ပြည်ခိုင်ဖြိုး အောင်ပွဲခံသွားသော မိတ္ထီလာ

ရွေးကောက်ပွဲနေ့ ညနေပိုင်းက မိတ္ထီလာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် တွေ့ရသော မဲရေတွက်မှု မြင်ကွင်း (ဓာတ်ပုံများ - ဖြိုးသီဟချို/Myanmar Now)
ရွေးကောက်ပွဲနေ့ ညနေပိုင်းက မိတ္ထီလာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် တွေ့ရသော မဲရေတွက်မှု မြင်ကွင်း (ဓာတ်ပုံများ - ဖြိုးသီဟချို/Myanmar Now)

မိတ္ထီလာ - ရွေးကောက်ပွဲညသန်းခေါင်ယံတွင် မိတ္ထီလာမြို့ ကိုလိုနီခေတ်လက်ကျန် အဆောက်အဦတစ်ခု၏ အပေါ်ထပ် အခန်းငယ်ထဲတွင် နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်များ၊ အကဲခတ်များက မဲလက်မှတ် စစ်ဆေးရေတွက်နေသော မဲရုံအရာရှိတစ်ဦး၏ လှုပ်ရှားမှုများကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

မဲရုံအရာရှိက အဝါရောင်မဲလက်မှတ်များကို တစ်ခုပြီးတစ်ခု ကောက်ယူကာ “ဒေါက်တာ မောင်သင်း၊ ဒေါက်တာ မောင်သင်း” ဟူသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတစ်ဦး၏ အမည်ကို စက္ကန့်မလပ် ကြေညာသံက ခပ်ကျဉ်းကျဉ်း အခန်းငယ်ထဲတွင် အချက်ကျကျ ပေါ်ထွက်နေသည်။

အခန်းတွင်း ရောက်ရှိနေသူများထဲတွင် မိတ္ထီလာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်း၏ အဓိကပြိုင်ဘက် ဒေါက်တာ ဝင်းစိုးဦးလည်း ပါဝင်သည်။

“ ဒီရလဒ်က ကျွန်တော့်ကို လုံးဝ မှင်သက်မိစေတယ်ဗျာ။ လုံးဝ ထင်မထားဘူး” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဒေါက်တာ ဝင်းစိုးဦးက မျှော်လင့်မထားသော ရှုံးနိမ့်မှုကြောင့် မခံမရပ်နိုင်ဖြစ်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။

ဒေါက်တာမောင်သင်း ရရှိသော ခိုင်လုံမဲ ပမာဏက ၉၆,၃၁၄။

NLD ဒေါက်တာဝင်းစိုးဦး ရသော ပမာဏက ၅၉,၂၇၇ ဖြစ်သည်။

မိတ္ထီလာတွင် ပြည်သူ့လွှတ်တော်အတွက်သာမက အခြားလွှတ်တော်များအတွက်ပါ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်များ နိုင်သွားပြီ ဟူသော ရလဒ်က မဲလက်မှတ် ရေတွက်မှု စောင့်ကြည့်သူများထံမှ ထွက်လာသည်။

ပြည်ခိုင်ဖြိုးပါတီက မြန်မာနိုင်ငံအနှံ့အပြားတွင် NLD ကို အကြီးအကျယ် ရှုံးနေသော်လည်း မိတ္ထီလာမဲဆန္ဒနယ်များတွင်တော့ ပြည်ခိုင်ဖြိုးက အပြတ်အသတ် အနိုင်ရသွားခြင်း ဖြစ်သည်။

ရွေးကောက်ပွဲနေ့နှင့် မတိုင်မီနေ့များက မိတ္ထီလာမြို့ပေါ်တွင် မဲပေးရန် တက်ကြွနေသည့် မြို့ခံတို့၏ စကားဝိုင်းများတွင် ရွေးကောက်ပွဲအလွန် နိုင်ငံရေး မျှော်လင့်ချက်က နေရာယူထားကြသည်။

ရွေးကောက်ပွဲအပြီးနောက်တစ်နေ့ ရလဒ်များ အကြမ်းဖျဉ်း သိရှိပြီးချိန်တွင်တော့ သူတို့၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှု အရိပ်အယောင်များ ပျောက်ကွယ်သွားသည်။

အရှေ့ဆည်ကုန်းကျေးရွာမှ ဦးမောင်မောင်ဌေးက သူနှင့် သူတို့ရွာသားအများစု မဲထည့်ခဲ့ကြသည့် NLD ရှုံးသွားသည့်အတွက် များစွာအရှက်ရမိသည်ဟု ဆိုသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိတ္ထီလာသည် ၂ဝ၁၃ နှစ်ဆန်းပိုင်းက ဘာသာရေးအဓိကရုဏ်း အကြီးအကျယ် ဖြစ်ပွားခဲ့ရာဒေသ ဖြစ်သောကြောင့် ရွေးကောက်ပွဲကာလတွင် လေ့လာစောင့်ကြည့်သူတို့၏ စိုးရိမ်တကြီး အာရုံစိုက်စရာ ဒေသတစ်ခု ဖြစ်လာသည်။

ထိုအဓိကရုဏ်းကြောင့် ၄၄ ဦး သေဆုံးခဲ့ကြောင်း အစိုးရ ထုတ်ပြန်ခဲ့သည့် သတင်းများအရ သိရသည်။ အိမ်ခြေ ၁,ဝဝဝ ခန့် ပျက်စီးဆုံးရှုံးခဲ့သည်ဟု ဆိုသည်။ မြို့ခံ တချို့ကတော့ ထိုအရေအတွက်ထက် နှစ်ဆကျော် သေဆုံးသည်ဟု ခန့်မှန်းကြသည်။

မဘသ လှုပ်ရှားမှု

မိတ္ထီလာသည် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) လှုပ်ရှားမှုများ အားကောင်းသည့် ဒေသများထဲတွင် ပါဝင်သည်။

ရွေးကောက်ပွဲမတိုင်ခင် ပေါ်ပေါက်လာသည့် အငြင်းပွားဖွယ် မျိုးစောင့်ဥပဒေများကို ကန့်ကွက်သည့် NLD ပါတီသည် မဘသအဖွဲ့နှင့် ဆန့်ကျင်ဘက် ဖြစ်လာမှုကလည်း မဲဆွယ်ပွဲများတွင် ထင်ဟပ်ခဲ့သည်။

မိတ္ထီလာတွင်လည်း မဘသ၏ တရားပွဲများကို ရွေးကောက်ပွဲမတိုင်ခင် ရက်ပိုင်းအလိုအထိ ကျင်းပပြီး အမျိုးစောင့်ဥပဒေ မထောက်ခံသည့်ပါတီကို မဲမထည့်ရန် ဟောပြောပြီး စာရွက်စာတန်းများ ဖြန့်ဝေသည်ဟု မိတ္ထီလာခရိုင် ဘာသာပေါင်းစုံချစ်ကြည်ရေးကွန်ရက် ပြန်ကြားရေးတာဝန်ခံ ဦးအောင်သိန်းက ပြောသည်။

“ထုံးစံအတိုင်းပေါ့ဗျာ၊ မျိုးစောင့်ဥပဒေကိုကန့်ကွက်တဲ့ပါတီကို မဲထည့်ရင် ကုလားပြည်ဖြစ်မယ်၊ ဗုဒ္ဓဘာသာပျောက်ကွယ်သွားမယ်ပေါ့ အဲဒါတွေပေါ့ဗျာ” ဟု ၎င်းက တရားပွဲများအကြောင်း ရှင်းပြသည်။

ရွေးကောက်ပွဲအကြိုကာလ နေရာအများအပြားတွင် NLD ပါတီကို ပုတ်ခတ်ပြောဆိုသည့် တရားခွေ ကျယ်လောင်စွာ ဖွင့်ကြခြင်းကလည်း ဒေသတွင်းမဲဆန္ဒရှင်များကို ဝေဝါးစေနိုင်ကြောင်း အရှေ့ဆည်ကုန်းကျေးရွာမှ ဦးမောင်မောင်ဌေးက ပြောသည်။

“တရားခွေတွေကို ဒီလ ၇ ရက်နေ့အထိ (ရွေးကောက်ပွဲမတိုင်ခင် ၁ ရက် အလိုအထိ) ဖွင့်နေတုန်းပဲ” ဟု သူ့မဲဆန္ဒနယ်တွင် ကြုံတွေ့ခဲ့ရသည့်အတွေ့အကြုံကို ရှင်းပြသည်။

ပြည်ခိုင်ဖြိုးပါတီမှ အနိုင်ရသွားသော ဒေါက်တာမောင်သင်းကမူ ဘာသာရေးလှုံ့ဆော်မှုများ ပါဝင်သည့် သီချင်းများ ဖွင့်လှစ်ပြီး မဲဆွယ်ခြင်း၊ ကျေးလက်ဒေသ ပါတီဝင်တို့က NLD ဆန့်ကျင်ရေး တရားခွေဖွင့်ခြင်းတို့နှင့် ပတ်သက်သည့် စွပ်စွဲချက်များကို သူကငြင်းဆိုသည်။

“ကျွန်တော်တို့ ဖြန့်ဝေတာက ပြည်ခိုင်ဖြိုးရဲ့ မဲဆွယ်စည်းရုံးရေးသီချင်းခွေတွေ ဝေတာမျိုးတော့ ရှိပါတယ်။ မဘသနဲ့ပတ်သက်တဲ့ တရားခွေတွေ ဘာတွေတော့ မသိပါဘူး” ဟု သူက ပြောသည်။

မဘသ၏ လှုပ်ရှားမှုနယ်မြေတစ်ခုဖြစ်သော မိတ္ထီလာတွင် အစိုးရက ဖွံ့ဖြိုးရေးလုပ်ငန်း အများအပြား ဖော်ဆောင်ခဲ့ပြီး ရွေးကောက်ပွဲရက် နီးလာချိန်တွင်လည်း သမ္မတဦးသိန်းစိန် သွားရောက်ခဲ့သည်။

ရွေးကောက်ပွဲအကြိုကာလ ဦးသိန်းစိန်၏ အခြားခရီးစဉ်များကဲ့သို့ပင် မိတ္ထီလာသို့သွားရောက်စဉ် ပြည်ခိုင်ဖြိုးပါတီများ ကြိုဆိုကြပုံကို အစိုးရထိန်းချုပ်ထားသည့် မီဒီယာများတွင် အသားပေး ဖော်ပြခဲ့သည်။

မဲစာရင်း

၂ဝဝရ သံဃာ့လှုပ်ရှားမှုတွင် အရှင်ဂမ္ဘီရဟု နာမည်ကျော်ခဲ့သူ ဦးညီညီလွင်နှင့် မိသားစုဝင်တို့မှာ NLD ကို ထောက်ခံသော်လည်း မဲစာရင်းတွင် ၎င်းတို့၏အမည် မပါဝင်သောကြောင့် မဲပေးခွင့် ရရှိရေးအတွက် မိတ္ထီလာတွင်ပင် လျှောက်လွှာတင်ခဲ့ရသည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။ မဲပေးခွင့်လျှောက်ထားရန် မလိုဘဲ မဲရုံသို့ နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စုဇယားတို့ကို ယူဆောင်သွားလျှင်လည်း မဲပေးနိုင်ပါသည်ဟူသော ဒေသတွင်း သတင်းလွှင့်မှုများကို ၎င်းတို့မိသားစုက အယုံအကြည် မရှိခဲ့ဟု ရှင်းပြသည်။

မဲစာရင်းတွင် အမည်မပါဝင်သော ရန်မျိုးအောင်ရပ်ကွက် နယ်မြေ ၁၂ မှ ဦးကျော်ဋ္ဌေးက ရွေးကောက်ပွဲမတိုင်ခင်ကာလ ကတည်းက မဲဆန္ဒရှင်သက်သေခံကတ်ပြား ရရှိထားသော်လည်း မဲပေးခွင့်မရခဲ့ဟု ဆိုသည်။

“ (မဲရုံရောက်တော့) မဲပေးလို့မရဘူး တဲ့။ အမှတ်စဉ်နဲ့ နံပတ် မပါတော့ ပေးလို့မရဘူးလို့ ပြောတယ်။ ရပ်ကွက်ထဲမှာ မဲပေးခွင့် မရှိတာ အယောက် ၅ဝ လောက် ရှိပါတယ်” ဟု သူက ပြောသည်။

ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလိုတွင် NLD ကို မဲထည့်ပါက ၂ဝ၁၃ ခုနှစ်က ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်မျိုး ထပ်မံဖြစ်ပွားလိမ့်မည်ဟူသည့် သတင်းလွှင့်ချက် မြို့တွင်း နေရာတချို့တွင် ပေါ်ပေါက်လာသည်ဟု ခရိုင် ဘာသာပေါင်းစုံချစ်ကြည်ရေးကွန်ရက်မှ ဦးအောင်သိန်းက ပြောသည်။

ထိုသတင်းလွှင့်ချက်ကြောင့် NLD ထောက်ခံသူ အစ္စလာမ်တချို့ မဲရုံသို့ သွားရောက်ခြင်း မရှိတော့ကြောင်း၊ ထိုအချက်သည်လည်း မိတ္ထီလာတွင် ပြည်ခိုင်ဖြိုး အားသာစေသည့် အချက်တစ်ခု ဖြစ်ကြောင်း သုံးသပ်သည်။

"စာရင်းတွေပြန်ကြည့်တဲ့အခါမှာ မွတ်စလင် (ရပ်ကွက်) မဲရုံတွေအားလုံးဟာ NLD မဲတွေပဲလေ။ ပြည်ခိုင်ဖြိုးမဲတွေက အင်မတန်နည်းပါတယ်” ဟု သူက ပြောသည်။

စစ်သားတို့၏ ဆန္ဒမဲ

မိတ္ထီလာမြို့အနီး တပ်မတော်ရိက္ခာထောက်ပံ့ပို့ဆောင်ရေးတပ် အဝင်ဂိတ်ပေါက်တွင် လုံခြုံရေးတာဝန်ကျ တပ်မတော်သားသုံးဦးမှာ ရွေးကောက်ပွဲနေ့တွင် ကနဦး မဲပေးကြသူများထဲတွင် ပါဝင်သည်။

၎င်းတို့ထဲမှ တစ်ဦးကို မဲပေးသည့်အကြောင်း မေးမြန်းရာတွင် ဖြေကြားရန်ငြင်းဆိုသည်။ ဂိတ်ပေါက်ကို ကျော်ဖြတ်သွားပြီးနောက် တွေ့ရသော ဘောလုံးကွင်းအနီး မဲရုံရှေ့တွင် ရာနှင့်ချီသော တပ်မတော်သားများ မဲပေးရန် တန်းစီ စောင့်ဆိုင်းနေကြသည်။

အသားခပ်လတ်လတ်၊ အသက် ၄ဝ ဝန်းကျင်အရွယ်၊ ဗိုလ်မှူးအဆင့် အရာရှိတစ်ဦးက စစ်သားများကို စောင့်ကြည့်နေသည်။

“တပည့်တွေ မလုပ်တတ်မှာစိုးလို့ (မဲ) အရင်ထည့်တာပါ။ မဲရုံမှူးရှိတယ်။ မဲရုံမှူးပြောတဲ့ စည်းကမ်းချက်အတိုင်း လိုက်လုပ်ပေးရတာပါပဲ” ဟု သူက ပြောသည်။ ထိုအရာရှိက သူ့အမည်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

မိတ္ထီလာမြို့ မဲပေးခွင့်ရှိသူ တပ်မိသားစုဝင်ပေါင်း ၁၅,ဝဝဝ နီးပါး ရှိပြီး NLD ၏ အမတ်လောင်းတစ်ဦးဖြစ်သူ ဒေါက်တာဝင်းစိုးဦးက တပ်မတော်သားတို့၏ ရွေးချယ်မှုနှင့်ပတ်သက်ပြီး သံသယ ရှိနေသည်။

“တပ်မဲရုံတွေကရတဲ့ မဲတွေက တပ်သားတွေရဲ့ဆန္ဒအမှန်ကို ကိုယ်စားမပြုနိုင်ဘူး” ဟု သူက ပြောသည်။

ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ၄ ဦးထဲတွင် တက္ကသိုလ်ပါမောက္ခချုပ်ဟောင်း ဒေါက်တာမောင်သင်း တစ်ဦးသာ အနည်းငယ် ထင်ရှားသူ ဖြစ်သည်။

မိတ္ထီလာတွင် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်များ အနိုင်ရခဲ့ခြင်းမှာ မဲဆွယ်ကာလ ရက်ပေါင်း ၅ဝ ကျော်အတွင်း ကျေးရွာပေါင်း ၃၆ဝ ကျော်ကို ပါတီလုပ်ငန်းစဉ်များ ဟောပြောစည်းရုံးခဲ့ခြင်း၊ မိတ္ထီလာတက္ကသိုလ်တွင် တာဝန်ယူခဲ့ခြင်းတို့ကြောင့် ဖြစ်မည်ဟု ယူဆကြောင်း ပြောသည်။

“(မဲဆန္ဒရှင် အများအပြားက) ကျွန်တော့်ကို သူတို့ဆရာအဖြစ်နဲ့ သိနှင့်နေပြီးသားဖြစ်မယ်။ ၆နှစ်လောက် တာဝန်ထမ်းဆောင်ခဲ့တော့ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ခဲ့တာတွေ ရှိပါတယ်။ အဲဒါတွေကြောင့် ဒီရွေးကောက်ပွဲမှာ နိုင်ခဲ့တယ်လို့ ထင်ပါတယ်” ဟု သူက ပြောလိုက်သည်။

မဲဆွယ်ကာလ သမ္မတ ဦးသိန်းစိန် မိတ္ထီလာဒေသသို့ ရောက်ခဲ့သည့် သတင်းကို ဒေသခံတို့ အစိမ်းရောင် ပြည်ခိုင်ဖြိုးအလံများ ဝှေ့ယမ်း၊ အစိမ်းရောင် ဦးထုပ်များဆောင်းပြီး ကြိုဆိုကြပုံဖြင့် အစိုးရအာဘော် သတင်းစာများ မျက်နှာဖုံးတွင် ဖော်ပြထားသည်။ ဒေသတွင်း လယ်ဧကအများအပြား ရေရရှိမည်ဖြစ်ကြောင်း၊ နာမည်ကျော် မိတ္ထီလာကန်ကို အစိုးရက ပြုပြင်ထိန်းသိမ်းပေးကြောင်း၊ ထို့ကြောင့် ဒေသတွင်း စိမ်းလန်းစိုပြေလာမည်ဟု သတင်းတွင် ရေးထားသည်။

"မိတ္ထီလာမြို့နှင့် မိတ္ထီလာလွင်ပြင်တစ်ခုလုံး အစိမ်းရောင်လွင်ပြင်ဖြစ်ရမည်" ဟု ခေါင်းစဉ်ကြီးကြီးတပ်ထားသော မျက်နှာဖုံးဖော်ပြချက်အတိုင်းပင် ရွေးကောက်ပွဲတွင် မိတ္ထီလာလွင်ပြင် တစ်ခုလုံး အစိမ်းရောင် အားကောင်းခဲ့သည်ကို တွေ့ရသည်။

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading