မွတ်စလင်တို့ကို ပစ်မှတ်ထားသည့်ဥပဒေ ဗုဒ္ဓဘာသာဝင်များကို ထိမှန်

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် တွေ့ရသည့် မိသားစုတစ်စု  (ဓာတ်ပုံ - Myanmar Now/ Hkun Latt)
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် တွေ့ရသည့် မိသားစုတစ်စု (ဓာတ်ပုံ - Myanmar Now/ Hkun Latt)

ရန်ကုန် − အေးအေး၏ ခင်ပွန်းဖြစ်သူက ဖုန်းမှတဆင့် ပေးပို့သည့် စာတိုလေးတစ်ကြောင်းတည်းဖြင့် သူတို့နှစ်ဦးကြား ဆက်ဆံရေးကို အဆုံးသတ်သွားခဲ့သည်။ “ငါ နင်နဲ့ ဆက်ပြီး မပေါင်းချင်တော့ဘူး။ အခုတွေ့ထားတဲ့ တစ်ယောက်က နင့်ထက်သာ လို့လိုက်သွားတာ ဆိုပြီး စာပို့လိုက်တယ်။ ကျွန်မဘက်က ဘာဆက်လုပ်လို့ ရတော့မှာလဲ” ဟု ရှေ့မှ စားပွဲခုံ မျက်နှာပြင်ကို ကြည့်ရင်း အေးအေးက ပြောသည်။

အမည်ရင်းကို မဖော်ပြလိုသော အသက် ၂၆ နှစ်အရွယ် အေးအေး၏ ဘဝ ပြိုလဲသွားခဲ့ရသည်။ သူတို့နှစ်ဦး သူငယ်ချင်းဘဝဖြင့် ၁ဝ နှစ် နေပြီးနောက် အိမ်ထောင်သည်ဘဝဖြင့် ၂ နှစ် ကြာမြင့်ခဲ့ကြသည်။ သူ့လက်တွဲဖော်အမျိုးသားက လွန်ခဲ့သည့် လအနည်းငယ်က Viber မှတစ်ဆင့် သိခဲ့သည့် အမျိုးသမီး တစ်ဦးနောက်သို့ ပါသွားပြီဖြစ်သည်။

“မကွဲချင်ဘူးပေါ့။ လူပုံအလယ်မှာ တစ်ခုလပ်ဆိုတဲ့ နာမည်ဆို မကောင်းဘူးလေ။ အိမ်ထောင်ရေးကို တည်မြဲအောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်” ဟု ပြောစဉ် သူ့မျက်လုံးနှစ်ဖက်တွင် မျက်ရည်များဝဲနေသည်။

မိသားစုက အေးအေးတစ်ဦးတည်းပေါ်တွင် အားထားနေရပြီး စျေးထဲတွင် ကုန်စိမ်းရောင်းရသည့် ဝင်ငွေဖြင့် သူ့အမျိုးသားအတွက် ဆိုင်ကယ်၊ မိုဘိုင်းဖုန်း၊ ရွှေဆွဲကြိုး တို့ကိုလည်း ဝယ်ပေးထားခဲ့ပြီး ယင်းပစ္စည်းအားလုံးကို ယခုတော့ သူ့အမျိုးသားက ယူသွားပြီဖြစ်သည်။

သူရပ်ကွက်ရုံးသို့ သွားသည်။ ရပ်ကွက်လူကြီးအားလုံးက အမျိုးသားများဖြစ်သည်။ သူတို့ တာဝန်ယူဖြေရှင်းပေးရသည့် ပြဿနာများတွင် ရပ်ကွက်အတွင်းမှ လူမှုရေး ပြဿနာများလည်း ပါဝင်သည်။

“သူတို့က ဘာမှ လုပ်မပေးနိုင်ဘူးလို့ ပြောပါတယ်။ အများဖြစ်နေတဲ့ကိစ္စ တဲ့။ အဲဒီစကားကို အတော်ခံပြင်းတယ်” ဟု ခန္ဓာကိုယ် ပိန်ပိန်သေးသေး၊ ဆံပင်ရှည်ရှည်၊ ပါးနှစ်ဖက်ပေါ်တွင် သနပ်ခါးပါးကွက်ကြား လိမ်းထားသည့် အေးအေးက ပြောသည်။

သူ၏ ဒုက္ခကို အိမ်နီးချင်းများကလည်း ဘာမှ မကူညီနိုင်ခဲ့ဘဲ မိမိလင်ကို ထိန်းမထားနိုင်သည့် သူ့အပေါ်သာ လှောင်ပြောင်ကဲ့ရဲ့ကြကြောင်း ပြောသည်။

အမျိုးသားများကြီးစိုးထားပြီး ရှေးရိုးစွဲဆန်သည့် ဓလေ့ထုံးစံများအကြား စာနာမှုကင်းမဲ့သော အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံပြောဆိုရသည့်အခါ အေးအေးကဲ့သို့ပင် မြန်မာနိုင်ငံမှ အမျိုးသမီးများသည် အိမ်ထောင်ရေး ဖောက်ပြန်မှု၊ အိမ်ထောင်ရေးပြဿနာတို့တွင် တရားစွဲဆိုနိုင်သည့် အငြင်းပွားဖွယ်ရာ ‘တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ’ အပေါ် အားကိုးလာကြောင်း တွေ့ရှိလာရသည်။ အဆိုပါ ဥပဒေအရ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်ပြီး အာမခံလည်း မလျှောက်ထားနိုင်ပေ။

“ဒီလိုဥပဒေမျိုးတွေရှိတာ ကောင်းပါတယ်။ ဒီဥပဒေပြဋ္ဌာန်းတာ နောက်တောင်ကျတယ်လို့ ပြောရမယ်” ဟု  သူက ဆက်ပြောပါသည်။ အေးအေးကို ခင်ပွန်းသည်က မတ်လအတွင်း ပစ်ထားခဲ့ပြီး ယခုဥပဒေကို စက်တင်ဘာ ၁ ရက်နေ့က ပြဌာန်းလိုက်ခြင်းဖြစ်သောကြောင့် ပြန်လည်တရားစွဲရန် မဖြစ်နိုင်ကြောင်း ပညာရှင်များက ပြောသော်လည်း အေးအေးက ပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခုရှာနေကြောင်း ပြောသည်။

“ကျွန်မက တိုင်မှာ။ ဒီအတိုင်းတော့ မထားဘူး” ဟု အံကြိတ်ရင်း ပြောသည်။

မြန်မာနိုင်ငံနှင့် အမျိုးသမီးများသည် အစ္စလမ်ဘာသာ၏ ခြိမ်းခြောက်မှုကို ကြုံတွေ့နေရကြောင်း ပြောဆိုနေသည့် အမျိုးသားရေးဝါဒီရဟန်းများက ဦးဆောင်တိုက်တွန်းပြီးနောက် ပြဌာန်းခဲ့သော မျိုးစောင့် ဥပဒေလေးခုအနက် ‘တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ’သည် အတိုဆုံးဖြစ်ပြီး နောက်ဆုံးမှအတည်ပြုခဲ့သောသော ဥပဒေ ဖြစ်သည်။ အဆိုပါ ဥပဒေသည် မူလ ရည်ရွယ်ထားသည့်အတိုင်း မဖြစ်ခဲ့။

အဆိုပါ ဥပဒေများ ပြဋ္ဌာန်းပြီးနောက်ပိုင်း စက်တင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၇ ရက်အထိ ‘တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ’ဖြင့် တရားစွဲဆိုမှုမှာ ရန်ကုန်တိုင်းဒေသကြီး တစ်ခုတည်း၌ပင်လျှင် ၂၉ မှုအထိ ရှိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရှိရသည်။ တရားစွဲဆိုခံရသူအများစုသည်လည်း ဗုဒ္ဓဘာသာဝင် အမျိုးသားများသာဖြစ်ပြီး အမျိုးသမီး သုံးဦး ပါဝင်သည်။

ယုန်ထောင်ကြောင်မိ

ဗြိတိသျှအစိုးရလက်ထက် ၁၉ ရာစုအတွင်းက စတင်ကျင့်သုံးခဲ့သည့် လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ ကွာရှင်းပြတ်စဲခွင့် ဥပဒေ အစရှိသည့် ဥပဒေများသည် ခေတ်နှင့်လိုက်လျော ညီထွေမှု မရှိတော့ကြောင်း၊ ရှင်းလင်းမှု မရှိကြောင်းနှင့် ထိရောက်မှု မရှိတော့ကြောင်း အမျိုးသမီးအခွင့်အရေး ဆိုင်ရာအဖွဲ့များက ပြောကြားလျက်ရှိသည်။ ကြီးလေးသည့် ရာဇဝတ်မှုများကို ကာကွယ်နှိမ်နှင်းရန် ကိုလိုနီခေတ်က ပြဌာန်းခဲ့သည့် မြန်မာနိုင်ငံ ရာဇသတ်ကြီးဥပဒေအရ လင်ပြိုင်မယားပြိုင်စနစ်ကို တားမြစ်သည့် ဥပဒေ ရှိပြီးဖြစ်သော်လည်း အိမ်ထောင်ရေးဖောက်ပြန်မှုနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပာယ်သတ်မှတ်ထားခြင်းမရှိဘဲ အမျိုးသားတစ်ဦးသည် အိမ်ထောင်ရှိသည့်အခြား အမျိုးသမီးတစ်ဦးနှင့် ဖောက်ပြန်ပါက ပြစ်မှုမြောက်ကြောင်းသာ ပြဋ္ဌာန်းထားသည်။

သို့သော် မျိုးစောင့်ဥပဒေလေးခု ပြဋ္ဌာန်းလိုက်ခြင်းသည် မှန်ကန်သည့် အဖြေတစ်ရပ်မဟုတ်ဘဲ ဗုဒ္ဓဘာသာဝင်များ အားကောင်းသည့် မြန်မာနိုင်ငံတွင် မွတ်စလင်များကို ခွဲခြားနှိပ်ကွပ်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း လူ့အခွင့်အရေးသမားများက ထောက်ပြကြသည်။

ယင်းဥပဒေများကို လွှတ်တော်အတွင်း မြန်မြန်ဆန်ဆန် ဆွေးနွေးအတည်ပြု ပြဋ္ဌာန်းခဲ့ပြီး သမ္မတဦးသိန်းစိန်က လက်မှတ် ရေးထိုးခဲ့သည်။ မဘသ (ခေါ်) အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကို ဝေဖန်သူများအနေဖြင့် ခြိမ်းခြောက်မှုများကို ကြုံတွေ့ရမည်ဖြစ်သည်။

မျှော်လင့်မထားသည့် နောက်ဆက်တွဲများ ဖြစ်ပေါ်နေပြီဖြစ်သော အဆိုပါဥပဒေ လေးခုကို ၂ဝ၁၆ ခုနှစ်တွင် တက်လာမည့် အစိုးရအနေဖြင့် ကျင့်သုံးရတော့မည်ဖြစ်သည်။

‘တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ’သည် “အိမ်ထောင့်သစ္စာခိုင်မြဲရေး၊ မယားအများအပြားယူ၍ လူဦးရေစုဆောင်းကာ မူဆလင်နိုင်ငံတည်ထောင်ရန် ကြံစည်အားထုတ်နေသော ဂျီဟဒ်ဝါဒီ မူဆလင်များ၏ အန္တရာယ်ကာကွယ်ရေးနှင့် အမျိုးသမီးများ မယားပြိုင်ဒုက္ခ ကင်းဝေးရေးတို့ကို ရှေးရှုရည်ရွယ်သည်” ဟု မဘသအဖွဲ့၏ ဦးဆောင်ဆရာတော် ဦးဝီရသူက ၎င်းတို့အဖွဲ့မှ ထုတ်ဝေသော ဂျာနယ်ဖြစ်သည့် အတုမရှိဂျာနယ်တွင် မကြာသေးမီက ရေးသားထားသည်။

သို့သော် ‘တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ’ဖြင့် တရားစွဲခံထားရသူ  အများစုသည် ဗုဒ္ဓဘာသာဝင်များဖြစ်သောကြောင့် မြန်မာလူမှုမီဒီယာများတွင် အဆိုပါဥပဒေ များကို ‘ယုန်ထောင်ကြောင်မိ’ ဆိုသည့် စကားပုံဖြင့် ခိုင်းနှိုင်းရေးသားကြသည်။

နိုင်ငံရေးလှုံ့ဆော်မှု ပါနေသလား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်အမတ်များက မျိုးစောင့်ဥပဒေ လေးရပ်ကို လွှတ်တော်တွင်း ဆွေးနွေးစဉ်က ကန့်ကွက်ခဲ့သောကြောင့် ၎င်းတို့ပါတီကို မဲမပေးရန် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ အကြိုကာလအတွင်း မဘသအဖွဲ့က တိုက်တွန်းနှိုးဆော်ခဲ့သည်။ ရွေးကောက်ပွဲတွင် NLD  အနိုင်ရပြီးနောက်ပိုင်းတွင်လည်း အဆိုပါ ဥပဒေများကို ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း မလုပ်ဆောင်ရန် မဘသက သတိပေးခဲ့သည်။

ဒေါ်ဖြူဖြူသင်းသည် ယင်းဥပဒေများအား ကန့်ကွက်ခဲ့သည့် NLD မှ ပြည်သူ့လွှတ်တော် အမတ်တစ်ဦးဖြစ်သည်။

“ဒီဥပဒေက တကယ်လုပ်ချင်တာကတစ်မျိုး၊ ထိတာကတစ်မျိုး လို့ အခုပြောနေကြပြီ။ ဥပဒေတွေဆိုတာ တစ်သမတ်တည်းရှိပြီး လူ့အခွင့်အရေးကို ချိုးဖောက်လို့ မဖြစ်ပါဘူး” ဟု ပြောသည်။

“ဒီဥပဒေတွေဟာ အမျိုးသမီးတွေကို ခုတုံးလုပ်ပြီး နိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်တယ်လို့ထင်တယ်ပေါ့နော်” ဟု ဒေါ်ဖြူဖြူသင်းက ပြောသည်။

‘တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ’သည် မြန်မာနိုင်ငံတွင် နေထိုင်သူအားလုံးနှင့်လည်းကောင်း၊ မြန်မာနိုင်ငံပြင်ပတွင်နေထိုင်သော နိုင်ငံသားနှင့်လည်းကောင်း၊ မြန်မာနိုင်ငံတွင် နေထိုင်စဉ် နိုင်ငံသားနှင့် ထိမ်းမြားသော နိုင်ငံခြားသားနှင့်လည်းကောင်း သက်ဆိုင်သည်။

အိမ်ထောင်ရေးပြစ်မှုကျူးလွန်သူသည် နှစ်ဦးပိုင်ပစ္စည်းနှင့် စပ်လျဉ်း၍ ၎င်း၏အခွင့်အရေးများ ဆုံးရှုံးမည့်အပြင် ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူသည် ၇ နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ခံရမည့်အပြင် ငွေဒဏ်လည်း ချမှတ်ခံရနိုင်သည်။

ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များအပေါ် ထိပါးခြင်း

နည်းဥပဒေများ မထုတ်ပြန်ခင်ကပင် ယင်းဥပဒေများဖြင့် တရားစွဲဆိုမှုများ ရှိနေပြီဖြစ်ကြောင်း ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

“တကယ်ဆိုရင် ဥပဒေတစ်ရပ် စတင်သက်ရောက်မှုမရှိခင် နည်းဥပဒေထွက်ပေါ်ဖို့ လိုအပ်ပါတယ်။ နည်းဥပဒေတွေ မထွက်သေးပါဘူး။ ဒါပေမဲ့ ကျင့်သုံးနေပါတယ်။ အဲဒါ ခက်တယ်။ ထူးခြားတဲ့ကွာခြားမှုဖြစ်နေတယ်” ဟု Myanmar Now နှင့်ပြုလုပ်သည့် တယ်လီဖုန်းအင်တာဗျူးတွင် ဦးရောဘတ်စန်းအောင်က ပြောသည်။

အိမ်ထောင်ရေးဖောက်ပြန်မှုသည် ရာဇဝတ်မှု ပုံစံမျိုး ကိုင်တွယ်ရမည့် ပြဿနာ မဟုတ်ဟု လူ့အခွင့်အရေးအဖွဲ့များက  ထောက်ပြပြီး အစိုးရအနေဖြင့် လူမှုရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်မှု လုပ်ဆောင်နေခြင်းကိုလည်း မေးခွန်းထုတ်လိုက်သည်။

“ကျွန်မတစ်ဦးတည်း အနေနဲ့ကတော့ တစ်လင်တစ်မယားစနစ်ကို ထောက်ခံပါတယ်။ ဒါပေမယ့် အိမ်ထောင်ရေးဖောက်ပြန်မှု ပြဿနာကတော့ ကျွန်မတို့ နိုင်ငံ၊ ကျွန်မတို့ခေတ်မှ မဟုတ်ဘူး၊ နိုင်ငံတိုင်း၊ ယဉ်ကျေးမှုတိုင်း၊ လူမျိုးတိုင်း၊ ဘာသာတိုင်းမှာ ရှိပါတယ်” ဟု Gender Equality Network (GEN) မှ ဒါရိုက်တာ ဒေါ်မေစပယ်ဖြူက ပြောကြားသည်။

“အဲဒါက ကျွန်မတို့လူတစ်ဦးတစ်ယောက်ခြင်းစီရဲ့ ရွေးချယ်မှုနဲ့အကျင့်စာရိတ္တ၊ သူတို့ရဲ့လူမှုရေးဆိုင်ရာထိန်းသိမ်းမှုအပေါ်မှာ ဘယ်လောက်လိုက်နာမှုရှိတယ်ဆိုတာနဲ့ပဲ ဆိုင်တာပါ။ ဒါကို ဥပဒေနဲ့ကန့်သတ်တာ၊ ပိတ်ပင်တာ အဓိပ္ပာယ်မရှိတာ”

အိမ်ထောင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အရွယ်ရောက်သူအချင်းချင်း နှစ်ဦးသဘောတူ လိင်ဆက်ဆံခြင်းအပေါ် ရာဇဝတ်မှုအဖြစ် သတ်မှတ်ခြင်းသည် ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်ကို ချိုးဖောက်ရာ ရောက်ကြောင်း Human Rights Watch လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောကြားထားသည်။

အမျိုးသမီးများအား ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့တစ်ဖွဲ့က အိမ်ထောင်ရေးဖောက်ပြန်မှုကို ရာဇဝတ်မှုအဖြစ် မသတ်မှတ်သင့်ကြောင်း ၂ဝ၁၂ ခုနှစ်တွင် ပြောကြား ခဲ့သည်။

ကာကွယ်ခြင်း

‘ယောက်ျားကောင်း မောင်းမတစ်ထောင်’ ၊ ‘သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနား’ ဆိုသည့် ဆိုရိုးများဖြင့် ယောက်ျားများက အထက်စီးယူထားသော လူအဖွဲ့အစည်းတွင် အေးအေးကဲ့သို့သော အမျိုးသမီးများအတွက် ပိုမိုကာကွယ်မှုပေးနိုင်သည့် ဥပဒေ လိုအပ်နေသည်။

မိမိ၏အိမ်ထောင်ဖက်အပေါ် သစ္စာစောင့်သိရခြင်းသည် ဗုဒ္ဓဘာသာဝင်တို့ လိုက်နာကျင့်သုံးရမည့် ငါးပါး သီလတွင် တစ်ပါး အပါအဝင်ဖြစ်သည်။ သို့သော် အဆိုပါကျင့်ဝတ်ကို လိုက်နာရန် မြန်မာအမျိုးသားတချို့ ပျက်ကွက်လျက်ရှိသည်။ မြန်မာနိုင်ငံအနောက်ပိုင်းဒေသမှ အသက် ၄၈ နှစ် အရွယ် ခင် ဆိုသူ အမျိုးသမီးကြီး ထိမ်းမြားခဲ့သူမှာ အိမ်ထောင်သက် ၇ နှစ်အကြာတွင် သူ့ကို စွန့်ခွာသွားပြီး အခြားအမျိုးသမီးတစ်ဦးကို လက်ထပ်သွားရာ − ခင်သိချိန်တွင် အဆိုပါ အမျိုးသမီးတွင် ကိုယ်ဝန်ပင်ရနေပြီဖြစ်သည်။

“ကျွန်မယောက်ျားက သူ့ညီအစ်ကို ဝမ်းကွဲတွေ၊ ဦးလေး၊ ဘကြီးတွေဆီကနေ အတုယူတာလေ။ သူတို့က လမ်းပြခဲ့ကြတာ” ဟု ပြောသည်။

ကွာရှင်းပြတ်စဲရန် သဘောတူပြီးမှ ‘တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ’အကြောင်းကို သူသိရသည်။ ယင်းဥပဒေ စတင်အသက်ဝင်သည့် ရက်မတိုင်မီကပင် ခင်ပွန်းသည်က သူ့ကိုစွန့်ခွာသွားသောကြောင့် ယင်းဥပဒေဖြင့် တရားစွဲနိုင်မည်မဟုတ်ပေ။

“ရရင်  အကုန်လုံးကို နမူနာအနေနဲ့ ထောင်ချပစ်ချင်တယ်” ဟု ခင်က ပြောလိုက်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading