အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ဟု KIA ပြော

အပစ်ရပ်ထားမည်ဟု ကြေညာထားသော်လည်း စစ်တပ်က စစ်ရေးလှုပ်ရှားမှုများ ဆက်လုပ်နေ၍ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏  ပြန်ကြားရေးတာဝန်ခံက ပြောသည်။ 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရန်အပါအဝင် အခြားကိစ္စများကြောင့် စစ်ကောင်စီက စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ဧပြီ ၁ မှ ၃၀ အထိ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ယမန်နေ့ မတ် ၃၁ ရက်စွဲဖြင့် ကြေညာထားသည်။

ထို့သို့ ကြေညာထားသော်လည်း စစ်တပ်က အင်အားဖြည့်တင်းမှုများနှင့် စစ်ရေးလှုပ်ရှားမှုများ ကချင်ပြည်နယ်အတွင်း ရှိနေသည့်အတွက် တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်သည်ဟု KIA ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

“ဘယ်လောက်ပဲသတင်းထုတ်ပြန်ပြန် သူတို့က (စစ်ကောင်စီ) စစ်ဆင်ရေးကတော့ ခါတိုင်းလိုပဲ လုပ်တာကို ကျွန်တော်တို့ တွေ့ရပါတယ်။ အပစ်အခတ်ရပ်စဲရေး သတင်းထုတ်ပြန်ပြီးမှ စစ်ဆင်ရေးလုပ်တာကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း ခဏခဏကြုံရတာတွေရှိပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်တပ်နှင့် KIA တို့ မတ်လမှစ၍ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပြီး စစ်ကောင်စီကလည်း လက်နက်ကြီးများနှင့် နေရာအနှံ့ပစ်ခတ်မှုများ ပြုလုပ်နေသည်။

ယမန်နေ့ မတ် ၃၁ ရက်က မိုးညှင်းမြို့နယ်အတွင်း စစ်ကောင်စီလက်နက်ကိုင်များ၏ ယာဉ်တန်းကို KIA က ကြားဖြတ်တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီလက်နက်ကိုင်အဖွဲ့ဝင် အနည်းဆုံးအယောက် ၂၀ သေဆုံးပြီး စစ်ကား ၄ စီးပျက်စီးသွားကြောင်း သတင်းဌာနတချို့တွင် ဖော်ပြသည်။

စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်သည့်သတင်းအား ဆိုရှယ်မီဒီယာများတွင် တွေ့ရသော်လည်း မြေပြင်သတင်းများ မရရှိသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ဆိုရှယ်မီဒီယာက သတင်းတွေပဲ ကြားပါတယ်။ တပ်ပိုင်းဆိုင်ရာ အောက်ခြေက သတင်းတွေက အတည်ပြုနိုင်တဲ့ သတင်းတွေတက်တာ မတွေ့ရပါဘူး။ အခက်အခဲရှိတာကတော့ အောက်ခြေကိုဆက်သွယ်ဖို့ ဖုန်းလိုင်းတွေလည်း အခက်အခဲရှိတယ်။ သိတဲ့အတိုင်း ကျွန်တော်တို့က တရုတ်ပြည်ဘက်က ဖုန်းလိုင်းတွေသုံးတော့ ဗမာပြည်ဘက်က ဖုန်းလိုင်းတွေကို ဆက်သွယ်ဖို့အခက်အခဲရှိတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

မိုးညှင်းတိုက်ပွဲနှင့် တစ်ရက်တည်းပင် ကချင်ပြည်နယ်၊ ရွေကူမြို့နယ် ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှ ကျောက်ကြီးအမည်ရှိ ရဲစခန်းတစ်ခုကို KIA ၏ တပ်မဟာ ၈ လက်အောက်ခံ တပ်ရင်း ၅ က ဝင်ရောက်သိမ်းပိုက်ခဲ့သည်။

ဖေဖော်ဝါရီလမှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ် မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ ဝိုင်းမော်၊ ဒေါ့ဖုန်းယန်နှင့် ဆဒုံးမြို့နယ်တို့တွင် စစ်ကောင်စီလက်နက်ကိုင်များနှင့် KIA တို့အကြား တိုက်ပွဲ ၁၅ ကြိမ်ခန့် ဖြစ်ပွားခဲ့သည်။

KIA သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင်တိုင်းရင်းသားများနေထိုင်သည့် ဒေသများတွင် အခြေစိုက်လှုပ်ရှားလျက်ရှိသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button