မြန်မာရွှေ့ပြောင်းအလုပ်သမားတို့၏ ဘဝအမော ဇာစ်မြစ်များ

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား ၂ ဦး သေဒဏ် စီရင်ချက် ချခံရခြင်းနှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၂၅ ရက်နေ့က ရန်ကုန်မြို့ ထိုင်းသံရုံးအနီး ဆန္ဒပြနေသူများ (ဓာတ်ပုံ - REUTERS/စိုးဇေယျာထွန်း)

(ဆောင်းပါးရှင် David Scott Mathieson သည် Human Rights Watch ခေါ် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ အာရှရေးရာဌာန၏ အကြီးတန်းသုတေသီတစ်ဦးဖြစ်သည်။ ယခုဆောင်းပါးတွင် ပါရှိသည့် ရေးသားချက်များသည် စာရေးသူ၏ အမြင်များသာဖြစ်ပြီး Myanmar Now ၏ အာဘော်များ မဟုတ်ပါ။)

ထိုင်းတရားရုံးတစ်ခုက မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦးကို ခရစ္စမတ်အကြိုနေ့တွင် သေဒဏ်ချမှတ်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံအတွင်း ပြစ်တင်ရှုတ်ချမှုများ ပေါ်ပေါက်ခဲ့သည်။ ၂ဝ၁၄ စက်တင်ဘာလအတွင်းက ထိုင်းအပန်းဖြေစခန်း ခိုတောင်ကျွန်းတွင် ဗြိတိန်ကမ္ဘာလှည့်နှစ်ဦး ဖြစ်သည့် ဒေးဗစ်မေလာနှင့် ဟန်နာဝီသာဝေ့ချ်တို့ကို သတ်ဖြတ်သည်ဆိုသော စွပ်စွဲမှုဖြင့် အသက် ၂၂ နှစ် ဝန်းကျင် အရွယ်များဖြစ်ကြသည့် ဇော်လင်း၊ ဝင်းဇော်ထွန်းတို့ကို ဖမ်းဆီးခဲ့သည်။

သံသယဖြစ်ခံရသူ ၎င်းတို့နှစ်ဦးထံမှ ကနဦးဖြောင့်ချက်များ ရရှိစေရန် ရဲတို့က နှိပ်စက်ညှဉ်းပန်းခဲ့သည်ဆိုသော ပြောဆိုမှုများအပါအဝင် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှု၊ တရားရုံးစစ်ဆေးကြားနာမှုတို့အပေါ် ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့သည်။ သို့သော် ထိုင်းရဲတပ်ဖွဲ့က ထိုစွပ်စွဲမှုများကို ငြင်းဆိုခဲ့သည်။ ပြစ်ဒဏ်ချမှတ်ရာတွင် အဓိကသက်သေအဖြစ် ဆွဲယူခဲ့သည့် ဝီသာဝေ့ချ် အဓမ္မပြုကျင့်ခံရမှုတွင် တွေ့ရသော ဒီအင်န်အေနှင့်ပတ်သက်၍ ထိုင်း၊ သြစတြေးလျတို့မှ သေမှုသေခင်းစစ်ဆေးရေးပညာရှင်များက မေးခွန်းထုတ်ခဲ့ကြသည်။ တရားခံတို့၏ ရှေ့နေများက တရားရုံး စီရင်ချက်အပေါ် အယူခံဝင်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

ယင်းစီရင်ချက်အပေါ် ပြန်လည်သုံးသပ်ပေးရန် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအပါအဝင် မြန်မာအစိုးရ တာဝန်ရှိသူများက တောင်းဆိုခဲ့ကြသည်။ ရန်ကုန်မြို့ရှိ ထိုင်းနိုင်ငံသံရုံးအနီးတွင်လည်း ဆန္ဒပြတောင်းဆိုမှုများ ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၂၅,ဝဝဝ က စုပေါင်းလက်မှတ်ရေးထိုးကာ မျှတသောတရားစီရင်ရေးအတွက် တောင်းဆိုခဲ့သကဲ့သို့ နှစ်နိုင်ငံနယ်စပ်မြို့များတွင် ဆန္ဒပြုမှုများလည်း လုပ်ဆောင်ခဲ့သည်။ အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ကလည်း ရန်ကုန်မြို့တွင် ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့သည်။

အဆိုပါ အမှုသည် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်သန်းကျော် ဆိုးရွားစွာ ဆက်ဆံခံနေရမှုကို မီးမောင်းထိုးပြသကဲ့သို့ ဖြစ်နေသည်။ ယင်းကဲ့သို့ ဆက်ဆံခံရမှုသည်လည်း အိမ်နီးချင်းနှစ်နိုင်ငံအကြား မကြာခဏတင်းမာမှုကို ဖြစ်စေသည့် အကြောင်းရင်းတစ်ရပ်ဖြစ်သည်။ ကမ်းလွန်ငါးဖမ်းလုပ်ငန်း၊ စားသောက်ကုန် ထုတ်လုပ်သည့်စက်ရုံများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ အထည်စက်ရုံများ၊ လူသုံးကုန်ပစ္စည်းစက်ရုံများ အပြင် နိုင်ငံ၏ဘဏ္ဍာငွေအမြောက်အများကို ရရှိစေသည့် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း၌ပင် လူသတ်မှု၊ ရိုက်နှက်မှု၊ လူကုန်ကူးမှု၊ အလုပ်သမားတို့အပေါ် နှိပ်စက်မှုများကို ထိုင်းရဲများ၊ အစိုးရအရာရှိများ၊ အလုပ်ရှင်များက ပါဝင်ကျူးလွန်နေကြသည်။ ယင်းလုပ်ရပ်များကို Human Rights Watch အဖွဲ့နှင့် အခြားအဖွဲ့အစည်းများက ဆယ်စုနှစ်ပေါင်းများစွာကပင် မှတ်တမ်းများ ပြုစုထားကြသည်။

မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိလာသည့်တိုင် အလုပ်သမားများက အန္တရာယ်များရောပြွမ်းနေသည့် ထိုင်းနိုင်ငံတွင် အဘယ်ကြောင့် အလုပ်သွားရောက်လုပ်ကိုင်နေကြ သနည်း။ မြန်မာနိုင်ငံနေရာအများအပြားတွင် ရှိနေသေးသည့် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ၊ ထိုက်သင့်သည့်လစာမရရှိမှု၊ ညံ့ဖျင်းသည့် လုပ်ငန်းခွင် အခြေအနေတို့သည် လည်း ရွှေ့ပြောင်းလုပ်ကိုင်ရမှုတွင် အကြောင်းရင်းများအဖြစ် ပါဝင်နေသည်။ ယခုသေဒဏ်ချမှတ်ခံရသည့် မြန်မာလူငယ်နှစ်ဦးတို့၏ ဇာတိဖြစ်သော ရခိုင်ပြည်နယ်တွင် လုပ်ငန်းခွင် အခြေအနေ ညံ့ဖျင်းမှု၊ အလုပ်အကိုင် စီးပွားရေးအခွင့်အလမ်းနည်းပါးမှုများ ပေါ်ပေါက်နေသည်။ စစ်အစိုးရ၏ ဆယ်စုနှစ်ပေါင်းများစွာ စီမံခန့်ခွဲမှုညံ့ဖျင်းမှုများ၊ အခြေခံ လူနေမှုဘဝ လိုအပ်ချက်များ မရရှိခြင်း စသည်တို့တွင် ရခိုင်ပြည်နယ်အနေဖြင့် အခြား ပြည်နယ်တို့ထက် ပိုမိုဆိုးရွားစွာ ခံစားခဲ့ရသည်။

အလုပ်သမားများမှာ မိသားစုထံ ငွေပြန်ပို့နိုင်ရန် ရေခြားမြေခြားသို့ သွားရောက်အလုပ်လုပ်နေကြရသည်။ မိမိတို့ဒေသအတွင်း တရုတ်စီးပွားရေးလုပ်ငန်းများအတွက် ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများကို ခွင့်ပြုပေးနေသော်လည်း ဒေသခံများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းနှင့် အခြားအကျိုးကျေးဇူးများ ခံစားရခွင့် နည်းပါးသည်။ ထိုင်းတရားရုံးက ရခိုင်လူငယ်နှစ်ဦးကို ခိုတောင်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ချမှတ်လိုက်သည့် အချိန်မှာပင် ကျောက်ဖြူမြို့နယ်အတွင်း မြေဧက ၄,ဝဝဝ ပေါ်တွင် အထူးစီးပွားရေးဇုန်တစ်ခု၊ ရေနက်ဆိပ်ကမ်းတစ်ခုတို့ကို တရုတ်နှင့် ထိုင်းစီးပွားရေးကုမ္ပဏီများ လုပ်ကိုင်ခွင့်အတွက် လွွှတ်တော်က အတည်ပြုလိုက်သည်။ သို့သော် ယင်းခွင့်ပြုချက်တွင် အလုပ်သမားအခွင့်အရေး ကာကွယ်မှုအတွက် ပြဋ္ဌာန်းချက်များ မပါဝင်ဘဲ စီမံကိန်းတွင် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်း ရရှိရန်သာ ဆောင်ရွက်ထားသည်။

ခိုင်ခံ့လုံခြုံမှုမရှိသည့် လှေများဖြင့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ မလေးရှားသို့ ရွှေ့ပြောင်းနေကြသည့် ရိုဟင်ဂျာမွတ်ဆလင်များ၏ ဒုက္ခကိုလည်း နိုင်ငံတကာအသိုင်းအဝိုင်းက စောင့်ကြည့်နေကြသည်။ ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးအဓိကရုဏ်းအပြင် ဆင်းရဲနွမ်းပါးသည့် ရခိုင်ဗုဒ္ဓဘာသာဝင်များအနေဖြင့် ထိုင်းနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်ပြီး နှိပ်စက်ညှဉ်းပန်းမှုများ ကြုံတွေ့နေရသည့်အပြင် လူကုန်ကူးသမားများ၊ အလုပ်အကိုင်ပွဲစားများ၏ လိမ်လည်မှုများနှင့်လည်း ရင်ဆိုင်နေရသည်။ ယင်းကဲ့သို့ ဒုက္ခနှင့် ရင်ဆိုင် ကြုံတွေ့ နေရခြင်းသည် မြန်မာစစ်အစိုးရကြောင့် ဖြစ်ရသည်ဟု ရခိုင်တိုင်းရင်းသား အများအပြားက နားလည်ထားကြသည်။

မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် မြောက်ပိုင်းတွင် မြေသိမ်းမှုများဖြစ်ပွားနေခြင်းကလည်း ကျေးလက်နေပြည်သူတို့၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ ထိခိုက်စေပြီး ၎င်းတို့၏ သားသမီးများကို နယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ပို့ကာ အလုပ်လုပ်ခိုင်းထားရသည်။ သဘာဝရင်းမြစ်များ တူးဖော်ထုတ်လုပ်ရာတွင် မြေယာဆုံးရှုံးမှုအများအပြား ဖြစ်ပွားနေခြင်းကြောင့် ကျေးလက်ဒေသအချို့တွင် မတည်ငြိမ်မှုနှင့် လာရောက်လုပ်ကိုင်သည့် ကုမ္ပဏီတို့အပေါ် ဆန္ဒပြမှုများ ဖြစ်ပွားနေသည်။ မြေယာသိမ်းမှုအချို့တွင် စစ်တပ်၏ ပါဝင်မှုများလည်း ရှိကြောင်း Global Witness အဖွဲ့၏ လေ့လာဆန်းစစ်မှုတစ်ရပ်တွင် ဖော်ပြထားသည်။ ၂ဝ၁၅ ခုနှစ်အတွင်းက ကရင်ပြည်နယ်၊ ဘားအံမြို့အတွင်းရှိ ကျေးရွာအချို့သို့ ရောက်ရှိခဲ့ရာတွင် အာဏာပိုင်များ၊ စစ်တပ်အရာရှိကြီးများ၏ မတရားသဖြင့် မြေသိမ်းယူမှု၊ စီးပွားရေးလက်ဝါးကြီးအုပ်မှု၊ အစိုးရကိုဝေဖန်သူများကို ခြိမ်းခြောက် ဖမ်းဆီးမှု၊ မြေယာဆုံးရှုံးခြင်းအတွက် လျော်ကြေးမရမှုတို့ကြောင့် ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ကြသည့် အသက် ၂ဝ ဝန်းကျင် လူငယ်တချို့နှင့် တွေ့ခဲ့ရသည်။ ၂ဝ၁၁ တွင် အရပ်သားတစ်ပိုင်းအစိုးရ တက်လာရာ နိုင်ငံအတွင်း အခွင့်အလမ်းကောင်းများ ပေါ်ပေါက်လာပြီး ထိုင်းမှ ပြန်လာရမည်ဖြစ်သော်လည်း မိမိတို့ဘဝတိုးတက်မလာသည့်အပြင် ပိုမိုဆိုးရွားမှုများကို ကြုံတွေ့လာရသည့် နောက်ထပ်မျိုးဆက်တစ်ခုသည်လည်း ပြည်ပသို့ပင် ထွက်ခွာ အလုပ်လုပ်ကိုင်ကြရပြန်သည်။

ရှမ်းပြည်နယ်အတွင်း လက်နက်ကိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး မကြာမီလပိုင်းအတွင်းကပင် အရပ်သားတစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးရသည်။ ၎င်းတို့အနက်မှ အများအပြားသည် ထိုင်းနိုင်ငံမြောက်ပိုင်းသို့ ရောက်ရှိသွားကြကာ ၁၉၈ဝ ပြည့်နှစ်နောက်ပိုင်း ပြည်တွင်းစစ်ကြောင့် ထွက်ပြေးပြီး ယင်းဒေသသို့ ရောက်ရှိနေကြသည့် ရှမ်းတိုင်းရင်းသား ထောင်ပေါင်းများစွာထံ ရောက်ရှိသွားကြသည်။ ငြိမ်းချမ်းရေးနှင့်တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ပြောနေကြသော်လည်း မြန်မာနိုင်ငံတွင် ၂ဝ၁၁ မှစတင်၍ လက်နက်ကိုင်တိုက်ခိုက်မှုများ ပြန်လည်မြင့်တက်လာသည်။ ကချင်ပြည်နယ်တွင် ပြင်းထန်သည့် တိုက်ပွဲများကြောင့် အရပ်သား ၁၃ဝ,ဝဝဝ ခန့် အိုးအိမ်စွန့်ခွာနေရပြီး အိမ်နီးချင်းနိုင်ငံ များသို့ မြန်မာနိုင်ငံသားများ ထပ်မံ ရွှေ့ပြောင်းမည့်အခြေအနေရှိနေသည်။

မြန်မာနိုင်ငံအတွင်းမှ ပြည်သူအများအပြားက ခိုတောင်ကျွန်းလူသတ်မှုတွင် သေဒဏ်ချမှတ်ခြင်းနှင့် ပတ်သက်၍ စိုးရိမ်တုန်လှုပ်နေကြပြီး ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အနှိမ်ခံနေရမှုအပေါ် မကျေနပ်ကြသည်မှာ ငြင်းဆိုဖွယ်ရာ မရှိပေ။

ရွှေ့ပြောင်းအခြေချနေထိုင်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်တန့်ရန် ထိုင်းအစိုးရကို တောင်းဆိုနေကြသော်လည်း မကြာမီအာဏာရလာတော့မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအနေဖြင့် လူနေမှုဘဝများစွာကွာဟခြင်း၊ လုပ်အား ခေါင်းပုံဖြတ်ခံရခြင်းတို့ကြောင့် မြန်မာနိုင်ငံသားများ နှစ်ပေါင်းများစွာကပင် ပြည်ပထွက် အလုပ်လုပ်နေရမှု ပြဿနာကို အမြန်ဆုံးဖြေရှင်းရန် လိုအပ်နေသည်။

သဘာဝရင်းမြစ်သယံဇာတများမှရရှိသော အကျိုးအမြတ်၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ကို အသက်မွေးဝမ်းကျောင်း အာမခံချက်မရှိသေးသော ကျေးလက်ဒေသနေ နွမ်းပါးသည့် ပြည်သူများ အတွက် ထိထိရောက်ရောက် မျှဝေသုံးစွဲခြင်းမပြုသရွေ့ မြန်မာနိုင်ငံကို အနာဂတ်စီးပွားရေး အလားအလာကောင်းများရှိနေသည့် နိုင်ငံအဖြစ် သတ်မှတ်ရန် ခဲယဉ်းပေလိမ့်မည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading