ဆန္ဒပြသူသုံးဦးကို ပြန်လွှတ်ရန် သံတွဲရဲစခန်းရှေ့တွင် စုဝေးတောင်းဆို

ရခိုင်ပြည်နယ် သံတွဲမြို့တွင် စစ်ကောင်စီ၏လုပ်ရပ်ကို နေ့စဉ် ဆန့်ကျင်ကန့်ကွက်နေရာ ရဲက လမ်းအသွားအလာ ပိတ်လိုက်ပြီး ဆန္ဒပြနေသူများထဲမှ သုံးဦးကို ယနေ့ ဖမ်းလိုက်သည်  

သံတွဲမြို့တွင် ဆန္ဒပြနေသူ သုံးဦး ဖမ်းဆီးခံရသည့်အတွက် ပြန်လွှတ်ပေးရန် တောင်းဆိုနေကြစဉ်။ ( ဓာတ်ပုံ-ကေဇက်)

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသည့်လူအုပ်ထဲမှ မိန်းကလေးတစ်ဦးအပါအဝင် သုံးဦးကို ရဲတပ်ဖွဲ့က ယနေ့ ဖေဖော်ဝါရီ ၁၆ နေ့လယ်ပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားသည်။ 

သံတွဲမြို့၏ အချက်အချာကျသည့် မာဃလမ်းမကြီးပေါ်တွင် စုရပ်အဖြစ်သတ်မှတ်ပြီး မြို့ပတ်ဆန္ဒပြရန် စီစဉ်နေကြစဉ် ရဲတပ်ဖွဲ့က ယင်းလမ်းမကို ပိတ်ဆို့လိုက်သဖြင့် ဆန္ဒပြသူများသည်လည်း လမ်းမပေါ်တွင် ထိုင်လျက်ဆန္ဒပြခဲ့ကြသည်။

ထိုသို့ဆန္ဒပြနေစဉ် ၁၇ အရွယ် ကျောင်းသူ၊ အသက် ၂၀ ၀န်းကျင် ကျောင်းသားနှင့် အသက် ၃၀ အရွယ် အရပ်သားတို့ကို ရဲက ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု ဆန္ဒပြရာတွင် ပါဝင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“ထိုင်ပြီး‌တော့ အေးအေးဆေးဆေး ဆန္ဒပြတယ်။ ကိုယ့်ဘာသာကိုယ် ကြွေးကြော်သံတွေနဲ့ ဆန္ဒပြတဲ့ အချိန်မှာ အရပ်ဝတ်နဲ့ နှစ်ယောက်သုံးယောက်ရယ်၊ မြို့နယ်မှူးပါတယ်၊ ရဲတွေပါတယ်။ ရှေ့က အရပ်ဝတ်နဲ့ ဓာတ်ပုံရိုက်သလိုနဲ့ ဝင်လာပြီးတော့ ဖမ်းခေါ်သွားတာ။ ရဲကားပေါ်ကို တွန်းတင်သွားတာ”ဟု ၎င်းက ဆိုသည်။

ဆန္ဒပြရာတွင် ပညာရေး၊ ကျန်းမာရေးဝန်ထမ်း စသည့် အလွှာစုံမှ ပုဂ္ဂိုလ် ၃၀၀ ကျော်ခန့်ပါဝင်ပြီး “အာဏာရှင်စနစ်ကျဆုံးရေး ၊ ရုံးမတက်နဲ့ ရုန်းထွက် ”စသည်များကို ကြွေးကြော်ဆန္ဒပြခြင်းဖြစ်ပြီး ဆန္ဒပြနေသည်မှာ ၈ ရက် ရှိပြီ ဖြစ်သည်။ 

လက်ရှိတွင် ဖမ်းဆီးခံနေရသည့် ဆန္ဒပြသူသုံးဦးကို သံတွဲရဲစခန်းတွင် ထိန်းသိမ်းထားကြောင့် ပြန်လွှတ်ပေးရေးအတွက် ဆန္ဒပြလူအုပ်သည် ရဲစခန်းရှေ့တွင် ထိုင်ပြီး ဆန္ဒပြလျက်ရှိသည်။

ထို့ပြင် ဆန္ဒပြရာတွင် ပါဝင်သူတစ်ဦးလည်း ရဲစခန်းသို့ သွားရောက်ကာ ၎င်းသုံးဦးကို လွှတ်ပေးရေးအတွက် သွားရောက်ညှိနှိုင်းနေဆဲဖြစ်သည်။ ဆန္ဒပြရာတွင် ပါဝင်သူသုံးဦးကို ဖမ်းဆီးသွားခြင်းအပေါ် မတရားလုပ်ရပ်ဖြစ်သည်ဟုလည်း ဆန္ဒပြရာတွင် ပါဝင်သည့် အဆိုပါအမျိုးသမီးက ပြောသည်။

“မတရားလုပ်လိုက်တာပေါ့။ အားလုံးလည်း ဒေါသထွက်နေကြတယ်။ ဘာမှ မပြောမဆိုဘဲနဲ့ အဲဒီလိုမျိုး ဖမ်းသွားတာ”ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြရာတွင် ယခင်ရက်များကတည်းက ရဲတပ်ဖွဲ့က လမ်းမများကို ပိတ်ထားသောကြောင့် ထိုင်သပိတ်ဆင်နွှဲခဲ့ရပြီး ထိုင်သပိတ်ကို လူစုခွဲရန် ပြောဆိုမှုများလည်း ရှိခဲ့သည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ က တပ်မတော်က အရပ်သားအစိုးရကို ထိန်းသိမ်းလိုက်ပြီး နိုင်ငံတော်အာဏာရယူကာ စစ်ကောင်စီဖွဲ့လိုက်သောကြောင့် နိုင်ငံအနှံ့အပြားတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲများ အရှိန်မြင့်တက်နေသည်။

ရခိုင်ပြည်နယ်တွင်လည်း စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲများကို သံတွဲ၊ ဂွ၊ တောင်ကုတ်၊ အမ်း၊ မာန်အောင်တို့တွင် ပြုလုပ်နေသည်။

ဆန္ဒပြမှုကြောင့် အမ်းတွင် လူငယ် ငါးဦး ၊ တောင်ကုတ်တွင် NLD အမတ် ဦးမင်းအောင်အပါအဝင် နှစ်ဦး အဖမ်းခံထားရသည်။ 

စစ်အာဏာသိမ်းမှုအ​ပေါ်ဆန့်ကျင်​ကြောင်း ငြိမ်းချမ်းစွာ၊ ရဲရင့်စွာဆန္ဒပြ နေ​သောမြန်မာပြည်သူများအ​ပေါ် စစ်သားများက ရက်စက်စွာ နှိမ်နင်း​နေမှုအ​ပေါ်  နိုင်ငံတကာက တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ရှုတ်ချကြောင်းလည်း ကန်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့သည်...

Published on Mar 18, 2021

အ​မေရိကန်နိုင်ငံခြား​ရေးဝန်ကြီး အန်သိုနီဘလင်ကန်နှင့် တောင်ကိုရီးယားနိုင်ငံခြား​ရေးဝန်ကြီး ​ချောင်အီ​ယောင်တို့သည် မြန်မာ​အ​ရေးအပါအဝင် ကမ္ဘာတစ်ဝန်း ဒီမိုက​ရေစီတိုက်စားမှုအ​​ကြောင်း ယနေ့ (မတ်လ ၁၈) ​ဆွေး​နွေးခဲ့ကြသည်။

"မြန်မာနိုင်ငံမှာ စစ်တပ်က ဒီမိုက​ရေစီနည်းကျ​ရွေး​ကောက်ပွဲရလဒ်​တွေကို ​ပြောင်းပြန်လှန်ဖို့ ကြိုးစား​နေပြီး ငြိမ်းချမ်းစွာဆန္ဒပြ​နေသူ​တွေကို ရက်ရက်စက်စက် နှိမ်နင်း​နေပါတယ်။ တိုင်းပြည်အနာဂတ် အတွက် ဆန္ဒပြ​တောင်းဆိုတာလုပ်​နေတဲ့ လူငယ်​လေး​တွေကို ပစ်သတ်​နေတာပါ'' ဟု ကန်နိုင်ငံခြား​ရေးဝန်ကြီး ဘလင်ကန်က ​ပြောသည်။

ထို့အပြင် ​တောင်ကိုရီးယားသို့​ရောက်ရှိ​နေ​သော အ​မေရိကန် နိုင်ငံခြား​ရေးဝန်ကြီးက "ကျွန်​​တော်တို့အ​နေနဲ့ အ​​ခြေခံအခွင့်အ​​ရေး​နဲ့ လွတ်လပ်ခွင့်​တောင်းဆို​နေကြတဲ့ပြည်သူ​တွေဘက်က ရပ်တည်​ပေးရမှာ ဖြစ်ပြီး သူတို့အ​ပေါ် ဖိနှိပ်တဲ့သူ​တွေကို ဆန့်ကျင်ရပါမယ်'' ဟု မြန်မာပြည်သူများနှင့်အတူ ရပ်တည် ကြောင်းဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် ဘလင်ကန်က တရုတ်အ​စိုးရအ​ကြောင်းကိုလည်း ထည့်သွင်း​ပြောဆိုပြီး ထိုင်ဝမ်၊ ​ဟောင်​ကောင်၊ တိဘက်၊ ရှင်းကျန်းအ​ရေးအပါအဝင် ​တောင်တရုတ်ပင်လယ်အ​ရေးကိစ္စများကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

"မြန်မာနိူင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေ နောက်ပြန်လိမ့်နေတဲ့ အချိန်မျိုးမှာ ပီကင်းရဲ့လုပ်ဆောင်ချက်တွေက ကျွန်ုပ်တို့ရဲ့မဟာမိတ်တွေ အကြားဘုံချဉ်းကပ်မှု တစ်ခု ပေါ်ပေါက်စေဖို့ အရေးအကြီးဆုံးပါပဲ" ဟု ဘလင်ကန်က တရုတ်နိုင်ငံအ​ပေါ် တိုက်ရိုက်ရည်ညွှန်း၍ ​ပြောကြားခဲ့သည်။

ဘလင်ကန်နှင့် အ​​မေရိကန်ကာကွယ်​​ရေးဝန်ကြီး လွိုက်ဒ်​အော်စတင်သည် မတ်လ ၁၆ ရက်ကလည်း ဂျပန်နိုင်ငံသို့ ​ရောက်ရှိစဥ် အာရှမဟာမိတ်များနှင့် ဆွေး​နွေး​​ရေး သီတင်းပတ် စတင်မှုအဖြစ် ဂျပန် နိုင်ငံခြား​ရေးဝန်ကြီး မိုတီဂီ၊ ဂျပန်ကာကွယ်​ရေးဝန်ကြီး ကီရှီတို့နှင့် ​တွေ့ဆုံစဥ် မြန်မာအ​ရေး၊ ​မြောက်ကိုရီးယားနျူအ​​ရေးနှင့် တရုတ်ကြီးစိုးမှု ထိန်းချုပ်​ရေး အပါအဝင် အခြားအ​ရေးကြီးကိစ္စများ ​ဆွေး​နွေးခဲ့ကြသည်။ 

စစ်အာဏာသိမ်းမှုအ​ပေါ်ဆန့်ကျင်​ကြောင်း ငြိမ်းချမ်းစွာ၊ ရဲရင့်စွာဆန္ဒပြ နေ​သောမြန်မာပြည်သူများအ​ပေါ် စစ်သားများက ရက်စက်စွာ နှိမ်နင်း​နေမှုအ​ပေါ်  နိုင်ငံတကာက တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ရှုံ့ချရန်လည်း ဘလင်ကန်က တိုက်တွန်းခဲ့သည်

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၈ နံနက်ပိုင်းတွင် မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာသား ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ကြုံခဲ့ရသူ ဒေသခံရွာသားတစ်ဦးက အတည်ပြုသည်

Published on Mar 18, 2021
သေဆုံးသွားသော ဦးခင်မောင်လတ်၏ ရုပ်အလောင်းအား မိသားစုဝင်များနှင့်အတူ တွေ့ရစဉ်။ (ဓာတ်ပုံ- Ma May Facebook)

ဧရာဝတီတိုင်း မအူပင်မြို့နယ်ရှိ ကျေးရွာအချို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များ နှင့် ပါတီထောက်ခံသူများကို စစ်ကောင်စီက ပစ်မှတ်ထား ဖမ်းဆီးနေသဖြင့် ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဒေသခံများက Myanmar Now ကို ပြောသည်။

ယနေ့ (မတ်လ ၁၈) နံနက်ပိုင်း ၁၁ နာရီခန့်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်များသည် မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာသား ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ ကြုံ ခဲ့ရသူ ဒေသခံ ရွာသားတစ်ဦးက အတည်ပြုသည်။

“ပေါ်တာဆွဲသလို ဖမ်းသွားတာပေါ့။ အကုန်လုံးကို ဆွဲတင်သွားတာ ဝင်မွှေတဲ့နေရာလည်း ဝင်မွှေသွား တယ်။ NLD သမားအကုန်ဖမ်းမယ်ဆိုပြီး အကုန်လုံးကို လိုက်ဖမ်းနေတာ” ဟု ၎င်းက ပြောသည်။

ယနေ့ အဖမ်းခံရသည့် NLD ပါတီ ထောက်ခံသူများတွင် အမျိုးသား ၈ ဦးနှင့် အမျိုးသမီးတစ်ဦးပါဝင်ပြီး သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များပါ မီးသွေးချောင်း ကျေးရွာအနီးရှိ တောထဲတွင် ထွက်ပြေး တိမ်းရှောင်နေရကြောင်း အဆိုပါရွာသားက ပြောသည်။

“ကျွန်တော်တို့ကို ဝိုင်းဝန်းကူညီပေးကြပါ။ ကျွန်တော်တို့မှာ ရွာလုံးပေါက် ဘဝပျက်ပြီး နေစရာ ထိုင်စရာ မရှိဘူး ကိုယ့်ရွာတောင် ကိုယ်မပြန်ရဲဘူး” ဟု ၎င်းက ဆက်ပြောသည်။

၎င်းတို့ ကျေးရွာတွင် နေထိုင်သည့် ပြည်ခိုင်ဖြိုး ပါတီဝင်များက စစ်တပ်ကို သတင်းပေးခြင်းကြောင့် ထိုသို့ လာရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု ထိုဒေသခံက ဆိုသည်။

မအူပင်မြို့နယ်ရှိ မီးသွေးချောင်းကျေးရွာအုပ်စုတွင် ကျေးရွာ ၄ ရွာပါဝင်ပြီး အိမ်ခြေ ၁၀၀၀ ကျော်ရှိ ကြောင်း ဒေသခံများထံက သိရသည်။

ထို့ပြင် မြန်အောင်မြို့အနီး ထူကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတစ်ရွာလျင် အမျိုးသား ၁၀ ဦးနှုန်း ထုတ်ပေးရန် ဒေသခံ ပြည်ခိုင်ဖြိုးပါတီဝင်များ၏ အကူအညီဖြင့် စစ်တပ်နှင့်ရဲများက မတ် ၁၅ ရက် ကတည်းကပင် လူစာရင်းကောက် နေသည်ဟု ဒေသခံကျေးရွာသားအချို့က Myanmar Now ကို ပြောသည်။

“ဘာလို့ ဒီလိုတွေ အသွားအလာရှိလည်းဆိုတော့ ဒီနယ်မြေတစ်ခုလုံးက ဦးသန်းဌေးရဲ့ ဩဇာအာဏာ အတော်အသင့် သက်ရောက်တဲ့နယ်မြေဗျ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက NLD ပါတီဝင်များကို လိုက်လံဖမ်းဆီး ခဲ့ရာ ပါတီဝင် အမြောက်အများ ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးခံထားရသူများထဲမှ အနည်းဆုံး ၃ ဦး သေဆုံး ခဲ့သည်။

ထိုသို့ စစ်တပ်နှင့်ရဲက ကျေးရွာဒေသခံများ၏ စာရင်းကို လိုက်လံ ကောက်ခံနေသော်လည်း အင်တာနက် ပြတ်တောက်မှုကြောင့် သတင်းအချက်အလက်များ ပေးပို့ရန် အခက်အခဲရှိနေသည်ဟုလည်း ဒေသခံများက ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဖားကန့်- ကချင် ပြည်နယ် ဖားကန့် မြို့နယ်ဆိပ်မူအုပ်စု၊ နမ့်မှော်အနီး ရှိ​သော အာဏာသိမ်းစစ်တပ် လက်အောက်ခံ တပ်စခန်းများအား ကချင်လွတ်​မြောက်​ရေးတပ်မ​တော် (KIA)က ယနေ့မနက် အစောပိုင်းတွင် တိုက်ခိုက်ခဲ့ ကြောင်း ဒေသခံအချို့ ကပြောသည်။

Published on Mar 18, 2021
ဓာတ်ပုံ − Kachinwaves

ဖားကန့်- ကချင် ပြည်နယ် ဖားကန့် မြို့နယ်ဆိပ်မူအုပ်စု၊ နမ့်မှော်အနီး ရှိ​သော အာဏာသိမ်းစစ်တပ် လက်အောက်ခံ တပ်စခန်းများအား ကချင်လွတ်​မြောက်​ရေးတပ်မ​တော် (KIA)က ယနေ့မနက် အစောပိုင်းတွင် တိုက်ခိုက်ခဲ့ ကြောင်း ဒေသခံအချို့ ကပြောသည်။

"နမ့်မှော်တခွင်မှာ ရဲတပ်ရင်း တပ်စခန်းတွေရှိတယ်။ အဲဒါကို KIAက ပစ်တယ်လို့ ကြားရတယ်။ စခန်းသုံးနေရာလောက်ကို ဝင်တိုက်တယ်လို့ ပြောတယ်"ဟု ​ဒေသခံတစ်ဦးက​ပြောသည်။

တိုက်ပွဲဖြစ်ပွား​နေစဉ် လက်နက်ကြီးကျည် ကျ၍ ဒေသခံအမျိုးသားတစ်ဦး၏ ဘယ်လက်တွင် ဒဏ်ရာရရှိခဲ့ကြောင်း ကချင်ပြည်နယ်အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ် တွင်လည်းဖော်ပြထားသည်။

KIA က ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ဖားကန့်မြို့နယ်၊ မိုးကောင်းမြို့နယ်၊ အင်ဂျန်းယန်မြို့နယ်ရှိ စစ်တပ်စခန်းများကို တိုက်ခိုက်ခဲ့သည်။

အာဏာသိမ်းစစ်တပ်အနေဖြင့် မြစ်ကြီးနားမြို့ တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသည့် ပြည်သူများကို ပစ်ခတ်ဖြိုခွင်းခဲ့ပြီး သေဆုံးဒဏ်ရာရမှုများ ဖြစ်ပေါ်လာပြီး နောက်ပိုင်း KIA က ယခုကဲ့သို့ ထိုးစစ်ဆင်မှုများ ဆက်တိုက် ပြုလုပ်လာခြင်းဖြစ်သည်။

ဆန္ဒပြပြည်သူများအား ထိခိုက်အောင် မလုပ်ရန် KIA ကပြောဆိုထားသကဲ့သို့ ပြည်သူလူထု၏ လှုပ်ရှားမှုများကို ကြိုဆိုကြောင်းသဘောထားထုတ်ပြန်ထားသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading