ပထမဆုံးအကြိမ်မဲပေးမည့်သူတစ်ဦး၏ အခက်အခဲ

သြဂုတ်လ ၃၁ ရက်နေ့က နေပြည်တော် လွှတ်တော်အနီး အလုပ်သမားတစ်ဦး မြက်ရိတ်နေစဉ် (ဓာတ်ပုံ - REUTERS/စိုးဇေယျာထွန်း)

အာဘော်ဆောင်းပါး

ရန်ကုန် – နေ့လယ်အစောပိုင်း ပြင်ပတွင် လင်းလင်းချင်းချင်းရှိသော်လည်း ဓမ္မာရုံအတွင်းမှာတော့ မှောင်တောင်တောင်ဖြစ်နေသည်။   စာရွက်များကပ်ထားသော ဘုတ်ပြားများကို နံရံနှင့်၊ တိုင်များအနှံ့ ထောင်ထားသည်။

ဓမ္မာရုံဝင်ပေါက်နှင့်အဝေးဆုံးဘုတ်ပြားတွင် ကပ်ထားသော အေဖိုးစာရွက်အလယ်ပိုင်းတွင် ကျွန်မအမည်ကို  အမေနှင့် အစ်မအမည်တို့ကြားတွင် တွေ့ရသည်။

အမည်ဘေးတွင်ရေးထားသော အချက်အလက်များကို ဆက်၍ရှာရာ  မှတ်ပုံတင်နံပါတ်မှန်၊ မွေးနေ့မှန်ပြီး မွေးသက္ကရာဇ်မှားနေသည်ကို တွေ့ရသည်။ ဤအမှားမှာ  မဲဆန္ဒရှင်စာရင်း ပထမအကြိမ် ကြေညာကတည်းက တွေ့ခဲ့သဖြင့်  လျှောက်လွှာပုံစံ ၃(က) တင်ပြီး ပြင်ဆင်ခဲ့ရသည့်အမှား။ ယခုလည်း မှားပြန်ပြီ။

ရပ်ကွက်လူကြီးများက ဖော်ဖော်ရွေရွေ၊ တောင်းတောင်းပန်ပန်။ ဤအမှားရှိသော်လည်း ရွေးကောက်ပွဲနေ့တွင် မဲပေးခွင့်မရမည်ကိုမပူနှင့်ဟု ဆိုကြသည်။

“ဒါ ကွန်ပြူတာဆော့ဖ်ဝဲက ဖြစ်တာ။ တချို့လူတွေများဆို သူတို့နာမည်က ပထမတစ်ခေါက်တုန်းကပါပြီး အခုတစ်ခေါက်ကျ မပါတော့ဘူး” ဟု  လူကြီးတစ်ဦးက ကျွန်မကို တိုးတိုးပြောပြသည်။ ထိုသူများနှင့်ယှဉ်လျှင် ကျွန်မကံကောင်းသည်ဆိုသော သဘောလားမသိ။

ကျွန်မ၏မဲပေးပိုင်ခွင့် မည်သည့်အကြောင်းနှင့်မျှ မပျက်စေလို၍ ပုံစံ ၃(က) နောက်တစ်စောင် ဖြည့်ပြီး တင်လိုက်သည်။

လာမည့်ရွေးကောက်ပွဲတွင် မဲပေးခြင်းသည် ကျွန်မတစ်သက်တာတွင် ပထမဦးဆုံးအကြိမ် မဲပေးရသည့် အတွေ့အကြုံဖြစ်လာပါလိမ့်မည်။ ၁၉၉ဝ ရွေးကောက်ပွဲတွင် ကျွန်မ အသက်ငယ်သေး၍ မဲမထည့်ခဲ့ရ။ မလွတ်လပ်၊ မမျှတဟု အများပြောကြသော၂ဝ၁ဝ ရွေးကောက်ပွဲတွင် ကျွန်မ နိုင်ငံခြားရောက်နေပြီး ကျွန်မတို့မဲဆန္ဒနယ် (ရန်ကင်းမြို့နယ်)တွင်၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ မရှိခဲ့ပါ။

နိုင်ငံရပ်ခြားတွင် ဆယ်စုနှစ် နှစ်ခုနီးပါးနေခဲ့၍ အခြားနိုင်ငံသားခံယူရန် အခွင့်ရခဲ့သော်လည်း မြန်မာပတ်စ်ပို့ကို လက်မလွှတ်ခဲ့ပါ။ တတိယနိုင်ငံတစ်ခုသို့ သွားလိုလျှင် ရက်သတ္တပတ်များစွာစောင့်ခဲ့ရ၊ မြန်မာနိုင်ငံသားဖြစ်၍ နိုင်ငံတကာလေယာဉ်ကွင်းများတွင် လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများ၏ အသေးစိတ် စိစစ်မေးမြန်းခြင်း ခံရသည်မှာလည်း မရေတွက်နိုင်တော့ပါ။

ထိုသို့သော စိတ်အနှောင့်အယှက်ဖြစ်စရာများကိုတောင့်ခံခဲ့ပြီးမှ ကျွန်မနိုင်ငံကမဲပေးပိုင်ခွင့်ကို လက်မလွှတ်ချင်ပါ။

လွန်ခဲ့သည့်နှစ်၅ဝအတွင်း ပြည်သူလူထု၏အသက်၊ သွေး၊ ချွေး  များစွာ စတေးခဲ့ပြီးမှ ပေါ်ပေါက်လာသော အခွင့်အရေးကို ရယူခြင်းသည် ကျွန်မအနေဖြင့် အနည်းဆုံး လုပ်နိုင်သည့် အရာတစ်ခုပင်ဖြစ်ပါသည်။
 
စိတ်ပျက်လက်ပျက်

ကျွန်မအမည်ကို မဲဆန္ဒရှင်စာရင်းတွင်တွေ့၍ ပျော်လိုက်ရသောအပျော်မှာ ကြာကြာမခံရှာ။ ကိုယ်စားလှယ်လောင်းစာရင်းကိုကြည့်ချိန်တွင် ပျောက်သွားရှာသည်။ နာမည် နည်းနည်းကြားဖူးသော ကိုယ်စားလှယ်လောင်းတစ်ဦးမှလွဲ၍ အားလုံးက ကျွန်မအတွက် မျက်နှာစိမ်းများဖြစ်နေသည်။

ကျွန်မကို စိတ်တက်ကြွ အားကျအောင်လုပ်နိုင်သော ကိုယ်စားလှယ်လောင်း၊ ဒီမိုကရေစီကျင့်ထုံးများနှင့့်် ကိုက်ညီသည့်မူဝါဒ ကိုင်စွဲသော ကိုယ်စားလှယ်လောင်း၊ မြန်မာပြည်တိုးတက်ကြီးပွားအောင် ပြုလုပ်ရာတွင် အဆင်းရဲဆုံး၊ ချောင်ထိုး မျက်ကွယ်အပြုခံရဆုံးဖြစ်နေသူများ မကျန်ရစ်အောင် လုပ်နိုင်မည့် အစီအစဉ်ရှိသည့် ကိုယ်စားလှယ်လောင်းကိုသာ မဲပေးချင်ပါသည်။

သို့သော်လည်း မဲဆွယ်မှုအစပြုသည်မှာ တစ်လကျော်လာသည်၊ ကိုယ်စားလှယ်လောင်းများကို မျက်နှာချင်းဆိုင် တွေ့ကာ မူဝါဒမေးဖို့မပြောနှင့် သူတို့ဆီမှ လက်ကမ်းစာရွက်များပင် မရသေးပါ။ သက်တောင့်သက်သာမရှိသည့် ပုံစံကြီးများဖြင့် ရိုက်ထားသော ဓာတ်ပုံများပါသည့် မဲဆွယ်ပိုစတာတို့ကိုတော့ တွေ့နေရပါသည်။ သူတို့၏မူဝါဒ သဘောထားများကိုမူ မသိရပါ။

ထို့ကြောင့် သူတို့၏ကျောထောက်နောက်ခံပါတီကိုသာ ကျွန်မ ကြည့်ရပါတော့သည်။ ထိုအခါ စိတ်တိုင်းမကျဖွယ် ရွေးချယ်စရာများသာ တွေ့ရပါသည်။

၁၉၈ဝ ပြည့်လွန်နှစ်များတွင် ကြီးပြင်းကာ ၁၉၉ဝ နောက်ပိုင်းနှစ်များတွင် တက္ကသိုလ်ခဏတဖြုတ်တက်ခဲ့ရသော ကျွန်မသည် ဆန္ဒပြမှုများကို စစ်အစိုးရက အကြမ်းဖက်ဖြိုခွင်းခြင်း၊  ပြည်သူများအပေါ် အကြင်နာမဲ့စွာ ပြုမူခြင်းများကို ကြုံခဲ့ရပါသည်။ ဤအတွက်ကြောင့် စစ်အစိုးရလက်ထက်တွင် အာဏာရှိခဲ့သောသူများ ပါဝင်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမတ်လောင်းတို့ကို မဲထည့်ရန် ခက်ခဲပါသည်။

မြန်မာနိုင်ငံ အတိုင်းအတာ တစ်ခုထိ ပြောင်းလဲသွားပြီဆိုသည်ကို လက်ခံပါသည်။ ယခုလို နေရပ်ပြန်ကာ ကျွန်မအလွန်နှစ်သက်သော သတင်းထောက်အလုပ်ကို လုပ်နိုင်ခြင်း၊ ဤအမြင်အာဘော်ကို ရေးနိုင်ခြင်းကပင်လျှင် မြန်မာနိုင်ငံ၏ ပြောင်းလဲခြင်းကို ဖော်ပြနေပါသည်။

သို့သော်လည်း ကြောက်ရွံ့မှုများ၊ သွေးထွက်သံယိုမှုများမှာ လတ်လတ်ဆတ်ဆတ်ပင် ရှိနေသေးသောကြောင့် မေ့လိုက်ရန်၊ ခွင့်လွှတ်ရန် မလွယ်သေးပါ။

လမ်းစမလျှောက်ခင်ကပင် ဦးတော်တင်တတ်ခဲ့သော ကျွန်မသည် နိုင်ငံရေးအခြေအနေ မပြောင်းလဲရေးအတွက် ဘာသာရေးကို ခုတုံးလုပ်နေမှုများကို မနှစ်မြို့ပါ။

အမျိုးသား၊ သံဃာတို့က မြန်မာအမျိုးသမီးများကို “ကာကွယ်ရန်” ဟူသော အကြောင်းပြချက်ဖြင့် ကျွန်မတို့၏ အခွင့်အရေးများကို ထိန်းချုပ်သော ဥပဒေများ အတည်ပြုရေး ဆောင်ရွက်ခဲ့ကြသည်။ နှောင့်ယှက်သူ၏ အမျိုးဘာသာကို မကြည့်ဘဲ အမျိုးသမီးများကို အမှန်တကယ် ကာကွယ်ကူညီနိုင်သော ဥပဒေများကိုမူ ကြန့်ကြာစေရန် လုပ်ဆောင်မှုများ ရှိနေသည်။

အလုပ်ကြိုးစားသော၊ ကိုယ့်အားကိုယ်ကိုးသော အမျိုးသမီးတစ်ဦးအနေဖြင့် ဤသို့သော အနေအထားများကို သဘောမတူနိုင်ပါ။  

တွေးခေါ်၊ မေးမြန်း၊ စူးစမ်းခွင့်ရှိသော နိုင်ငံသားတစ်ဦးအနေဖြင့်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က  ပြည်သူလူထု ထောက်ခံရေးအတွက် လုပ်ဆောင်စဉ် မူဝါဒ ပီပီပြင်ပြင်မပြနိုင်သည်ကိုလည်း မနှစ်သက်ပါ။ NLD သည် မြန်မာနိုင်ငံကို ချုံးချုံးကျစေခဲ့သော၊ အထက်ပြောသမျှနာခံရသော အုပ်ချုပ်ရေးပုံစံကို ကျင့်သုံးနေသလိုပင်။ ထို့ပြင် အစွန်းရောက်ဝါဒီများကို လိုက်လျောကာ အစ္စလမ်ဘာသာဝင် အမတ်လောင်း တစ်ဦးတစ်ယောက်ကိုမှ မရွေးချယ်ခြင်းကိုလည်း ဘဝင်မကျဖြစ်မိပါသည်။

ပါတီငယ်များ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ၏ မူဝါဒနှင့် ရပ်တည်ချက်များကို မသိရသေးသော မဲဆန္ဒရှင်တစ်ဦးအနေဖြင့် ဤပါတီကြီးနှစ်ခုမှလွဲ၍ တခြားရွေးချယ်စရာမရှိဟု ခံစားရပါသည်။

ကျွန်မ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသော မဲပေးနိုင်သည့်အခွင့်အရေး ယခုရရှိပါပြီ။ မည်သူ့ကို မဲပေးရမည် ဆိုသည်ကိုတော့ ပြောရခက်၊ ဆုံးဖြတ်ရခက် ဖြစ်နေတော့သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading