အမျိုးသမီးများကို စောင့်ကြိုနေသည့် နိုင်ငံရေးနယ်မှစိန်ခေါ်မှုများ

မြန်မာနိုင်ငံတွင် အမျိုးသမီးများအပေါ် ထားရှိသော မသင့်လျော်သည့် စိတ်သဘောထားများကို အမြန်ဆုံးပြုပြင်သင့်ပြီး နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍများတွင် အမျိုးသမီးတို့ ပါဝင်မှုအတွက် နေရာပေးရန် လိုအပ်သည်ဟု အမျိုးသမီးအမတ်လောင်းများ၊ တက်ကြွလှုပ်ရှားသူများက ဆိုသည်။

Published on Oct 1, 2015
ရန်ကုန်၊ ဗဟန်းမြို့နယ်  ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် မကြာသေးမီက မဲဆွယ်နေသော တစ်သီးပုဂ္ဂလ အမတ်လောင်း ဒေါ်ညိုညိုသင်း (ဓာတ်ပုံ - Myanmar Now)
ရန်ကုန်၊ ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် မကြာသေးမီက မဲဆွယ်နေသော တစ်သီးပုဂ္ဂလ အမတ်လောင်း ဒေါ်ညိုညိုသင်း (ဓာတ်ပုံ - Myanmar Now)

ရန်ကုန် - ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) က ပါတီဝင်တစ်ဦးဖြစ်သည့် ဒေါ်နန်းမြဦး၏အမည်ကို ပြည်နယ်လွှတ်တော် တောင်ကြီးမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်းအဖြစ်  အမည်စာရင်းထုတ်ပြန်လိုက်သည့်နေ့တွင် ၎င်း၏မိသားစုအတွင်း ဗုံးတစ်လုံးပေါက်ကွဲသွားသည်။

 “တောင်ကြီးလိုနေရာမျိုးမှာ မင်းပြိုင်မယ်ဟုတ်လား။ လုံးဝ မဖြစ်နိုင်ဘူး …လုံးဝမပြိုင်ရဘူး”ဟု   ခင်ပွန်းဖြစ်သူက ပြင်းပြင်းထန်ထန်တားမြစ်ခဲ့ကြောင်း ဒေါ်နန်းမြဦးက ပြန်ပြောင်းပြောပြသည်။

နယ်မြေမငြိမ်သက်သည့်ဒေသဖြစ်သောကြောင့် မဲဆွယ်ကာလအတွင်း လုံခြုံရေးအရ စိုးရိမ်မိသဖြင့် ခင်ပွန်း ဖြစ်သူက တားမြစ်ခြင်းဖြစ်ပြီး ပါတီမှ ထွက်ရန်အထိပင် ဖိအားပေးခဲ့သည်ဟု ဆိုသည်။ ၎င်းသည် ပါတီအတွက် အမျှော်လင့်နိုင်ဆုံး ကိုယ်စားလှယ်လောင်းဖြစ်ကြောင်း အကြိတ်အနယ် ငြင်းခုံဆွေးနွေးပြီးသည့်အခါမှ ခင်ပွန်းဖြစ်သူက လက်လျှော့သွားခဲ့ကြောင်း ဒေါ်နန်းမြဦးက ပြောပြသည်။

ဒေါ်နန်းမြဦးကဲ့သို့  အဓိက အတိုက်အခံပါတီအားလုံး တပြိုင်နက်ပါဝင်ယှဉ်ပြိုင်ကြမည့် ဆယ်စုနှစ်အတွင်း အလွတ်လပ်ဆုံးရွေးကောက်ပွဲဟု မျှော်လင့်ထားကြသည့် ၂ဝ၁၅ ရွေးကောက်ပွဲကို ဝင်ရောက်မည့် အမျိုးသမီးအမတ်လောင်း အများအပြားက ၎င်းတို့၏နိုင်ငံရေးအခွင့်အလမ်းကို အမိအရကျင့်သုံးရန် ဆန္ဒပြင်းပြနေသော်လည်း မိသားစုဝင်များနှင့် အိမ်ထောင်ဘက်တို့၏ ဆန့်ကျင်၊ အတိုက်အခံပြုမှုကို ရင်ဆိုင်နေရသည်ဟု ပြောပြကြသည်။

မြန်မာနိုင်ငံ၏အထင်ရှားဆုံးသော နိုင်ငံရေးသမားဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က အမျိုးသမီး တစ်ဦးဖြစ်သော်လည်း ရှေးရိုးစွဲဖြစ်နေသေးသော မြန်မာ့လူ့အဖွဲ့အစည်းကြောင့် အခက်အခဲများက အမျိုးသမီး နိုင်ငံရေးသမားလောင်းလျာများကို စောင့်ကြိုနေကြသည်။ တချို့က မိသားစု၏သဘောတူကြည်ဖြူမှုကို ရသော်လည်း အမျိုးသမီးဖြစ်ခြင်းဆိုသည့်အချက်ပေါ်မူတည်ကာ စော်ကားမှု၊ သားပုပ်လေလွင့် ပြောဆိုမှု၊ တိုက်ခိုက်မှုများနှင့်  ရင်ဆိုင်ကြရသည်။

ဦးဆောင်နိုင်သည့် အခန်းဏ္ဍများတွင် အမျိုးသမီး ပါဝင်လာခြင်းသည်  မြန်မာနိုင်ငံ၏ ဓလေ့၊ ထုံးတန်းအစဉ်အလာများနှင့်  သဟဇာတဖြစ်ရန် ကြိုးပမ်းနေရဆဲဖြစ်ကြောင်း ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက် ဒါရိုက်တာ ဒေါ်မေစံပါယ်ဖြူက သုံးသပ်သည်။

"ခေါင်းဆောင်ပိုင်းနေရာတွေက အမျိုးသမီးတွေနဲ့လည်း သက်ဆိုင်မှုရှိတယ်လို့ကို လူ့အဖွဲ့အစည်းက လက်မခံနိုင်ဘူး။ အမျိုးသမီးတွေ နိုင်ငံရေးလုပ်ရင် မိသားစုရဲ့ပံ့ပိုးကူညီမှု မရရှိတာများပါတယ်” ဟု    ဒေါ်မေစံပါယ်ဖြူက ပြောသည်။

မန္တလေးမြို့အခြေစိုက် ဝံသာနုဒီမိုကရက်တစ်ပါတီက လွန်ခဲ့သည့်လအနည်းငယ်အတွင်း အမျိုးသမီး ၂ဝ ခန့်ကို ချဉ်းကပ်ခဲ့သော်လည်း ၃ ဦးသာ ဝင်ရောက်ယှဉ်ပြိုင်ရန် သဘောတူခဲ့ကြောင်း၊ အများစုက မိသားစု၏ ဖိအားကြောင့် နောက်ဆုတ်သွားကြကြောင်း အတွင်းရေးမှူး နန်းရွှေကြာက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ စာရင်းများအရ ယခု ၂ဝ၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီးကိုယ်စားလှယ်လောင်းမှာ ပြည်သူ့လွှတ်တော်အတွက်  ၂၂၈ ဦး၊ အမျိုးသားလွှတ်တော် အတွက် ၁၁၉ ဦး၊  တိုင်းဒေသကြီးနှင့်ပြည်နယ် လွှတ်တော်များအတွက်  ၄၄၄ ဦး ရှိသဖြင့်  ယခင်ရွေးကောက်ပွဲများထက်   အမျိုးသမီး ကိုယ်စားလှယ်လောင်း  အရေအတွက် ပိုမိုများပြားလာသည်။

၂ဝ၁ဝ တွင်  ကိုယ်စားလှယ်လောင်း ၃,ဝဝဝ ကျော် ယှဉ်ပြိုင်ခဲ့သည့် အနက် အမျိုးသမီး ၁ဝ၁ ဦးသာ ပါဝင်ပြီး ၄၅ ဦး အနိုင်ရသည်။ ၂ဝ၁၂ တွင် အမျိုးသမီး အမတ်လောင်း ၂၆ ဦး ဝင်ပြိုင်ရာ ၁၃ ဦး အနိုင်ရသည်။ ထိုရလဒ်များအရ  လွှတ်တော်သုံးရပ်တွင် အမျိုးသမီး စုစုပေါင်း ၅၃ ဦး ရှိနေသော်လည်း ထိုအရေအတွက်မှာ လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၅ ရာခိုင်နှုန်းသာ ရှိသည်။

ပြီးခဲ့သည့်နှစ်များထက် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသမီးအရေအတွက်  ပိုမိုများပြား လာသော်လည်း ပါတီအနည်းငယ်ကသာ အမျိုးသမီးကိုယ်စားလှယ်လောင်းများကို ရွေးချယ်ကြခြင်းဖြစ်သည်။  

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ အမတ်လောင်း ၁,၁၅ဝ တွင် အမျိုးသမီး  ၁၆၈ ဦး၊  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ အမတ်လောင်း ၁,ဝ၃၄ ဦးတွင် အမျိုးသမီး ၇၂ ဦး ပါဝင်သည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ၏ အမတ်လောင်း ၂၇၄ ဦးတွင် အမျိုးသမီး   ၆၂ ဦး ပါဝင်သည်။ ထိုပါတီကြီးသုံးခု၏အမတ်လောင်းရွေးချယ်မှုတွင် အမျိုးသမီး ပါဝင်မှုမှာ ၇ ရာခိုင်နှုန်း၊ ၁၄ ရာခိုင်နှုန်း နှင့် ၂ဝ ရာခိုင်နှုန်းစီ ရှိသည်ကို တွေ့ရသည်။  

အမျိုးသမီး ကိုယ်စားလှယ်လောင်း အရေအတွက် တိုးတက်လာသော်လည်း ရာခိုင်နှုန်းအားဖြင့် နည်းနေသည်ကို သတိပြုမိကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ကိုင်သည့် မြန်မာအစိမ်းရောင်ကွန်ရက် တာဝန်ခံ ဒေါ်ဒေဝီသန့်စင်က  ပြောသည်။

“အမျိုးသား အမျိုးသမီး ဆိုတာထက်တိုင်းပြည်နဲ့ လူမျိုးအရေးကိစ္စတွေကို စိတ်ပါလက်ပါ လုပ်နိုင်တဲ့သူ ဖြစ်ရပါမယ်။ ဖြစ်နေတဲ့ ပြဿနာတွေ အပေါ်မှာ သုံးသပ်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်တဲ့ လူမျိုးတွေ ဖြစ်ဖို့လိုပါတယ်။ အရည်ချင်းရှိတဲ့ အမျိုးသမီးတွေ ပါဝင်လာတဲ့အတွက် နေရာပေးသင့်တယ်လို့လည်း မြင်ပါတယ်”ဟု  ပြောသည်။

စော်ကားမော်ကား ပြောဆိုမှုများ

အိမ်ထောင်ဘက်နှင့် မိသားစုတို့၏ စိုးရိမ်ပူပန်မှုအဆင့်ကို အောင်မြင်စွာကျော်ဖြတ်လာနိုင်ခဲ့သည့် အမျိုးသမီးများမှာလည်း အမျိုးသားပြိုင်ဘက်များ၏ နှိမ့်ချပြောဆိုမှုများ၊ သိက္ခာကျအောင် ပြောဆိုမှုများနှင့် ကြုံရတတ်သည့်အပြင် မဲဆွယ်စည်းရုံးရေးဆင်းစဉ်တွင် လုံခြုံရေးအတွက် စိုးရိမ်ရသည်များလည်း ရှိသည်ဟု ကာယကံရှင်များကိုယ်တိုင်က ပြောပြသည်။

 ရန်ကုန်၊ ဗဟန်းမြို့နယ်  ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ နာမည်ကျော်  တစ်သီးပုဂ္ဂလ အမတ်လောင်း ဒေါ်ညိုညိုသင်းကလည်း ရွေးကောက်ပွဲဝင်သည့် အမျိုးသမီးများ ခြိမ်းခြောက်ခံရနိုင်ကြောင်း၊ ပြိုင်ဘက်များထဲမှ အမျိုးသားတို့၏ အထင်သေးဆက်ဆံမှုနှင့်လည်း ကြုံရတတ်ကြောင်း ပြောပြသည်။  

တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ခြိမ်းခြောက်ပြောဆိုလာလျှင် မှတ်တမ်းတင်ပြီး ရွေးကောက်ပွဲ  ကော်မရှင်ထံ တင်ပြကာ တရားဥပဒေလမ်းကြောင်းမှ ရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ဒေါ်ညိုညိုသင်းက ဆိုသည်။

ဖလမ်းမြို့နယ်  ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ  ချင်းတိုးတက်ရေးပါတီ အမတ်လောင်း အသက် ၃၄ နှစ်ရှိပြီဖြစ်သည့် ဒေါ်ချယ်ရီဇာဟောင် (ခ) ဒေါ်တွာလ်ကျဲရ်ဆုံကလည်း ပုဂ္ဂိုလ်ရေးအရ ဂုဏ်သိက္ခာ ကျဆင်းအောင် ပြောဆိုခြင်းများကို မကြာခဏခံရပြီး ကိုယ်ဝန်ရှိသွား၍ ကလေးဖျက်ချသည်ဟုပင် ပြောဆိုခံရသည်ဟု ရှင်းပြသည်။

“ခံရတာတွေ များသွားတော့လည်း အရေထူသွားပါပြီ။ အတင်းတုပ်တဲ့သူကတော့ တုပ်နေအုံးမှာပဲ။ ဘယ်လိုမှ တားလို့ရမှာမဟုတ်ဘူး”ဟု သူက ဦးခေါင်းကိုခါရမ်းရင်း ပြောပြသည်။

NDF ပါတီ၏ ကချင်ပြည်နယ် ဥက္ကဋ္ဌ၊ မြစ်ကြီးနား မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ဘောက်ဂျာကလည်း ပြည်နယ်အတွင်း ဝေးလံခေါင်ဖျားဒေသများသို့ စည်းရုံးရေးဆင်းသည့် အခါများတွင် အလားတူအဖြစ်မျိုး ကြုံရသည်ဟု ပြောသည်။

“နယ်မြေ မအေးချမ်းတော့ တစ်ယောက်တည်းသွားဖို့ကျတော့လည်း အဆင်မပြေဘူး။ အမျိုးသားအဖော် ခေါ်သွားပြန်တော့လည်း ဂုဏ်သိက္ခာကျဆင်းအောင် ပြောဆိုတာတွေ ခံရနိုင်တော့ မနည်းဆင်ခြင်ရတယ်” ဟု ဒေါ်ဘောက်ဂျာက ရှင်းပြသည်။

NLD ၏ ရန်ကုန်၊  ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ထပ်မံ ယှဉ်ပြိုင်မည့် ဒေါ်ဖြူဖြူသင်း အတွက် ဘေးကင်းလုံခြုံရေးသည်လည်း စိုးရိမ်ဖွယ် အချက်တစ်ခု ဖြစ်သည်။

“ရန်ကုန်မှာဆိုရင်တောင် စည်းရုံးရေးဆင်းတဲ့အခါ လုံခြုံရေးအပိုင်း စိုးရိမ်ရတာ၊ နယ်မြို့တွေ၊ တိုက်ပွဲဖြစ်တဲ့ဒေသတွေဆို ပိုဆိုးနိုင်ပါတယ်”ဟု ဒေါ်ဖြူဖြူသင်းက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီ၏ ဒေါပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်တိုးနန္ဒာတင်က ပြိုင်ဘက်များထဲမှ မည်သူ့ကိုမဆို ယုံကြည်ချက်အပြည့်ဖြင့် ရင်ဆိုင်ရန် အသင့်ရှိနေသည်ဟု ပြောသည်။

“ဘယ်သူနဲ့မဆို ယှဉ်နိုင်တယ်။ ပညာအရည်အချင်း၊ လုပ်ငန်းအတွေ့အကြုံ၊ စီးပွားရေးဆိုလည်း အောင်မြင်တဲ့ စီးပွားရေးကို ဦးဆောင်နေတာ၊ နိုင်ငံတကာအတွေ့အကြုံဆိုလည်း ပြည့်ပြီးသားဆိုတော့ ယောက်ျားတွေနဲ့ယှဉ်ရင် ဘယ်တော့မှ မနိမ့်ကျဘူးလို့ယုံကြည်တယ်။ ဘယ်သူနဲ့ပဲ ယှဉ်ရယှဉ်ရ စိုးရိမ်မှု တစ်ပြားသားမှ မရှိပါဘူး” ဟု ဒေါ်တိုးနန္ဒာတင်က ပြောသည်။

နိုင်ငံရေးနယ်ပယ်မှ  အမျိုးသမီးများကို အားပေးကူညီခြင်း

မြန်မာနိုင်ငံတွင် အမျိုးသမီးများအပေါ် ထားရှိသော မသင့်လျော်သည့် စိတ်သဘောထားများကို အမြန်ဆုံးပြုပြင်သင့်ပြီး နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍများတွင် အမျိုးသမီးတို့ ပါဝင်မှုအတွက် နေရာပေးရန် လိုအပ်သည်ဟု အမျိုးသမီးအမတ်လောင်းများ၊ တက်ကြွလှုပ်ရှားသူများက ဆိုသည်။

အမျိုးသမီးများကို လွှတ်တော်တွင်းသို့ ပိုမိုပို့ဆောင်နိုင်ပါက ကျား၊ မ ခွဲခြားဆက်ဆံမှုများကို ဖြေရှင်းရေး၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အပါအဝင် ကဏ္ဍများစွာအတွက် အထောက်ကူပြုမည်ဟု ဒေါ်ခွန်ဂျာက သုံးသပ်သည်။

“ယောက်ျား ဆယ်ယောက်ရှိတဲ့ အခန်းထဲမှာ အမျိုးသမီး တစ်ယောက်တည်းရှိတယ်ဆိုရင်တော့ သူ့အသံက သိပ်ထွက်မှာ မဟုတ်ဘူးလေ။ ဒါကြောင့် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်အရေအတွက် ပိုပြီး များလာဖို့ မျှော်လင့်ပါတယ်။ များလာသင့်တယ်လို့လည်း မြင်ပါတယ်” ဟုပြောသည်။

လွှတ်တော်အတွင်း အမျိုးသမီးအင်အားများများရောက်စေလိုပါက အမျိုးသမီးတို့၏ အရည်အချင်းကို ပိုမိုမြှင့်တင်ပေးရန် လိုအပ်သည်ဟု ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) မှ အလုပ်သမားရေးရာ ဒုတိယတာဝန်ခံ ဒေါ်မာမာဦးက သုံးသပ်သည်။

“အမျိုးသမီးတွေကို ရှေ့တန်းတင်ပါလို့ မပြောချင်ဘူး။  တာဝန်ခံမှုတွေ မျှဝေပေးပါ။ မြန်မာစကားမှာ မောင်တစ်ထမ်း မယ်တစ်ရွက် ဆိုတဲ့ စကားပုံ တစ်ခုရှိတယ်။ မောင်တစ်ထမ်း နိုင်တဲ့ ဟာကို မယ်က ခေါင်းပေါ်မှာ ရွက်ပိုးနိုင်တဲ့ အရည်အချင်းက အမျိုးသမီးတိုင်းမှာ ရှိတယ်” ဟု ဒေါ်မာမာဦးက  ပြောသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading