လသားအရွယ်ပါတီကြီးရဲ့ ရွေးကောက်ပွဲခြေလှမ်း

အောက်တိုဘာ ၁၂ ရက်နေ့က မွန်ပြည်နယ်မြို့တော် မော်လမြိုင်မှာ မဲဆွယ်နေတဲ့ အမျိုးသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးနေဇင်လတ် (ဓာတ်ပုံ - ဖြိုးသီဟချို/Myanmar Now)

မော်လမြိုင် - ရာသီဥတုသာယာလှပတဲ့ အောက်တိုဘာလလယ်ပိုင်း ညနေခင်းတစ်ခုမှာ သံဃာတွေ၊ အရွယ်စုံ အမျိုးသား၊ အမျိုးသမီးတွေ လိုက်ပါလာတဲ့  မော်တော်ယာဉ်တန်းကြီးဟာ မွန်ပြည်နယ် မြို့တော် မော်လမြိုင်မှာ စီတန်းလှည့်လည်နေပါတယ်။  ဒါကတော့ အမျိုးသားတိုးတက်ရေးပါတီ (NDP) ရဲ့ မဲဆွယ်ယာဉ်တန်းပါ။  နေရောင်အောက်မှာ တလွှားလွှားလွင့်ပျံနေတဲ့ ရွှေရောင်ကဒေါင်းပုံပါ ပါတီအလံတွေ တပ်ဆင်ထားတဲ့ကားတွေ ဦးတည်နေတာကတော့  သံလွင်မြစ်ဘေး ကမ်းနားဟိုတယ်ရှေ့ ဖြစ်ပါတယ်။

NDP ပါတီဟာ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး ကြွေးကြော်သံနဲ့ လွန်ခဲ့တဲ့လအနည်းငယ်အတွင်းကမှ မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ ဗြုန်းခနဲ ပေါ်ပေါက်လာတာ ဖြစ်ပေမယ့် ဘဏ္ဍာရေးအဆင်ပြေပြီး တခြားပါတီတွေနဲ့ယှဉ်ရင် နိုဝင်ဘာရွေးကောက်ပွဲဝင်မယ့် လွှတ်တော်အမတ်လောင်းအရေအတွက်ကလည်း စတုတ္ထအများဆုံးဖြစ်ပါတယ်။

ဟိုတယ်ရှေ့မြက်ခင်းပြင်မှာတော့  သံဃာအပါး ၆ဝ ခန့်က ထိုင်ခုံတွေနဲ့နေရာယူထားကြပြီး အဲဒီနောက်မှာတော့ ထောင်ဂဏန်းနီးပါးလောက်ရှိတဲ့ လူအုပ်ကြီး ရှိပါတယ်။  သူတို့ရဲ့တီရှပ်မှာ ပါတီတံဆိပ်တွေ ရိုက်နှိပ်ထားပြီး  တချို့တီရှပ်မှာတော့  “အမျိုးစောင့်ဥပဒေ အောင်ခဲ့ပြီ” ဆိုတဲ့  စာတန်းကို တွေ့ရပါတယ်။ စင်ပေါ်က ပါတီဥက္ကဋ္ဌ ဦးနေဇင်လတ်ရဲ့ မိန့်ခွန်းထဲမှာလည်း မျိုးစောင့်ဥပဒေ ပါဝင်နေပါတယ်။  

“နိုင်ငံတိုင်း၊ လူမျိုးတိုင်း၊ ဘာသာတိုင်းက သူ့နိုင်ငံ၊ သူ့လူမျိုး၊ သူ့ဘာသာ အကျိုးစီးပွားအပေါ်မှာ ရပ်တည်နေကြပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံကျမှ ကိုယ့်နိုင်ငံရဲ့ အမျိုးဘာသာ သာသနာနဲ့ ကိုယ့်နိုင်ငံရဲ့ အကျိုးစီးပွားကို ရပ်တည်တဲ့အခါမှ ကျွန်တော်တို့ကျမှ မေးခွန်းထုတ်စရာလား"  လို့ ဦးနေဇင်လတ်က ပြောလိုက်တဲ့အခါမှာတော့ ပရိသတ်က  ဟေးခနဲ အော်သံပေးပြီးတော့  လက်ခုပ်တီး အားပေးလိုက်ကြပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် ဘာသာရေးဆိုင်ရာ တင်းမာမှုတွေ ပေါ်ပေါက်နေပြီး အများစုကတော့ အင်အား ကြီးမားလာတ မဘသအဖွဲ့ရဲ့ လှုပ်ရှားမှုတွေကြောင့် ဖြစ်ပေါ်လာတာပါ။ မကြာသေးခင်လတွေအတွင်း သမ္မတဦးသိန်းစိန် လက်မှတ်ထိုးပြဋ္ဌာန်းလိုက်တဲ့ မျိုးစောင့်ဥပဒေတွေဟာ လူ့အခွင့်အရေးစံတွေနဲ့ မညီဘူး၊ မွတ်စလင်တွေကို ပစ်မှတ်ထား ကန့်သတ်တာ ဖြစ်တယ်ဆိုပြီး လူ့အခွင့်အရေးအဖွဲ့တွေက ကန့်ကွက်ကြပေမယ့် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး ကြွေးကြော်သူတွေကတော့ လှိုက်လှိုက်လှဲလှဲ ထောက်ခံနေကြပါတယ်။  

NDP ပါတီကတော့ မဲဆွယ်စည်းရုံးတဲ့ကာလအတွင်း ဒီဥပဒေတွေကို  ထောက်ခံကြောင်း ပေါ်ပေါ်တင်တင်  ဟောပြော ကြေညာပေမယ့် နိုင်ငံရေးအမြတ်ထုတ်ဖို့အတွက် နိုင်ငံထဲမှာရှိတဲ့ လူနည်းစု မွတ်စလင်တွေကို ဦးတည် ဆန့်ကျင်နေတာမဟုတ်ဘူးလို့ ဆိုပါတယ်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရဲ့ မော်လမြိုင်မြို့နယ်ဥက္ကဋ္ဌ ဦးသောင်းလှက မွန်ပြည်နယ်မှာရှိတဲ့ သူတို့ပါတီရဲ့ အမတ်လောင်း ၃၁ ဦး မဲဆွယ်ကြရာမှာ ဘာသာရေး အကြောင်းအရာ ထည့်သွင်းပြောဆိုခြင်း မရှိကြောင်း ရှင်းပြပါတယ်။

“နိုင်ငံရေးနဲ့ဘာသာရေးနဲ့တော့ မရောယှက်စေချင်ဘူး။ ဒီလိုဆိုရင်တော့ ရူပ်ထွေးသွား နိုင်တယ်။ ကျွန်တော်တို့ကတော့ လုံးဝလက်မခံဘူး။  ဘာသာရေးကိုအသုံးချတာမျိုး၊ အလွဲသုံးစားလုပ်တာမျိုးတော့ မဖြစ်စေချင်ဘူး” လို့ ဦးသောင်းလှက ပြောပါတယ်။
 
သုံးလအတွင်း  ပါတီဝင်တစ်သိန်းကျော်ရှိလာ

NDP ပါတီက ပြည်သူ့လွှတ်တော်အတွက် ၁၃၄ နေရာ၊ အမျိုးသားလွှတ်တော်အတွက် နေရာ ၆ဝ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေအတွက် ၁၆ဝ ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

မော်လမြိုင်မြို့ ပါတီပြည်နယ်ရုံးမှာ တွေ့ရတဲ့ ပါတီရဲ့ မူဝါဒရေးရာတာဝန်ခံ၊  နိုင်ငံရေးသုံးသပ်ချက်ဆောင်းပါးရှင် ဦးပိုက်တင်ကတော့  သူတို့ပါတီမှာ ငွေကြေးတတ်နိုင်သူ အများအပြား  ပါဝင်တယ်လို့ ဆိုပါတယ်။

အင်တာဗျူးနေချိန်မှာပဲ သူ့အနားက လူတချို့က အဆက်မပြတ် စောင့်ကြည့်ပြီး  သူတို့ဖုန်းတွေနဲ့ အသံဖမ်း၊ ဓာတ်ပုံရိုက် မှတ်တမ်းတင်နေကြပါတယ်။ သူတို့ပါတီဟာ အမျိုးသားတိုးတက်ရေးပါတီက  ဘာသာရေးနဲ့  နိုင်ငံရေးရောထွေးနေတယ် ဆိုတဲ့ သုံးသပ်ချက်တွေနဲ့ ပတ်သက်ပြီး သူက ဖြေရှင်းချက် ထုတ်ပါတယ်။

“ကျွန်တော်တို့ မြန်မာနိုင်ငံကို ထေရဝါဒရဲ့နောက်ဆုံးခံတပ်လို့ လည်းပြောကြတာလည်းရှိတယ်။ ကျွန်တော်တို့က အထူးသတိဝီရိယထားပြီးတော့ ကျွန်တော်တို့ရဲ့ဘာသာ၊ သာသာနာကို စောင့်ရှောက်ရမယ့်တာဝန် ဖြစ်နေတယ်။ ဘာသာရေးကိုနိုင်ငံရေးမှာ အသုံးချမယ် ဆိုတဲ့သဘောမျိုးတော့ မရှိပါဘူး” လို့ ဦးပိုက်တင်က လေးထောင့်ပုံ ပါဝါမျက်မှန်ကို ပင့်တင်လိုက်ပြီး ပြောပါတယ်။

ပါတီဥက္ကဋ္ဌဖြစ်သူဦးနေဇင်လတ် သမ္မတအကြံပေးအဖြစ်က နှုတ်ထွတ်ပြီး  နိုင်ငံရေးပါတီတစ်ခု တည်ထောင်ရန်စတင်နေပြီ ဆိုတဲ့ သတင်းများ ထွက်ပေါ်နေခဲ့တဲ့၂ဝ၁၅ အစောပိုင်း ကာလတွေကတည်းက  အမျိုးသားတိုးတက်ရေးပါတီဟာ အကဲခတ်တွေ အာရုံစိုက်စရာ  နိုင်ငံရေးပါတီတစ်ခု ဖြစ်လာခဲ့ပါတော့တယ်။

NDP ပါတီရဲ့ ဒုဥက္ကဋ္ဌ ဦးအောင်ထွေးကို ဆက်သွယ်မေးမြန်းရာမှာတော့ နိုင်ငံအနှံ့မှာ ပါတီဝင်အင်အား သိန်းနဲ့ချီရှိနေပြီလို့ ပြောပါတယ်။
 
မဲဆွယ်မှုနဲ့ ဘာသာရေး   

NDP ပါတီက မဲဆွယ်ဟောပြောရာမှာ မျိုးစောင့်ဥပဒေ ကောင်းကြောင်း  ထည့်သွင်း ပြောကြားရုံတင် မကပါဘူး၊ ပါတီရဲ့ မဲဆွယ်အလှပြယာဉ်မှာလည်း ပါတီအမှတ်တံဆိပ် ရွှေရောင်ကဒေါင်းရဲ့ အထက်မှာ အမျိုးစောင့်ဥပဒေကို အပြည့်အဝ ထောက်ခံပါသည်လို့ ထင်ထင်ရှားရှား ရေးသားထားပါတယ်။

မော်လမြိုင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ် ပြိုင်မယ့်  ဦးအောင်ကိုကိုကတော့  သူတို့ရဲ့ပါတီကို ဘာသာရေးအဖွဲ့အစည်းတစ်ခုနဲ့ နှိုင်းယှဉ်ပြောဆိုတဲ့အတွက် မကျေမနပ်ဖြစ်နေပုံပေါ်ပါတယ်။

“မဘသနဲ့ကျွန်တော်တို့ကို ပေါင်းပြီးတော့လုပ်တယ်လို့လည်း စွပ်စွဲကြတယ်။ တကယ်ကတော့ ရည်ရွယ်ချက်ခြင်းသွားတူတာဗျ” လို့ ဦးအောင်ကိုကိုက ရှင်းပြပါတယ်။

NDP ပါတီရဲ့မဲဆွယ်စည်းရုံးမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေသူတွေ အများစုဟာ ရပ်ကွက် ဆွမ်းတော်ကြီးလောင်းအသင်းတွေက လူငယ်တွေဖြစ်ပြီး ပါတီရဲ့မူဝါဒကို ကြိုက်နှစ်သက်သူတွေဖြစ်တယ်လို့ အသက် ၄ဝ ဝန်းကျင် မော်လမြိုင်ဇာတိ မွန်တိုင်းရင်းသား ဦးအောင်ကိုကိုက ပြောပါတယ်။

သူက ရန်ကုန်မှာအခြေချနေသူတစ်ဦးဖြစ်ပြီး  ၂ဝ၁ဝ ရွေးကောက်ပွဲမှာ  ရန်ကင်းမြို့နယ်ထဲက ရပ်ကွက်တစ်ခုမှာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူပါ။

ဘာသာရေးကို အသုံးချပြီး မဲဆွယ်မှုတွေလုပ်ကိုင်နေတာကို မွန်တိုင်းရင်းသားသံဃာ အများအပြားကတော့ ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း ပြောဆိုထားပါတယ်။

ဒေသခံမွန်တိုင်းရင်းသားတွေအပေါ်မှာ သြဇာလွှမ်းမိုးမှုရှိတဲ့ ရာမညနိကာယဂိုဏ်းက ဒုတိယဂိုဏ်းချုပ်ဆရာ တော် အဂ္ဂမဟာပဏ္ဍိတ ဦးသီလစာရကတော့ မျိုးစောင့်ဥပဒေများကို ထောက်ခံတဲ့ ထိပ်တန်းသံဃာတစ်ပါး ဖြစ်ပါတယ်။ သို့သော်လည်း ဒီဥပဒေနဲ့ ပတ်သက်ပြီး  မဲဆွယ်ရာတွင် အသုံးမပြုသင့်ကြောင်း မော်လမြိုင်မြို့ အနောက်ပဲခူးကျောင်းတိုက်အတွင်း  စာသင်သား သံဃာ ၈ဝဝခန့်ကို ဗုဒ္ဓစာပေတွေ နေ့ည မပြတ်ပို့ချပေးနေတဲ့  ဦးသီလစာရက မိန့်ကြားပါတယ်။   

“ အမျိုးစောင့်ဥပဒေပြဋ္ဌာန်းပေးတာတော့ ကျေးဇူးတင်ပါတယ်။ ပါတီတွေအောင်နိုင်ရေးကတော့ ဘုန်းကြီးတို့က လိုက်ဟောပြောပေးနေရမှာ မဟုတ်ပါဘူး”လို့ သက်တော် ရဝ ဝန်းကျင်ရှိပြီဖြစ်တဲ့ ဆရာတော်က အသံ ခပ်မှန်မှန်နဲ့ မိန့်ပါတယ်။

မဲရရှိရေးအတွက် ဘာသာရေးကို အသုံးမပြုသင့်ကြောင်း မိန့်ကြားတဲ့ထဲမှာ မွန်တိုင်းရင်းသား ဆရာတော်တစ်ပါးဖြစ်သူ ဦးဥက္ကံသကလည်း ပါပါတယ်။

"ပါတီကြီးတွေရော အင်အားငယ်တဲ့ ပါတီငယ်တွေရော အနိုင်ရဖို့အတွက် နည်းမျိုးစုံ သုံးပြီးတော့ မဲဆွယ်နေတယ်။ ဘာသာရေးကို ခုတုံးလုပ်ပြီး မဲဆွယ်ဖို့ကတော့ လုံးဝကို မဖြစ်သင့်ဘူး” လို့ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် နာမည်ကျော်အင်းစိန်ထောင်မှာ  ထိန်းသိမ်းခံရတဲ့  ဦးဥက္ကံသက မှတ်ချက်ပေးပါတယ်။

မျိုးစောင့်ဥပဒေကို  လွှတ်တော်မှာ ဆွေးနွေးစဉ်တုန်းကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမတ်တွေက ကန့်ကွက်ခဲ့ကြတာပါ။ အတိုက်အခံပါတီကြီးဖြစ်တဲ့ NLD အစိုးရဖွဲ့နိုင်ရင် အမျိုး ဘာသာ သာသနာကို စောင့်ရှောက်မှာမဟုတ်ဘူးဆိုတဲ့ ဝါဒဖြန့်မှုတွေက မော်လမြိုင်အပါအဝင် တခြားမြို့ကြီးမြို့ငယ်တွေမှာလည်း ပေါ်ပေါက်နေပါတယ်။  

ဘာသာရေး ခုတုံးလုပ် စည်းရုံးတာတွေကို ကျေးလက်ဒေသမှာပိုပြီး မြင်တွေ့ရတယ်လို့ မော်လမြိုင်နဲ့ကပ်လျက် ပေါင်မြို့နယ်မှာ မဲဆွယ်နေတဲ့ NLD အမတ်လောင်း ဒေါ်မိကွန်ချမ်းက  ပြောပါတယ်။  သူရော သူ့ခင်ပွန်းသည်ပါ ဗုဒ္ဓဘာသာဝင်တွေပါ။

“ကျွန်မအမျိုးသားက ကုလား၊   ကျွန်မကလည်း ဗုဒ္ဓဘာသာမဟုတ်ဘူး ဆိုပြီးတော့ ဝါဒဖြန့်နေတာမျိုးတွေကို ကြားနေရပါတယ်” လို့ ဒေါ်မိကွန်ချမ်းက  ပြောပြပါတယ်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading