သတင်း

တိုက်ရိုက်တင်ဆက်မှု – မတ် ၃

၁၅ : ၀၃ ဗဟိုလမ်းတွင် ဆက်လက်ဖြိုခွင်းခံနေရ

စမ်းချောင်း ဗဟိုလမ်းတွင်လည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသည့် ပြည်သူများအား မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွင်းလျက်ရှိသည်။ အကြမ်းဖက်တိုက်ခိုက်ခြင်းမခံရအောင် တည်ဆောက်ထားသည့် ပြည်သူများသော အတားအဆီးများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဘူဒိုဇာဖြင့် ထိုး၍ ဖျက်ဆီးလျက်ရှိသည်။

၁၅ : ၅၀ ရွာမ ကျောင်းလမ်းအခြေအနေ

ရွာမ ကျောင်းလမ်းတွင် လတ်တလောတွင် ဖြိုခွင်းမှုများ မရှိတော့ဘဲ ရှင်းလင်းနေပြီး နှစ်ဦး အဖမ်းခံရသည်။ 

 

၁၄ : ၄၀ ကျောက်တံတားတွင် ဖြိုခွင်းခံရ 

ရန်ကုန်မြို့ါလယ် ကျောက်တံတားမြို့နယ်တွင်  ဆန္ဒပြလူစု ဖြိုခွင်းခံရပြီး  အသက်ကြီးပိုင်း တစ်ဦးအပါအဝင် ၃ ဦး အဖမ်းခံရသည်။ ဒုတိယအကြိမ် ဖြိုခွင်းခံရခြင်း ဖြစ်ပြီး အသံဗုံး၊ မျက်ရည်ယိုဗုံးများ ပစ်ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်။ ## 

ကျောက်တံတားတွင်ဖြိုခွင်းခံရ

၁၄ : ၁၉  အင်းစိန် ရွာမကျောင်းလမ်းတွင် စတင်ဖြိုခွင်း

အင်းစိန် ရွာမကျောင်းလမ်းတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြနေသည့် ပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖြိုခွင်းနေပြီဖြစ်သည်။ 

လူငယ်အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရိုက်နှက်ဖမ်းဆီးသွားသည်ကို တွေ့လိုက်ရသည်။

 

၁၄ : ၀၀ – ရန်ကုန်မြို့လယ်သပိတ်ဖြိုခွင်းခံရ

ရန်ကုန်၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းပေါ် ဆန္ဒပြနေသည့်ပြည်သူများကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များကလိုက်လံဖြိုခွင်းနေသည်။ ##


၁၃ : ၃၉ ဗဟိုလမ်းတွင် နှစ်ဦး အဖမ်းခံရ

မြေနီကုန်း ဗဟိုလမ်း စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြနေသူများအား နေ့လယ် တစ်နာရီတွင် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနှင့် အသံ‌ဗုံးအလုံး ၃၀ ကျော် အသုံးပြုပြီး ဖြိုခွဲခဲ့သည်။

ယင်းဖြိုခွဲမှုတွင် အမျိုးသမီး တစ်ဦး ၊အမျိုးသား တစ်ဦး အပါအဝင် နှစ်ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရသည်။

ဆန္ဒပြသူများအားဖြိုခွဲပြီးနောက် လမ်းပေါ်ရှိ ရေပုံးများအား ကန်ကျောက်ဖျက်ဆီးခဲ့ပြီး ဆန္ဒပြသူများ ကျန်ခဲ့သည့် ဒိုင်းများအား ယူဆောင်သွားသည်ကို‌တွေ့ရသည်။

ရဲတပ်ဖွဲ့ ပြန်လည်ဆုတ်ခွာသွားပြီး မိနစ်ပိုင်းအတွင်း ဆန္ဒပြသူများ လမ်းပေါ်ပြန်ထွက်လာကာ ဆက်လက်ဆန္ဒပြကြသည်ကို တွေ့ရသည်။ ##

 


၁၃ : ၂၂ – ရွာမကျောင်းလမ်းသပိတ်ဖြိုခွင်းရန် စစ်တပ်ကပြင်ဆင်နေ

ရန်ကုန်မြို့၊ ရွာမကျောင်းလမ်းအတွင်း အာဏာသိမ်းမှုကိုဆန့်ကျင်ဆန္ဒပြနေသည့် ပြည်သူများ ကို ဖြိုခွင်းရန် စစ်တပ်က အသင့်ပြင်ဆင်နေကြောင်း မျက်မြင်တွေ့ရှိရသည်။ ##

၁၃ : ၁၀ – ဗဟိုလမ်းဖြိုခွင်းခံရပြန်

ရန်ကုန်မြို့ ဗဟိုလမ်းပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြနေသည့် ပြည်သူများ စစ်ကောင်စီတပ်ဖွဲ့ဝင် တို့က ဖြိုခွင်းလိုက်သည်။ လက်ရှိတွင် လူစုကွဲသွားပြီဖြစ်သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လိုက်လံရှာဖွေ၍ ဖမ်းဆီးရန် ကြိုးပမ်းလျက်ရှိသည်။ ##

၁၂ : ၅၆ – မန္တလေး၌ သေနတ်ဒဏ်ရာဖြင့်နှစ်ဦးသေဆုံး

မန္တလေးသပိတ်စစ်ကြောင်းကို ရဲနှင့်စစ်တပ်က အကြမ်းဖက်ဖြိုခွင်းသဖြင့် ဦးခေါင်းကို ကျည်ထိမှန်သည့် အမျိုးသမီးတစ်ဦးနှင့် ရင်ဘတ်ကို ကျည်ထိမှန်သည့် အမျိုးသားတစ်ဦး သေဆုံးသွားသည်။ အခြားတစ်ဦးမှာ ညာဘက်လက် ကျည်ဆန်ထိမှန်ရထားသည်။ ##

၁၂ : ၄၁ ဗိုလ်ချုပ်လမ်းတွင် ထဘီခံတပ်ဆောက်၍ စစ်တပ်ကို တော်လှန်

ရန်ကုန် ဗိုလ်ချုပ်လမ်းနှင့် ရေကျော်လမ်းအနီးတွင် လမ်းကို ကြိုးဖြင့် တားဆီးပိတ်ပစ်လိုက်ပြီး  ထဘီများ လှန်း၍ စစ်တပ်ကို ပြည်သူများက တော်လှန်လျက်ရှိသည်။ ###

၁၂ : ၁၉ ကျောက်မြောင်းသပိတ်ဖြိုခွင်းခံရ

ရန်ကုန် တာမွေမြို့နယ် ကျောက်မြောင်းသပိတ်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးဖြိုခွင်းလျက်ရှိပြီ လူအများအပြားအဖမ်းခံထားရကြောင်း သိရသည်။

“စစ် ထရပ်ကားအကြီး…သုံးစီးအပြည့်ရယ်….လမ်းပေါ်မှာလည်း အများကြီး မိန်းကလေးတွေလည်း အယောက်ငါးဆယ်လာက်ရ‌ှိတယ်” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးကပြောသည်။ ##

၁၂း၀၀ မုံရွာတွင် ကျည်အစစ်ဖြင့် ဖြိုခွင်း

မုံရွာမြို့တွင် ဆန္ဒပြနေသူများကို ရဲတပ်ဖွဲ့က ကျည်အစစ်ဖြင့် ဖြိုခွင်းခဲ့သောကြောင့် ၃ ဦး ထက်မနည်း ဒဏ်ရာရာခဲ့ပြီး  အမျိုးသမီးတစ်ဦး ရင်ညွန့်တွင် ဒဏ်ရာရခဲ့ကာ အမျိုးသား နှစ်ဦး ဦးခေါင်းနှင့်ပေါင်တွင် ဒဏ်ရာရခဲ့သည်။ 

မုံရွာတွင် ကျည်အစစ်ဖြင့် ဖြိုခွင်း

၁၁ : ၄၉ ဈေးချိုရှိ ပြည်သူများကို သေနတ်ဖောက်၍ လူစုဖြိုခွင်း

မန္တလေး ဈေးချို ၈၄လမ်း၊ လမ်း ၃၀ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသည့် ပြည်သူများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက်၍ လူစုဖြိုခွင်းခဲ့သည်။ 

စစ်တပ်နှင့်ရဲတို့က ရေကား၊ တင့်ကားများနှင့်အတူ အင်အားအလုံးအရင်းဖြင့် ရောက်လာပြီး ၁၁ နာရီ ၄၅ မိနစ်မှာ လူစုဖြိုခွင်းခဲ့ခြင်းဖြစ်သည်။ 

 ဈေးချိုအနီး ၂၈ထပ်ရှိ မန်းမြန်မာပလာဇာ အပေါ်ဆုံးထပ်သို့ စနိုက်ပါသေနတ်သမားအချို့ တက်သွားသည်ဟုလည်း မျက်မြင်ဒေသခံတချို့က ပြောသည်။ ###

မန္တလေးအခြေအနေ

၁၁း၃၀ လှိုင် ပါရမီလမ်းတွင် ကျည်အစစ်သုံးပြီး ဖြိုခွဲ

လှိုင်မြို့နယ်၊ ပါရမီလမ်း၊ စိန်ဂေဟာရှေ့တွင် ဆန္ဒပြနေသောလူများကို မျက်ရည်ယိုဗုံး၊ ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ပြီး လူ ၂၀ ထက်မနည်း ဖမ်းဆီးခံရသည်။ ဖမ်းဆီးခံရသူများအား ရိုက်နှက်နေကြောင်း တွေ့ရပြီး နေအိမ်များကိုလည်း ပစ်ခတ်နေကြောင်း အဆိုပါနေရာ ရောက်ရှိနေသူများက ပြောသည်။

လှိုင် ပါရမီလမ်း မတ် ၃

၁၁ : ၂၉  မြောက်ဥက္ကလာတွင် ၃ ဦးအဖမ်းခံရ

ရန်ကုန် မြောက်ဥက္ကလာပမြို့နယ် သုဓမာလမ်းတွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြနေသူများကို စစ်ကောင်စီလက်ပါးစေအကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး ပြည်သူ ၃ ဦးကို ဖမ်းဆီးသွားသည်။ 

မြောက်ဥက္ကလာတွင် အကြမ်းဖက်ဖြိုခွဲခံရ

၁၁ ၁၄ ဖြိုခွင်းခံနေရသည့် ကျွန်းတောလမ်း ဆက်လက်ဆန္ဒပြ

စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းသပိတ်ဖြိုခွင်းခံရပြီး မိနစ်ပိုင်းအကြာမှာပင် ကျွန်းတောလမ်းပေါ်မှာ ဆန္ဒပြသူများပြန်လည်ပြည့်နှက်သွားပြီး ဆက်လက်တိုက်ပွဲဝင်နေသည်။

စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းသပိတ်

၁၁ : ၀၉ မြောက်ဥက္ကလာအဝိုင်းတွင် ဖြိုခွင်းခံနေရ

ရန်ကုန် မြောက်ဥက္ကလာအဝိုင်းအနီးတွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြနေသူများကို စစ်ကောင်စီ၏ လက်ပါးစေအဖွဲ့ဝင်များက ဖြိုခွင်းလျက်ရှိသည်။

၁၁း၀၇ ရေးမြို့ သပိတ် ဖြိုခွဲခံရ

ရေးမြို့တွင် ဆန္ဒပြနေသူများအား ကမ်းနားလမ်း နန်းသီတာဈေးနားတွင် ယနေ့နံနက် ၁၀ ခွဲ ခန့်က ဖြိုခွင်းခံရပြီး  ဖမ်းဆီးခံရသူ၊ ဒဏ်ရာရသူ လတ်တလော မရှိသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ရေးမြို့သည် ဒုတိယအကြိမ် ဖြိုခွဲခံရခြင်း ဖြစ်ပြီး ဖြိုခွင်းရာတွင် ရဲအင်အား ၄၀ နှင့် စစ်သား ၂၀ ခန့် တွေ့ရှိရသည်ဟု သိရသည်။ ### 

ရေးမြို့သပိတ် ဖြိုခွဲခံရ မတ် ၃

၁၁ : ၀၀ – ကျွန်းတောလမ်းသပိတ်အဖွဲ့ ၁၄ ယောက်ထက်မနည်း ဖမ်းဆီးခံရ

ယနေ့မနက်ပိုင်းက ဖြိုခွင်းခံရသည့် ရန်ကုန် စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းသပိတ်စစ်ကြောင်းမှ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြ ပြည်သူ ၁၄ ယောက်ထက်မနည်း ဖမ်းဆီးခံခဲ့ရသည်။ 

ကျွန်းတောလမ်းအနီးတစ်ဝိုက်တွင် စစ်ကောင်စီ၏ အကြမ်းဖက်လက်နက်ကိုင်တပ်များဖြစ်သည့် တပ်မ ၇၇ နှင့် ရဲတပ်ဖွဲ့ဝင်များက လမ်းကြိုလမ်းကြားများထဲသို့ပင်လိုက်၍ ဖမ်းဆီးလျက်ရှိသည်။ 

၁၀ : ၅၉ ပန်းဆိုးတန်းတွင် စစ်ကောင်စီ၏ လက်ပါးစေတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးနေ

မတ်လ ၃ ရက် နံနက် ပန်းဆိုးတန်း ဆန္ဒပြသူများကို စစ်ကောင်စီ၏ လက်ပါးစေလက်နက်ကိုင်အဖွဲ့ဝင်များက လူစုခွဲ လိုက်လံဖမ်းဆီးလျက်ရှိသည်။

ပန်းဆိုးတန်းအခြေအနေ

၁၀ : ၄၉ – ရန်ကုန်မြို့လယ်အခြေအနေ

ရန်ကုန်မြို့လယ်ရှိ ပန်းဆိုးတန်းလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့များ လွယ်လင့်တကူမလာ ရောက် နိုင်ရန် အတားအဆီးများချ၍ ပြည်သူများ ဆန္ဒပြနေပြီဖြစ်သည်။ ##


၁၀ : ၃၂ – ကျောက်မဲသပိတ်စတင်

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်း စတင်ချီ တက်နေသည်။ ##

၁၀ ၂၅ – ဗဟိုလမ်း အခြေအနေ

ရန်ကုန်၊ မြေနီကုန်း ဗဟိုလမ်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများက လက်နက်ကိုင်တပ်ဖွဲ့များ အလွယ်တကူ ဝင်ရောက်ဖမ်းဆီးခြင်းမပြုနိုင်ရန် လမ်းတလျှောက် သဲအိတ်များ ၊အမှိုက်ပုံးများကို  အတားအဆီးအဖြစ်ပြန်လည်ချထားနေသည်။

နေ့စဉ်လူထောင်သောင်းချီဆန္ဒပြရာ နေရာတစ်ခုဖြစ်သည့် ဗဟိုလမ်းတစ်လျှာက်တွင် ယမန်နေ့က ဆန္ဒပြသူများ အရံအတားအဖြစ် အသုံးပြုခဲ့သည့်ပစ္စည်းများကို

လက်နက်ကိုင်တပ်ဖွဲ့များနှင့် အရပ်ဝတ်များက ညကတည်းက ကားဖြင့် လိုက်လံသိမ်းဆည်းသွားခဲ့ကြောင်း ‌ရပ်ကွက်နေလူထုက ပြောသည်။ ##

၁၀ ၂၁ မြင်းခြံမြို့တွင် ဆန္ဒပြသူများ ဖြိုခွင်းခံရ

မြင်းခြံမြို့တွင် ဆန္ဒပြနေသော လူအုပ်စုအား ပထမဆုံးအကြိမ် ဖြိုခွင်းခံနေရသည်ဟု ဒေသခံများက ပြောသည်။

မြင်းခြံသပိတ် ဖြိုခွင်းခံရ

၁၀ : ၁၂ ကျွန်းတောလမ်းသပိတ်ကို စတင်ဖြိုခွင်း

ရန်ကုန်၊ စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းတွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြနေသည့် သပိတ်စစ်ကြောင်းကို စစ်ကောင်စီ၏ လက်ပါးစေလက်နက်ကိုင်တပ်ဖွဲ့ဝင်များက စတင်ဖြိုခွင်းနေပြီဖြစ်သည်။  ###

ကျွန်းတောလမ်းသပိတ် မတ် ၃

၁၀ : ၀၈ – မန္တလေးသပိတ် ဖြိုခွင်းခံနေရ

မန္တလေးမြို့ ၃၀ A လမ်းတွင် စစ်အာဏာရှင်ဆန့်ကျင်နေသည့် သပိတ်စစ်ကြောင်းကို ရဲနှင့်စစ် တပ်က စတင်အကြမ်းဖက်ဖြိုခွင်းနေသည်။ ##

၁၀  ၀၅ မင်းဘူးမြို့ အခြေအနေ

မကွေးတိုင်း၊ မင်းဘူးမြို့ပေါ်တွင် ရဲတပ်ဖွဲ့မှ လမ်းအချို့ပိတ်ဆို့ထားသော်လည်း မြို့ခံများ၏ နွေဦးတော်လှန်ရေးစစ်ကြောင်းသည် ထိပ်တိုက်အတွေ့မခံဘဲ  မြို့တွင်းလှည့်လည်ဆန္ဒပြလျက်ရှိသည်။ ##

၁၀ : ၀၂ မန္တလေး ထိုင်သပိတ်စတင်

မန္တလေး ၈၄လမ်း လမ်း၃ဝတွင် ဆရာ၊ဆရာမများ၏ပညာရေးသပိတ်စစ်ကြောင်းနှင့် ကျောင်းသားသမဂ္ဂများကထိုင်သပိတ်ပြုလုပ်နေသည်။

 မန္တလေး ပညာရေးသပိတ်စစ်ကြောင်းနှင့် ကျောင်းသားသမဂ္ဂများ ထိုင်သပိတ်

၀၉ : ၅၀ – မြတောင်သပိတ်စစ်ကြောင်းစတင်ချီတက်

စစ်ကောင်စီ၏တပ်ဖွဲ့က နေ့နေ့ညည အကြမ်းဖက်ပစ်ခတ်နေသော်လည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေဆဲဖြစ်သည့် မန္တလေးမြို့တွင် မြတောင်သပိတ်စစ်ကြောင်းစတင်ချီတက်နေပြီ ဖြစ်သည်။ သပိတ်စစ်ကြောင်းနောက်သို့ ရဲနှင့်စပ်တပ်က မော်တော်ယာဉ်များဖြင့် လိုက်လာနေသည်။  ##

၀၉ : ၃၀ – တောင်ဥက္ကလာ၌ ဆန္ဒပြနေပြီ

ရန်ကုန်မြို့၊ တောင်ဥက္ကလာမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှုကို လူငယ်တို့ ဦးဆောင်ပြုလုပ်နေပြီဖြစ်သည်။ ##


၀၉ : ၂၈ – လှည်းတန်းတွင် စစ်ကောင်စီတပ်ဖွဲ့ စတင်အကြမ်းဖက်

ရန်ကုန် ကမာရွတ်မြို့နယ် လှည်းတန်းလမ်းမပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြနေသည့် ပြည်သူများကို လူစုမခံဘဲ စစ်တပ်၏ လက်ပါးစေလက်နက်ကိုင်အဖွဲ့ဝင်များ စတင်ပစ်ခတ်ဖြိုခွင်းနေပြီဖြစ်သည်။ ##

၀၈ : ၄၅ – သံလမ်း၌ ပစ်ခတ်နေပြီ

လှိုင်မြို့နယ်ရှိ သံလမ်းပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသူများ လမ်းပေါ်ထွက်မလာစေရန် မနက် ၈ နာရီကျော်ကတည်း  စစ်တပ်၏ လက်ပါးစေလက်နက်ကိုင်အဖွဲ့ဝင်များက စတင်ပစ်ခတ်နေသည်။

ယမန်နေ့ညကလည်းသံလမ်းအနီးရှိပြည်သူများက စစ်ကောင်စီတပ်ဖွဲ့များလွယ်လင့်တကူ လာရောက်အကြမ်းမဖက်နိုင်ရန် လမ်းကို အတားဆီးများပြုလုပ်ရန် ပြင်ဆင်ချိန်တွင် စစ်တပ်၏ လက်ပါးစေတို့က ပစ်ခတ်မှုများပြုလုပ်ခဲ့သေးသည်။ ##

 

Show More

Related Articles

Back to top button