မြန်မာပြည်သူတွေကို ဒုက္ခပေးနေသည့် ကိုလိုနီခေတ်ဥပဒေများ

ကျောင်းသားဆန္ဒပြမှုဖြိုခွင်းသည့်အာဏာပိုင်တို့ကို ကန့်ကွက်သူတစ်ဦး ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံတွင် မတ်လ ၁ဝ ရက်နေ့က အထိန်းသိမ်းခံရပုံ (ဓာတ်ပုံ - ဖြိုးသီဟချို/Myanmar Now)
ကျောင်းသားဆန္ဒပြမှုဖြိုခွင်းသည့်အာဏာပိုင်တို့ကို ကန့်ကွက်သူတစ်ဦး ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံတွင် မတ်လ ၁ဝ ရက်နေ့က အထိန်းသိမ်းခံရပုံ (ဓာတ်ပုံ - ဖြိုးသီဟချို/Myanmar Now)

(မှတ်ချက်။  ။ စာရေးသူ Matthew Bugher သည် Fortify Rights တွင် အကြံပေးအဖြစ် တာဝန်ယူထားသော လူ့အခွင့်အရေးသုတေသီတစ်ဦး ဖြစ်သည်။ ယခုဆောင်းပါးမှာ စာရေးသားသူ၏အာဘော်သာဖြစ်ပြီး  Myammar Now ၏ အာဘော် မဟုတ်ကြောင်း အသိပေးအပ်ပါသည်။)

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုများ အစပြုဖြစ်ပေါ်လာစဉ်တွင် အာဏာပိုင်တို့က နိုင်ငံရေးအတိုက်အခံများ၊ တက်ကြွလႈပ်ရှားသူများကို ဖမ်းဆီးနှုတ်ပိတ်နေသည်။ မြန်မာပြည်၏ ဥပဒေဆိုသည်မှာ အာဏာပိုင်တို့ အသုံးချရန် အတွက်ပင် မဟုတ်ပါလော။ မြန်မာပြည်ဥပဒေတို့သည် လက်ရှိအာဏာချိန်ခွင်လျှာအား ခြိမ်းခြောက်ရန် ကြိုးစားသူမည်သူ့ကို မဆို အာဏာပိုင်တို့က ဖမ်းဆီးနှိပ်စက်ကလူပြုရန် အခွင့်ပေးထားသည်ကို တွေ့ရသည်။
 
ဒီမိုကရေစီဆိတ်သုဉ်းသော အုပ်ချုပ်မှုသည် မြန်မာပြည်တွင် သမိုင်းကြောင်းရှည်လှပေသည်။ ဗမာမင်းများလက်ထက်တွင် လည်းကောင်း၊ ဗြိတိသျှကိုလိုနီခေတ်တွင်လည်းကောင်း၊ ထိုမှသည် စစ်အာဏာရှင်များ နှင့် ယခုနောက်ဆုံး အရပ်သားတစ်ပိုင်း အစိုးရ၏ ခေါင်းဆောင်အပေါင်းတို့ လက်ထက်တွင်လည်းကောင်း ပြည်သူတို့၏ နိုင်ငံရေး အခွင့်အရေး၊ လွတ်လပ်ခွင့်တို့ကို ချိုးဖောက်ချေဖျက်ကာ နိုင်ငံ၏ ဥပဒေများ၊ တရားစီရင်မႈဆိုင်ရာ လုပ်ထုံးများကို ဝင်ရောက် ခြယ်လှယ်ခဲ့ကြသည်။

လွန်ခဲ့သည့် မတ်လတွင် လူအခွင့်အရေးစောင့်ကြည့်လေ့လာသည့်အဖွဲ့တစ်ခုဖြစ်သည့် Fortify Rights မှ မိမိနှင့်လုပ်ဖော်ကိုင်ဖက်များက မြန်မာအစိုးရ ၂ဝ၁၂ ခုနှစ်တွင်ထုတ်ပြန်ခဲ့သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ မည်သို့မည်ပုံဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး စာမျက်နှာ ၄၇ မျက်နှာရှိသော အစီရင်ခံစာ တစ်စောင် ရေးသားထုတ်ပြန်ခဲ့သည်။ မြန်မာပြည်တွင် မိမိအိမ်သို့ ညအိပ်ဧည့်သည်လာသည်ဆိုပါက ထိုဥပဒေအရ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးရုံးတွင် ဧည့်စာရင်းတိုင်ကြားရသည်။
 
ထိုဥပဒေကိုအသုံးချ၍ ညဉ့်နက်သန်းခေါင်ယံတွင် အများပြည်သူတို့၏အိမ်တွင်းသို့  တရားရုံးခွင့်ပြုချက် (သို့မဟုတ်) ဝရမ်း မပါသော်လည်း အာဏာပိုင်တို့က ဝင်ရောက်စစ်ဆေး နိုင်သည်။ အများသူငါ နှာခေါင်းရှုံ့ကြသည့် ထိုဧည့်စာရင်းစစ်သည့်ကိစ္စကို ရပ်ကွက်အုပ်ချုပ်ရေးအာဏာပိုင်၊ ရဲ၊ အခြားအခြားသော အာဏာပိုင်တို့က ပြည်သူပြည်သားများ အိပ်မောကျနေသည့်အချိန်တွင် ၎င်းတို့၏ အိမ်တွင်းသို့ ဝင်ရောက်ဆောင်ရွက်နိုင်သည်။
 
ကျွန်ုပ်တို့ ထုတ်ပြန်ခဲ့သည့် သန်းခေါင်ယံဝင်စီးခြင်း အစီရင်ခံစာတွင် ဧည့်စာရင်းတိုင်ကြားရခြင်းသည် လူတို့၏ ပုဂ္ဂလလွတ်လပ်ခွင့်၊ လွတ်လပ်စွာသွားလာနေထိုင်ခွင့်၊ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့် စသည့်အခွင့်အရေးတို့ကို ချိုးဖောက်နေကြောင်း ဖော်ပြထားသည်။ ယခင်စစ်အစိုးရလက်ထက်တွင်လည်းကောင်း၊ လက်ရှိအစိုးရလက်ထက်တွင်လည်းကောင်း ဧည့်စာရင်းတိုင်ကြားရမှုကို အသုံးချပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးရန်၊ အရပ်ဖက်အဖွဲ့အစည်းတို့၏ လှုပ်ရှားမႈအဖုံဖုံကို တားမြစ်ကန့်သတ်ရန် လုပ်ဆောင်ခဲ့မႈများနှင့် ပတ်သက်ပြီး ထိုအစီရင်ခံစာတွင် ရေးသားထားသည်။

ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးဥပဒေကို လက်ရှိအစိုးရကပြဋ္ဌာန်းသည်ဆိုသော်လည်း ထိုဥပဒေသည် ဧည့်စာရင်းတိုင်ကြားရန်သတ်မှတ်ချက်ပါသော ဗြိတိသျှကိုလိုနီခေတ်ဥပဒေနှစ်ရပ်ကို ပြန်လည်အသုံးပြုခြင်းထားခြင်းဖြစ်သည်။
 
ကိုလိုနီခေတ်မှ ဆင်းသက်လာသည့် ဥပဒေများထဲတွင် ဧည့်စာရင်းတိုင်ခြင်းဥပဒေသာမက အခြားသောဥပဒေများလည်း ရှိပါသေးသည်။ ဥပမာ ဒီမိုကရေစီအရေး လႈပ်ရှားမႈများ ဖြစ်ပေါ်နေစဉ်တွင် အတိုက်အခံတို့ကို လိုက်လံဖမ်းဆီးရန် အဓိပ္ပာယ်လိုသလိုဖွင့်နိုင်သော မှောင်ရိပ်ခိုသူကိုအရေးယူသည့် ဥပဒေတို့အား အာဏာပိုင်တို့က အသုံးပြုခဲ့ကြောင်း လူ့အခွင့်ရေး လႈပ်ရှားသူများက ပြောကြသည်။
 
 ၁၈၆ဝ ပြည့်နှစ်တွင် စတင်ရေးဆွဲခဲ့သော မြန်မာနိုင်ငံဆိုင်ရာ ရာဇသတ်ကြီးဥပဒေပါ အချက်အလက်တို့ကို ကိုင်စွဲ၍ ရာနှင့်ချီသောနိုင်ငံရေးသမားတို့ကို တရားရုံးများတွင် စွဲချက်တင်ခဲ့ကြသည်။
 
တက်ကြွစွာလႈပ်ရှားသူများ၊ သတင်းစာဆရာများ၊ အခြားအခြားသော ပုဂ္ဂိုလ်များကို ၁၉ဝ၈ တရားမဝင်အသင်းအက်ဥပဒေ၊ ၁၉၂၃ နိုင်ငံတော်လျှို့ဝှက်ဥပဒေ၊ ၁၉၅ဝ အရေးပေါ် အက်ဥပဒေတို့ဖြင့် စွဲချက်တင်ခဲ့သည်။ ထိုဥပဒေအပေါင်းတို့သည် အဓိပ္ပာယ် တိတိပပ ဖွင့်ဆိုထားခြင်းမရှိသော  အမျိုးသားလုံခြုံရေးအကျိုးစီးပွားဆိုသည်တို့ကို ကာကွယ်ရန် လုပ်ပိုင်ခွင့်အာဏာ အလွန်အမင်းပေးထားသောဥပဒေများဖြစ်သည်။

အစိုးရသစ်လက်ထက် ပြဋ္ဌာန်းခဲ့သော ဥပဒေတို့မှာလည်း ပိုမိုကောင်းမွန်သည်ဟု ဆိုနိုင်ဖွယ်မရှိပေ။ ၂ဝ၁၁ တွင် ပြဋ္ဌာန်းပြီး ၂ဝ၁၄ တွင် ပြန်လည်ပြင်ဆင်ခဲ့သော ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ (ငြိမ်းစုစီဥပဒေ)ကလည်း ဆန္ဒမပြခင် ဒေသန္တရအာဏာပိုင်တို့ထံမှ “သဘောတူခွင့်ပြုချက်” မယူသူတို့ကို ဖမ်းဆီး အကျဉ်းချခွင့်ပြု ထားသည်။ သဘောတူခွင့်ပြုသည်ဆိုရာတွင်လည်း ဆန္ဒဖော်ထုတ်မႈကို မည်သည့်နေရာ၊ အချိန်၊ မည်သို့မည်ပုံ ဆန္ဒဖော်ထုတ်မည် စသည့်ကန့်သတ်ချက်များတွဲပါနေပြီး ထိုကန့်သတ်ချက်တို့မှာ လွတ်လပ်စွာ စုဝေးခွင့်၊ ဆန္ဒဖော်ထုတ်ခွင့်နှင့်ဆက်စပ်သည့် နိုင်ငံတကာဥပဒေစံနႈန်းများနှင့် ကိုက်ညီမှုမရှိကြောင်းတွေ့ရသည်။ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမႈ ကို ချီးမွမ်းထောမနာဖွင့်နေသည်များ ရှိသည်ဆိုသော်ငြား မကြာသေးမီက မြင်တွေ့ရသော အခြေအနေမှာ အထက်ဖော်ပြပါဥပဒေသများကို ပို၍ပို၍ ပြင်းပြင်းထန်ထန် အသုံးပြုပြီး လူ့အခွင့်အရေး ကာကွယ်သူများ၊ စာနယ်ဇင်းသမားများ၊ နိုင်ငံရေး အတိုက်အခံများအပေါ် နှိပ်ကွပ်လာသည်ကိုတွေ့ရသည်။
 
လွန်ခဲ့သည့် ၂ နှစ်တာကာလအတွင်း အာဏာပိုင်တို့က ငြိမ်းစုစီဥပဒေ၊ ရာဇသတ်ကြီးဥပဒေတို့ကို အသုံးချပြီး ဆန္ဒပြကျောင်းသားများ နှင့် အခြားသောသူများအား  တရားစွဲဆိုခဲ့သည်ကို လည်း တွေ့ရသည်။ မြေယာအခွင့်အရေးတိုက်ပွဲဝင်နေသူများ၊ ဘာသာပေါင်းစုံချစ်ကြည်ရေး လုပ်ဆောင်နေသူများကို တရားမဝင်အသင်းအဖွဲ့ ဖွဲ့စည်းခြင်းဥပဒေဖြင့်လည်းကောင်း၊ စာနယ်ဇင်းသမားတို့ကို နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေဖြင့်လည်းကောင်း တရားစွဲဆိုခဲ့သည်။ ဥပဒေများကို လိုရာဆွဲအသုံးပြုမႈကြောင့် မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား မျိုးဆက် သစ်တစ်ရပ် ထွက်ပေါ်လာပြီး လတ်တလောတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၁ဝဝ၊ အထိန်းသိမ်းခံနေရပြီး တရားရင်ဆိုင်နေရသူ  ၄ဝဝ ခန့်  ရှိနေသည်။

နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲမတိုင်မီ ထိုဥပဒေများ ပြင်ဆင်ရန်သော်လည်းကောင်း၊ ဖျက်သိမ်းရန်သော်လည်းကောင်း လုပ်ဆောင်နိုင်ရန် အခါနှောင်းခဲ့ပြီဖြစ်သည်။ သို့တစေ အတိုက်အခံတို့အပေါ် ပစ်မှတ်ထားသည့် ထိုဥပဒေများ အသုံးပြုခြင်းကို ရပ်ဆိုင်းသောနည်းဖြင့် အစိုးရက ရွေးကောက်ပွဲ လွတလပ်မျှတမႈ ပိုမိုအားကောင်းရေးကို လုပ်ဆောင်နိုင်သည်။ ထို့ပြင် ပြည်သူလူထုကို အန္တရာယ်ပြုနေသည့် ဒီမိုကရေစီမဆန်သော ထိုဥပဒေများ ပြင်ဆင်ရေးသည် ရွေးကောက်ပွဲအလွန်တွင် ပေါ်ထွက်လာမည့် အစိုးရသစ်၏ ထိပ်တန်း ဦးစားပေး လုပ်ဆောင်ရမည့်အရာပင် ဖြစ်ပေသည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading