တိုက်ရိုက်တင်ဆက်မှု - မတ် ၅

အကြမ်းဖက်ဖြိုခွင်းခံရမှုများကြောင့် သွေးစွန်းမှုများရှိခဲ့သော်လည်း ဒီမိုကရေစီလိုလားသူ ပြည်သူများ၏ စစ်အာဏာရှင်ဆန့်ကျင်ရေး စိတ်ပိုင်းဖြတ်မှုများ မြဲခိုင်စွာရှိနေသည်။

 

Published on Mar 5, 2021
ရန်ကုန်မြို့တွင် မတ် ၃ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသူများကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းနေစဉ်။ (ဓာတ်ပုံ − Myanmar Now)
ရန်ကုန်မြို့တွင် မတ် ၃ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသူများကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းနေစဉ်။ (ဓာတ်ပုံ − Myanmar Now)

၁၄ : ၅၇ - ဗဟိုလမ်းသပိတ်ဖြိုခွင်းခံရပြန်

ဗဟိုလမ်းသပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက မျက်ရည်ယိုဖုံးများဖြင့် စတင်ပစ်ခတ်ဖြိုခွင်းနေပြီဖြစ်သည်။ ပြည်သူများတည်ဆောက်ထားသည့် အတားအဆီးအကာကွယ်များကိုလည်း စစ်တပ်နဲ့ ရဲက အကြိမ်ကြိမ်ဖျက်ဆီးခဲ့သည်။

၁၄ : ၂၆ မန္တလေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြမ်းဖက်ပစ်ခတ် ဖျက်ဆီးနေ

မန္တလေး စိန်ပန်းရပ်ကွက်ရှိ အိမ်တစ်ခုကို ဝင်ရောက်စီးနင်းသည့် စစ်ကောင်စီ၏ လက်နက်ကိုင်များက  ရွှေနှင့် ငွေအချို့ကို ယူဆောင်သွားကြပြီး ပြည်သူများကို ပစ်ခတ်ဖမ်းဆီးလျက်ရှိသည်။

နေ့စဉ်ဆန္ဒပြနေသည့် မန္တလေး မြတောင်သပိတ်စစ်ကြောင်းတွင် ပါဝင်သူများကို ကူညီပေးသည်ဟုဆိုကာ ၃၅ လမ်း၊ ၈၆ လမ်းမှ ကမ်းနားလမ်းအထိ တစ်လျောက်လုံးရှိ အိမ်များကို စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးမှုများပြုလုပ်လျက်ရှိသည်။

စစ်ကောင်စီအဖွဲ့ဝင်များသည် အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ပြီး အခြားအမျိုးသားနှစ်ဦးကိုမူ ရိုက်နှက်ဖမ်းဆီးသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည်။

ထို့အတူ  ၃၅ လမ်း တောင်ဘက် စိန်ပန်းရပ်ကွက်အတွင်းရှိ နေအိမ်တစ်ခုထဲသို့ အကြမ်းဖက်ဝင်ရောက်ကာ ရွှေနားကပ်၊ ဆွဲကြိုးနှင့် ငွေကျပ် ၃သိန်းတို့ကို စစ်ကောင်စီတပ်ဖွဲ့က ယူဆောင်သွားကြောင်း ဒေသခံများကဆိုသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသည့် မြတောင်သပိတ်စစ်ကြောင်းကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွင်းခဲ့သဖြင့်  သပိတ်စစ်ကြောင်းမှာ ပါဝင်သူများများသည် ထွက်ပြေးတိမ်းရှောင်ကြရသည်။

သပိတ်စစ်ကြောင်းတွင် ပါဝင်သူများအား  စစ်တပ်နဲ့ ရဲတို့ ဖမ်းဆီးမခံရစေရန် ရက်ကွက်နေပြည်သူများက လမ်းများကို ပိတ်ဆို့ကာကွယ်ပေးမှုများပြုလုပ်ခဲ့ကြသည်။

ထို့သို့ ပြုလုပ်သည့် ၃၅ လမ်း၊ ၈၆ လမ်းမှ ကမ်းနားလမ်းအထိ တစ်လျောက်လုံးရှိ လမ်းဘေး ဝဲ၊ ယာအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့များက  ရာဘာကျည်များ၊ လေးဂွများဖြင့် ပစ်ခတ်ခဲ့ကြခြင်းဖြစ်သည်။

မန္တလေး

၁၃ : ၅၁ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မီးပျက်

ပြီးခဲ့သည့် မိနစ်ပိုင်းက ရန်ကုန်၊ မန္တေလေး၊ နေပြည်တော်အပါအဝင်  တစ်နိုင်ငံလုံးအတိုင်းအတာဖြစ် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်ခဲ့သည်။ 

ရန်ကုန်လျှပ်စစ်ဓါတ်အား​ပေး​ရေး​ကော်ပို​ရေးရှင်းကတော့ 230kV ​လှော်ကား-သာ​ကေတမဟာဓါတ်အားလိုင်းသည်    Under Frequency ဖြင့် ဓာတ်အားလိုင်းပြတ်တောက်သွားခဲ့ခြင်းဖြစ်ပြီး ဓာတ်အားပြန်လည်လွှတ်ပေးနိုင်ရေး ဆောင်ရွက်နေကြောင်း ယနေ့ နေ့လည် ၁ နာရီ ၅၁ မိနစ်တွင် ထုတ်ပြန်အသိပေးထားသော်လည်း တိကျသည့်အချိန်ကိုမူ ထည့်သွင်းပြောဆိုထားခြင်းမရှိပေ။

၁၂ : ၅၄ - မန္တလေးတွင် သေနတ်ဖြင့်ပစ်၍ တစ်ဦးသေဆုံး

စစ်ကောင်စီတပ်ဖွဲ့ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် မန္တလေးမြို့  မန္တလေးမြို့၊ ၄၉ လမ်းနှင့် ၁၁၄ လမ်းအနီးတွင် ပြည်သူတစ်ဦး ထပ်မံသေဆုံးသွားကြောင်း လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။ 

သေဆုံးသူအမျိုးသားသည် အသက် ၂၇ အရွယ် ကိုဇော်မျိုးဆိုသူဖြစ်ပြီး စစ်တပ်က ပစ်ခတ်မှုကြောင့် ကျည်ဆန် လည်ပင်းထုတ်ချင်းပေါက်ဒဏ်ရာဖြင့် သေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။

 

မန္တလေးတွင် သေနတ်ဖြင့်ပစ်ခံရ၍ တစ်ဦးသေဆုံး

၁၂ ၄၀ မြင်းခြံတွင် စစ်သားများ လမ်းပိတ်ဆို့

မတ် ၃ ရက်က ပစ်ခတ်ဖြိုခွင်းမှုကြောင့် ကျဆုံးသွားသည့် အသက် ၂၂ အရွယ် မောင်ဇင်ကိုကိုဇော်၏ နာရေးကို ယနေ့ နေ့လယ် ၁ နာရီခွဲတွင် ပြုလုပ်ရန်ရှိနေသည့ မြင်းခြံမြို့ လမ်းမကြီးများကို စစ်တပ်နှင့်ရဲက ပိတ်ဆို့ထားလိုက်ကြပြီး အခြေအနေ တင်းမာနေသည်။ 

၁၂း၃၇ လှိုင်မြင့်မိုရ်အိမ်ရာလမ်း မျက်ရည်ယိုမီးခိုးဗုံး၊ အသံဗုံးများဖြင့် ဖြိုခွင်း

လှိုင်မြို့နယ်၊ ၁၀ ရပ်ကွက်၊ ကန်လမ်း၊ လှိုင်မြင့်မိုရ်အိမ်ရာလမ်းရှိ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြသူများကို  နေ့လယ် ၁၂ နာရီဝန်းကျင်က မျက်ရည်ယိုမီးခိုးဗုံး၊ အသံဗုံးများဖြင့် ဖြိုခွင်းခဲ့သည်။

ဆန္ဒပြသူများက မျက်ရည်ယိုဗုံးများကို ရေဖြင့်ငြိမ်းသတ်ခဲ့ပြီး ဆက်လက်ဆန္ဒပြသည်ကို တွေ့ရသည်။

 

၁၂ း၂၀ ရေကျော်အနီး ဗိုလ်ချုပ်လမ်း အရံအတားများပြင်ဆင်နေ 

CRPH က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသော အာဏာသိမ်းကောင်စီ၏ တပ်များ အလွယ်တကူ ဝင်ရောက်မလာနိုင်စေရန် ဆန္ဒပြသူတို့က ရန်ကုန်မြို့လယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမတလျှောက်တွင်  အရံအတားအဆင့်ဆင့်ပြုလုပ်ထားသည်ကို တွေ့ရသည်။

ဗိုလ်ချုပ်လမ်း အခြေအနေ မတ်-၅

၁၂ း၁၀ မန္တလေး သပိတ်စစ်ကြောင်း ဖြိုခွဲခံရ

နေ့ခင်း ၁၁ နာရီ ၂၀ ခန့်တွင် အင်ဂျင်နီယာ သပိတ်စစ်ကြောင်းကို ၄၉ လမ်းနှင့် ၁၁၄လမ်း၌  ရဲကား၊ စစ်ကား ၊ မြေကော်စက်များဖြင့် လူစုခွဲ၍ သပိတ်ပြိုကွဲပြီး ဆန္ဒပြသူ အများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ 

လက်ရှိတွင် အဆိုပါနေရာအနီး စစ်သားနှင့်ရဲအများအပြား ပိတ်ဆို့နေရာယူထားကြောင်း သိရသည်။ 

၁၂ ၀၀ အင်းစိန်ပေါက်တောဝ လူပြန်စုပြီး ဆန္ဒပြပြန်ပြ 

လက်နက်ကိုင်လုံထိန်းများက ပေါက်တောဝလမ်းဆုံမီးပွိုင့်ကို စစ်ကားများဖြင့် ကန့်လန့်ပိတ်ဆို့ထားပြီး ဆန္ဒပြသူများက ပြန်လည်လူစု၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်ဆန္ဒပြနေသည်။

နံနက် ၁၀ နာရီခန့်က ဘုရင့်နောင်လမ်းမပေါ် ၌ လူငယ်  ၃၀၀ ကျော်  ဆန္ဒပြနေစဥ် စစ်သားနှင့်ရဲများက လူစုခွဲခိုင်းပြီး မခွဲပါက ပစ်ခတ်ဖြိုခွင်းမည်ဟု လာရောက်ခြိမ်းခြောက်သဖြင့် ဆန္ဒပြသူများမှ ငြိမ်းချမ်းစွာ လူစုခွဲခဲ့ကြခြင်း ဖြစ်သည်။

၁၁ ၃၀ ပုဇွန်တောင် ရေကျော်

စစ်ကောင်စီကို ဆန့်ကျင်ရေးအတွက် ပုဇွန်တောင်မြို့နယ်၊ ရေကျော်လမ်းမှ လူငယ်များသည် အရံအတားများပြုလုပ်ကာ ဆန္ဒပြလျက်ရှိသည်။

ပုဇွန်တောင် မတ် ၅

၁၁ ၁၀ မင်းဘူးမြို့ 

ယနေ့ မတ်လ ၅ ရက်နေ့ နံနက်ပိုင်းက နွေဦးတော်လှန်ရေးအဖြစ် မကွေးတိုင်း၊ မင်းဘူးမြို့တွင် ရေနံမြေမှ ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ အပါအဝင် ဒေသခံများက မြို့တွင်းချီတက်၍ လှည့်လည်ဆန္ဒပြလျှက်ရှိသည်။

မကွေးမြို့တွင် ရဲတပ်ဖွဲ့များက အင်အားသုံး ဖြိုခွင်းမှုများ ရှိခဲ့သော်လည်း မင်းဘူးတွင် ဖြိုခွင်းမှု တစ်စုံတရာ မရှိသေးပေ။

မကွေးတိုင်း၊ မင်းဘူးမြို့

၁၀ ၀၄ ပဒုမ္မာလမ်း ဖြိုခွဲခံနေရ

စမ်းချောင်းမြို့နယ်၊ ပဒုမ္မာလမ်းကိုလည်း ရဲနှင့်စစ်သားများက ဖြိုခွဲနေသည်ဟု သိရသည်။

၁၁ ၀၃ ကျွန်းတောလမ်းသပိတ် လာပူးပေါင်း 

စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြနေသည့် စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းသပိတ်ကို ဆေးနှင့် ဆေးနှီးနွယ်စစ်ကြောင်းမှ အင်အား ၁၀၀ ခန့်လာရောက်ပူးပေါင်းခဲ့ကြသည်။ 

ကျွန်းတောလမ်းသပိတ်စစ်ကြောင်း

၁၁ ၀၀ ပုသိမ် ရဲအစောင့်အရှောက်တိုးချ

ယမန်နေ့က ပုသိမ်မြို့တွင် သေနတ်ပစ်ဖောက်လူစုခွဲခဲ့သော်လည်း ပုသိမ်ဒေသခံများက သပိတ်စစ်ကြောင်း နှစ်ကြောင်းခွဲကာ ဆန္ဒပြခဲ့ကြပြီး ရဲများ၊ စစ်သားများ အများအပြားချထားပြီး စောင့်ကြည့်နေကြကာ ၁၁ နာရီခန့်တွင် ဆန္ဒပြသူများက လူစုခွဲလိုက်သည်။

ပုသိမ် ရဲအစောင့်အရှောက်တိုးချ မတ် ၅

၁၀ ၅၀ ရေးမြို့ ရဲများဖြိုခွင်းရန်စောင့်နေသော်လည်း အခြားဘက်မှ ပတ်၍ ဆန္ဒပြခဲ့

စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ၂၆ ရက်မြောက်အဖြစ် မွန်ပြည်နယ်၊ ရေးမြို့မှာ မတ်လ ၅ ရက်နေ့ နံနက် ၉ နာရီမှ စတင်ကာ ဒေသခံ တစ်ထောင်ခန့် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

လုံခြုံရေးတပ်ဖွဲ့က သပိတ်ဖြိုခွင်းရန် လာရောက်စောင့်ဆိုင်းခဲ့သော်လည်း ဆန္ဒပြသူများက အဖွဲ့ ၃ ဖွဲ့ခွဲကာ အခြားဘက်မှ ပတ်၍ မြို့အတွင်း လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြပြီး အောင်မြင်စွာ လူစုခွဲနိုင်ခဲ့သည်။ 


မွန်ပြည်နယ် ရေးမြို့ မတ် ၅

၁၀ : ၄၅ - ဖြိုခွင်းခံရသည့် ဗဟိုလမ်း၌ လူပြန်စု

မကြာသေးမီကမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားသုံးဖြိုခွင်းခဲ့သည့် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ဗဟို လမ်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပြည်သူများလူပြန်စုနေပြီဖြစ်သည်။ နံနက်ပိုင်းကဖယ်ရှားခံခဲ့ ရသည့် အရံအတားများကို လမ်းအတွင်းပြန်လည်ချထားနိုင်ရန် ပြည်သူတို့က ပြင်ဆင်နေသည်။##

ဗဟိုလမ်း၌ စစ်ကောင်စီကို ပြန်လည်အံတု

၁၀ ၄၁ မြင်းခြံ ဆန္ဒပြ ရဲများစောင့်ကြည့် 

အင်အားသုံးဖြိုခွင်းမှုများ ရှိသော်လည်း မြင်းခြံမြို့ခံပြည်သူများက ယနေ့ ဆက်လက်ဆန္ဒပြနေကြပြီး ၁၀ နာရီ ၁၅ ခန့်တွင် လူစုခွဲခဲ့ကြသည်။

မြင်းခြံမြို့တွင် ပြောင်ပြာတံတားအနီးအသင့်အနေထားဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနေရာယူထားကြသည်။

မတ် ၃ ရက်က မြင်းခြံတွင် မျက်ရည်ယိုဗုံး၊ ကျည်အစစ်များဖြင့် ဖြိုခွင်းခဲ့၍ လူငယ် တစ်ဦး ဦးခေါင်း၌ သေနတ်ကျည်ထိမှန်ကာ သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရသည်။

သေဆုံးသူ အသက် ၂၂ အရွယ် မောင်ဇင်ကိုကိုဇော်၏ နာရေးဈာပနကို ယနေ့ နေ့လယ်တွင် ပြုလုပ်မည်ဖြစ်သည်။

မြင်းခြံ မတ် ၅

၁၀ : ၄၀ - ရေကျော်ဘက်သို့ စစ်ကောင်စီတပ်ဖွဲ့များဦးတည်နေ

ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်းပေါ်၌ ဆန္ဒပြသူများကို လူစုမခံတော့ဘဲ စစ်သား ၂၀ ခန့်က စောင့်ကြည့်နေသည်။

စစ်ကောင်စီ၏ လက်နက်ကိုင် တပ်များက သိမ်ဖြူလမ်းဘက်မှ ရေကျော်လမ်းဘက်သို့ တဖြည်းဖြည်းချီတက်လာနေသည်ကိုလည်းတွေ့ရသည်။ ##

 

၁၀ ၁၀ မုံရွာ ဆန္ဒပြနေဆဲ 

လူအသေအပျောက် ရှိခဲ့သော်လည်း မုံရွာမြို့သည် ဖေဖော်ဝါရီ ၇ ရက်က စတင်ခဲ့သည့် စစ်အာဏာရှင် ဆန့်ကျင်လှုပ်ရှားဆန္ဒပြခဲ့ကြသည်မှာ ယနေ့ မတ် ၅ အထိ၂၇ ရက်ရှိပြီ ဖြစ်သည်။

မုံရွာ

၀၉ : ၅၅ ဗဟိုလမ်းသပိတ် စတင်ဖြိုခွင်းနေ

နေ့စဉ်ဖြိုခွင်းခံနေရေသော စမ်းချောင်းမြို့နယ် ဗဟိုလမ်းသပိတ်သည် စတင်ဆန္ဒပြပြီး မကြာမီ ဖြိုခွင်းခံနေရသည်။ ဗဟိုလမ်း၌ဖြိုခွင်းနေသည့် စစ်ကောင်စီတပ်ဖွဲ့များအတွင်း အရပ်ဝတ်များပါ ပါဝင် နေသည်ကို တွေ့ရသည်။ ##


 

၀၉ : ၄၀ -  သန်လျှင်မြို့တွင် ထိုင်သပိတ်ပြုလုပ်နေ

ရန်ကုန်တိုင်း၊ သန်လျှင်မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများဦးဆောင်ပြီး စစ်ကောင်စီအလိုမရှိကြောင်း ဆန္ဒပြနေသည့် ထိုင်သပိတ်စတင်နေပြီဖြစ်သည်။ ##

သန်လျှင် မတ်-၅

၀၉ : ၃၉ - မန္တလေးသပိတ်စစ်ကြောင်းများစထွက်ပြီ

စစ်အာဏာသိမ်းမှုကို နေ့စဉ်ရက်ဆက်ဆန့်ကျင်နေပြီး ထိခိုက်သေဆုံးမှုများရှိနေသော်လည်း မန္တလေး မြို့သူ မြို့သားများ၏ သပိတ်စစ်ကြောင်းများ ချီတက်နေပြီဖြစ်သည်။

မန္တလေး မြတောင်စစ်ကြောင်း

၀၉ ၃၀ အင်းစိန်အခြေအနေ

ရန်ကုန်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့က နေ့စဉ်နီးပါးအကြမ်းဖက်ဖြိုခွင်းလေ့ရှိသည့် အင်းစိန်မြို့နယ်၊ ပေါက် တောဝတွင် အခြေအနေတည်ငြိမ်နေဆဲဖြစ်သည်။ သို့သော် အင်းစိန်ဈေးအနီးရှိ ဆန္ဒပြလူထုကို စစ်ကောင်စီ တပ်ဖွဲ့က စတင်ဖြိုခွဲနေသည်။ ##

၀၉ : ၃၆ - ကျောက်မဲ သပိတ်စတင်

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းများ မြို့တွင်း လှည့်လည် ဆန္ဒပြနေပြီဖြစ်သည်။ ##

ကျောက်မဲဆန္ဒပြလှုပ်ရှားမှု

၀၉ : ၃၀ ကျွန်းတောလမ်း သပိတ်

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းရှိ အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းသည် စစ်ကောင်စီ၏ ရဲနှင့် စစ်တပ်တို့ အကြမ်းဖက်တိုက်ခိုက်မှုကို ကာကွယ်ရန် အရံအတားများပြုလုပ်လျက်ရှိသည်။

ကျွန်းတောလမ်းသပိတ်စစ်ကြောင်း

၀၉ : ၂၀ - ရန်ကုန်မြို့လယ်တည်ငြိမ်ဆဲ

ယခင်နေ့များက ပစ်ခတ်ဖြိုခွင်းမှုများရှိခဲ့သည့် ရန်ကုန်မြို့လယ် ပန်းဆိုးတန်းနှင့် ဆူးလေ တစ်ဝိုက်တွင် လက်ရှိအချိန်အထိ တည်ငြိမ်နေဆဲဖြစ်သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading