တယ်လို့ Tampadipa Institute မှ နိုင်ငံရေးအကဲခတ် ဦးခင်ဇော်ဝင်းက သုံးသပ်ပါတယ်။

“တစ်ဖက်မှာ ဒီမိုကရေစီက ပိုအားကောင်းလာနိုင်ပါတယ်။ တစ်ဖက်မှာတော့ ဗဟုစနစ်က အားနည်းသွားတယ်။ ဒီမိုကရေစီစနစ်တစ်ခုမှာ ပါတီတစ်ခုက အားကောင်းကောင်းနဲ့ လွှမ်းမိုးတာကလည်း အန္တရာယ်များပါတယ်။ ကောင်းတာလည်းဖြစ်နိုင်သလို ဆိုးတာလဲ ဖြစ်နိုင်တယ်” လို့ သူက ပြောပြတယ်။

“ဒါပေမယ့် ကျွန်တော့်အနေနဲ့ စိတ်ပူတယ်။ လွှတ်တော်ရော အစိုးရကို လူတစ်ယောက်တည်းက ထိန်းချုပ်ထားတာ။ သူကထိုင် ဆို ထိုင်၊ ထဆိုထ လုပ်နေရတဲ့သူတွေက သူမကြိုက်တာကို ပြောရဲပါ့မလား”

ပြည်သူတချို့ကတော့ အရင်အစိုးရလက်ဆက်ဆက်ရဲ့ လုပ်ဆောင်ချက်တွေ၊ စစ်တပ်အာဏာကို မလျော့ချနိုင်သေးတာတွေကြောင့် NLD ပါတီဟာ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးကို အများကြီးဆောင်ရွက်နိုင်မှာ မဟုတ်သေးဘူးလို့ သုံးသပ်ကြပါတယ်။

“ကျွန်တော်တို့ ပြည်သူတွေကတော့ အပြောင်းအလဲကို မျှော်လင့်တာပေါ့ဗျာ။ ပြည်တွင်းငြိမ်းချမ်းရေးကစပြီးတော့ ပြည်သူတွေရဲ့ ပညာရေး၊ အလုပ်အကိုင်တွေအဆုံးပေါ့” လို့ ဓာတုဗေဒဘွဲ့ရ လူငယ်တစ်ဦးဖြစ်တဲ့ ကိုဇေယျာလင်းက ပြောပါတယ်။

“NLD ဟာ သူ့ပါတီတွင်း ပြုပြင်ရေးတွေ လုပ်ရမှာဖြစ်သလို အစိုးရဌာနတွေရဲ့ စီမံခန့်ခွဲမှုတွေ၊ တိုင်းပြည်ရဲ့ ငွေကြေး ဖောင်းပွမှုတွေ အများကြီးကို လုပ်ရဦးမှာဆိုတော့ ကျွန်တော်တို့မျှော်လင့်သလောက် လုပ်နိုင်မယ်တော့မထင်ဘူး။ အရင်အစိုးရ လက်ထက်ကထက် ၃ဝ ရာခိုင်နှုန်းလောက် လုပ်နိုင်ရင်ကို NLD အနေနဲ့ အောင်မြင်တယ်လို့ ယူဆရမယ်”

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading