အမျိုးသမီးပါဝင်ခွင့်နည်းနေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်

ရန်ကုန် - မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်အဆင့်ဆင့်တွင် အမျိုးသမီးတို့ ပါဝင်နိုင်မှုအခန်းကဏ္ဍ အားနည်းနေဆဲဖြစ်သောကြောင့် လူဦးရေ ငါးသိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် တိုင်းရင်းသားလက်နက်ကိုင် တိုက်ပွဲများ အဆုံးသတ်ရေး ဆွေးနွေးပွဲ အောင်မြင်စေရန် အဟန့်အတားဖြစ်စေကြောင်း အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတို့က ပြောနေကြသည်။

ဆွေးနွေးပွဲများတွင် နိုင်ငံ၏ လူဦးရေထက်ဝက်ကျော်ခန့်ရှိသော အမျိုးသမီးထု၏ ကိုယ်စားလှယ် ပါဝင်ခွင့် နည်းပါးနေပြီး နယ်စပ်ဒေသများတွင် နှစ် ၅ဝ ကျော် ကြာမြင့်နေပြီဖြစ်သည့် စစ်ပွဲများအတွင်း ပိုမို ထိခိုက်စွာခံစားရသည်မှာလည်း အမျိုးသမီးများသာ ဖြစ်ကြသည်။

အထူးသဖြင့် တိုင်းရင်းသားအမျိုးသမီးကြီးငယ်တို့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု မကြာခဏ ပေါ်ပေါက်လျက်ရှိပြီး တပ်မတော်သည် တိုက်ပွဲဖြစ်ပွားရာ တိုင်းရင်းသားဒေသများတွင် ပြစ်မှု ကျူးလွန်နေကြောင်း၊ ကျူးလွန်မှုများအတွက် အရေးယူခံရခြင်းမရှိကြောင်း လူ့အခွင့်အရေးအုပ်စုများက စွပ်စွဲ လျက်ရှိသည်။

“ရေရှည်မှာ စစ်ပွဲတွေကြောင့် တနုံ့နုံ့ခံစားရတာ အမျိုးသမီးတွေမှာ အနစ်နာဆုံးပါပဲ” ဟု ပြည်တွင်းစစ် ဖြစ်ပွားလျက်ရှိသည့် ကချင်ပြည်နယ်မှ အမျိုးသမီးအရေး လှုပ်ရှားသူ နန်ရော်ဇာခွန်က Myanmar Now သို့ ပြောသည်။

“အမျိုးသားတွေ သေသွားတယ်ဆိုရင် ကျန်ခဲ့တာ၊ အိမ်ထောင်ဦးစီးဖြစ်သွားတာတွေက အမျိုးသမီးတွေပဲ။ မသေဘဲ ဒဏ်ရာရတယ်ဆိုရင်လည်း သူတို့ကို မိန်းမတွေ၊ အမေတွေကပဲ ကြည့်ပေးရတာ” ဟု Shalom (Nyein) Foundation မှ တာဝန်ခံတစ်ဦးဖြစ်သူ ဒေါ်နန်ရော်က ပြောသည်။ သူသည် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများက ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့အတွင်း အရေအတွက်အနည်းမျှသော အမျိုးသမီးအဖွဲ့ဝင်များအနက်မှ အကြံပေးတစ်ဦးဖြစ်သည်။

၂ဝ၁၁ ခုနှစ်မှစတင်ခဲ့သည့် နို်င်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အားလုံးပါဝင်ခွင့်ပြုထားသည် ဆိုသော်လည်း တကယ်တမ်းတွင် အမျိုးသားအများစုသာ ပါဝင်သည်ကို တွေ့ရသည်။

ငြိမ်းချမ်းရေးဆိုင်ရာ သမိုင်းဝင် တိုင်းရင်းသားညီလာခံတစ်ခုကို စတင်ရန် ရက်သတ္တနှစ်ပတ်ပင် မလိုတော့သည့် အချိန်တွင် အမျိုးသမီးများ ပါဝင်ဆွေးနွေးခွင့် မရှိဘဲ ထာဝရငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန် မဖြစ်နိုင်ကြောင်း အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများက ပြောကြားလျက်ရှိသည်။

၂ဝ၁၁ မှ ၂ဝ၁၅ ခုနှစ်အထိ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးလာခဲ့သည့် အစိုးရ၏အဓိက ကော်မတီနှစ်ခု ဖြစ်သော အဖွဲ့ဝင် ၅၂ ဦးပါ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ(UPWC)၊ အဖွဲ့ဝင် ၁၁ ဦးပါသော ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ (UPCC) တို့တွင် အမျိုးသမီးနှစ်ဦးသာ ပါဝင်ကြောင်း Alliance for Gender Inclusion in the Peace Process (AGIPP) အဖွဲ့က ထောက်ပြထားသည်။ ထိုနှစ်ဦးသည်လည်း UPWC မှ ဖြစ်သည်။

၎င်းတို့အနက်မှ တစ်ဦးဖြစ်သည့် ကချင်တိုင်းရင်းသူ၊ ရှေ့နေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် မိမိတို့အနေဖြင့် အမည်ခံသာ ပါဝင်ခွင့်ရခဲ့ကြောင်း ဒီဇင်ဘာ ၁၇ ရက်က ပြုလုပ်ခဲ့သည့် အမျိုးသမီးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အခမ်းအနားတစ်ခုတွင် ပြောကြားခဲ့သည်။

“ပါဝင်ခဲ့ရတယ်ဆိုပေမယ့် နာမည်အရပါပဲ။ တကယ်ပါဝင်ခွင့်မရလို့ ပါဝင်ပြောနိုင်ဖို့ တောင်းဆိုခဲ့ရပါတယ်။ ပြောခွင့်ရတော့လည်း ပထမဦးဆုံး ပြောခွင့်ရတဲ့ ပွဲမှာ ငါးမိနစ်အတွင်း ပြီးအောင် ပြောခဲ့ရပါတယ်။ စစ်ရေးဆွေးနွေးနေတဲ့ အချိန်မှာ အမျိုးသမီးမပါဝင်သင့်ဘူးဆိုတာမျိုး မကြာခဏအပြောခံရပါတယ်” ဟု ဒေါ်ဒွဲဘူက ရှင်းပြသည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ ငြိမ်းချမ်းရေးဆွေးနွေးမှုအဖွဲ့တွင်လည်း အမျိုးသမီးနှစ်ဦးတည်းသာ ပါဝင်သည်။ ထိုနှစ်ဦးအနက် တစ်ဦးမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန်ဖြစ်သည်။

ဘက်လိုက်မှုရှိသလား

အောက်တိုဘာ ၁၅ တွင် မြန်မာအစိုးရနှင့် KNU အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့တို့ အကြား တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးမှုကို တခမ်းတနား အကြီးအကျယ် လုပ်ဆောင်ခဲ့သည်။

အစိုးရက အခြားလက်နက်ကိုင်အဖွဲ့ငယ်များ ပါဝင်မည့်အစီအစဉ်ကို လက်မခံခဲ့သောကြောင့် အင်အားကြီး အဖွဲ့များဖြစ်သည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နှင့် ဝပြည် သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) တို့အပါဝင် လက်နက်ကိုင်အဖွဲ့အစည်း ၇ခု ပါဝင် လက်မှတ်ရေးထိုးခဲ့ခြင်း မရှိပေ။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်အား အကောင်အထည်ဖော်ရေးအတွက် ကော်မတီအသစ်သုံးခုကို ထပ်မံဖွဲ့စည်းခဲ့ရာတွင် စုစုပေါင်းအဖွဲ့ဝင် ၉၆ ဦး ရှိလာသည့်အနက်က အမျိုးသမီး ၃ ဦးသာ ပါဝင်ကြောင်း AGIPP က ဖော်ပြသည်။ နိုင်ငံရေးပါတီမှ တစ်ဦး၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ နှစ်ဦး ဖြစ်ပြီး အစိုးရဘက်မှ အမျိုးသမီးတစ်ဦး တစ်ယောက်မှ မပါဝင်ပေ။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးသဘောတူညီချက်သည် အမျိုးသမီးထုပါဝင်မှသာ ညီညွတ်မျှတပြီး ရေရှည် တည်တံ့မည်ဖြစ်ကြောင်း အပစ်ရပ်စာချုပ်တွင် လက်မှတ်ရေးထိုးထားသည့် ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) ၏ အထွေထွေအတွင်းရေးမှူး (၂) ဒေါ်နန်းနွယ်နွယ်က ပြောကြားသည်။

တစ်နိုင်ငံလုံး အပစ်ရပ်ရေး ဆွေးနွေးပွဲများတွင် အမျိုးသား၊ အမျိုးသမီး အရေအတွက် ခွဲဝေသတ်မှတ်ရေး ကြိုးပမ်းမှုများသည်လည်း အောင်မြင်မှုမရှိသေးပေ။ သင့်တင့် လျောက်ပတ်သည့် အမျိုးသမီးကိုယ်စားလှယ် အရေအတွက် ဆွေးနွေးပွဲတွင် ပါဝင်သင့်ကြောင်း လက်ရှိသဘောတူညီချက်တွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ အရေအတွက် တိတိကျကျ သတ်မှတ်ထားမှုမရှိခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးတို့ ပါဝင်ရေးအတွက် အာမခံမှု မရှိသကဲ့သို့ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဥပဒေများအရ လိုက်နာရမည့် တာဝန်များကို ပျက်ကွက်ခြင်းဖြစ်ကြောင်း အမျိုးသမီးအခွင့်အရေးအုပ်စုများက ထောက်ပြကြသည်။

“ကျွန်မတို့က စစ်ပွဲရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေကို ခံစားရသူတွေဖြစ်တာကြောင့် ငြိမ်းချမ်းရေးကို ကျွန်မတို့ရဲ့ အသိစိတ်က တောင့်တပါတယ်။ ဒါကြောင့် အမျိုးသမီးထုရဲ့ အင်အားတွေ၊ အမြင်တွေ၊ ထောက်ခံမှုတွေကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ထည့်သွင်းသင့်ပါတယ်” ဟု ဒီဇင်ဘာ ၁၇ ရက်က ဆွီဒင်သံရုံးနှင့် AGIPP တို့ ပူးတွဲပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် ဒေါ်နန်ရောက ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးစားပွဲဝိုင်းတွင် အမျိုးသမီးပါဝင်ခွင့်နည်းခြင်းက မြန်မာနိုင်ငံတွင် အမျိုးသား ကြီးစိုးမှု အရိုးစွဲနေပြီ ဖြစ်သည့် လက္ခဏာတစ်ခုပင်။ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် အာဏာရပါတီကို မဲအပြတ်အသတ်ဖြင့် အနိုင်ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပင်လျှင် လူကြိုက်များ ထင်ရှားနေသော်လည်း မြန်မာနိုင်ငံ၏ လူမှုနယ်ပယ်သည် ရှေးရိုးဆန်နေဆဲဖြစ်ပြီး အမျိုးသမီးတို့၏ ဦးဆောင်မှု အခန်းကဏ္ဍ အလွန်နည်းနေသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲကြီးကို ၂ဝ၁၆၊ ဇန်နဝါရီ ၁၂ တွင် ကျင်းပမည်ဟု သမ္မတရုံးက ပြီးခဲ့သည့် သီတင်းပတ်တွင် ကြေညာခဲ့သည်။ ထိုပွဲသို့ အစိုးရ၊ လွှတ်တော်၊ စစ်တပ်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် အခြားဖိတ်ကြားထားသူများအပါဝင် စုစုပေါင်း လူ ၇ဝဝ ခန့် တက်ရောက်လိမ့် မည်ဟု သတင်းများတွင် ဖော်ပြထားသည်။

နေရာဖယ်ပေးရတော့မည့် အစိုးရက ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် တွန်းတွန်းတိုက်တိုက် ဆောင်ရွက်နေချိန်တွင် ယင်းဆွေးနွေးပွဲသို့ အမျိုးသမီးအရေအတွက် မည်မျှဖိတ်မည် ဆိုသည်မှာ အမျိုးသမီးအခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူများအတွက် အဓိက အကြောင်းရင်းတစ်ရပ် ဖြစ်နေသည်။

ညီလာခံသို့ အမျိုးသမီး အနည်းငယ်ကိုသာ ဖိတ်ပါက သတ်မှတ်ချက်တစ်ခု ဖြစ်သွားပြီး နောက်နောင်တွင်လည်း အမျိုးသမီးတို့ ပါဝင်ရန် ပိုမိုခက်ခဲသွားမည်ဟု အမျိုးသမီးအခွင့်အရေး အဖွဲ့များက ပြောသည်။

“အစည်းအဝေးရက်က နီးလာပြီ။ ကျွန်မတို့ကို လာမေးရင်တော့ ကျွန်မတို့က ဒီလူ၊ ဒီလူတွေရှိတယ်ဆိုပြီး ပြောပါတယ်။ သူတို့တစ်တွေက အမျိုးသမီးတွေ ပါချင်ပါ့မလား၊ လုပ်ချင်ပါ့မလား၊ အချိန်ပေးနိုင်ပါ့မလား ဆိုတဲ့ မေးခွန်းတွေနဲ့ အကြောင်းပြဖို့ ကြိုးစားနေတယ်။ ဒါမျိုးတွေ ကျွန်မတို့ ကြုံနေရတယ်” ဟု ဒေါ်နန်ရောက ဆိုသည်။

“ဖွဲ့စည်းပြီးသွားတဲ့ ပြည်ထောင်စုအဆင့် ကော်မတီတွေဆီမှာရှိတဲ့ အမျိုးသမီးရာခိုင်နှုန်းအတိုင်းပဲ ဖြစ်လာဖို့ အတိုင်းအတာ အတော်များနေတယ်။ အဲဒါကြောင့် ကျွန်မတို့ဝိုင်းပြီး လုပ်ဖို့ လိုနေတယ်” ဟု ၎င်းကရှင်းပြသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ နောက်တစ်ဆင့်ဖြစ်သည့် နိုင်ငံရေးဆွေးနွေးပွဲတွင် အမျိုးသမီး အနည်းဆုံး ၃ဝ ရာခိုင်နှုန်း ပါဝင်ခွင့်ပြုရန် AGIPP က တိုက်တွန်းထားသည်။ ထိုပမာဏသည် အစပိုင်း အရေအတွက်ဖြစ်ပြီး နောက်ပိုင်းတွင် ပိုမိုပါဝင်ရန် အဆိုပြုထားသည်။

အဖွဲ့ဝင် ၄၈ ဦးပါဝင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲ ပူးတွဲကော်မတီ (UPDJC) ၏ ဒုဥက္ကဋ္ဌ ဦးသုဝေက ညီလာခံတွင် အမျိုးသမီးကိုယ်စားလှယ်အရေအတွက် ၃ဝ ရာခိုင်နှုန်း ပါဝင်ရေးအဆိုကို လက်ခံကြောင်း သတင်းဌာနတစ်ခုသို့ ဒီဇင်ဘာ ၂ဝ တွင် ပြောကြားခဲ့သည်။

“အမျိုးသမီးပါဝင်မှု ၃ဝရာခိုင်နှုန်းရှိအောင် ကြိုးစားပါလို့ပါတယ်။ ပါကိုပါရမယ်လို့တော့ မဟုတ်ဘူး။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေဖြစ်တဲ့ အစိုးရဘက်ကရော၊ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေဘက်ကရော အဆိုပြုတာက အမျိုးသမီးတွေကို ၃ဝရာခိုင်နှုန်းလောက်ပါအောင် ထည့်ပေးပါပေါ့၊ ဒါပေမဲ့ ထည့်ပေးနိုင်သလောက်တော့ ပါမှာပါ။ တကယ်အရည်အချင်းရှိတဲ့ အမျိုးသမီးတွေရှိတယ်ဆိုရင်တော့ ထည့်ပေးမှာပေါ့” ဟု ၎င်းကဆိုသည်။

သို့သော် AGIPP တည်ထောင်သူတစ်ဦးတွင် ပါဝင်သူ ဒေါ်နန်ရော်က စွမ်းဆောင်နိုင်မှုအပေါ် သတ်မှတ်ဆုံးဖြတ်ချက်သည် လက်တွေ့အဆင်မပြေကြောင်း ရှင်းပြသည်။

“အရည်အချင်းရှိတယ်ဆိုတာ ဘာကိုကြည့်ပြီး သတ်မှတ်မှာလဲ။ ဘွဲ့တွေဘာတွေ ကြည့်မှာလား။ နိုင်ငံရေးမှာ ဘယ်နှနှစ် လုပ်ဖူးမှလား။ ဒီအစည်းအဝေးမှာ ဆွေးနွေးမယ့် အကြောင်းအရာတွေနဲ့ ရင်းနှီးမှုရှိတာကို ပြောတာလား” ဟု ဒေါ်နန်ရော်က Myanmar Now သို့ ပြောကြားသည်။

ယောက်ျားတို့ ကြီးစိုးရာ

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပါဝင်ခွင့်နည်းခြင်းသည် မြန်မာနိုင်ငံအတွင်း အမျိုးသမီးများ၏ လုံခြုံစိတ်ချရမှုမရှိသည့် အခြေအနေကို ပြနေခြင်းဖြစ်ကြောင်း AGIPP က ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ လူမှုအသိုင်းအဝိုင်းတွင် အမျိုးသမီးများ၏ ပါဝင်နိုင်မှုသည် အကန့်အသတ်နှင့်သာ ရှိနေသေးသည်။ အမျိုးသမီးနိုင်ငံရေးသမားများ လှောင်ပြောင်သရော်ခံရမှု၊ ခြိမ်းခြောက်ခံရမှု၊ နှောက်ယှက်ခံရမှု၊ အမျိုးသမီးများသည် နိုင်ငံရေးနှင့် မသက်ဆိုင်ဟု လက်ခံထားသည့် ခင်ပွန်းနှင့် မိသားစုများရှိနေသည့်အပြင် အခြားနိုင်ငံရေးသမားများနှင့် မီဒီယာတို့၏ ပုဂ္ဂိုလ်ရေးအရ အပုပ်ချ တိုက်ခိုက်မှုများကို ကြုံတွေ့ရသည်။

ပြည်ထောင်စုအဆင့်တွင် အမျိုးသမီးဝန်ကြီးနှစ်ဦးသာ ရှိနေသည်။ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် အရေအတွက် ကိုယ်စားလှယ်အားလုံး၏ ၅ ရာခိုင်နှုန်းသာ ဖြစ်သော်လည်း ဇန်နဝါရီလကုန်တွင် စတင်မည့် လွှတ်တော်အတွင်း ၁၂ ရာခိုင်နှုန်းသို့ ရောက်ရှိလာမည်ဖြစ်သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အမျိုးသမီး မပါဝင်ရန် မကြာခဏပြောလေ့ရှိခြင်းသည် မြန်မာနိုင်ငံတွင် အမျိုးသမီးတို့ကို ခွဲခြားဆက်ဆံခြင်းဖြစ်ကြောင်း UPWC အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက မှတ်ချက်ချသည်။

“အမျိုးသားတွေက အမြဲပြောတယ်၊ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ နေရာတွေက လမ်းမကောင်းဘူး၊ အမျိုးသမီးတွေ အနေနဲ့ သွားဖို့ မသင့်တော်ဘူး၊ ခက်တယ် ဆိုတာတွေ။ ကျွန်မက ပြောပါတယ်၊ ကျွန်မရဲ့ မဲဆန္ဒနယ်က ဝေးလံ ခေါင်ဖျားပြီး ခက်ခဲပါတယ်၊ ဒါပေမယ့် ကျွန်မသွားနေကျပါလို့” ဟု ဒေါ်ဒွဲဘူက မကြာသေးမီက ပြောခဲ့သည်။

“ ခေါ်နေတာကိုမစောင့်နဲ့။ ကိုယ်ကိုယ်တိုင် တိုက်တိုက်တွန်းတွန်း တောင်းဆိုရပါမယ်” ဟု ဒေါ်ဒွဲဘူက အမျိုးသမီးနိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများကို အကြံပေးလိုက်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading