စစ်ကောင်စီလက်စလက်နဖျောက်သဖြင့် ဖမ်းဆီးခံရသူများအကြောင်းစုံစမ်းမရဖြစ်နေ 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၈ ရက်အထိ စစ်ကောင်စီက လူပေါင်း ၁၇၀၀ ကျော်ကိုဖမ်းဆီးထားကြောင်း၊ သေဆုံးသူ ၆၀ ကျော်ရှိသည်ဟု ခန့်မှန်းထားသည်

ထိန်းသိမ်းထားသူမရှိဟု ဘူးခံငြင်းသော ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ စစ်တပ်ဝန်း အတွင်း  အချုပ်ကားတစ်စီး ဝင်သွားသည်ကို မတ် ၁၀ ရက် နံနက်ပိုင်းကတွေ့ရစဉ်။

စစ်တပ်က အာဏာသိမ်းပြီးချိန်မှစကာ ဖမ်းဆီးခံထားရသူ ထောင်ချီရှိသော်လည်း စစ်ကောင်စီက လက်စလက်နဖျောက်ထားသဖြင့် မည်သို့မျှ စုံစမ်းမေးမြန်းမရဖြစ်နေကြောင်း သက်ဆိုင်ရာ မိသားစုဝင်များနှင့် တရားလွှတ်တော်ရှေ့နေများက ပြေသည်။

စစ်ကောင်စီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပါတီခေါင်းဆောင်များ၊ ပါတီဝင်များ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့် မိသားစုဝင်များပါမချန် ထင်ရာစိုင်းဖမ်းဆီးနေသည့် အပြင် ငြိမ်းချမ်းစွာဆန္ဒပြနေသော ပြည်သူများကိုပါ ပစ်မှတ်ထားဖမ်းဆီးနေသဖြင့် မြန်မာ့နွေဦးတော်လှန်ရေးအတွင်း ထိခိုက်နစ်နာမှုများကို အတည်ပြုရန် ခက်နေသည်ဟုလည်း ၎င်းတို့က ဆိုသည်။

အကောင်းပတိအနေအထားဖြင့် ညပိုင်းတွင်ဖမ်းဆီးခံခဲ့ရပြီးနောက် မနက်ပိုင်းတွင် အလောင်းသာ ပြန်ရသည့် ရင်နင်စရာ ဖြစ်ရပ်များလည်း ရှိနေသည်။

မတ် ၆ ရက်ညပိုင်းက ဖမ်းဆီးခံခဲ့ရသည့် ပန်းဘဲတန်းမြို့နယ် NLD ရပ်ကျေးဥက္ကဋ္ဌ ဦးခင်မောင်နှင့် မတ် ၈ ရက်ညပိုင်းတွင် ဖမ်းဆီးခံခဲ့ရသူ NLD ပါတီဝင် ‘စု’ အသက်မွေးဝမ်းကျောင်းသိပ္ပံ (ရွှေပြည်သာ) တာဝန်ခံဦးဇော်မြတ်လင်းတို့ကို ဖမ်းဆီးခံရပြီး နောက်တစ်ရက်နံနက်တွင် အလောင်းသာပြန်ခဲ့ရပြီး သေဆုံးရသည့်အကြောင်းရင်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာမျှ မသိရသေးပေ။ 

"ကျည်ဆန်မှန်လို့ ဗိုက်ပွင့်ပြီးသေသွားတာလို့ မျက်မြင်ကောက်ချက်အရ သိရတယ်။ သေဆုံးရတဲ့ အကြောင်းအရာကို တိတိကျကျရှင်းပြတာမျိုးတော့ မရှိဘူး” ဟု ရန်ကုန်မြို့၊ မင်္ဂလာဒုံစစ်ဆေးရုံတွင် ရုပ်အလောင်းကို ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သည့် ဦးဇော်မြတ်လင်း၏ ဇနီးအား ကိုးကားလျက်  NLD ဗဟိုတာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အတူ ပန်းပဲတန်းမြို့နယ် NLD ရပ်ကျေးဥက္ကဌ ဦးခင်မောင်လတ်၏ မိသားစုဝင်များကလည်း သေဆုံးရသည့်အကြောင်းကို စစ်ကောင်စီလက်နက်ကိုင်များက တိကျရေရာစွာ ရှင်းပြခြင်းမရှိသေးဟု သိရသည်။ ဦးခင်မောင်လတ်ကို ညပိုင်းတွင်ဖမ်းဆီးပြီးနောက် နောက်တစ်နေ့ နံနက်စောစောတွင် အလောင်းလာထုတ်ရန် မိသားစုကို ရဲစခန်းမှတဆင့် အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ 

ယမန်နေ့ည (မတ် ၉) ပဲခူးမြို့နေအိမ်၌ စစ်ကောင်စီလက်နက်ကိုင်များက တရကြမ်း ဝင်ရောက်ဖမ်းဆီးခံခဲ့ရသူ ဒေါ်အောင်ဆန်းစုကြည်အတွက် အနီးကပ်လုံခြုံရေးတာဝန်ယူဖူးသူ NLD ပါတီဝင် ကိုဂျမား၏ အခြေအနေနှင့် ပတ်သက်၍လည်း မည်သို့မျှ စုံစမ်း၍မရသေးကြောင်း NLD ဗဟိုတာဝန်ရှိသူအချို့က အတည်ပြုသည်။

“နိုင်ငံရေးသမားတွေ မပြောနဲ့။ လမ်းပေါ်မှာ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြနေတာကို ပစ်ခတ်၊ ရိုက်နှက်၊ ဖမ်းဆီးတာခံရတဲ့ သာမန်ပြည်သူတွေ၊ လူငယ်တွေတောင် ဒီမှာရှိလား(ရန်ကုန်-အင်းစိန်ထောင်)၊ အမှုဖွင့်ထားလား၊ ကျန်းကျန်းမာမာရောရှိရဲ့လား၊ ရထားတဲ့ဒဏ်ရာတွေ အခြေအနေကောင်းလား သိရဖို့တောင် အင်မတန်ခက်ပါတယ်။ တွေ့ရဖို့ဆိုတာကတော့ဝေလာဝေးပါ”ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။

အဆိုပါရှေ့နေသည် ရန်ကုန်မြို့ဆန္ဒပြပွဲများအတွင်း ပျောက်ဆုံးနေသူများ၏ မိသားစုဝင်များကို ဥပဒေကြောင်းအရ အခမဲ့ကူညီဆောင်ရွက်ပေးနေသူဖြစ်ပြီး အပ်နှံသည့်အမှုအရေအတွက် များပြားလွန်းသဖြင့် ပျောက်ဆုံးနေသူဦးရေကို အကန့်အသတ်ထား၍ အဖွဲ့များခွဲကာ လက်ခံဆောင်ရွက်ပေးနေရသည်ဟု ဆိုသည်။

“စမ်းချောင်း၊ မြေနီကုန်း၊ လှည်းတန်းတစ်ဝိုက် မြို့နယ်တွေမှာ ဖမ်းခံရတဲ့လူငယ်တွေနဲ့ပတ်သက်ပြီးတော့ပဲ လောလောဆယ် လက်ခံထားတယ်။ ပျောက်ဆုံးနေသူဦးရေပိုများတဲ့ မြောက်ဥက္ကလာလိုမြို့နယ်တွေက မိသားစုတွေကို တခြားမိတ်ဆွေရှေ့နေတွေ လုပ်ဆောင်ပေးနေပါတယ်” ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့အင်းစိန်ထောင်အာဏာပိုင်များထံ ပျောက်ဆုံးနေသူများ၏အမည်စာရင်းကိုပေးပို့ပြီး ထောင်အတွင်း၌ ရှိမရှိ ရှေ့နေများက တရားဝင်မေးမြန်းနေသော်လည်း အတည်ပြုချက်ရရှိနိုင်ရန် လွန်စွာခက်ခဲနေသည်ဟု အဆိုပါတရားလွှတ်တော်ရှေ့နေက ဆိုသည်။ 

ရန်ကုန်ကဲ့သို့ မြို့ကြီးပြကြီး၌ပင် ပျောက်ဆုံးနေသည့် မိမိတို့၏မိသားစုဝင်များကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကိုလည်းကောင်း သေသည်ရှင်သည်ကိုလည်းကောင်း  စုံစမ်းရခက်နေသဖြင့် နိုင်ငံအနှံ့ ဖမ်းဆီးခံရသူနှင့် ထိခိုက်သေဆုံးသူ အရေအတွက်သည်လည်း ခန့်မှန်း၍ပင် ရနိုင်မည်မဟုတ်ကြောင်းလည်း မိသားစုဝင်များနှင့် တရားလွှတ်တော်ရှေ့နေများက သုံးသပ်ကြသည်။ 

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၌ အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပြည်သူများကို စစ်ကောင်စီ၏ လက်နက်ကိုင်များက နာရီပေါင်းများစွာ ပိတ်ဆို့ထားခဲ့သည့ မတ် ၈ ရက်ဖြစ်စဉ်အပြီး နှစ်ရက်အကြာတွင် ပျောက်ဆုံးနေသူများကို ထိန်းသိမ်းထားသည်ဟု သတင်းကြားရသည့်နေရာကို သွားရောက်စုံစမ်းသော် လည်း တိကျသည့်အဖြေ တစ်စုံတစ်ရာမရခဲ့ဟု သားပျောက်ရှာနေသူ မိခင်တစ်ဦးက ပြောသည်။

စမ်းချောင်းမြို့နယ်ရဲစခန်း၌ စုံစမ်းနေသည်မှာ အကြောင်းမထူးဖြစ်နေချိန်တွင် ရွှေပြည်သာမြို့နယ်ရှိ စစ်တပ်ဝန်းတစ်ခု အတွင်းရှိသည်ဟု သတင်းကြား၍ ယနေ့နံနက်တွင် သွားရောက်စုံစမ်းရာတွင်လည်း “ဘူးခံပြီးတော့ပဲငြင်းတယ်၊ ဒီမှာဘယ်သူမှ မရှိပါဘူးလို့ပြောတယ်”ဟု အဆိုပါမိခင်က ပြောသည်။

အသိမိတ်ဆွေ သုံးဦးပျောက်ဆုံးနေခြင်းကြောင့် သက်ဆိုင်ရာမိသားစုနှင့်အတူ ကူညီစုံစမ်းပေးနေသူ တစ်ဦးကလည်း အဆိုပါ စစ်တပ်ဝန်းမှာ ရွှေပြည်သာမြို့နယ် အောက်မင်္ဂလာဒုံလမ်းပေါ်ရှိ ကန်သာယာမှတ်တိုင်းဘေးလမ်းကျဉ်းအတွင်း၌ရှိပြီး ရန်ကုန်၌ ဖမ်းဆီးခံရသူအချို့ ယင်းနေရာတွင်ရှိကြောင်း ခိုင်မာစွာကြားသိထားရသည်ဟု ပြောသည်။

“သူတို့က ဒီမှာမရှိဘူးငြင်းတယ်။ အဲဒီရှေ့မှာ ကျွန်မတို့ရှိနေတဲ့အချိန် နေ့လယ် ၁၂ ခွဲလောက်မှာပဲ စစ်သားတွေလိုက်လာတဲ့ Double Cab ကားနှစ်စီးနဲ့ အချုပ်ကားတစ်စီး အဲဒီဝန်းထဲကို ဝင်သွားတယ်” ဟု အထက်ပါ လိုက်ပါကူညီဆောင်ရွက်ပေးနေသူက ပြောသည်။

အဆိုပါ စစ်တပ်ဝန်းမှာ ယခင်က စစ်အကျဉ်းထောင်ဖြစ်ပြီး အာဏာသိမ်းပြီးနောက် ညပိုင်းအချိန်၌ပင် လုံခြုံရေးအစောင့်အရှောက်ယာဉ်တန်းဖြင့် အချုပ်ကားများ အဝင်အထွက်ရှိသည်ဟု ဒေသခံများ ထံမှသိရသည်ဟုလည်း ယနေ့နံနက်ပိုင်းတွင် ယင်းနေရာသို့ရောက်ရှိခဲ့သူအချို့က ပြောသည်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း သန်းနှင့်ချီသော နေ့စဉ်ရက်ဆက် ဆန္ဒပြပြည်သူ များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြမ်းပတမ်းကိုင်တွယ်နေချိန်တွင် နေ့စဉ်ဖမ်းဆီးခံရသူ ရာနှင့်ချီရှိပြီး လူမသိသူမသိ ဖြစ်ရပ်များစွာရှိနေနိုင်ကြောင်း အထက်ပါရှေ့နေများက သုံးသပ်သည်။

ရန်ကုန်မြို့ မြောက်ဥက္ကလာမြို့နယ်အတွင်း စစ်ကောင်စီက စက်သေနတ်ပင်သုံး၍ အကြမ်းတမ်းဆုံး ဖြိုခွင်းခဲ့သည့် မတ် ၃ ဖြစ်စဉ်တစ်ခုတည်းတွင် သေဆုံးသူဦးရေ ၃၀ ကျော်အထိရှိနိုင်ပြီး ပျောက်ဆုံးနေသူ အများအပြားရှိနေဆဲဖြစ်ကြောင်း ဒေသခံလူမှုကူညီကယ်ဆယ်ရေးအသင်းများက ခန့်မှန်းထားကြသည်။ 

အဆိုပါဖြစ်စဉ်အတွင်း သေဆုံးသူရှစ်ဦးကိုသာ Myanmar Now က အတည်ပြုထားနိုင်သေးသည်။

ထို့အတူ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုအတွင်း သေဆုံးသူဦးရေ ၁၃ ဦးထက် မနည်းရှိကြောင်း အတည်ပြုထားနိုင်ပြီးဖြစ်သော မန္တလေးမြို့တွင် မတ် ၅ ရက်က  စစ်ကောင်စီတပ်ဖွဲ့များ၏ ဖြိုခွင်းမှုအတွင်း ဖမ်းဆီးခံရသူများရှိသောလည်း အရေအတွက်မည်မျှရှိသည်ကို အတည်မပြုနိုင်သေးဘဲ သေဆုံးခဲ့သူတစ်ဦးကိုသာ အတည်ပြုထားနိုင်သည်။ 

အဆိုပါဖြစ်စဉ်အတွင်း စစ်ကောင်စီလက်နက်ကိုင်များ၏ လက်တွင်သေဆုံးခဲ့သူမှာ အသက် ၂၁ နှစ် အရွယ် ကိုနိုင်မင်းကိုဖြစ်ပြီး စစ်တပ်ပိုင်မြဝတီရုပ်သံ၏ သတင်းထုတ်ပြန်ချက်အရသာ သေဆုံးသည်ကို သိရှိခဲ့ခြင်းဖြစ်ကြောင်း ကိုနိုင်မင်းကို၏ အစ်မဖြစ်သူမငွေနှင်းဖြူက Myanmar Now ကို ပြောကြားထား သည်။ 

မတ်လ ၅ ရက် သေဆုံးခဲ့သည့် ကိုနိုင်မင်းကို၏ အလောင်းရရှိရေး နေရာစုံလိုက်လံစုံစမ်းနေသော်လည်း ယနေ့အချိန်ထိ အစအနပင် မသိရသေးကြောင်းလည်း မငွေနှင်းဖြူထံမှ သိရသည်။

ထိုသို့ စစ်ကောင်စီတပ်ဖွဲ့၏ အကြမ်းဖက်မှုများမှာ နိုင်ငံအနှံ့ပေါ်ပေါက်နေပြီး ယမန်နေ့(မတ် ၉) ညပိုင်းကပင် တနင်္သာရီတိုင်း၊ မြိတ်မြို့၌ လူပေါင်း ၇၀ ကျော်ဖမ်းဆီးခံရကာ ၎င်းတို့အနက် ၄၅ ဦးခန့်ကို စစ်သားများက လူမဆန်စွာရိုက်နှက်ခဲ့သည်။ 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၈ ရက်အထိ စစ်ကောင်စီက လူပေါင်း ၁၇၀၀ ကျော်ကိုဖမ်းဆီးထားကြောင်း၊ သေဆုံးသူ ၆၀ ကျော်ရှိပြီဟု ခန့်မှန်းထားပြီး ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု ဆိုသည်။
 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading