စစ်ကောင်စီ၏ ဖိနှိပ်ဖြိုခွဲမှုများကြားက ရှင်သန်နေဆဲ နိုင်ငံရေး အံတုမှုများ

အနည်းဆုံး လူ ၅၀ ဦးထက်မနည်း သေဆုံးပြီး အဖမ်းဆီးခံရနေရသူ ၁၄၀၀ ကျော်အထိ ရှိလာနေပြီး ဆန္ဒပြမှုများကို တပ်နှင့်ရဲက အကြမ်းဖက်ဖြိုခွင်းမှုများ လုပ်နေသည်

ရန်ကုန်မြို့အပါအဝင် လူထုက စုဝေးကာ စစ်ကောင်စီကို လက်မခံကြောင်း နည်းလမ်းအစုံဖြင့် ပြသခဲ့သည်။ (ဓာတ်ပုံ- Myanmar Now)

လွှတ်တော်မခေါ်မီ တစ်ရက်အလို ဖေဖော်ဝါရီ ၁ တွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီး နိုင်ငံ့ခေါင်းဆောင်များကို ဖမ်းဆီးလိုက်ခြင်းဖြင့် ဆယ်နှစ်နီးပါးကြာမြင့်ခဲ့သည့် အရပ်သားအစိုးရအုပ်ချုပ်မှု အဆုံးသတ်သွားသည်။

စစ်အာဏာသိမ်းအပြီး ၉၆ နာရီအကြာ ဖေဖော်ဝါရီ ၄ ရက်နေ့တွင် မန္တလေးနှင့် ရန်ကုန်မှ လူငယ်အချို့ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း လျှပ်တစ်ပြက်ဆန္ဒပြပွဲများဖြင့် လူထုကို စတင်လှုပ်နှိုးလိုက်သည်။ 

ထို့နောက် ဖေဖော်ဝါရီ ၆ ရက်နေ့ စနေနေ့တွင် လူဦးရေအင်အား ထောင်ချီပါဝင်သည့် အလုပ်သမားများ ဦးဆောင်သည့် သပိတ်စစ်ကြောင်း တစ်ခုသည်အင်းစိန်မြို့နယ်မှ လှည်းတန်းထိ ချီတက် ဆန္ဒပြရာမှအစပြုပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ နေ့စဥ်ရက်ဆက် ပေါ်ထွက်လာသည်။

မြန်မာပြည်မြောက်ဖျား ပူတာအို မှသည် တောင်ဘက်အစွန်းပိုင်း ကော့သောင်းအထိ မြို့နယ်တိုင်းလိုလိုတွင်  လူထုအင်အား သောင်းချီ၊ သိန်းချီပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာစုဝေးဆန္ဒပြကြသည်။

စစ်အာဏာသိမ်းလိုက်ခြင်းက လူငယ်များအတွက်  အနာဂတ်အမှောင်ကျသွားခြင်းဖြစ်သည့်အတွက်အဆုံး ထိတိုင် တိုက်ပွဲဝင်သွားရန် ဆုံးဖြတ်ထားကြောင်း အသက် ၁၉ နှစ်အရွယ် ကိုသြရသစိုးက ပြောသည်။ 

“ သူတို့က လုပ်လိုက်တာက သူတို့ကောင်းဖို့အတွက်ပဲ လုပ်လိုက်တာ။ ကျွန်တော်တို့က အနာဂတ်မရှိတော့ ဘာမဆို လုပ်ရဲသွားပြီ။ အရင်ကဆိုရင်တော့ ကျွန်တော်တို့မှာ ညှာဖို့ရှိသေးတယ်။ ကိုယ့်အနာဂတ်ကို ကိုယ်ညှာရမယ်။ ကိုယ့်ရဲ့လုပ်ငန်းကို ညှာရမယ်။ အခုကျတော့ ညှာဖို့ဘာမှမရှိတော့ဘူး” ဟု သူက ပြောသည်။

ရန်ကုန်အပါအဝင် မြို့ကြီးများတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများကို Generation Z ဟု လူသိများသည့် ၁၉၉၆ ခုနှစ်နောက်ပိုင်းမွေးဖွားသည့် အသက် ၂၀ ဝန်းကျင် လူငယ်များက ဦးဆောင်လှုပ်ရှားနေကြသည်။ 

အင်အားသုံးဖြိုခွဲ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲများကို မြို့နယ်ပေါင်း ၂၀၀ ကျော်တွင် လူထုအင်အားအပြည့်၊ အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေချိန်တွင် အာဏာသိမ်းစစ်ကောင်စီက နေပြည်တော်၊ မန္တလေး၊ မြစ်ကြီးနားမြို့တို့ တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကို  ကျည်အစစ်အသုံးပြုပြီး အင်အားသုံးဖြိုခွဲခဲ့သည်။

ရန်ကုန်ရှိ ဆန္ဒပြသူတို့ သွာရောက် စု၀ေးတတ်သော အမေရိကန်သံရုံး၊ ဂျပန်သံရုံးနှင့် အင်ဒိုနီးရှားသံရုံးအပါအဝင် သံရုံးတချို့၏ မျက်နှာစာများတွင် ဖေဖော်ဝါရီ ၂၂ မှ စတင်ကာ လုံခြုံရေးအင်အားတိုးမြှင့်ချထားပြီး အချို့နေရာ အင်အားသုံးဖြိုခွဲရန် ပြင်ဆင်မှုများ လုပ်ဆောင်လာသည်။

ပစ်ခတ်ဖြိုခွဲမှုများလုပ်လာသည့်တိုင် နောက်မဆုတ်တမ်း ပါဝင်သွားမည်ဟု ဆန္ဒပြပွဲတွင် နေ့စဥ်ပါဝင်နေသည့် သာကေတမှ မိသားစုတစ်စုက ဆုံးဖြတ်ထားသည်။ 

အသက် ၁ နှစ်ခွဲအရွယ်ကလေးကို ဖခင်ဖြစ်သူက ချီပိုးထားပြီး မိခင်က အသက် ၅ နှစ်အရွယ် ကလေးဖြစ်သူ လက်ကိုဆွဲကာ အပူရှိန်ကို အံတုရင်း ဆူးလေတွင် မိသားစုလိုက် ဆန္ဒပြနေခြင်းဖြစ်သည်။ 

မိခင်ဖြစ်သူက “အာဏာရှင်လက်အောက်မှာနေရတာထက်စာရင် သေရင်လည်း သေပလေ့စေ။ စံစားရင်လည်း အတူစံစားမယ်။ ကျရှုံးရင်လည်း အတူကျရှုံးမယ်။ မထားခဲ့ဘူး။ သူတို့တွေအနေနဲ့  ဦးနှောက်မရှိရင်ပစ်ပေါ့။ တစ်ခါပဲသေမှာ” ဟု ဆိုသည်။ 

ဖေဖော်ဝါရီ ၂၅ ရက်နေ့က ရန်ကုန်၊  တာမွေမြို့နယ်၊ ဘိုးလင်းအောင်မင်္ဂလာရပ်ကွက်တွင် ရပ်ကွက်နေထိုင်သူ ၅၀ ခန့်က စစ်ကောင်စီက ခန့်အပ်သည့် အုပ်ချုပ်ရေးမှူးကို အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်နေသည်ကို ရဲအင်အားများစွာဖြင့်   လူအုပ်ကို ဖြိုခွင်းခဲ့သည်။

ဖေဖော်ဝါရီ ၂၆ မှ စတင်ကာ လှည်းတန်းလမ်းဆုံတွင်လည်း မျက်ရည်ယိုဗုံးများ အသုံးပြုကာ ဖြိုခွင်းခဲ့ကြောင်း ရပ်ကွက်ခံများက ဆိုသည်။ 

လူဦးရေ ၆ သန်းနီးပါး နေထိုင်သည့် စီးပွားရေးမြို့တော် ရန်ကုန်တွင်ပါ အကြမ်းဖက်ဖြိုခွင်းရန် စတင်လုပ်ဆောင်လာခြင်း ဖြစ်သည်။ 

အကြမ်းမဖက်သည့် CDM

အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း လူထုက လမ်းပေါ်ထွက် ဆန္ဒပြနေချိန် တပြိုင်နက်မှာပင် နိုင်ငံ့ဝန်ထမ်းများ ကလည်း ရုံးမသွားခြင်းဖြင့် အုပ်ချုပ်ရေးယန္တရားလည်ပတ်မှု ရပ်တန့်ရေး ရည်ရွယ်လုပ်ဆောင်သည့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobdience Movement) ကို ဖေဖော်ဝါရီလဆန်းတွင် စတင်ခဲ့သည်။

လူထုရွေးချယ်တင်မြှောက်ထားသည့် အရပ်သားအစိုးရလက်ထက်တွင် ကိုဗစ်နိုင်တင်း ကမ္ဘာ့ကပ်ရောဂါအရေး အသက်ကိုပင် အမှုမထားဘဲ ရှေ့တန်းမှ တိုက်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများသည် စစ်အာဏာရှင်လက်မှ နိုင်ငံ ကယ်ဆယ်ရေးအတွက် ရှေ့တန်းတွင် တိုက်စစ်ဖွင့်ခဲ့ကြသည်။ 

ရုံးမတက်ဘဲ အာဏာဖီဆန်ရေးလှုပ်ရှားမှုသည် ဖေဖော်ဝါရီဒုတိယပတ်တွင် ပိုမို အရှိန်မြင့်လာပြီး ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများပါဝင်လာသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သော ပညာရေးဝန်ထမ်းများမှသည်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ သစ်တောဝန်ကြီးဌာန တို့အပြင် လွှတ်တော်ရုံးဝန်ထမ်းများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ ဝန်ထမ်းများအထိ ပါဝင်လာသည်။ 

အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသည့် သန်လျင်မြို့နယ်မှ ကျောင်းဆရာ ဦးပြည့်စုံအောင်က “စစ်အာဏာရှင်အောက်မှာလည်း တာဝန်မထမ်းဆောင်နိုင်ဘူး။ သူတို့ စွပ်စွဲသလို မဲမသမာမှု မဟုတ်ဘူး။ ကျွန်တော်တို့ကိုယ်တိုင် စည်းကမ်းတွေကို သေသေချာချာတိတိကျကျလိုက်နာပြီးလုပ်ခဲ့တာပါ” ဟု ပြောသည်။ 

ပြီးခဲ့သည့်အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများရှိခဲ့သည်ဟူသည့်အကြောင်းပြချက်ဖြင့် စစ်ကောင်စီက အာဏာသိမ်းခြင်းကို ပညာရေးဝန်ထမ်းများက အပြင်းအထန်ကန့်ကွက်သည်။ ပညာရေးဝန်ထမ်းများသည်   ရွေးကောက်ပွဲနေ့တွင် မဲလက်မှတ်ထုတ်ပေးခြင်း၊ မဲလက်မှတ်စစ်ဆေးခြင်း၊ မဲရုံကြီးကြပ်ခြင်းတို့အတွက် အဓိက တာဝန်ယူဆောင်ရွက်ရသူများဖြစ်သည်။ 

ပညာရေးဝန်ထမ်းများနည်းတူ ရွေးကောက်ပွဲတွင် မဲစာရင်းကောက်ယူရေးအတွက် တာဝန်ယူ ဆောင်ရွက်ရသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများသည်လည်း အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် တစ်စတစ်စ ပိုမိုပါဝင်လာသည်။

အစိုးရအဆက်ဆက် အုပ်ချုပ်ရေးယန္တရားအတွက် အဓိကကျစေရန် စီစဥ်ခဲ့သည့်၊ လူထုနှင့်အနီးကပ်ဆုံးနေရသည့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ လူများသည်လည်း CDM တွင် ပါဝင်သောကြောင့် အလုပ်ရပ်ဆိုင်းခံရမှု များလည်း ရှိလာသည်။ 

မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ တိုင်းတာရေးဌာနမှ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသည့် အသက် ၃၀ အရွယ် ဝန်ထမ်းတစ်ဦးက “စစ်အာဏာသိမ်းတဲ့လုပ်ရပ်တွေက လူငယ်တွေအပေါ်မှာပဲ သက်ရောက်နေတယ်။ ကျွန်တော်တို့က အခုမလုပ်ပေးနိုင်ဘူးဆိုရင် ကျွန်တော်တို့က မွေးလာတဲ့ သားသမီးတွေ မျိုးဆက်တွေလည်း သွားပြီ။ ကျွန်တော်တို့ ဆိုရင်လည်း ပိုတောင်ဆိုးသွားဦးမယ်” ဟု CDM တွင် ပါဝင်ရသည့်အကြောင်းအရင်းကို ဖွင့်ဟသည်။ 

Cdm2021.com ဝက်ဆိုက်ဘ်စာရင်းအရ ဖေဖော်ဝါရီ ၂၃ ရက်နေ့အထိ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ဝန်ကြီးဌာန ၂၄ ခုမှ အစိုးရဝန်ထမ်း ၂၁၀၀၀ ကျော်ပါဝင်လျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများက ထက်ဝက်ကျော် ပါဝင်နေသည်။ 

ဝန်ထမ်းများ ရုံးမတက်ဘဲ အာဏာဖီဆန်ရေးလှုပ်ရှားမှုကြောင့် အစိုးရဘဏ်များမှအပ ပုဂ္ဂလိကဘဏ်များ ဖွင့်လှစ်နိုင်ခြင်း မရှိသည်မှာ နှစ်ပတ်နီးပါးရှိလာပြီဖြစ်သည်။

လတ်တလောတွင် CDM ကြောင့် ဘဏ်လုပ်ငန်းများမှာ လည်ပတ်နိုင်ခြင်း မရှိဘဲ ယာယီ ရပ်ဆိုင်းနေသည်။ 

စစ်ကောင်စီက အာဏာဖီဆန်မှုတွင်ပါဝင်သူများအား အလုပ်မှ ထုတ်ပယ်ခြင်းအပါအဝင် နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲနေသည်။

ရွေးကောက်ခံအမတ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်နေသည့် ဝန်ထမ်းများအား ဂုဏ်ပြုလိုက်ပြီး တရားမဝင် အာဏာသိမ်း စစ်အုပ်စု၏ ပြဌာန်းသည့် ညွှန်ကြားချက်များ၊ အမိန့်များကို ပြည်သူများအနေဖြင့် လိုက်နာရန် မလိုအပ်ကြောင်း၊ ရုံးမတက်ဘဲ အာဏာဖီဆန်ရေးလှုပ်ရှားမှုသည် ပါတီနိုင်ငံရေးလုပ်ဆောင်ခြင်းမဟုတ်ဘဲ နိုင်ငံ့ အရေးဆောင်ရွက်ခြင်းသာဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

CRPH သည် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ် ၁၅ ဦးနှင့်  ဖေဖော်ဝါရီ ၅ တွင် စတင်ဖွဲ့စည်းခဲ့သည့် ကော်မတီဖြစ်သည်။ တိုင်းရင်းသားပါတီများ မှ ကိုယ်စားလှယ်၂ ဦး နောက်ပိုင်းတွင် ပါ၀င်လာသည်။

ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံသော အဆိုပါကော်မတီသည် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်အစိုးရသည်သာ တရားဝင် လူထုအသိအမှတ်ပြုအစိုးရဖြစ်ကြောင်း ကုလသမဂ္ဂနှင့်နိုင်ငံတကာကို အသိပေးခဲ့သည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင်ပါဝင်သည့် နိုင်ငံ့ဝန်ထမ်းများ၏ မူလအလုပ်တာဝန်ရာထူးများ တည်မြဲရေးအတွက် ဥပဒေပြဌာန်းလျက် အပြည့်အဝ အာမခံချက်ပေးသွားမည်ဟု  ကော်မတီက ကတိပြုထားသည်။  

အကြမ်းနည်းသုံးသည့် စစ်ကောင်စီ

အာဏာသိမ်းစစ်ကောင်စီကို အခက်တွေ့စေသည့် ရုံးမတက်ဘဲ အာဏာဖီဆန်ရေးလှုပ်ရှားမှုများ၊ နိုင်ငံတဝန်း အရှိန်မြင့်နေသည့် လူထု ဆန္ဒပြပွဲများကို  စစ်ကောင်စီကလည်း  နည်းလမ်းမျိုးစုံသုံးပြီး ဖြိုခွင်းရန်ကြံစည်နေသည်။ 

လူငါးယောက်ထက် ပိုစု၀ေးခွင့်မပြုသည့်အပြင်  ည ၈ နာရီမှ မနက် ၄ နာရီ အထိ အပြင်ထွက်ခြင်းကို ကန့်သတ်သည့် ပုဒ်မ ၁၄၄ ကို အာဏာသိမ်းအပြီး တစ်ပတ်အကြာတွင် စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

ယင်းနောက် ဆန္ဒပြပွဲခေါင်းဆောင်များ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သူများကို ပစ်မှတ်ထားကာ ရဲနှင့် စစ်တပ်က ညအချိန်မတော် လိုက်လံဖမ်းဆီးသည့် "သန်းခေါင်ယံ လူဖမ်းပွဲ" များ တိုက်ရိုက်ထုတ်လွှင့်မှု ဗီဒီယိုများ လူမှုကွန်ယက်စာမျက်နှာတွင် ပေါ်ထွက်လာသည်။ 

အာဏာဖီဆန်ရေးကျောင်းအဖြစ် ထုတ်ဖော်ကြေညာထားသည့် မန္တလေးတိုင်း၊ ဆေးတက္ကသိုလ်ပါမောက္ခချုပ်ကို ရဲတပ်ဖွဲ့ နှင့် စစ်တပ်က ဖေဖော်ဝါရီ ၁၂ နံနက် ၁ နာရီအချိန်တွင် ခြံဝန်းအတွင်း ဝင်ရောက်ဖမ်းဆီးရန် လုပ်ဆောင်ခဲ့သည်။

မန္တလေးတိုင်း ရဲတပ်ဖွဲ့ရုံးမှ ရဲမှူးစိုးအောင်နှင့် ဗိုလ်ကြီးအောင်မျိုးသူတို့က ဦးဆောင်သည့်အဖွဲ့မှ ညသန်းခေါင်ယံတွင် ခြံစည်းရိုး ကျော်ဝင်လာပြီး ပါမောက္ခချုပ်ကို ဖမ်းဆီးရန် ကြိုးပမ်းခဲ့သည့် ဗီဒီယိုဖိုင်မှာ လူမှုကွန်ယက်တွင် ပျံ့နှံ့လာသည်။ 

လူထုက လာရောက်ဝန်းရံသည့်အတွက် ပါမောက္ခချုပ်အား ညအချိန်မတော် ဥပဒေမဲ့ ဖမ်းဆီးမည့်အစီအစဥ် အထမမြောက်ခဲ့ ခြင်းဖြစ်သည်။ 

 အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သည့် ဝန်ထမ်းများအား ညအချိန်တွင် ဝင်ရောက် ဖမ်းဆီးရန် ကြိုးပမ်းပြီး နောက် လူထုက ဝန်းရံချိန်တွင် နောက်ပြန်ဆုတ်ခြင်းမှာ ယင်းလှုပ်ရှားမှုတွင် ပါဝင်သည့် ဝန်ထမ်းများအား ခြိမ်းခြောက်သည့်လုပ်ရပ်ဖြစ်သည်ဟု CDM တွင်ပါဝင်နေသည့် ဝန်ထမ်းများက မှတ်ချက်ပြုသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆေးရုံ ၁၂၆၂ ရုံ ရှိသည့်အနက် အာဏာဖီဆန်ရေးလှုပ်ရှားမှုကြောင့် ဆေးရုံ အရေအတွက် သုံးပုံတစ်ပုံဖြစ်သည့် ၃၅၀ ကျော်မှာ လုံးဝ ပိတ်ထားရကာ ဆေးရုံဖွင့်လှစ်ထားသော်လည်း ကုသပေးနိုင်ခြင်းမရှိသည့် ဆေးရုံမှာ ၂၇ ရုံရှိသည်ဟု နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြထားသည်။ 

ဆေးရုံအရေအတွက် ထက်ဝက်ကျော်ဖြစ်သည့် ၇၇၈ ရုံတွင် ကုသပေးနိုင်သည့်အခြေအနေရှိသည်ဟု စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း ဖေဖော်ဝါရီ ၂၃ ထုတ် နိုင်ငံပိုင်သတင်းစာတွင်ဖော် ပြထားသည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သည့် ကျန်းမာရေးဝန်ထမ်းများကို လုပ်ငန်းခွင် ပြန်ဝင်ရန် စစ်ကောင်စီက ချော့တစ်ခါ ၊ ခြောက်တစ်လှည့်ဖြင့် လုပ်ဆောင်နေသည်။ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင် ပျက်ကွက်နေခြင်းမှာ ကတိသစ္စာနှင့် ကျင့်ဝတ်များကိုဖောက်ဖျက်နေခြင်းဖြစ်ပြီး ဝန်ထမ်းစည်းမျဥ်းစည်းကမ်း အရ အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီဥက္ကဋ္ဌက ပြောသည်။ 

ယင်းကဲ့သို့ လုပ်ငန်းခွင်ဝင်ရန် အမျိုးမျိုးထုတ်ပြန် ကြေညာနေခြင်းမှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု၏ အောင်မြင်မှု တစ်ရပ်ပင်ဖြစ်ပြီး မည်ကဲ့သို့အရေးယူသည်ဖြစ်စေ အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင် တာဝန် ထမ်းဆောင်မည် မဟုတ်ကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင်ပါဝင်သည့် ဆရာဝန်တစ်ဦးက ပြတ်ပြတ်သားသား ပြောသည်။

ထိုသို့ ညဘက်ဝင်ရောက်ဖမ်းဆီးသည့်ပုံစံဖြင့် ခြိမ်းခြောက်မှုများရှိသည့်နည်းတူ CDM လှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်သူများ၊ ဆန္ဒပြပွဲခေါင်းဆောင်များအား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေဖြင့် အရေးယူမှုများလည်းရှိသည်။ 

အာဏာသိမ်းစစ်ကောင်စီ၏ သန်းခေါင်ယံလူဖမ်းပွဲများတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်သူ များမှသည် စစ်အာဏာရှင်ပြုတ်ကျရေး လောကီအစီရင်ကို လူမှုကွန်ယက်တွင် ဖြန့်ဝေခဲ့သည့် ဗေဒင်ဆရာ ကိုဟိန်းမင်းအောင် (လင်းညှို့တာရာ) လည်း ဖမ်းဆီးခံခဲ့ရသည်။

ညအချိန် မတော် ဥပဒေမဲ့ဖမ်းဆီးခြင်းများက လူထုကို ကြောက်ရွံ့စေရန် ရည်ရွယ်သည့်အတွက် ဖြစ်သော်လည်း ထိရောက်မှုမရှိဟု စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြသူများက ဆိုသည်။

တောင်ဒဂုံမြို့နယ်မှ အသက် ၂၇ နှစ်အရွယ် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွင်ပါဝင်သူတစ်ဦးက “ညပိုင်း ဝင်ဖမ်းတာမျိုးလုပ်တော့ ပြည်သူလူထုက တော်ရုံမအိပ်ကျတော့ဘူး။ ညပိုင်းကျရင် တစ်ညလုံး ထိုင်စောင့် ပြီး မနက်ကျတော့ မအိပ်နိုင်တော့ မနက်ကျရင်မလာနိုင်တော့ အရှိန်လျှော့သွားဖို့လုပ်တာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ဘာမှမဖြစ်ဘူး။ ဆန္ဒပြမြဲပြနေမှာ” ဟု သူက ဆိုသည်။ 

ဥပဒေနှင့် ပြစ်ဒဏ်များ ပြင်ဆင်ခြင်း

အာဏာသိမ်းပြီး နှစ်ပတ်အတွင်းမှာပင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  လူ့အခွင့်အရေး အကာအကွယ်ပေးထားသည့် နိုင်ငံသားများ လွတ်လပ်မှုနှင့်လုံခြုံမှုဆိုင်ရာ ဥပဒေ၊ ရပ်/ကျေးအုပ်ချုပ်ရေးဥပဒေ၊ အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေနှင့် ရာဇသတ်ကြီး အပါအဝင် ဥပဒေ ၆ ခုကို ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။

နိုင်ငံရေးသမားများကို ဖမ်းဆီးထောင်ချရာတွင် တပ်လေ့ရှိသည့် ရာဇသတ်ကြီးဥပဒေမှ နိုင်ငံတော်ပုန်ကန်မှုဆိုင်ရာ ပုဒ်မနှင့် နိုင်ငံတော် အကြည်ညိုပျက်စေမှုဆိုင်ရာ ပုဒ်မများကို ပြင်ဆင်ဖြည့်စွက်ခဲ့သည်။ 

ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၁ မူရင်းပြဌာန်းချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တည်ထောင်ထားသည့် ပြည်ထောင်စုအစိုးရအဖွဲ့ကို လက်နက်ဖြင့်ဖြစ်စေ သောင်းကျန်းသောနည်းဖြင့် ဖြစ်စေ၊ ဖြိုဖျက်ပါက သေဒဏ်ပြစ်ဒဏ်ထိ ချမှတ်နိုင်သည့် နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုမြောက်သည် ဟု ပြဌာန်းထားသည်။ 

ထိုပြဌာန်းချက်ကို မြန်မာနိုင်ငံအပေါ် စစ်မက်ပြုရန် ဆော်သြခြင်း၊ ပူးပေါင်းကြံခြင်း၊ ပြည်တွင်းပြည်ပနှင့်ပူးပေါင်း ပြီး လက်နက်ကိုင်နည်း၊ အကြမ်းဖက်နည်းများနှင့် အခြေခံဥပဒေအရ ခွင့်ပြုထားသည့် နိုင်ငံတော်အဖွဲ့အစည်းများ ကို ဖယ်ရှားရန်ကြိုးစားခြင်းများသည်နိုင်ငံတော်သစ္စာဖောက်မှုမြောက်ကြောင်း ပြင်ဆင်ခဲ့သည်။ 

ထို့ပြင် ပုဒ်မ ၁၂၄ (က) မူရင်းတွင် ပြည်ထောင်စုအစိုးရကို အမုန်းထားအောင်၊ မလေးစားအောင် ၊ မေတ္တာပျက် အောင်ပြုလျှင် ငွေဒဏ်နှင့် ထောင်ဒဏ် သုံးနှစ်မှ တစ်သက်တစ်ကျွန်းဖြစ်စေချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။ 

ယင်းပုဒ်မအား အစိုးရအဖွဲ့၊ တပ်မတော်နှင့် တပ်မတော်သားများကို အမုန်းထားအောင်၊ မလေးစားအောင် ပြုလုပ်လျှင် ငွေဒဏ်နှင့် ထောင်ဒဏ် ခုနှစ်နှစ်မှ နှစ် ၂၀ ထိ ချမှတ်နိုင်ကြောင်း ပြင်ဆင်ခဲ့သည်။ 

ပုဒ်မ ၁၂၄ တွင် ပုဒ်မခွဲ နှစ်ခုထပ်မံတိုးမြှင့်ခဲ့ပြီး ပုဒ်မ ခွဲ (ဂ)မှာ နိုင်ငံတော် တည်ငြိမ်ရေးအတွက် တပ်မတော်နှင့် တရားဥပဒေစိုးမိုးရေးအဖွဲ့များက လုပ်ဆောင်နေသည်များကို နှောင့်ယှက်ပါက ငွေဒဏ်နှင့် ထောင်ဒဏ် ၁၀ နှစ်မှ နှစ် ၂၀ ထိ ချမှတ်နိုင်ရန် ဖြည့်စွက်ထားသည်။ 

ပုဒ်မ ၁၂၄ တွင် ထပ်မံဖြည့်စွက်သည့် ပုဒ်မခွဲ (ဃ)အရ တပ်မတော်သားများ၊ အစိုးရအဖွဲ့ဝင်များအား ယင်းတို့၏တာဝန်မထမ်းဆောင်နိုင်စေ ရန် တားဆီး၊ နှောင့်ယှက်ပါက ငွေဒဏ်နှင့် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်သည်။

နိုင်ငံတော် အကြည်ညိုပျက်စေမှုဆိုင်ရာ ပုဒ်မ ဖြစ်သည့် ပုဒ်မ ၅၀၅ တွင် ပုဒ်မ ခွဲ တစ်ခု ထပ်တိုးလိုက်ပြီး ပုဒ်မ ၅၀၅-က အဖြစ် လူထုကို ကြောက်ရွံ့အောင်လုပ်ဆောင်ခြင်း၊ မမှန်သတင်းများ ပျံ့နှံ့အောင်လုပ်ဆောင်ခြင်း၊ အစိုးရဝန်ထမ်း များကို အလုပ်မလုပ်နိုင်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ လုပ်ဆောင်ပါက ငွေဒဏ်နှင့်တကွ ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်ကြောင်း ပြင်ဆင်လိုက်သည်။ 

ရာဇသတ်ကြီးဥပဒေကို ပြင်ဆင်ဖြည့်စွက်ခြင်းနှင့်ပတ်သက်ပြီး တရားလွှတ်တော် ဦးကြီးမြင့်က “ခုဆန္ဒပြနေတာတွေဖြစ်တဲ့ စစ်အစိုးရကို ဆန့်ကျင်တယ်၊ စစ်အစိုးရကို မုန်းတီးအောင်ပြောတဲ့ အဲ့ဒီအပိုဒ်တွေကို ထည့်တာ။ ဟိုတုန်းက အဲ့လိုမပါဘူး။ အခု ဆန္ဒပြနေတာတွေကို အချိန်မရွေးဖမ်းနိုင်အောင်လို့ ၅၀၅ (က)တို့၊ (ခ) တို့၊ (ဂ) တို့၊ ၁၂၁ တို့၊ ၁၂၄ တို့ကို အဲ့ဒီစာပိုဒ်တွေ ထပ်ထည့်တာ” ဟု သုံးသပ်သည်။ 

စစ်ကောင်စီကိုဆန့်ကျင်ရေး အာဏာဖီဆန်ရေးလှုပ်ရှားမှုနှင့် လူထု၏ ငြိမ်းချမ်းစွာဆန္ဒပြမှုများကို လှုံ့ဆော်သည် ဟူသည့် စွပ်စွဲချက်ဖြင့် သရုပ်ဆောင် ပြေတီဦး၊ ဒါရိုက်တာ ဝိုင်း၊ ဏကြီးအပါအဝင်၊ နယ်ပယ်အသီးသီးမှ ထင်ပေါ် ကျော်ကြားသူ ၇၈ ဦးကို ပုဒ်မ ၅၀၅ (က) ၊ ၅၀၅(ခ) တို့ဖြင့် ဖမ်းဆီးအရေးယူမည့်စာရင်းတစ်ခု ပြီးခဲ့သည့် ရက်ပိုင်းက ထွက်ပေါ်လာသည်။

မတရားအာဏာသိမ်းထားသည့် စစ်ကောင်စီမှ ထုတ်ပြန်သည့် အမိန့်များကို ပြည်သူများအနေဖြင့် မလိုက်နာရန် တိုက်တွန်းနေသည့်  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဝင်များကိုလည်း နိုင်ငံတော်အကြည်ညို  ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ထားသည်။ 

နိုင်ငံရေးလှုပ်ရှားသူများကို ပစ်မှတ်ထား ဖမ်းဆီးနိုင်ရန် ရည်ရွည်သည့် ဧည့်စာရင်းစစ်ခြင်းကို ပြန်လည် အသက်သွင်းနိုင်ရန် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကိုလည်း စစ်ကောင်စီက ပြင်ဆင်လိုက်သည်။

အဆိုပါပြင်ဆင်ချက်အရ ညအိပ်ညနေ ဧည့်သည်လာရောက်ခြင်းနှင့် ပြန်လည် ထွက်ခွာခြင်း တို့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ ဧည့်စာရင်း တိုင်ရမည်ဖြစ်ပြီး ပျက်ကွက်ပါက ဒဏ်ငွေ တစ်သောင်း သို့မဟုတ် ထောင်ဒဏ် ၇ ရက် ချမှတ်နိုင်သည်။ 

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကိုလည်း ပြင်ဆင်လိုက်သည့် အတွက် နိုင်ငံသားတစ်ဦး၏ နေအိမ်ကို ဥပဒေအရ ဝင်ရောက်ရှာဖွေမည်ဆိုပါက အုပ်ချုပ်ရေးဘက်က သက်သေနှစ်ဦး အနည်းဆုံးခေါ်ယူရန် မလိုအပ်တော့ဘဲ စစ်တပ်နှင့်ရဲ တို့က ထင်သလိုဝင်ရောက်ရှာဖွေခွင့် ရသွားသည့်အခြေအနေ ဖြစ်သည်။ 

အင်တာနက်ပေါ်တွင် မိမိယုံကြည်ချက်များကို ထုတ်ဖော်ရေးသားသူများကို ပစ်မှတ်ထား ဖိနှိပ်လာနိုင်သည့် အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေမှ ပုဒ်မ များကို စစ်ကောင်စီက ပြင်ဆင်ဖြည့်စွက်မှုများ လုပ်ဆောင်လာ သည်။ 

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများကို ဖိနှိပ်နိုင်သည့် ဥပဒေများကို ပြင်ဆင်ဖြည့်စွက်မှုများ စစ်ကောင်စီက ပြုလုပ်နေသော် လည်း ဆန္ဒပြမှုများ အရှိန် လျော့သွားမည်မဟုတ်ဟု ဆန္ဒပြပြည်သူများက ဆိုသည်။ 

ကိုသြရသစိုးက “ကိုယ်မကြိုက်တဲ့အာဏာရှင်စနစ်ဖြစ်တဲ့အတွက် အဲ့ဒီအာဏာရှင်ကထုတ်တဲ့ဥပဒေတွေကို ဂရုမစိုက်ပါဘူး။ ဘယ်လိုတွန်းလှန်ရမလဲဆိုတဲ့ နည်းစနစ်ကိုအဖြေရှာမယ်။ ကျွန်တော်တို့မှာ Energy(စွမ်းအင်) ရှိတယ်။ Strategy (နည်းဗျူဟာတွေ) ရှိတယ်” ဟု ဆိုသည်။ 

သန်းခေါင်ယံလူဖမ်းပွဲများ၊ ဥပဒေတင်းကျပ်ခြင်းများအပြင် စစ်အာဏာသိမ်းကောင်စီက လူထုအတွင်း အကြောက်တရားဖြစ်လာစေရန် ရည်ရွယ်သည့် မြို့တွင်း လှည့်လည် အင်အားပြမှုမျိုးလည်း လုပ်ဆောင်လာသည်။ 

အာဏာမသိမ်းမီနှစ်ရက်အလိုတွင် ရန်ကုန်၊ မန္တလေးအပါအဝင်၊ မြို့ကြီးများတွင် သံချပ်ကာယာဥ်များ မြို့တွင်း လှည့်လည်မောင်းနှင်ခဲ့သည်။ 

ထို့နောက် အာဏာသိမ်းအပြီးနှစ်ပတ်အကြာ ဖေဖော်ဝါရီ ၁၄ တွင် ရန်ကုန်မြို့တွင်း သံချပ်ကာယာဥ်များဖြင့် ထပ်မံလှည့်လည်အင်အားပြခဲ့ရာ လမ်းတလျှောက်တွင်ကားများက အဆက်မပြတ် ဟွန်းသံရှည်တီးပြီး လက်မခံကြောင်း ပြသခဲ့သည်။ 

ထိုသို့ မြို့တွင်း လှည့်လည် အင်အားပြပြီးနောက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် လူထု ပါဝင်မှုမှာ ပိုမိုများပြားလာခဲ့သည်။ 

သွေးစွန်း‌သော ဖေဖော်ဝါရီ

အာဏာသိမ်းပြီး ၂၈ ရက်အတွင်း စစ်ကောင်စီက မန္တလေး၊ နေပြည်တော်မြို့ကြီးများတွင် အင်အားသုံးဖြိုခွဲခြင်း၊ ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ ဆန္ဒပြသူများအားအချိန်မရွေးဖမ်းဆီးနိုင်သည့် ဥပဒေများပြင်ဆင်ဖြည့်စွက်ခြင်းများ လုပ်ဆောင်နေသော်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများမှာ အရှိန်လျော့မသွားဘဲ အားကောင်းနေဆဲ ဖြစ်သည်။ 

အာရှတော်လှန်ရေးနွေဦးကို အမည်ပေးထားသည့် ဆန္ဒပြပွဲကို ဖေဖော်ဝါရီ ၂၈ တွင် ပြုလုပ်မည်ဟု စီစဉ်ထားရာ ဖေဖော်ဝါရီ ၂၇ ကတည်းက ဖမ်းဆီးခြင်း ပစ်ခတ်ခြင်းများ ဆက်တိုက်ပြုလုပ်ခဲ့သည်။

ယမန်နေ့ ဖေဖော်ဝါရီ ၂၈တွင် ရန်ကုန်အပါအဝင်မြို့ကြီးများ၌ တစ်ပြိုင်နက် အင်အားသုံးဖြိုခွင်းခဲ့ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများကို အာဏာသိမ်းစစ်ကောင်စီ၏ လက်မရွံ့လက်နက်ကိုင်တပ်ဖွဲ့များက အကြမ်းဖက် ဖြိုခွင်းခဲ့သောကြောင့် ၁၈ ဦးထက်မနည်း သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့ကာ စစ်အာဏာ သိမ်းပြီးချိန်မှစ၍ ထိခိုက်သေဆုံးမှု အများဆုံးနေ့ဖြစ်ခဲ့သည်။ 

ထားဝယ်မြို့တွင် နံနက်ပိုင်းကတည်းက လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ ထိုသို့အကြမ်းဖက်ဖြိုခွင်းမှု ကြောင့် ညာဘက်နံကြားအောက်ထိမှန်သူအပါအဝင် အမျိုးသား ၃ ဦး ကျည်သင့်၍ သေဆုံးခဲ့ရပြီး ဒဏ်ရာရသူ ၁၂ ဦးအထိရှိကြောင်း ဒေသအခြေစိုက်လူမှုကူညီရေးအသင်းအဖွဲ့များက အတည်ပြုသည်။

စစ်ကောင်စီလုံခြုံရေး တပ်ဖွဲ့၏ သေနတ်သုံးဖြိုခွင်းမှုကြောင့် မကွေးတိုင်း ပခုက္ကူမြို့၊ မွန်ပြည်နယ် မော်လမြိုင်မြို့တို့တွင် တစ်ဦးစီ၊ ပဲခူးမြို့တွင် သုံးဦးသေဆုံးခဲ့ရသည်။

ထို့ပြင် ဒေသခံများ၏ အတည်ပြုချက်အရ တနင်္သာရီတိုင်း ပုလောမြို့တွင် တစ်ဦး၊  မန္တလေးမြို့တွင် ၆ ဦး၊ မော်လမြိုင်မြို့တွင် ၈ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

ထို့ကြောင့် ဖေဖော်ဝါရီ ၁ မှ ၂၈ ရက်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်ချက်ကြောင့် သေဆုံးရသည့် ပြည်သူ ၁၅ ဦး အထိ ရှိလာပြီဖြစ်သည်။ ယမန်နေ့ကလည်း ၂၀ ဦးထက်မနည်း ပစ်သတ်ခြင်း ခံခဲ့ရ၍ ကျဆုံးသွားခဲ့ရသည်။ 

စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့က အကြမ်းပတမ်းကိုင်တွယ်ခံနေရသော်လည်း ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူများက လက်နက်ရှိလျှင် လုပ်ချင်ရာလုပ်ခွင့်ရှိသည်ဆိုသော ဓလေ့ဆိုး နောက်မျိုးဆက်ထိပါမသွားရန် လူငယ်များက ရည်ရွယ်ကာ ကြံံ့ကြံ့ခံ တော်လှန်နေကြခြင်း ဖြစ်သည်ဟု လူငယ်များက ဆိုသည်။ 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ၏ မတ် ၃ အထိ စာရင်းများအရ ဖမ်းဆီးခံထားရသူ ၁၄၉၈ ဦး ရှိပြီ ဖြစ်သည်။ 

စစ်အာဏာသိမ်းမှုဆန့်ကျင်ရာတွင် အဘက်ဘက်မှ ပါဝင်နေသူများကို ဖြိုခွဲနိုင်ရေးအတွက် စစ်ကောင်စီ၏ လုပ်ဆောင်မှုများအပေါ် အသက် ၂၉ နှစ်အရွယ် ကရင်တိုင်းရင်းသူ ထောလောလ က ယခုလိုမှတ်ချက်ပြုသည်။

 “သူတို့ လုပ်တာက ပြည်သူတွေကို အားတက်သရော ပိုပြီးတော့ ဇွဲမလျှော့ဘဲ ဆက်လုပ်ဖို့ တိုက်တွန်းတဲ့ဘက်ကို ပိုသွားတယ်။ သူတို့ အဓိက ရည်ရွယ်ချက်ကတော့ လူတွေကိုခြောက်တာပေါ့။ သူတို့က ချော့တလှည့်၊ ခြောက်တလှည့်နဲ့ လူတွေကို ကြောက်အောင်လုပ်ပေမယ့် ရလဒ်ကတော့ လူတွေကိုပိုပြီးတက်ကြွလာစေတယ်”

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading