ဘဏ်အချို့ ပြန်ဖွင့်ချိန် ​ငွေထုတ်သူအလွန်များနေ 

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

ယနေ့ (မတ် ၁၇) တွင် ပုဂ္ဂလိကဘဏ်များ မဖြစ်မနေဖွင့်လှစ်ရန် အာဏာသိမ်းစစ်ကောင်စီက ဖိအားပေးထားသော်လည်း ရန်ကုန်တွင် ဘဏ်ကြီးအချို့က ဘဏ်ခွဲတစ်ခုနှစ်ခုသာ ဖွင့်လှစ်ခဲ့သော်လည်း ဘဏ်အများစု ဖွင့်လှစ်ခဲ့ခြင်း မရှိသည့်နည်းတူ နယ်မြို့များတွင်လည်း ဘဏ်အများစုဖွင့်...

Published on Mar 17, 2021
ယနေ့ ဖွင့်လှစ်ခဲ့သည့် ကမ္ဘောဇဘဏ်ခွဲတစ်ခုတွင် လူများတန်းစီစောင့်ဆိုင်းနေသည်ကို တွေ့ရစဉ်။

မတ် ၁၇ ရက်တွင် ပုဂ္ဂလိကဘဏ်များ ဖွင့်လှစ်ရန် အာဏာသိမ်းစစ်ကောင်စီက ဖိအားပေးထားသော်လည်း ယနေ့တွင် ရန်ကုန်မြို့ရှိ ဘဏ်အများစုက ဆက်ပိတ်ထားသည်ကို တွေ့ရသည်။

ပုဂ္ဂလိက ဘဏ်များအနက် အင်အားကြီးဘဏ်ကြီးများဖြစ်သော ကမ္ဘောဇဘဏ်နှင့် AYA ဘဏ်တို့၏ ဘဏ်ခွဲ တစ်ခုမှ နှစ်ခုအထိ ဖွင့်လှစ်ခဲ့သော်လည်း ဘဏ်အများစု ပိတ်ထားကြောင်း ဘဏ်ငွေသွားထုတ်သူများက ပြောသည်။

ရန်ကင်း၊ တာမွေ၊ ဗဟန်း၊ သင်္ဃန်းကျွန်းနှင့် တောင်ဥက္ကလာစသော မြို့နယ်များသို့ Myanmar Now က ယနေ့ နေ့ခင်းပိုင်းတွင် လိုက်လံကြည့်ရှုခဲ့ရာတွင် ဘဏ်အများစု ပိတ်ထားသည်ကို တွေ့ရှိရသည်။ ဘဏ်အချို့တွင် ATM စက်များငွေသားဖြည့်ပေးခြင်းမှအပ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများအားလုံး ရပ်ဆိုင်းထားသည်ဟု ဘဏ်ဝန်ထမ်းအချို့က ပြောသည်။

“ပြည်လမ်း၊ ကမ္ဘောဇဘဏ်ရုံးချုပ်က လူများလာလို့ လူတိုင်းကို နာမည်နဲ့ဖုန်းနံပတ်မှတ်ထားပြီး ပြန်ဆက်သွယ် ပေးမယ်ပြောတယ်။ ATM စက်မှာတော့ လူတွေတန်းစီစောင့်နေတယ်” ဟု ငွေသွားထုတ်ခဲ့သူ ဒေါ်အေးအေးဖွေး က ပြောသည်။

အဆိုပါဘဏ်တွင် မတ်လ ၁၆ ရက်က ငွေလာထုတ်သူများသဖြင့် ငွေထုတ်သူနှင့် ဘဏ်ဝန်ထမ်းအချို့ အချေအတင်ဖြစ်ပြီး ဘဏ်ဝန်ထမ်းအချို့က အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များထံ ဖုန်းဆက်တိုင် ကြားခဲ့သဖြင့် ငွေလာထုတ်သူ ၄ ဦး အဖမ်းခံရသည်။ ကမ္ဘောဇဘဏ်၏ လုပ်ရပ်အပေါ် ပြည်သူများက ပြင်းထန်စွာဝေဖန်နေကြသော်လည်း ကမ္ဘောဇဘဏ်ဘက်ကမူ တစ်စုံတစ်ရာ ရှင်းလင်းထုတ်ပြန်ခြင်း မရှိသေးပေ။ 

ဆရာစံလမ်းထိပ်ရှိ AYA ဘဏ်ခွဲကို ငွေထုတ်သူများကို ငွေထုတ်ခဲ့ပေးရန် ဖွင့်လှစ်ထားကြောင်း မတ် ၁၇ ရက် တွင် ငွေထုတ်ရန်သွားခဲ့သူတစ်ဦးက ပြောသည်။

မော်လမြိုင်တွင် ကမ္ဘောဘဏ်ခွဲတစ်ခုသာ ဖွင့်လှစ်ပဖွင့်လှစ်ပြီး ကျန်ဘဏ်များ ဖွင့်လှစ်ခြင်းမရှိဘဲ ပဲခူးမြို့တွင် မည်သည့်ဘဏ်မှ ဖွင့်လှစ်ခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ဖိအားပေး ညွန့်ကြားထားပြီး ထိုသို့ဆောင်ရွက်ခြင်း မရှိပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ခြိမ်းခြောက်ထားသည်။

စစ်ကောင်စီက ဗဟိုဘဏ်မှတစ်ဆင့် ပြည်တွင်းဘဏ်များကို မတ်လ ၈ ရက်တွင်ပြန်လည် ဖွင့်လှစ်ရန်ဖိအားပေး ညွန့်ကြားခဲ့သော်လည်း ပြည်တွင်းဘဏ်များ ဖွင့်လှစ်နိုင်ခဲ့ခြင်း မရှိပေ။ အလားတူ ပုဂ္ဂလိကဘဏ်များ မဖြစ်မနေ ဖွင့်လှစ်ရန် ညွှန်ကြားထားသည့် ယနေ့တွင်လည်း ဘဏ်အများစု ဖွင့်လှစ်နိုင်ခြင်း မရှိပေ။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်နိုင်ရန် ATM စက်များမှ တရက်လျှင် ၅ သိန်း၊ ဘဏ်မှငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် မတ်လ ၁ ရက်တွင် ညွန့်ကြား ခဲ့သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​နေရာအချို့ ၌ စစ်​ကောင်စီ ၏တပ်ဖွဲ့ဝင်များကယ​နေ့ (မတ် ၁၇)တွင် ရပ်ကွက်​နေပြည်သူနှင့် လမ်းသွားလမ်းလာပြည်သူများထဲမှ အမျိုးသားများကို ​ပေါ်တာဆွဲသကဲ့သို့ ဖမ်းဆီး​ခေါ်​ဆောင်ပြီး လမ်း​ပေါ်မှအတားအဆီးများကို ဖယ်ရှားခိုင်းကာအတင်းအဓမ္မလုပ်အာ...

Published on Mar 17, 2021
 မြို့နယ် များရှိ ရပ်ကွက်အချို့ တွင် ရပ်ကွက်​နေ ပြည်သူနှင့် လမ်းသွားလမ်းလာ များထဲမှ အမျိုးသားများကို လိုက်လံဖမ်းဆီး​ခေါ်​ဆောင်ကာ လမ်း​ပေါ်နှင့် ရပ်ကွက်ထိပ်ရှိ အတားအဆီးများကို ဖယ်ရှား​ခိုင်းပြီး အတင်းအဓမ္မလုပ်အား​ပေး​စေခိုင်းခဲ့ခြင်းဖြစ်သည် ။

ရန်ကုန်မြို့တွင် ​နေရာအချို့ ၌ စစ်​ကောင်စီ ၏တပ်ဖွဲ့ဝင်များကယ​နေ့ (မတ် ၁၇)တွင် ရပ်ကွက်​နေပြည်သူနှင့် လမ်းသွားလမ်းလာပြည်သူများထဲမှ အမျိုးသားများကို ​ပေါ်တာဆွဲသကဲ့သို့ ဖမ်းဆီး​ခေါ်​ဆောင်ပြီး လမ်း​ပေါ်မှအတားအဆီးများကို ဖယ်ရှားခိုင်းကာအတင်းအဓမ္မလုပ်အား​ပေး​စေခိုင်း​နေ​ကြောင်း မျက်မြင်​တွေရှိ​သောပြည်သူများက​ပြောသည်။

လှိုင် ၊ ကမာရွတ် ၊ရန်ကင်း၊မရမ်းကုန်းစ​သော မြို့နယ် များရှိ ရပ်ကွက်အချို့ တွင် ရပ်ကွက်​နေ ပြည်သူနှင့် လမ်းသွားလမ်းလာ များထဲမှ အမျိုးသားများကို လိုက်လံဖမ်းဆီး​ခေါ်​ဆောင်ကာ လမ်း​ပေါ်နှင့် ရပ်ကွက်ထိပ်ရှိ အတားအဆီးများကို ဖယ်ရှား​ခိုင်းပြီး အတင်းအဓမ္မလုပ်အား​ပေး​စေခိုင်းခဲ့ခြင်းဖြစ်သည် ။

ကမာရွတ်မြို့နယ် လှည်းတန်းရှိ ရပ်ကွက်နေ အမျိုးသားတစ်ဦးအား ယနေ့နံနက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်ပြီး လမ်း​ပေါ်မှ အတားအဆီးများနှင့်သဲအိတ်များကိုဖယ်ရှားခိုင်းသည်ကို မြင်​တွေ့ခဲ့​သော မျက်မြင်သက်သေတစ်ဦးက
“ အမျိုးသားတွေပဲ ခေါ်တာ။ ယောကျ်ားတွေထွက်ခဲ့ကြဆိုပြီး ဆဲဆိုပြီးခေါ်တာ။ လမ်းသွားလမ်းလာတွေကိုလည်း ဖမ်းဆီး သဲအိတ်တွေဖယ်ခိုင်းတယ်။ နောက်နေ့တွေ မိန်းမတွေပါ ခေါ်မယ်ဆိုပြီး အော်သွားတယ်”ဟု ပြောသည်။

လှည်းတန်းတွင် အမျိုးသား အနည်းဆုံး ၂၀ခန့်ဖမ်းဆီးခံခဲ့ရပြီး နာရီပိုင်းကြာ သဲအိတ်များကို ဖယ်ရှားခိုင်းပြီးမှ ပြန်လွတ်ပေးခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

အလာတူ ရန်ကင်းမြို့နယ်  မိုး​ကောင်းလမ်း၊ရန်ရှင်းလမ်း နှင့် မရမ်းကုန်မြို့နယ် ရှိ ပါရမီ လမ်းတွင်လည်း အမျိုးသားများကို အတင်းအဓမ္မဖမ်းဆီး ကာ လုပ်အား​ပေး​စေခိုင်းခဲ့​ကြောင်း လည်း ရပ်ကွက်​နေပြည်သူအချို့က ​ပြောသည်။ ရန်ကင်းမြို့နယ် မိုး​ကောင်းလမ်း​ပေါ်တွင်လည်းစစ်သားများက ပြည်သူများထဲမှ အမျိုးသားများကို ဖမ်းဆီးပြီး ​နေပူထဲတွင် ထိုင်ခိုင်းပြီး​နောက် လမ်း​ပေါ်မှအတားအဆီးများကို ဖယ်ရှားခိုင်း​နေသည်ကိုလည်း ​ဖေစ်ဘွခ် လူမှုကွန်ယက်တွင်တက်လာ​သော ဓါတ်ပုံများတွင်​လည်း
တွေ့ရသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

လမ်းပေါ်ရှိ အတာီးအဆီးများ ဖယ်ရှားပေးရန် နောက်ဆုံးအကြိမ် သတိပေးခြင်းဖြစ်ပြီး ဖယ်ရှားထား ခြင်းမရှိပါက တစ်ရပ်ကွက်လုံး၊ တစ်လမ်းလုံးကို ဆိုင်ဆိုင် မဆိုင်ဆိုင် သေနတ်ဖြင့် ပစ်မည်ဟု လိုက်လံ အော်ဟစ်ခြိမ်းခြောက်လျက်ရှိသည်

Published on Mar 17, 2021
အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်သော ဒေသခံပြည်သူများ အပြင်းအထန်ထိပ်တိုက်တွေ့ခဲ့သည့် လှိုင်သာယာမြို့နယ် တစ်နေရာကို မတ် ၁၄ ရက်က တွေ့ရစဉ် (Supplied)

လမ်းပေါ်ရှိအတားအဆီးများ ဖယ်ရှားပေးခြင်း မရှိပါက တစ်ရပ်ကွက်လုံးကို သေနတ်နှင့် ပစ်မည်၊ မြေလှန်ပစ်မည်ဟု စစ်ကောင်စီလက်နက်ကိုင်များက ရပ်ကွက်များအတွင်း အော်လံဖြင့် အော်ဟစ် ခြိမ်းခြောက်လျက်ရှိသည်။

ရန်ကုန်နှင့် မန္တလေးမြို့များရှိ မြို့နယ်အချို့တွင် ယနေ့ (မတ် ၁၇) ညနေပိုင်းတွင် အထက်ပါအတိုင်း လိုက်လံအော်ဟစ်သတိပေးနေဖြစ်ကြောင်း ဒေသပြည်သူများက ပြောသည်။

“နောက်တစ်ခါလာလို့ ရပ်ကွက်တွင်းလမ်းများ အများပြည်သူပိုင်လမ်းများ ဖျက်လိုဖျက်ဆီးပိတ်ဆို့ထား တာတွေ့ရင် တစ်ရပ်ကွက်လုံး တစ်လမ်းလုံးကို မြေလှန်ပြီးတော့ သေနတ်နဲ့ ပစ်ပါမယ်၊ ဆိုင်ဆိုင် မဆိုင်ဆိုင် တစ်လမ်းလုံးပစ်ပါမယ်” ဟု အော်ဟစ်နေသည့် ရုပ်သံဗီဒီယိုများလည်း လူမှုကွန်ရက်တွင် တွေ့ရှိရသည်။

ရန်ကုန် မြောက်ဥက္ကလာပမြို့နယ် ခေမာသီလမ်းတွင် ယနေ့ညနေပိုင်း ၄ နာရီခန့်က အထက်ပါအတိုင်း လာရောက်အော်ဟစ် ခြိမ်းခြောက်သွားသည်ဟု ရပ်ကွက်နေပြည်သူတစ်ဦးက Myamar Now ကို ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်အတွင်း နွယ်နီလမ်းတွင်လည်း အထက်ပါအတိုင်း အော်ဟစ်သတိပေးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ 

“မဖယ်ပေးဘူးဗျ။ ဒီအတိုင်းပဲထားထားတုန်းပဲ။ ကိုယ့်ရပ်ကွက်ကိုယ်ပိတ်တာပဲ သူတို့တွေသာ လိုက်ပစ် ခတ် မနေဘူးဆိုရင် ဖွင့်ထားမှာပေါ့။ ပိတ်စရာမလိုဘူးလေ။ အခုက ပစ်ခတ်နေတော့ ပိတ်ထားတာက ပြည်သူတွေအတွက် ပိုပြီးသင့်တော်တယ်လို့ထင်တယ်” ဟု ၎င်းက ပြောသည်။

လှိုင်သာယာမြို့နယ်တွင်လည်း စစ်ကောင်စီ၏ လက်နက်ကိုင်များက လှိုင်သာယာရှိ အဓိကလမ်းမမျ ားတွင် ပိတ်ဆို့ထားသည့် အတားအဆီးများကို ဖယ်ရှားပေးရန် ယနေ့နံနက်ပိုင်းတွင် စစ်ကားများဖြင့် လိုက်လံကြေညာခဲ့ကြောင်း လှိုင်သာယာမြို့နယ် ၅ ရပ်ကွက်တွင် နေထိုင်သည့် ဒေသခံအမျိုးသမီး တစ်ဦးက ပြောသည်။

ထိုသို့မဖယ်ရှားပေးပါက ရပ်ကွက်နေအိမ်များကို ပစ်ခတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်ကို မျက်မြင်တွေ့ကြုံ ခဲ့ရသည့်  အဆိုပါအမျိုးသမီးက ပြောသည်။

စစ်တပ်၏ ထိုခြိမ်းခြောက်မှုကို စိုးရိမ်၍ လှိုင်သာယာဒေသခံများက အဓိကလမ်းမများပေါ်ရှိ အတားအ ဆီးများကို ဖယ်ရှားပေးလိုက်ပြီး စစ်ကားများ လှည့်လည်နေသည်ကို မြင်တွေ့နေရသည်ဟုလည်း ၎င်းက ပြောသည်။

ယနေ့နံနက်ပိုင်းမှစ၍ ရန်ကုန်မြို့ရှိ လမ်းသွားလမ်းလာများကို စစ်တပ်နှင့်ရဲက အတင်းအဓမ္မခေါ်ဆောင် ပြီး အဓိကလမ်းမများပေါ်တွင် ပိတ်ဆို့ထားသည့် သဲအိတ်စသည့် အတားအဆီးများကို ဖယ်ရှားခိုင်း ကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများက ၎င်းတို့၏ဆိုရှယ်မီဒီယာများပေါ်တွင် ရေးသားထားသည်။

တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်းနှင့် တာမွေမြို့နယ်များတွင်လည်း အထက်ပါအတိုင်း လိုက်လံအော်ဟစ် ခဲ့သည်ဟု ဒေသခံပြည်သူများက ပြောသည်။

ထို့ပြင် မန္တလေးမြို့ မနော်ရမ္မံရပ်ကွက် ၄၁ လမ်းနှင့် ၄၂ လမ်းကြား လမ်း ၆၀ တွင်လည်း ယနေ့ညနေပိုင်း က အတားအဆီး ဖယ်ရှားပေးရန် နောက်ဆုံးအကြိမ်သတိပေးခြင်းဖြစ်ကြောင်း လိုက်လံအော်ဟစ်ခဲ့ သည်ဟု သိရသည်။ 

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading