ကချင်ပြည်နယ်က စစ်အာဏာရှင်တော်လှန်ရေး

အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့်လှုပ်ရှားမှုတွင် ကချင်ပြည်နယ်မှ မြို့နယ်များ ပါ၀င်နေပြီး  KIA ကလည်း ဆန္ဒပြသူတို့ အကြမ်းဖက်တိုက်ခိုက်ခံရပါက အကာအကွယ်ပေးမည်ဟု ပြောသည်

Published on Feb 19, 2021
မြန်မာနိုင်ငံမြောက်ဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုမြို့တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဒေသခံများက ဖေဖော်ဝါရီ (၈) နံနက်ပိုင်းတွင် ဆန္ဒပြခဲ့ကြသည်
မြန်မာနိုင်ငံမြောက်ဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုမြို့တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဒေသခံများက ဖေဖော်ဝါရီ (၈) နံနက်ပိုင်းတွင် ဆန္ဒပြခဲ့ကြသည်

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သည့် ဆန္ဒပြပွဲများသည် မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်တွင်လည်း အရှိန်အဟုန်နှင့် ပေါ်ပေါက်နေသည်။

မြို့တော် မြစ်ကြီးနားအပါအဝင် မိုးညှင်း၊ ဖားကန့်၊ ဗန်းမော်၊ ဟိုပင်၊ တနိုင်း၊ ပူတာအိုစသည့် ကချင်ပြည်နယ် မြို့နယ်အတော်များများတွင် ဒေသခံတို့က အာဏာသိမ်းမှုကို လမ်းပေါ်ထွက် ဆန့်ကျင်ကန့်ကွက်နေကြသလို အာဏာဖီဆန်ရေးလှုပ်ရှားမှု Civil Disobedience Movement (CDM) ကိုလည်း တက်ကြွစွာပူးပေါင်းလာကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တောင်ပြိုကမ်းပြိုအနိုင်ရခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုများရှိသည့်ဆိုသည့် အကြောင်းပြချက်ဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်က ဖေဖော်၀ါရီ ၁ ရက် မနက်အစောပိုင်းတွင် အာဏာသိမ်းယူလိုက်သည်။

အဆိုပါနေ့တွင်ပင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ NLD ပါတီထိပ်ပိုင်းခေါင်းဆောင်များနှင့် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များကို ဖမ်းဆီးထိန်းသိမ်းလိုက်သည်။

အာဏာသိမ်ပြီးရက်အနည်းငယ်အကြာ ဖေဖေါ်ဝါရီ ၅ ရက်နှင့် ၆ ရက်များတွင် မန္တလေးနှင့် ရန်ကုန်တို့တွင် စစ်အဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ ပေါ်ပေါက်လာခဲ့ကြသည်။ 

မြစ်ကြီးနား၏ လူထုအုံကြွမှုမှာ  ဖေဖော်၀ါရီ ၇ တွင် အစပြုခဲ့သည်။

တစ်ဆက်တည်းဆိုသလိုပင် ဝိုင်းမော်၊ တနိုင်း၊ ဗန်းမော်၊ ပူတာအိုနှင့် ဟိုပင်မြို့များတွင်လည်း ဆန္ဒပြပွဲများပေါ်ပေါက်လာခဲ့ပြီး နယ်စပ်မြို့လေးများသို့ပါ ကူးစက်သွားခဲ့သည်။

အရှိန်ကောင်းလာသည့် မြစ်ကြီးနားမြို့ဆန္ဒပြပွဲများအတွင်း ဖေဖော်၀ါရီ ၁၆ တွင်  မန်ခိန်ရပ်ကွက်အတွင်းရှိ ‘ဒဘတ်’လျှပ်စစ်ဓါတ်အားခွဲရုံး ဝင်ရောက်စီးနင်းသည့် ရဲတပ်ဖွဲ့ဝင်များကို ပြည်သူများက ပြန်လည်ပိတ်ဆို့ကာ ဆန္ဒပြကြသည်။

အဆိုပါဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့က မျက်ရယ်ယိုဗုံးများအသုံးပြုခဲ့ပြီး ဆန္ဒပြသူများကို ရာဘာကျည်များနှင့် ပစ်ဖောက်ကာ လူစုခွဲခဲ့သည်။ ထို့အပြင် သတင်းရယူနေသည့် သတင်းထောက် ၅ ဦးကို ထိန်းသိမ်းခဲ့ပြီး နောက်တစ်နေ့ မနက်တွင် ခံဝန်ကတိထိုးခိုင်းကာ ပြန်လွှတ်ပေးခဲ့သည်။

ဖေဖော်၀ါရီ ၁၈ ရက်တွင်လည်း သိန်းချီသည့် ဆန္ဒပြသူများက မနောဥယာဉ်စုကွင်းတွင် စု‌ဝေးပြီး စစ်ကြောင်းအသီးသီးဖြင့် မြို့တွင်းလှည့်လည်ခဲ့ကြသလို တပ်ကလည်း သံချပ်ကာယာဉ်များဖြင့် မြို့အတွင်း အင်အားပြလှည့်လည်နေဆဲဖြစ်သည်ဟု မြစ်ကြီးနားမြို့ခံ သတင်းရင်းမြစ်များက ပြောသည်။

‘စစ်အာဏာသိမ်းခြင်းအလိုမရှိ’၊ ‘ဖမ်းဆီးထားသည့်ခေါင်းဆောင်များပြန်လွှတ်ပေး’၊ ‘CDM တွင်ပါဝင်ကြ’ စသည့် ကြွေးကြော်သံများမှာ အကျယ်လောင်ဆုံးဖြစ်သည်။

၁၈ ရက်နေ့မနက်တွင် မြစ်ကြီးနားမြို့ ဆွမ်ပရာဘွမ်လမ်းကို ရဲတပ်ဖွဲ့နှင့် စစ်တပ်က ပိတ်ဆိုထားသည့်အပြင် လေးဂွနှင့် ပစ်ခတ်ခဲ့သည့်အတွက် ဆန္ဒပြသူတချို့ ထိခိုက်ဒဏ်ရာရခဲ့သည်။

အခြား တိုင်းနှင့်ပြည်နယ်မြို့တော်များကဲ့သို့ပင် မြစ်ကြီးနားမြို့၏ CDM လှုပ်ရှားမှုတွင် ကျန်းမာရေးနှင့် ပညာရေးဝန်ထမ်းများက ဦးဆောင်နေကြသည်။

အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့အားဆန့်ကျင်သူများ၊ ဆန္ဒပြသူများကို ဖိနှိပ်ရန် ရည်ရွယ်ထားပုံရသည့် ဥပဒေအချို့ကိုလည်း ပြဌာန်းခဲ့ပြီး မကြာမီ ကချင်ပြည်နယ်အတွင်း ဧည်စားရင်းစစ်ဆေးခြင်းများ ပြန်လည်လုပ်ဆောင်သွားမည်ဟု ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဉာဏ်မြင့်ကျော်က ပြောသည်။

တရားမဝင်တက်လာသည့် အာဏာရှင်က ပြဌာန်းသည့် ဥပဒေမှန်သမျှကို လိုက်နာသွားမည်မဟုတ်ဘဲ အာဏာရှင်ပြုတ်ကျရေးကို ပိုမိုလုပ်ဆောင်သွားမည်ဟု မြစ်ကြီးနားဆန္ဒပြပွဲများတွင် တက်တက်ကြွကြွ ပါဝင်နေသူတစ်ဦးဖြစ်သည့် တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်းက ပြောသည်။

“အာဏာရှင်အစိုးရကို ပြုတ်ကျဖို့လိုလားတဲ့ အဖွဲ့အစည်းအသီးသီးနဲ့ ချိတ်ဆက်ပြီးတော့မှ ကိုယ့်မြို့ကိုယ့်ရွာ ကိုယ့်နိုင်ငံကို ကာကွယ်သွားဖို့ ဦးဆောင်နိုင်ဖို့ ဘယ်လိုမျိုးလုပ်ဆောင်မယ်ဆိုတာကို ညှိနိုင်းပြီးတော့ အကောင်းဆုံးလုပ်ဆောင်သွားဖို့ ရှိပါတယ်ခဗျ” ဟု ဦးတင်ထွန်းသိန်းက ပြောသည်။

ကချင်ပြည်နယ်တွင် ဆန္ဒပြမှု အစောဆုံးဖြစ်သည်ဟု ယူဆနေကြသည့် ကမ္ဘာကျော် ကျောက်စိမ်းများထွက်ရှိရာ ဖားကန့်မြို့နယ်သည် ဖေဖော်၀ါရီ ၆ မှ ယနေ့အထိ လူထုအုံကြွမှု ဆက်လက်အားကောင်းနေဆဲဖြစ်သည်။

ဖေဖော်၀ါရီ ၁၇ တွင်  ဖားကန့်မြို့နယ်တွင်းရှိ ဖားကန့်၊ ဆိုင်းတောင်နှင့် လုံးခင်းကျေးရွာအုပ်စုမှ စစ်ကြောင်းသုံးကြောင်း၊ မြို့ပေါ်ရပ်ကွက်များမှ သပိတ်စစ်ကြောင်းအသီးသီးနှင့် လူဦးရေ တစ်သိန်းကျော်က ဖားကန့်မြို့ပေါ်တွင် လှည့်လည် ဆန္ဒပြကြသည်။

လမ်းပေါ်ထွက် ချီတက်သူ လတ်တလောအင်အား ငါးသောင်းမှ တစ်သိန်းကြား ရှိနေပြီး ဖေဖော်၀ါရီ ၉ နှင့် ၁၃ တို့တွင် အင်အားသိန်းကျော်သည်အထိပင် အားကောင်းခဲ့သည်။

အစောပိုင်းဆန္ဒပြပွဲအများကို လုံခြုံရေးအဖွဲ့ဝင်တို့က တားမြစ်ခဲ့သော်လည်း နောက်ပိုင်းရက်များတွင် ဟန့်တားပိတ်ဆို့ခြင်း မရှိကြောင်း ဖားကန့်အခြေအစိုက် အလွတ်တန်းသတင်းထောက် ကိုဇော်မိုးထက်က ပြောသည်။

CDM ဟု ခေါ်ကြသည့် အာဏာဖီဆန်ရေးလှုပ်ရှားမှုကို ဖားကန့်တွင်လည်း တွေ့နိုင်ပြီး အခြားမြို့များကဲ့သို့ပင် ဤလှုပ်ရှားမှုကို ကျန်းမာရေးဝန်ထမ်းများက ဦးဆောင်နေသည်။

“CDM အခြေအနေက‌တော့ ဖားကန့်က အောင်မြင်တယ်လို့ ပြောရတယ်၊ ဆေးရုံက တစ်ရုံလုံးဖြစ်သွားပြီပေါ့နော်၊ ထွေအုပ်ကလည်းပါလာတယ်၊ ပညာရေးဝန်ထမ်းအသိုင်းအဝိုင်းက ၇၀ ရာခိုင်နှုန်းလောက် ပါလာတယ်။ ကျန်းမာရေးက အားအကောင်းဆုံးပဲ” ဟု ကိုဇော်မိုးထက်က ပြောသည်။

ပုဂ္ဂလိက ဘဏ်များအားလုံးပိတ်ထားပြီး မြန်မာ့စီးပွားရေးဘဏ်တစ်ခုကိုသာ ရဲတပ်ဖွဲ့နှင့် စစ်တပ်က လုံခြုံရေးယူပြီး ဖွင့်လှစ်ထားသည်ဟု ကိုဇော်မိုးထက်က ပြောသည်။

မြန်မာပြည်၏ မြောက်ဘက်အစွန်းဆုံးပိုင်းတွင်ရှိသည့် ပူတာအိုတွင်လည်း ဖေဖော်၀ါရီ ၇ ရက်မှစတင်ပြီ ထောင်နှင့်ချီသည့် လူများက ဆန္ဒပြနေသလို အစိုးရဝန်ထမ်းများ၏ CDM လှုပ်ရှားမှုလည်း အားကောင်းလျက်ရှိသည်။

တစ်ခုတည်းသော ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည့် CB ဘဏ်ကလည်း ပိတ်ထားသည်။ နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ်ကိုလည်း ရှေ့တံခါးပိတ်ထားပြီး ဘဏ်ဝန်ထမ်းများ အရပ်၀တ်နှင့် အလုပ်လုပ်နေကြသည်ကို တွေ့ရသည်ဟု ပူတာအိုမြို့ခံတစ်ဦးဖြစ်သူ မဇမီရမ်က ပြောသည်။

ပူတာအို  CDM သို့ ပူးပေါင်းလာကြသူများတွင် သစ်တော၊ ကျန်းမာရေးနှင့် ပညာရေးဌာနဝန်ထမ်းများက အများဆုံးဖြစ်သည်။

မြို့နယ်ပြည်သူ့ဆေးရုံမှ ဆရာဝန်နှင့် သူနာပြုတချို့ နေရပ်ပြန်သွားပြီဖြစ်သလို ထပ်ပြီး ပြန်မည့်သူများရှိနေသည်ဟု သတင်းကြားရသည်ဟု မဇမီရမ်က ပြောသည်။

ဖေဖေါ်ဝါရီ ၁၁ နောက်ပိုင်းတွင် CDMတွင်ပါဝင်သူများ၊ ဆန္ဒပြပွဲဦးဆောင်သူများကို ဖမ်းဆီးမည်ဆိုသည့် သတင်းများကြောင့် တိမ်းရှောင်သူတချို့လည်း ရှိလာသည်ဟု မဇမီရမ်က ပြောသည်။

သို့သော်လည်း စစ်အာဏာရှင်ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပေါ်နေမည်ဟု မဇမီရမ်က ယူဆသည်။

“ကျွန်မတို့ တရားဝင်တင်မြှောက်ထားတဲ့ အစိုးရဆီက မတရားအာဏာကို လုယူတယ်၊ အဲဒီအတွက် ကျွန်မတို့ရွေးကောက်ထားတဲ့ အစိုးရအဖွဲ့ကိုပဲ ပြန်လိုချင်တယ်။ အာဏာရှင်ကို လုံးဝကို အလိုမရှိဘူး၊ အာဏာရှင်စနစ်ကို အမြန်ဆုံးပျောက်ဆုံးသွားစေချင်တယ်” မဇမီရမ်က ပြောသည်။

ကချင်တိုင်းရင်းသားကိုယ်စားပြု ကချင်လွတ်လပ်ရေးတပ်မတော် KIA ကတော့ ကချင်ပြည်နယ်အတွင်းရှိ ဆန္ဒပြပြည်သူများကို အကြမ်းဖက်ဖြိုခွင်းမှုများရှိလာပါက ကာကွယ်ပေးရမည့် တာဝန်ရှိသည်ဟု ပြီးခဲ့သည့်ရက်အနည်းငယ်က ထုတ်ဖေါ်ပြောကြားထားသည်။

“တပ်မတော်အနေနဲ့ ပြည်သူလူထုကို ထိခိုက်မှုဖြစ်စေပြီဆိုရင်တော့ ကျွန်တော်တို့လည်း ပြည်သူလူထုကို ကာကွယ်ပေးဖို့တာဝန်ကတော့ ကျွန်တော်တို့ဆီမှာလည်း ရှိတာပေါ့နော်။ ပြည်သူလူထုကိုတော့ ကျွန်တော်တို့ ကာကွယ်ရမှာဖြစ်ပါတယ်” KIA ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ကာကွယ်မည့် အစီအစဉ်အတိအကျမရှိသေးဘဲ အခြေအနေကို စောင့်ကြည့်ပြီး ဆုံးဖြတ်လုပ်ဆောင်သွားမည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ၁၆ ရက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr.Chen Hai က ရန်ကုန်ရှိ သတင်းထောက်များကို ပြောကြားရာတွင် မြန်မာနိုင်ငံ မတည်ငြိမ်မှုနှင့် ရှုပ်ထွေးမှုများပေါ်ထွက်လာမည်ကို မမျှော်လင့်ကြောင်းနှင့် ပုံမှန်နိုင်ငံရေးလမ်းကြောင်းပေါ်သို့ အမြန်ဆုံးရောက်ရန် မျှော်လင့်ကြောင်း ပြောဆိုထားသည်။

အာဏာသိမ်းမှုအပေါ် တရုတ်သံအမတ်၏ သဘောထားထွက်ပေါ်လာပြီး တစ်ရက်အကြာ ဖေဖေါ်ဝါရီ ၁၇ ရက်တွင် KIA အဖွဲ့ကလည်း အလားတူထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် ဆန္ဒဖေါ်ထုတ်သူ ပြည်သူများကို အကြမ်းဖက်ဖြိုခွင်းမခြင်းမလုပ်သင့်ကြောင်း၊ အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ပြည်သူတို့၏ ကြိုးပမ်းဆောင်ရွက်ချက်များကို ကြိုဆိုကြောင်း ဖော်ပြထားသည်။

နိုင်ငံတော်အာဏာကို လတ်တလော သိမ်းယူထားသည့် စစ်ဗိုလ်ချုပ်များနှင့် အရပ်သားအချို့ ဦးဆောင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီ(နစက)က ပုဒ်မတချို့ကို အဆောတလျှင်ပြင်ဆင်လျက်ရှိရာ ထိုအထဲတွင် ၎င်းတို့ကို အကာအကွယ်ပေးမည့်၊ လူထုအုံကြွမှုကို ထိခိုက်အားနည်းစေမည့် ပြင်ဆင်ချက်များ ပါဝင်သည်။

CDM တွင်ပါဝင်သည့် ဝန်ထမ်းများကို နည်းလမ်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်နေသလို အာဏာဖီဆန်မှုတွင် ပါဝင်နေသည့် အနုပညာရှင်များထဲမှ တချို့ကို ဖမ်းဝရမ်းထုတ်ထားသည်။

လူဦးရေ ၁၀ သိန်းကျော်သာရှိသည့် ကချင်ပြည်နယ်တွင် လူထုအုံကြွမှုတွင် ပါဝင်သည့် ဒေသခံအရေတွက်မှာလည်း သိန်းနှင့်ချီ၍ ရှိနေသည်။

တစ်နိုင်ငံလုံး ဆန္ဒပြမှုများ အားကောင်းလျှက်ရှိသလို ကချင်ပြည်နယ်၏ လူထုအုံကြွမှုမှာလည်း ဆက်လက်အားကောင်းလျက်ရှိနေဆဲဖြစ်သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading