အပြန်အလှန်မေ့ပစ်တတ်ကြတဲ့ မဲဆန္ဒရှင်နဲ့ အမတ်များ

ရွေးကောက်ပွဲကာလ လွန်တာနဲ့ နိုင်ငံရေးသမား အမတ်မင်း အများအပြားက မဲဆန္ဒရှင်တွေကို မေ့တတ်ကြပါတယ် တဲ့။ ဒါဆိုရင် … မဲဆန္ဒရှင်တွေကရော မမေ့တတ်ကြဘူးလား။ သူတို့ဆီ မဲလာဆွယ်တဲ့သူတွေ၊ သူတို့ မဲထည့်လိုက်တဲ့သူတွေကို တခါတရံ သတိရတတ်ကြပါသလား။

စက်တင်ဘာ ၂၂ ရက်နေ့က ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွက် မဲဆွယ်နေကြသူများ (ဓာတ်ပုံ - ထက်ခေါင်လင်း/Myanmar Now)

မဲဆွယ်ကာလဖြစ်တဲ့အတွက် အမတ်လောင်းတွေ ရပ်ကွက် ကျေးရွာအထိ ဆင်းပြီး မဲဆွယ်နေကြပါပြီ။ ရွေးကောက်ပွဲမတိုင်ခင်ကာလဆိုတာ  နိုင်ငံရေးသမားတွေ လူထုထဲဆင်းလာတတ်တဲ့ တစ်ခုတည်းသောအချိန်လို့ မှတ်ချက်ပေးသူ အများအပြား ရှိပါတယ်။ အမတ်လောင်းက လူဟောင်း ဆိုရင်တော့ မဲလိုချိန်မှ သတိရတော်မူပြီး ကိုယ်ထင်ပြတယ်၊ သူရှိနေသေးတယ်ဆိုတာ မဲဆွယ်ချိန်ရောက်မှပဲ ငါတို့သိရတော့တယ်၊ လွှတ်တော်ထဲရောက်ရင် ငါတို့ကို မေ့ပြီ လို့ ပြောကြပါလိမ့်မယ်။  

ရွေးကောက်ပွဲကာလ လွန်တာနဲ့ နိုင်ငံရေးသမား အမတ်မင်း အများအပြားက မဲဆန္ဒရှင်တွေကို မေ့တတ်ကြပါတယ် တဲ့။ ဒါဆိုရင် … မဲဆန္ဒရှင်တွေကရော မမေ့တတ်ကြဘူးလား။ သူတို့ဆီ မဲလာဆွယ်တဲ့သူတွေ၊ သူတို့ မဲထည့်လိုက်တဲ့သူတွေကို တခါတရံ သတိရတတ်ကြပါသလား။

လက်ရှိအစိုးရတက်လာခါစ မွန်ပြည်နယ်ကျေးလက်ဒေသတစ်ခုကို ရောက်သွားတော့ ရပ်မိရပ်ဖတစ်ဦး ကျွန်တော့်ဆီကို ချည်းကပ်လာပါတယ်။ မြို့ပြကလာတဲ့ ကျွန်တော့်ဆီက အလှူခံခြင်းပါ။ ကျေးရွာအတွင်း လမ်းခင်းနေတဲ့အစီအစဉ်မှာ ငွေကြေးအကူအညီထည့်ဝင်ရေး သူ့ရဲ့ကမ်းလှမ်းချက်ကို ကျွန်တော် ခံစားချက်ကင်းမဲ့စွာနဲ့ပဲ ငြင်းလိုက်မိပါတယ်။

မြို့ပြကလာတဲ့ကျွန်တော် ဝင်ငွေကောင်းမှာပဲလို့ သူယူဆထားပုံရပါတယ်။ သို့သော်… "ယနေ့ရောင်းရငွေသည် မနက်ဖြန် အတွက် အရင်းဖြစ်သည်" လို့ စျေးဆိုင်တချို့မှာ ရေးထားတတ်သလိုပဲ ကျွန်တော်လည်း ကျွန်တော်ရဲ့ ရန်ကုန်ကအထပ်မြင့်တိုက်ခန်းလေးရဲ့နံရံမှာ "ယခုနှစ်လစာသည် လာမည့်နှစ်အတွက် အိမ်ငှားခဖြစ်သည်" လို့ ရေးထားသင့်တဲ့အခြေအနေမှာရှိနေကြောင်း သူ့ကို စိတ်ထဲကပဲ ရှင်းပြလိုက်မိတယ်။

နေရေးထိုင်ရေးအတွက် ရန်ကုန်ထုံးစံအရ အခန်းငှားခကို ၁၂ လစာ ကြိုပေးရကြောင်း၊ မြို့လယ်ရုံးခန်းနဲ့ သိပ်မဝေးတဲ့နေရာမှာ အခန်းငှားနေထိုင်ခြင်းဟာ နှစ်စဉ် သိန်းသုံးဆယ်ဝန်းကျင် အနည်းဆုံး ကုန်ကျကြောင်း ရှင်းပြရင် ငိုချင်းချရာရောက်သလို ကြွားလုံးထုတ်ရာလည်း ရောက်တာကြောင့် အလှူငွေမျှော်ကိုးပြီးချည်းကပ်လာတဲ့ လမ်းအကျိုးဆောင်ကို ထုတ်မပြောခဲ့ပါဘူး။

လမ်းအကျိုးဆောင်ကတော့  ခင်းလက်စ လမ်းလေးနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို သေသေချာချာ ရှင်းပြတယ်။ ကိုယ်ထူကိုယ်ထလမ်းလေးက ဒေသခံတွေ၊ ရွာကိုဖြတ်သန်းသွားလာ နေသူတွေအတွက် ဘယ်လို အကျိုးဖြစ်ထွန်းမယ်၊ ဘယ်လို သက်ရောက်မှုရှိတယ် ဆိုတာ ရှင်းပြတယ်။  

ကျွန်တော်ကတော့ အလှူငွေ မထည့်နိုင်ပါဘူး။ ကျွန်တော့်ရဲ့ဝင်ငွေဟာ ကျွန်တော့်ရဲ့ထွက်ငွေနဲ့ ညီမျှနေတဲ့အတွက်၊ ဒီ ကိုယ်ထူကိုယ်ထလမ်းလေးက အရေးပေါ် အကူအညီ လိုအပ်နေတဲ့ အစီအစဉ်လည်း မဟုတ်တဲ့အတွက် မကူညီနိုင်ပေမယ့် မေးခွန်းတစ်ခုထုတ်လိုက်တယ် - ရွေးကောက်ပွဲတုန်းက ဘယ်သူတွေကို မဲထည့်ခဲ့သလဲ ဆိုတဲ့ မေးခွန်း။ သူ့အဖြေကို မစောင့်ဘဲ သူတို့ မဲထည့်ခဲ့တဲသူ အနည်းဆုံး သုံးယောက် ရှိမယ်၊ အဲဒီဒေသနဲ့ သက်ဆိုင်တဲ့ လွှတ်တော်အမတ် ၃ ယောက်ဟာ ကျေးရွာမှာ လိုအပ်နေတာတွေ နိုင်သလောက် ကူညီလုပ်ကိုင်ဖို့ တာဝန်ရှိတယ်၊ သူတို့ကို ခိုင်းပါလို့ တိုက်တွန်းလိုက်တယ်။

သူတို့က ဒီဒေသအရေး လုပ်ကိုင်ပါရစေ ဆိုပြီး ကတိတွေ အတန်တန်ပေးထားတတ်သူတွေဖြစ်တဲ့အတွက် ရွာအတွက် လိုအပ်ချက်တွေ အဆင်ပြေအောင် တောင်းဆို၊ လုပ်ကိုင်ပေးရမယ့်တာဝန် သူတို့မှာ ရှိတယ်။ အလှူရှင်ကြီးတွေနဲ့ ချိတ်ဆက် အကူအညီတောင်းတာမျိုးလည်း သူတို့ တာဝန်ယူလုပ်ရင် ပိုပြီး သဘာဝကျတယ်၊ သူတို့ကို ပြန်ဆက်သွယ်ပြီး တာဝန်ပေးဖို့ တိုက်တွန်းလိုက်မိတယ်။

လမ်းဖြစ်မြောက်ရေးအကျိုးဆောင်လည်း သူတို့အမြင်မှာ ဝင်ငွေကောင်းတဲ့ မြို့ပြရောက် စာနယ်ဇင်းသမားနဲ့ တွေ့ပေမယ့် လက်ဗလာနဲ့ ပြန်သွားတယ်။ သူ့လက်ထဲ အလှူငွေ မထည့်နိုင်သော်လည်း သူ့အတွေးထဲ စဉ်းစားစရာတချို့ ထည့်ပေးလိုက်သလို ဖြစ်သွားမယ် ထင်ပါတယ်။

မကြာသေးခင်လတွေအတွင်း အဲဒီရွာထပ်ရောက်တော့  သူတို့မှာ ကြုံနေရတဲ့ ပြဿနာကြီးတစ်ခုအကြောင်း ကြားရတယ်။ အဲဒါကတော့ ရွာဝန်းကျင်အခြေစိုက်ပြီး လမ်းခင်းကျောက် ထုတ်လုပ်တဲ့ ကျောက်မိုင်းလုပ်ငန်းများအကြောင်းပါပဲ။

ကျောက်မိုင်းတွေကို တောတောင်တွေထဲ လုပ်ကိုင်တာ မဟုတ်တဲ့အတွက် သယ်ယူပို့ဆောင်ရေးနဲ့ အထွေထွေကုန်ကျစရိတ် အများအပြား သက်သာပါတယ်။ ရွာမှာရှိတဲ့လမ်းတွေ သုံးတဲ့အတွက် လုပ်ငန်းအတွက် လမ်းလည်း ထပ်ဖောက်စရာမလိုပါဘူး။ လုပ်ငန်းရှင်တို့အတွက် အဆင်ပြေပေမယ့် ရွာအတွက်တော့ အဆင်မပြေပါဘူး။ ကျောက်ကြိတ်ခွဲစက်က အဆက်မပြတ်ထွက်တဲ့ ဆူညံသံ၊ ကျောက်သယ်ကားတွေဖြတ်မောင်းတဲ့အတွက်  ဖုန်တွေတထောင်းထောင်းထနေတာကတော့ သိသိသာသာဖြစ်တဲ့ ဆိုးကျိုးတွေပါ။ မိုင်းခွဲရာက လွှင့်စင်ထွက်တဲ့ကျောက်တုံးကျောက်ခဲတွေ ရွာထဲအထိ၊ အိမ်ထဲအထိရောက်တာတွေကတော့ ဒေသခံတွေသာသိရတဲ့ ဆိုးကျိုးတွေပါပဲ။

မြို့ပြရောက်နေတဲ့ သူတို့ဆီက လူငယ်တစ်ယောက်  ချိတ်ဆက်ပေးတဲ့အတွက် ရန်ကုန်အခြေစိုက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားနှစ်ဦး မကြာသေးခင်က အဲဒီရွာကိုသွားပြီး ဒေသခံတို့နဲ့ တွေ့ဆုံပါတယ်။ ကျောက်မိုင်းတွေရဲ့အန္တရာယ်က ကျောက်မီးသွေးစက်ရုံတွေကထွက်တဲ့  အန္တရာယ်တွေလောက် မကြီးမားတဲ့အတွက် သူတို့နှစ်ယောက်ရဲ့ခရီးကနေ ပညာပေးဟောပြောပွဲ တစ်ခု ဖြစ်မြောက်ရုံလေးပဲ အကျိုးရှိခဲ့တယ်လို့ ဆိုကောင်း ဆိုနိုင်ပါတယ်။

ကျောက်မိုင်းလုပ်ငန်းတွေဟာ  လုပ်ငန်းလိုင်စင်မှာဖော်ပြထားတဲ့အတိုင်း စည်းကမ်းနည်းလမ်းတကျ လုပ်ကိုင်ရဲ့လား၊ မိုင်းခွဲလုပ်ငန်းကို ဥပဒေပြဋ္ဌာန်းချက်နဲ့အညီ လုပ်ကိုင်ရဲ့လား စသည်ဖြင့် မေးခွန်းထုတ်ရကောင်းမှန်း သိသွားကြမယ်လို့လည်း ယူဆရပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားနှစ်ယောက်ကတော့ သူတို့ရဲ့ခရီးစဉ်တစ်ခုကြောင့် အရာရာ အဆင်ပြေသွားလေသတည်း ဆိုတာမျိုး မဖြစ်နိုင်မှန်း အတွေ့အကြုံအရ ကြိုသိပြီးသားပါ။  ဒေသခံတွေထဲက ရပ်ရွာအကျိုး ဦးစီးလုပ်ကိုင်ချင်တဲ့ခေါင်းဆောင်တွေ၊ ရပ်မိရပ်ဖတွေကို ဆွေးနွေးချင်လို့ သွားကြတဲ့ခရီးပါ။  ဒေသခံတွေကတော့ သူတို့နှစ်ယောက်ကို အကြီးအကျယ် မျှော်လင့်ထားကြတာမျိုးလည်း ဖြစ်နိုင်ပေမယ့် ပညာရှင်ကတော့ ဆွေးနွေး၊ အကြံပေးတာမျိုးပဲ လုပ်နိုင်ပါလိမ့်မယ်။ ဒေသအကျိုးကိုတော့ ဒေသခံတွေ၊ ကတိပေးခဲ့သူ အမတ်မင်းတွေက ပိုပြီးဆောင်ရွက်ကြရမှာပါ။

မေးစရာကတော့ ကျောက်မိုင်းတွေ ရွာနဲ့ ဝေးဝေးမှာ လုပ်ကိုင်ကြဖို့ ၂ဝ၁ဝ ရွေးကောက်ပွဲက တက်လာတဲ့ သူတို့ဆီကလွှတ်တော်ကိုယ်စားလှယ်တွေကို အကူအညီမတောင်းကြဘူးလား ဆိုတာပါပဲ။ အဖြေကတော့ … သူတို့ကို အကူအညီသွားတောင်းလို့ ဘာထူးမှာလဲ၊ ကျောက်မိုင်းလုပ်ငန်း စာရွက်စာတန်းတွေမှာ လွှတ်တော်ကိုယ်စားလှယ်နှစ်ယောက်ရဲ့အမည်ကို လုပ်ငန်းရှယ်ယာပိုင်ရှင်တွေအဖြစ် ဖော်ပြထားတာ တွေ့ရတယ် တဲ့။ ရှယ်ယာပိုင်ရှင်အမတ်မင်းတွေက သူတို့ကိုမဲထည့်သူတွေအကျိုးကို သယ်ပိုးဖို့ မေ့နေတဲ့သဘောပေါ့။ အကျိုးဆောင်ဖို့ နေနေသာသာ ဂုတ်ခွစီးတတ်တဲ့ အမတ်မင်းတွေကိုပဲရတယ် ဆိုရင်တော့ အဲဒီဒေသ ကံဆိုးပါပြီ။

လောလောဆယ်တော့ မဲဆွယ်ကာလဖြစ်တဲ့အတွက် အမတ်လောင်းတွေ ရပ်ကွက် ကျေးရွာအထိ ဆင်းပြီး မဲဆွယ်နေကြပါပြီ။ ဒါဟာ ဒေသခံတွေအတွက် အချိန်ကောင်းပါပဲ။ ဘယ်အမတ်လောင်းပဲလာလာ သူတို့ကို ကိုယ့်ရပ်ရွာပြဿနာ ဘယ်လိုရှင်းပေးမလဲဆိုပြီး မေးခွန်းများများ ထုတ်တယ်ဆိုရင် ကျောက်မိုင်းကိစ္စတွေလိုမျိုး ကိုယ့်ရပ်ရွာဝန်းကျင်က မသင့်တော်တဲ့အဖြစ်အပျက်တွေ ပြေလည်ရေးအတွက် အထောက်အကူ ဖြစ်မှာပါ။

ရောက်လာသူက ပြောချင်တာပြော၊ ကတိတွေ အနည်းနဲ့အများပေးပြီး ပြန်သွား၊ နားထောင်သူကလည်း မေးခွန်းမထုတ်ဘူး၊ ပြည်သူ့ကိုယ်စားလှယ်တွေကို အကူအညီမတောင်းဘူး ဆိုတဲ့ အနေအထား ပုံစံပြောင်းသင့်ပါပြီ။ မေးခွန်းမထုတ်ဘူး ဆိုရင်တော့ ဒါဟာ ရွေးကောက်ပွဲကာလအလွန်မှာ မဲဆန္ဒရှင်နဲ့ အမတ်လောင်း အပြန်အလှန်မေ့ပစ်တတ်ကြတဲ့အနေအထား ရောက်လာမယ်လို့ ယူဆရပါတယ်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading