အဝေးကွင်းမှာ ပြည်ခိုင်ဖြိုးမဲဆွယ်ခြင်း

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ထဲက ရပ်ကွက်တစ်ခုထဲကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ၄ဝ ဝန်းကျင်လောက် ဝင်လာကြတယ်။ သူတို့ထဲက ပါတီယူနီဖောင်းဝတ်ထားသူတွေက တစ်အိမ်ဝင် တစ်အိမ်ထွက်ပြီး လက်ကမ်းစာစောင်လေးတွေပေးပြီး ဒေသခံတွေကို နှုတ်ဆက်စကား ဆိုကြပါတယ်။

တရားဝင်မဲဆွယ်ခွင့်ကာလကို ရောက်ရှိတာ သိပ်မကြာသေးပေမယ့် မဲဆွယ်ဖို့အတွက် အကြိုလုပ်ငန်းတွေ ပြင်ဆင်ထားကြတာ ကြာပြီလို့ ပြည်သူ့လွှတ်တော်အတွက် ယှဉ်ပြိုင်မယ့် ပြည်ခိုင်ဖြိုးရဲ့ အမတ်လောင်း ဦးသန့်စင်က ပြောပြတယ်။

“ကျွန်တော်တို့ပါတီက အခုမှ စည်းရုံးရေး ဆင်းနေတာမဟုတ်ဘူး။ လွန်ခဲ့တဲ့ ၅ လ ကျော် ကတည်းက ဒေသဖွံ့ဖြိုးရေးအတွက် လုပ်နေရင်း ကိုယ့် ပြည်သူတွေနဲ့ ထိစပ်နေခဲ့ပြီးသား”လို့ ဦးသန့်စင်က ပြောပြတယ်။

မင်းကိုနိုင်၊ မိုးသီးဇွန်၊ ကိုကိုကြီး အစရှိတဲ့ ၁၉၈၈ ခုနှစ် အထင်ကရ ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ မွေးဖွား၊ ကြီးပြင်းတဲ့၊ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုကို စိတ်ဝင်စားပြီး နိုင်ငံရေး အခင်းအကျင်းကို မျက်ခြေမပြတ်သူ အများအပြား ရှိတဲ့ ဒီမြို့နယ်မှာ အာဏာရပါတီပြည်ခိုင်ဖြိုးရဲ့ ကိုယ်စားလှယ်တွေက တော်တော်လေးကို ယုံကြည်ချက် အပြည့်အဝရှိတဲ့ပုံစံနဲ့ တက်တက်ကြွကြွ မဲဆွယ်နေတာ တွေ့ရပါတယ်။

သူတို့ရဲ့ လေသံအရဆိုရင် သင်္ဃန်းကျွန်းမှာ သူတို့ အောင်ပွဲရရှိရေးဟာ တခြားနယ်မြေမှာ အနိုင်ရရှိရေးထက် ပိုပြီး အရေးကြီးသလိုပါပဲ။

ပြိုင်ဘက် ခြေသာတဲ့ကွင်း

သင်္ဃန်းကျွန်း မဲဆန္ဒနယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီပေါင်း ၉ ခု ရှိပါတယ်။ တသီးပုဂ္ဂလ အမတ်လောင်းများလည်း ရှိပါတယ်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်တို့အတွက် ဝင်ပြိုင်မယ့် ကိုယ်စားလှယ် အရေအတွက်ဟာ ၂၉ ဦး ရှိတဲ့အတွက် အပြိုင်အဆိုင် ကြီးမားတဲ့ မြို့နယ်ပါပဲ။

၂ဝ၁ဝ ပြည့်နှစ်ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးက မဲအပြတ်အသတ်အနိုင်ရခဲ့၊ တချို့ဒေသတွေမှာဆို ပြိုင်ဘက် လုံးဝ မရှိတဲ့အတွက် အလိုအလျောက် အနိုင်ရခဲ့တဲ့ ပြည်ခိုင်ဖြိုးဟာ သင်္ဃန်းကျွန်းမှာတော့ ခြေမစွာနိုင်ခဲ့ပါဘူး။ သင်္ဃန်းကျွန်းရဲ့ လွှတ်တော် ၃ ရပ် မဲဆန္ဒနယ်တွေမှာ ရှုံးပါတယ်။

ဒီနှစ်ရွေးကောက်ပွဲမှာတော့ ပြည်ခိုင်ဖြိုးက အောင်မြေမဟုတ်တဲ့ သင်္ဃန်းကျွန်းမှာ ရှုံးကြွေးဆပ်ဖို့ ကြိုတင်ပြင်ဆင်တာတွေ လုပ်ခဲ့ပါတယ်။ အဲဒီထဲက တစ်ခုကတော့ ရန်ကုန်မှာထင်ရှားတဲ့ ဝါရင့်ကျူရှင်ဆရာ မလိခဦးလှချစ်ကို သူတို့ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရရှိခဲ့ခြင်းပါပဲ။

ပြည်ခိုင်ဖြိုးပါတီအမတ်လောင်းအများအပြားဟာ ရွေးကောက်ပွဲ ကော်မရှင်မှာ စာရင်း မသွင်းခင် ၅ လကျော်ကတည်းက ဘယ်မဲဆန္ဒနယ်မှာ ပြိုင်ရမယ် ဆိုတာကို ကြိုသိထားပြီးပြီ လို့ အမတ်လောင်းတစ်ဦးဖြစ်တဲ့ ဦးသန့်စင်က ပြောပြပါတယ်။ သူ့ရပ်ကွက်နဲ့ တခြားရပ်ကွက်တွေမှာ ကွန်ကရစ်လမ်းများဖြစ် ပေါ်လာစေဖို့ ဘိလပ်မြေအိတ် ၂,၅ဝဝ ကျော် အိတ်စိုက် လှူဒါန်းထားတယ်လို့ ဆိုပါတယ်။

ပြည်ခိုင်ဖြိုးပါတီဟာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အတွက်လည်း အဆင်သင့်နီးပါး ရှိနေပြီဆိုတဲ့သဘော ဦးသန့်စင်က ဆက်ပြောပါတယ်။

“ရန်ကုန်တိုင်းက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကိုပဲကြည့်လိုက်။ တကယ်လို့အနိုင်ရရင် ဘယ်သူ့ကို ရန်ကုန်တိုင်း ဝန်ကြီးချုပ်ခန့်မယ်ဆိုတာ ကြိုမှန်းလို့ရတယ်” လို့ သူက ရှင်းပြပါတယ်။

“(ပါတီက) သိပ်ကိုစနစ်ကျတယ်။ အစဉ်အလာလည်းရှိတယ်။ အားလုံးကို လက်ပူတိုက်လုပ်တာမဟုတ်ဘူး။ အရင်ကတည်းက ပြင်ဆင်ထားပြီးသား”

ပြည်ခိုင်ဖြိုးက ပြင်ဆင်မှုတွေ ရှိတယ်ဆိုရင် သဃန်းကျွန်းမှာတော့ ပိုပြီး ပြင်ဆင်မှုတွေ လိုပါလိမ့်မယ်။

၂ဝ၁၀ ရွေးကောက်ပွဲ ဒီဒေသရဲ့ ဆန္ဒမဲအများစုကို ရသွားတာကတော့ နာမည်ကျော် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် နဲ့ သူ့ရဲ့ အမျိုးသား ဒီမိုကရေစီပါတီသစ်ကို ကိုယ်စားပြုသူတွေပါပဲ။ ဒီနှစ်လည်း သူတို့ ထပ်ပြိုင်ဖို့ မဲဆွယ်နေပါပြီ။

ဘလော်ဂါ နေဘုန်းလတ် လို့ လူသိများတဲ့ ဦးနေမျိုးကျော်၊ အမျိုးသားလွှတ်တော်ထဲ ရောက်နေကြတဲ့ ဦးဖုန်းမြင့်အောင်၊ ဒေါက်တာမြတ်ဉာဏစိုးစတဲ့ ထင်ရှားသူတို့လည်း သင်္ဃန်းကျွန်းမှာပဲ စုပြုံပြီး ပြိုင်ကြမှာပါ။

ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်ထဲဆင်းရာမှာ ကြိုဆိုသူတွေရှိနေသလို ဟက်ဟက်ပက်ပက် သိပ်မရှိသူတွေကိုလည်း တွေ့ရပါတယ်။

သုဝဏ္ဏ ၂၉ ရပ်ကွက်မှာ မုန့်ဆိုင်ဖွင့်ထားသူ အမျိုးသမီးတဦးကတော့ ဘယ်ပါတီ၊ ဘယ်ကိုယ်စားလှယ်ကို ရွေးရမယ်ဆိုတာ ဇဝေဇဝါ ဖြစ်မနေဘူးလို့ ပြောပြတယ်။

“ကျမတို့ကတော့ ဘယ်သူတွေမဲဆွယ်ပါစေ၊ ကိုယ်ပေးရမယ့်ပါတီအမှတ်တံဆိပ်ကို အလွတ်မှတ်ပြီးသား” လို့ သူက ဆိုပါတယ်။

ရွေးကောက်ပွဲအသုံးစရိတ်၊ မဲဆွယ်ကာလ ရန်ပုံငွေ

စစ်အစိုးရခေတ် ဗိုလ်ချုပ်ကြီးများ တည်ထောင်ခဲ့တဲ့ နိုင်ငံတဝန်းက ပြည်ခိုင်ဖြိုး လူမှုရေးအသင်းရုံးတွေဟာ အခုတော့ ပြည်ခိုင်ဖြိုးပါတီရုံးတွေ ဖြစ်နေကြပါပြီ။ ပါတီပေါင်း ၉ဝ ကျော်ထဲမှာ ပြည်ခိုင်ဖြိုးက ဘဏ္ဍာရေးအင်အား အတောင့်တင်းဆုံး၊ ငွေအသုံးနိုင်ဆုံးပါတီဖြစ်ပါတယ်။

ဘောလုံးစကားနဲ့ပြောရင် ပြည်ခိုင်ဖြိုးအတွက်တော့ သင်္ဃန်းကျွန်းဆိုတာ အိမ်ကွင်းမဟုတ်ဘဲ အဝေးကွင်း ဖြစ်နေပါတယ်။ အဝေးကွင်းမှာ အခြေအနေကောင်းဖို့အတွက် ပါတီရဲ့ ဘဏ္ဍာရေးခိုင်မာမှုက အထောက်အကူ ပြုနေပါတယ်။

သင်္ဃန်းကျွန်း မဲဆွယ်လှုပ်ရှားမှုမှာ ပါတီဗဟိုက ချပေးတာတွေအပြင် မြို့နယ်ရန်ပုံငွေထဲကလည်း ထုတ်ယူသုံးစွဲနေတယ်လို့ မြို့နယ် ပါတီအတွင်းရေးမှူး ဦးအောင်မြတ်ဇော်က ရှင်းပြပါတယ်။ သုံးစွဲမယ့်ငွေပမာဏ ကိုတော့ အတိအကျ မပြောပါဘူး။ မြို့နယ်အတွင်း စီးပွားရေးလုပ်ငန်းရှင်များရဲ့ လှူဒါန်းမှု မရှိဘူး လို့ သူက ဆိုပါတယ်။

စက်တင်ဘာ ၂၂ ရက်နေ့က စည်းရုံးရေးဆင်းရာမှာ လိုက်ပါကူညီပေးသူများကို နေ့လယ်စာ နဲ့ ခရီးစရိတ် စီစဉ်ပေးတယ်လို့ ဆိုက်ကားနင်းသူ တစ်ဦးက ပြောပြပါတယ်။

“ဘယ်လောက်ပေးမယ်ဆိုတာတော့ မသိသေးဘူး။ ပြီးမှပဲ ကျွန်တော်တို့ ကို ဦးဆောင်ခေါ်လာတဲ့သူက ပေးမှာ။ အနည်းဆုံးတော့ ကျွန်တော်တို့တစ်ရက်တာ လုပ်အားခမျိုးတော့ ရမှာပဲထင်တယ်” လို့ ဆိုက်ကားဆရာက ဆိုပါတယ်။

မဲဆွယ်တဲ့အကြောင်း သတင်း လိုက်ယူသူ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တချို့နဲ့ သတင်းသမားတွေကိုပါ လမ်းစရိတ် ပေးဖို့ ဆိုပြီး ချည်းကပ်ပြောဆိုတာလည်း တွေ့ရပါတယ်။

အဲဒီနေ့က အဲဒီရပ်ကွက်ထဲကို အလတ်စားနဲ့ အသေးစားပါတီများ မဲဆွယ်တာ မတွေ့ရပါ။

အမျိုးသားညီညွတ်ရေးကွန်ဂရက်ရဲ့ အမတ်လောင်း ဦးသန်းနိုင်က သူတို့ပါတီဟာ ဘဏ္ဍာရေး အခက်အခဲကြောင့် မဲဆွယ်မှုပိုင်း အားနည်းနေသေးတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့က စည်းရုံးရေး မလုပ်နိုင်သေးပါဘူးဗျာ။ ကိုယ့်နီးစပ်ရာတွေကိုသာ လက်ကမ်းစာစောင်မျိုးဝေပေမယ့် တကယ် လုပ်နေရတာက မဲစာရင်းအမှားတွေကို ပြင်ကြဖို့ပဲ လိုက်လံတိုက်တွန်းနေရတယ်” လို့ တိုင်းဒေသကြီးလွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးသန်းနိုင်က ဆိုပါတယ်။

တစ်နိုင်ငံလုံးအတွက် မကြာသေးခင်က နောက်ဆုံးထုတ်ပြန်ရာမှာ အမှားအယွင်းများတဲ့ မဲစာရင်းတွေဟာ သင်္ဃန်းကျွန်းမှာလည်း အမှားများတာ တွေ့ရမှာပါ။ ပြည်ခိုင်ဖြိုးကတော့ မဲစာရင်းကိစ္စကို အသံကျယ်ကျယ် မထုတ်တဲ့ပါတီကြီးဖြစ်ပါတယ်။

ပြိုင်ဘက် NLD

မဲဆန္ဒနယ်မြေတိုင်းလိုလိုမှာ ပြည်ခိုင်ဖြိုး ထိပ်တိုက်ရင်ဆိုင်ရမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါပဲ။

သုဝဏ္ဏ ၂၄ ရပ်ကွက်ထဲ ပြည်ခိုင်ဖြိုးရောက်တဲ့နေ့မှာပဲ NLD ကလည်း "ပြောင်းလဲချိန်တန်ပြီ" ဆိုတဲ့ ရွေးကောက်ပွဲ ကြွေးကြော်သံ ဆိုင်းဘုတ်၊ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံ၊ ခွပ်ဒေါင်းအလံတွေနဲ့
ရောက်လာတာ တွေ့ရပါတယ်။

ဘလော်ဂါနေဘုန်းလတ် နဲ့ NLD အမတ်လောင်းတွေက မဲဆွယ်ဟောပြောပါတယ်။

“ကျွန်တော်တို့ အဖိုးတွေ၊ ကျွန်တော်တို့ အဖေတွေရဲ့ မျှော်လင့်ချက်တွေကို ကျွန်တော်တို့လူငယ်တွေက ဆက်လက်အကောင်အထည်ဖော်နေတာပါ။ အပြောင်းအလဲအတွက် ကျွန်တော်တို့ပါတီကို မဲပေးပါ” လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဘလော်ဂါက ပြောပါတယ်။

မဲပေးခွင့် မဆုံးရှုံးရေးအတွက် မဲစာရင်း စစ်ဆေးဖို့၊ လိုအပ်ရင် ပြင်ဆင်ဖို့၊ တခြားပါတီတွေရဲ့တံဆိပ်နဲ့ NLD ရဲ့ တံဆိပ်ကို ခွဲခြားနိုင်အောင် သတိထားဖို့ လိုက်လံတိုက်တွန်း စည်းရုံးတဲ့ သူတို့နောက်ကို ဒေသခံတချို့ လိုက်ပါနားထောင်ကြပြီး လှိုက်လှိုက်လှဲလှဲ အားပေးကြတာ တွေ့ရပါတယ်။

မဲဆွယ်ရာမှာ ပြည်ခိုင်ဖြိုးအဖွဲ့ကို လက်ခုပ်တီး အားပေးတာ မရှိပေမယ့် NLD မဲဆွယ်ရာမှာတော့ လက်ခုပ်သံကျယ်ကျယ် ကြားရပါတယ်။

သင်္ဃန်းကျွန်းဒေသခံတစ်ဦးကတော့ သူတို့ဆီမှာ ပြည်ခိုင်ဖြိုးအတွက် မျှော်လင့်ချက်မရှိဘူးလို့ မှတ်ချက်ချပါတယ်။

“NLD ကလည်း လူထုစိတ်ဝင်စားမှု အားကောင်းသလို အမျိုး သား ဒီမိုကရေစီ ပါတီသစ်ရဲ့ အင်အားကလည်း မသေးဘူး။ ပြည်ခိုင်ဖြိုးကတော့ ကျွန်တော့်အထင် ဒီတစ်ခေါက်လည်း အနိုင်ရမှာမဟုတ်ဘူး”လို့ ဦးစံ ဖေရပ်ကွက်မှာနေထိုင်တဲ့ ကိုဇေယျာလင်းက ဆိုပါတယ်။

သင်္ဃန်းကျွန်းရဲ့ ပြည်ခိုင်ဖြိုး အတွင်းရေးမှူး ဦးအောင်မြတ်ဇော်က သူတို့ပါတီဟာ ယခင်ကတည်းက ရပ်ကွက်ထဲ ကားအကူအညီ၊ သွေးလှူဒါန်းမှု အကူအညီ ပေးခဲ့ပြီး ဖြိုးစေတနာ ဆေးခန်း အများအပြား ဖွင့်ပေးခဲ့တယ်၊ လမ်းတွေ ခင်းပေးခဲ့တယ်၊ ဒါတွေဟာ ပြည်သူ့အကျိုးအတွက် ရည်ရွယ်တယ်လို့ ရှင်းပြပါတယ်။

သင်္ဃန်းကျွန်းမှာ အနိုင်ရရင်တော့ ဒေသခံတွေ အလုပ်အကိုင် အခွင့်အလမ်း ရအောင် လုပ်ပေးမယ်၊ ခေါင်းရွက်ဗျတ်ထိုးစျေးသည်တွေနဲ့ ဆင်းရဲသားတွေ တဲပေါ်က တိုက်ပေါ်ရောက်အောင် လွှတ်တော်အတွင်း၊ အပြင် နည်းလမ်း ၂ မျိုး သုံးပြီး ကြိုးစားသွားမယ်လို့ သူက ဆက်ပြောပါတယ်။

“၂ဝ၁ဝ တုန်းက ကျွန်တော်တို့မြို့နယ်မှာ ကျွန်တော်တို့ပါတီ အနိုင်မရခဲ့ပါဘူး။ ဒီတစ်ခါတော့ ကျွန်တော်တို့နိုင်ချင်တယ်” လို့ ဦးအောင်မြတ်ဇော်က မျှော်လင့်ချက်ကြီးကြီးနဲ့ ပြောပြပါတယ်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading