ရွေးကောက်ပွဲသင်တန်းတက်ပြီး လေ့ကျင့်နေသော မျက်နှာသစ်နိုင်ငံရေးသမားများ

ကြံခိုင်ဖွံ့ဖြိုးရေးပါတီအပါအဝင် လာမည့်နိုဝင်ဘာရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီအချို.၏ အမှတ်တံဆိပ်ပါသောဦးထုပ်များဖြင့် အမျိုးသား တစ်ဦးအားတွေ့ရစဉ်။ (ဓာတ်ပုံ၊ စိုးဇေယျာထွန်း/ရိုက်တာ)
ကြံခိုင်ဖွံ့ဖြိုးရေးပါတီအပါအဝင် လာမည့်နိုဝင်ဘာရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီအချို.၏ အမှတ်တံဆိပ်ပါသောဦးထုပ်များဖြင့် အမျိုးသား တစ်ဦးအားတွေ့ရစဉ်။ (ဓာတ်ပုံ၊ စိုးဇေယျာထွန်း/ရိုက်တာ)

ရန်ကုန် - ရွေးကောက်ပွဲဝင်ကြမည့် ကိုယ်စားလှယ်လောင်း ၄ဝ ဝန်းကျင်၏ မျက်လုံးများသည် သူတို့ရှေ့တွင်တစ်ခုပြီးတစ်ခုပေါ်လာနေသည့် ဆလိုက်ကားချပ်များကို စူးစူးစိုက်စိုက် ကြည့်နေကြသည်။ သင်တန်း ဆရာမက နောက်ထပ်ကားချပ်တစ်ခုကို ပြောင်းလိုက်ရာ တံခါးနှစ်ပေါက်သာပါသော အနီရောင်ယာဉ်ငယ်လေးတစ်စင်းပုံက ပုံရိပ်ထိုးထားသည့် နံရံပေါ်တွင် ပေါ်လာသည်။

“ကားတစ်စီးရဲ့ဘီးဆိုတာ များသောအားဖြင့် ရှေ့ကိုပဲသွားသလို အမတ်လောင်းတစ်ဦးရဲ့ သတင်းစကားဟာလည်း ရှေ့ကိုဦးတည်ရပါတယ်။ ဒါမှလည်း မဲပေးတဲ့ပြည်သူတွေက ဆရာတို့၊ ဆရာမတို့ရဲ့ စကားတွေကိုကြားရင် ‘ဒီကိုယ်စားလှယ်ကတော့ ငါ့ရဲ့ဘဝရှေ့ရေးကို တိုးတက်အောင် လုပ်ပေးမယ့်သူပဲ’ လို့ တွေးမှာဖြစ်ပါတယ်” ဟု မျက်မှန်တပ်ထားသည့် ပိန်ပိန်သွယ်သွယ် သင်တန်းဆရာမက ဆိုသည်။

စူးစိုက်နားထောင်နေသော ပရိသတ်သည် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဖြစ်သည်။

အမျိုးသားအများစုဖြစ်သော လူကြီးပိုင်း၊ လူလတ်ပိုင်း ကိုယ်စားလှယ်လောင်း ၄ဝ တို့သည် ဖက်ဒရယ်ပြည်ထောင်စုပါတီ (FUP) မှဖြစ်ကာ ယခုကဲ့သို့ သင်တန်းမျိုးကို တစ်ခါမျှ အတွေ့အကြုံမရှိခဲ့ကြပေ။

သင်တန်းပို့ချနေသော ဆရာမပြောသမျှကို အာရုံစူးစိုက်ကာ လေ့ကျင့်ခန်းဗလာစာအုပ်ထဲမှ ဝါကြင်ကြင် စာမျက်နှာများပေါ်တွင် ရေးမှတ်နေကြသည်။ ဆရာမက မဲဆွယ်စည်းရုံးရေးကို မည်ကဲ့သို့ လုပ်ရသည်၊ သုတေသနလုပ်ရာတွင် မည်သို့ ချဉ်းကပ်ရမည်တို့ကို ရှင်းပြနေသည်။

သမိုင်းဝင်မည်ဖြစ်သော ၂ဝ၁၅ ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ယခု သီတင်းပတ်တွင် စတင် မဲဆွယ်စည်းရုံးကြပြီဖြစ်သည်။ ဆယ်စုနှစ်များအတွင်း အတိုက်အခံပါတီကြီးများအားလုံး ပါဝင်ယှဉ်ပြိုင်ကြမည့် ရွေးကောက်ပွဲတွင် ယခင်စစ်အစိုးရခေတ်က အမျိုးမျိုးဖိနှိပ်ချုပ်ချယ်ခံခဲ့ရသော ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ အများအပြား ပါဝင်မည်ဖြစ်သည်။

အသက် ၄၉ နှစ်အရွယ်ဒေါ်တင်မာမာလွင်သည် မကြာမီကမှ ပင်စင်ယူထားသော မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှ မူလတန်းပြ ကျောင်းဆရာမဟောင်းတစ်ဦးဖြစ်သည်။ ဖက်ဒရယ်ပြည်ထောင်စုပါတီ၏ အမျိုးသမီးကိုယ်စားလှယ်လောင်း ၁ဝ ဦးအနက်မှ တစ်ဦးဖြစ်သည်။ ယခုသုံးရက် သင်တန်းသို့ တက်ရောက်သော အမျိုးသမီးအနည်းငယ်ထဲမှ တစ်ဦးလည်းဖြစ်သည်။

လူမှုရေးခေါင်းဆောင်တစ်ဦးအဖြစ် အမြဲတစေတက်ကြွခဲ့သော်လည်း နိုင်ငံရေးပါတီများတွင် ပါဝင်ခဲ့ဖူးခြင်းမရှိဟု ၎င်းကဆိုသည်။

လွန်ခဲ့သည့် နှစ်လက ဖက်ဒရယ်ပြည်ထောင်စုပါတီ ကျိုက်ထိုသို့ ရောက်လာစဉ် ပါတီဝင်ကာ ကိုယ်စားလှယ်လောင်းအဖြစ် အရွေးခံရန် ဆုံးဖြတ်ခဲ့သည်ဟု Myanmar Now ကိုပြောသည်။

“သူတို့က မေးတယ်၊ ကိုယ့်မြို့ကို မကောင်းစေချင်ဘူးလား တဲ့။ တိုင်းရင်းသားကိုလည်း အကျိုးပြုပါတယ် တဲ့ (ဒီပါတီက)။ အဲဒီမှာ ဝင်ဖြစ်သွားတာ။ အရင်က ဘယ်ပါတီမှာမှ မပါခဲ့ဖူးဘူး” ဟု ဆိုသည်။

နိုင်ငံရေး ဝါနုနေသေးသော်လည်း ဒေါ်တင်မာမာလွင်သည် ရွေးကောက်ပွဲတွင် ကျိုက်ထိုမြို့နယ်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စသော ဝါရင့်ပါတီများအပါအဝင် စုစုပေါင်း ၇ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၇ ဦးနှင့် အတူ အမျိုးသားလွှတ်တော်တွင် တစ်နေရာရရန် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ထို့ကြောင့်လည်း ယခုသင်တန်းကို ရထားစီးကာ လိုလိုလားလား လာတက်ခြင်းဖြစ်သည်။

သတင်းစကားတည်ဆောက်ခြင်းအကြောင်း သင်ကြားနေချိန်တွင် ဒေါ်တင်မာမာလွင်က တက်ကြွစွာပါဝင်ဆွေးနွေးသည်။ မိမိတို့၏ မဲဆန္ဒနယ်တွင် တွေ့နေရသော အကြီးမားဆုံး ပြဿနာများမှာ မည်သည်တို့ဖြစ်သနည်း ဟူသော မေးခွန်းကို သူက မူးယစ်ဆေးဝါး၊ ကျန်းမာရေးနှင့် အလုပ်လက်မဲ့ခြင်းဟု ဖြေလိုက်သည်။

ဥပမာများ၊ အသေးစိတ် အချက်အလက်များဖြင့် ယင်းပြဿနာတို့ကို ဖြေရှင်းမည့် မိမိပေးလိုသည့် သတင်းစကားကို ကောင်းသည်ထက်ကောင်းအောင် လုပ်ပုံလုပ်နည်းများကို ဆရာမက ပြောပြသည်။ ဒေါ်တင်မာမာလွင်က စာရွက်ပေါ်တွင် ဘောလ်ပင်ဖြင့် မနားတမ်းရေးမှတ်နေသည်။

“မြို့ကိုပြန်သွားရင် ဒီအကြောင်းတွေနဲ့ ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ပြောမယ်” ဟု ဆိုသည်။

အားလုံးအတွက် သင်တန်း

စစ်အစိုးရက ရာစုနှစ် ထက်ဝက်ခန့် အုပ်ချုပ်ခဲ့သည့် ကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများနှင့်ပတ်သက်သည့် အတွေ့အကြုံ အလွန်နည်းနေသေးသည့်အပေါ် စိုးရိမ်မကင်းကြသည့် ပြည်တွင်းနှင့် ပြည်ပ အဖွဲ့အစည်းတို့က ထောင်နှင့်ချီသော လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ သတင်းသမားများနှင့် မဲဆန္ဒရှင်များကို လွန်ခဲ့သည့် ၂ နှစ်မှ စတင်ကာ ရွေးကောက်ပွဲဆိုင်ရာ သင်တန်းအများအပြား ပို့ချလျက်ရှိသည်။ ထိုသင်တန်းတို့ကို အနောက်နိုင်ငံအစိုးရများ၊ အလှူရှင်များက ထောက်ပံ့ကြသည်။

ယခုမဲဆွယ်စည်းရုံးရေးကာလ မစတင်မီ ရက်အနည်းငယ်က ဖက်ဒရယ်ပြည်ထောင်စုပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက် ပို့ချခဲ့သည့် သင်တန်းသည်လည်း အလားတူသင်တန်းတစ်ခုပင်ဖြစ်သည်။

အဆိုပါသင်တန်းကို ပို့ချပေးသည့် ပြည်တွင်းအဖွဲ့အစည်းတစ်ခုက လူသိမခံလိုသဖြင့် အမည်ထုတ်ပြန်ပေးစေလိုခြင်းမရှိပေ။ သို့သော်လည်း ထိုအဖွဲ့က ယခုနှစ်အတွင်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးဆိုင်ရာ သင်တန်း ၁ဝ ခုကို ပို့ချခဲ့ပေးပြီးဖြစ်ကြောင်း၊ သင်တန်းတစ်ခုစီတွင် သင်တန်းသား ပျမ်းမျှ ရဝ ခန့် တက်ရောက်ခဲ့ပြီး နိုင်ငံတကာအလှူရှင်များက ငွေကြေးထောက်ပံ့ပေးသည်ဟု ဆိုသည်။

မြန်မာနိုင်ငံရေးပါတီများအတွက် ပို့ချပေးသည့် သင်တန်းများအနက် အမေရိကန်အခြေစိုက် International Republican Institute (IRI) ထောက်ပံ့ပေးသည့် သင်တန်းတို့က အများဆုံးဖြစ်နိုင်ခြေရှိပြီး အမေရိကန်သံရုံး၊ ကနေဒါသံရုံး၊ ဝါရှင်တန်မြို့အခြေစိုက် National Endowment for Democracy အဖွဲ့တို့၏ ရန်ပုံငွေများဖြင့် ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီ ၉၁ ခု အနက် ၈၃ ခုကို သင်တန်းများပို့ချပေးခဲ့သည်။

၂ဝ၁၃ ခုနှစ်လယ်ပိုင်းမှစတင်၍ IRI သည် မဲဆွယ်စည်းရုံးရေးသင်တန်း ၃ဝ ကျော် အပါအဝင် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများကို သင်တန်းပေးခဲ့သည်။

“နိုင်ငံရေးပါတီတွေဟာ နိုင်ငံသားတွေရဲ့လိုလားတောင်းဆိုချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ပေးရမှာဖြစ်သလို သက်ဆိုင်ရာမဲဆန္ဒနယ်တွေမှာ ဖြစ်နေတဲ့ အရေးကိစ္စတွေကိုလည်း ဖြေရှင်းပေးဖို့ လိုပါတယ်။ ဒါဟာ ဘယ်နိုင်ငံမှာမဆို အရေးကြီးတယ်လို့ ထင်ပါတယ်” ဟု IRI ၏ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ စတီဗ် ဆစ်မာက ပြောသည်။

အဆိုပါ သင်တန်းများတွင် ပုံမှန်ဝင်ရောက်ဟောပြောခဲ့သည့်၊ နိုင်ငံရေးဆောင်းပါးများဖြင့်လူသိများသူ စာနယ်ဇင်းဆရာ စည်သူအောင်မြင့်ကလည်း မြန်မာနိုင်ငံတွင် ပါတီစုံစနစ်သည် အတွေ့အကြုံနုနယ် သေးသောကြောင့် ယင်းကဲ့သို့ သင်တန်းများ အရေးပါကြောင်း၊ လိုအပ်ကြောင်း ပြောကြားသည်။

“ဒါတွေအကုန်လုံးက၂ဝ၁ဝ မှ စခဲ့တာ။ ၂ဝ၁ဝ မှ စတာတောင်မှ ကောင်းကောင်းမွန်မွန်စတာ မဟုတ်ဘူး။ ဒီဖိနှိပ်မှုနဲ့ အောက်ခြေကစတဲ့အခါကျတော့ ဒါကြီးက ဖွံ့ဖြိုးဖို့ အများကြီး လိုအပ်တဲ့နယ်ပယ်လို့ ကျွန်တော်နားလည်တယ်။ ဒီအချိန်ကျမှ လေ့လာရတယ်၊ သင်ယူရတယ်” ဟု လွတ်လပ်၍ တရားမျှတမှုမရှိကြောင်း အများကဝေဖန်ကြသည့် လွန်ခဲ့သော ငါးနှစ်ခန့်က ရွေးကောက်ပွဲများကို ရည်ညွှန်း၍ စည်သူအောင်မြင့်က ပြောသည်။

Danish Institute for Parties and Democracy (DIPD) မှ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ဒေါ်ခင်သဇင်မြင့်ကလည်း ဤအချက်ကို သဘောတူသည်။

“ကျွန်မတို့ဟာ ဒီမိုကရေစီစနစ်ကို သွားတဲ့ လမ်းမှာပဲရှိပါသေးတယ်။ ခရီးအရှည်ကြီးပါ” ဟု သူ ဒေါ်ခင်သဇင်မြင့်က ဆိုသည်။

DIDP သည် ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် မီဒီယာဆက်ဆံရေးကဏ္ဍများအတွက် နိုင်ငံရေးပါတီများကို ကာလရှည် သင်တန်းပေးနေသည့် Myanmar Multiparty Democracy Programme အစီအစဉ်ကို လုပ်ဆောင်လျက်ရှိသည်။

နုနယ်သော နိုင်ငံရေးစနစ်

ဖက်ဒရယ်ပြည်ထောင်စုပါတီတွင် ပို့ချခဲ့သည့် သင်တန်းသည် မြန်မာနိုင်ငံ၏ နုနယ်သော ပါတီစုံစနစ်နိုင်ငံရေး အခြေအနေကို လှစ်ဟမြင်တွေ့စေသည်။ သင်တန်း၌ မြန်မာနိုင်ငံတွင် ကျင့်သုံးသည့် နိုင်သူအကုန်ယူရွေးကောက်ပွဲစနစ် (FPTP)၊ ကမ္ဘာတစ်ဝန်းမှ ဖွဲ့စည်းပုံအခြေခံဥပဒေများ အကြမ်းဖျင်းလေ့လာချက်၊ မီဒီယာနှင့် ထိတွေ့ဆက်ဆံနည်း စသည်တို့ကို ဆွေးနွေးပို့ချခဲ့သည်။

အစိုးရဆန့်ကျင်ရေးနိုင်ငံရေးလှုပ်ရှားမှုများလုပ်လိုက်၊ အင်အားသုံးအဖြိုခွဲခံရလိုက်ဆိုသည့် အတွေ့အကြုံနှင့်သာ နှစ်ပေါင်းများစွာ နှစ်ပါးသွားခဲ့ရသည့် မြန်မာနိုင်ငံသားများအနေဖြင့် ဆန္ဒမဲပုံးမှတစ်ဆင့် မိမိတို့၏ ထောက်ခံမှု၊ ကန့်ကွက်မှုတို့ကို ဖော်ပြခွင့် ရတော့မည်ဖြစ်သည်။

ဒေါ်တင်မာမာလွင်ကဲ့သို့ပင် ဖက်ဒရယ်ပြည်ထောင်စုပါတီအတွက် ပွဲဦးထွက် ရွေးကောက်ပွဲဝင်မည့် နောက်ထပ်ကိုယ်စားလှယ်လောင်းတစ်ဦးက အသက် ၅၉ နှစ်အရွယ် ဦးညွန့်အေး ဖြစ်သည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှ လယ်ပိုင်မြေပိုင်သူတစ်ဦးဖြစ်သည့် ၎င်းသည် ရွေးကောက်ပွဲဆိုင်ရာသင်တန်းကို ဒုတိယအကြိမ် တက်ရောက်ခြင်းဖြစ်သည်။

“ကျွန်တော် အထက်တန်းကျောင်းတောင် ဆုံးခန်းတိုင်အောင် မတက်ခဲ့ရပေမယ့် စာဖတ်တာ ဝါသနာပါတယ်။ နိုင်ငံရေးနဲ့ပတ်သက်ပြီး ဗဟုသုတတွေရလို့ ဒီသင်တန်းက အသုံးဝင်ပါတယ်”  ဟု ဦးညွှန့်အေးက ပြောသည်။ ပြောရင်းက ၎င်းထိုင်နေသည့် ခုံအောက်ဘက်ရှိ အမှိုက်ပုံးအတွင်းသို့ ကွမ်းတံတွေးများကို ထွေးထုတ်လိုက်သည်။

ဆက်သွယ်မေးမြန်းခဲ့သည့် ဖက်ဒရယ်ပြည်ထောင်စုပါတီ၏ ကိုယ်စားလှယ်လောင်းအများအပြားကဲ့သို့ပင် မွန်ပြည်နယ်မှ ကျောင်းဆရာမဟောင်း ဒေါ်တင်မာမာလွင်ကလည်း ၎င်း၏ မဲဆန္ဒနယ်တွင် အနိုင်ရမည်ဟု ယုံကြည်ထားသည်။

“ကျွန်မတို့ ဒေသမှာတော့ ကျွန်မအနေနဲ့ နာမည်ကောင်း ရထားပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါတယ်။ ကျွန်မအနေနဲ့ အမှန်တရားဘက်က ရပ်တည်တယ်ဆိုတာကို ပြည်သူတွေ သိထားပါတယ်” ဟု ဒေါ်တင်မာမာလွင်က ပြောသည်။

ယခုသုံးရက်သင်တန်းအတွင်း အဓိကသင်ယူခဲ့ရသည့်အတိုင်း မဲဆွယ်စည်းရုံးရာတွင် လိုရင်းတိုရှင်းနှင့် မဲဆန္ဒရှင်များ နှစ်သက်မည့်စကားများ ရွေးချယ် ပြောဆိုသွားမည်ဟု သူက ပြောသည်။

“ပြည်သူ့ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ပြည်သူကို တိုတိုတုတ်တုတ် ရှင်းပြတတ်ရမယ်ဆိုတာ အခုမှသိတာ။ ဒီတစ်ချက်ကို တအားသဘောကျတယ်” ဟု ၎င်းကပြောသည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading