မြန်မာနိုင်ငံကို ဒစ်ဂျစ်တယ်ခေတ်အတွင်းသို့ ဆွဲခေါ်ခဲ့သည့် လူငယ် အိုင်တီပညာရှင်များ

ပျမ်းမျှအသက် ၂၅ နှစ်ဝန်းကျင် ဝန်ထမ်းများနှင့် ဖွဲ့စည်းထားသည့် NEX သည် ငယ်ရွယ်ပြီး စိတ်အားထက်သန်ကာ နည်းပညာအကျွမ်းတဝင်ရှိသည့် လူငယ်များ၏  အမှတ်အသား တစ်ရပ်ဖြစ် ပြီး မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲလာသည့် ခေတ်တွင် နိုင်ငံအား ဒစ်ဂျစ်တယ်ခေတ်သို့ ဆွဲခေါ်သွားရန် ကြိုးပမ်းနေသူများဖြစ်သည်။

Nex ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ ကိုရဲမြတ်မင်း (ညာအစွန် လက်ရှည်အင်္ကျီဝတ်ဆင်ထားသူ) နှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များဖြစ်သော ကိုစွမ်းဟိန်းထက် နှင့် အာကာမင်းတို့အား သူတို့၏ ရုံးခန်းတွင် တွေ့ရစဉ်။ (ဓာတ်ပုံ။ Nex)

ရန်ကုန် - စင်ကာပူ၏ ပုံမှန် သောကြာည တစ်ညဖြစ်သည်။ အသက် ၂၄ နှစ်ရွယ် တက္ကသိုလ်ကျောင်းထွက်တစ်ဦးဖြစ်ပြီး မျက်မှန်တပ်ထားသည့် NEX အိုင်တီနည်းပညာ ကုမ္ပဏီသစ်ကို တည်ထောင်သူ ရဲမြတ်မင်းသည် ပျင်းခြောက်ခြောက် ဖြစ်နေသည်။ သူအပြင်သို့လည်း မသွားချင်သလို တစ်ပတ်လုံးအလုပ်လုပ်ပြီး ဖြစ်၍ ဆက်လက် မလုပ်ချင်တော့သော်လည်း ကုတ်နံပါတ်တစ်ခုကို စတင်ရေးဆွဲလိုက်သည်။

“လူမှုကွန်ရက်တစ်ခုကို ဖန်တီးဖို့ ကျွန်တော် ဟိုးအရင်ကတည်းက ဆန္ဒပြင်းပြခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ ကျွန်တော်အချိန်မရခဲ့ပါဘူး။ အမှန်တော့ ဘာမှ မယ်မယ်ရရ မရှိခဲ့ပါဘူး။ အဲဒီတစ်ပတ်မှာတော့ ဒီစိတ်ကူးကို ကျွန်တော်စအကောင်အထည်ဖော်ပြီး ကျန်တာတွေကို ခဏဖယ်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်”

တနင်္လာနေ့မှာတော့ ရဲမြတ်ဟာ Hush လူမှုကွန်ရက်ဆော့ဖ်ဝဲမူကြမ်းတစ်ခုကို ရရှိသွားပါတယ်။ ဒီဆော့ဖ်ဝဲက မိုဘိုင်းဖုန်းထဲကို ထည့်လိုက်ရင် အသုံးပြုသူတွေဟာ တင်ချင်တဲ့ အချက်တွေကို တင်နိုင်ပါပြီ။

“ကျွန်တော်က နိုင်ငံရေးနဲ့ပတ်သက်လို့ အမြဲတမ်း လုပ်နေတဲ့သူမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံက အချိန်အတော်ကြာ ပိတ်ဆို့နေခဲ့ပါတယ်။ မြန်မာပြည်သူတွေဟာ အမြဲတမ်း ရှေးရိုးစွဲဆန်ပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုမှုနည်းပါတယ်။ ဒါကြောင့် သူတို့ရဲ့ အယူအဆအတွေးအခေါ်ကို ပြောင်းလဲဖို့ စိတ်အားထက်သန်ခဲ့ပါတယ်” ဟု NEX ကုမ္ပဏီ၏ ရန်ကုန်ရုံးခန်းသစ်တွင် Myanmar Now သို့ ပြောကြားခဲ့သည်။

“အခြေအနေတွေက အများကြီး ပြောင်းလဲသွားပါပြီ။ အခုကာလက ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုဖို့ အချိန်ရောက်ပါပြီ။ အယူအဆတွေကို ဖွင့်ပြောနိုင်ဖို့ အချိန်ရောက်ပါပြီ” ဟု ရဲမြတ်က ကိန်းဂဏန်းများ၊ ညီမျှခြင်းများ ရေးဆွဲထားသည့် အစည်းအဝေးခန်း စားပွဲခုံမျက်နှာပြင်ကို ကြည့်ကာ ပြောကြားသည်။

သူ၏ လူမှုကွန်ရက်ကို ၂၀၁၄ ခုနှစ်ကုန်ပိုင်းတွင် အကျဉ်းရုံး မိတ်ဆက်ပွဲလေးတစ်ခု ပြုလုပ်ပြီး  ရဲ မြတ်သည် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ ယခုအခါ သူ၏ Hush လူမှုကွန်ရက်ကို အသုံးပြုသူ ၁၅၀၀၀ ဦးရှိနေပြီး အများစုသည် ရန်ကုန်မြို့နှင့် အခြားမြို့ကြီးနှစ်မြို့ အပြင် မြန်မာနိုင်ငံသား အများအပြားရောက်နေသည့် စင်ကာပူနှင့်ထိုင်းနိုင်ငံတို့တွင် နေထိုင်သူများ လည်း ပါဝင်သည်။ နောက်ထပ် ခြောက်လတွင် အသုံးပြုသူ သုံးဆအထိ မြင့်တက်နိုင်သည်ဟု ၎င်း၏ ကုမ္ပဏီက ရည်မှန်းထားသည်။

ပျမ်းမျှအသက် ၂၅ နှစ်ဝန်းကျင် ဝန်ထမ်းများနှင့် ဖွဲ့စည်းထားသည့် NEX သည် ငယ်ရွယ်ပြီး စိတ်အားထက်သန်ကာ နည်းပညာအကျွမ်းတဝင်ရှိသည့် လူငယ်များ၏  အမှတ်အသား တစ်ရပ်ဖြစ် ပြီး မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲလာသည့် ခေတ်တွင် နိုင်ငံအား ဒစ်ဂျစ်တယ်ခေတ်သို့ ဆွဲခေါ်သွားရန် ကြိုးပမ်းနေသူများဖြစ်သည်။

ကုမ္ပဏီအနေဖြင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများကို စွဲဆောင်နိုင်ခဲ့ပြီး နှစ်နှစ်ကြာပြီဖြစ် သောကြောင့် မီဒီယာတို့ကလည်း အာရုံစိုက်လာကြသည်။ သူတို့ကုမ္ပဏီအနေဖြင့် စင်ကာပူ Blibros Group မှ လွန်ခဲ့သည့်နှစ်အတွင်းက အမေရိကန်ဒေါ်လာ ၁၅၀၀၀၀  နှင့် ၂၀၁၃ ခုနှစ်အတွင်းကလည်း ပထမအကြိမ်အဖြစ် စင်ကာပူမှ လုပ်ငန်းရှင်တစ်ဦးက ငွေကြေးများကို ထည့်ဝင်ခဲ့သည်။

နည်းပညာကုမ္ပဏီသစ်များတွင် ဆယ်စုနှစ် လေးပုံတစ်ပုံ ကျော် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့သည့် Blibros Ltd ၏ အမှုဆောင်အရာရှိချုပ် ဂျိုနက်စ်လင်စတောင်းက ရဲမြတ်၏ ကျွမ်းကျင်မှုနှင့် မြန်မာနိုင်ငံ၏ အလားအလာတို့ကြောင့် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားခဲ့ကြောင်း ပြောကြားသည်။

“ငယ်ရွယ် ကျွမ်းကျင်ပြီး စိတ်အားထက်သန်တဲ့ လုပ်ငန်းရှင်မျိုးဟာ ရှားပါးသလို ရိုးသားတဲ့လူလည်း အရမ်းရှားပါတယ်” ဟု လင်စတောင်းက အီးမေးလ်အင်တာဗျူးတစ်ခုတွင် Myanmar Now သို့ ပြောကြားသည်။

SHHHH...

Hush သည် တောင်ကိုရီးယားတွင်လည်း  အမည်တူလုပ်ငန်းတစ်ခုရှိသည်။ အသုံးပြုသူတစ်ဦးအနေဖြင့် Hushes ဟုခေါ်သည့် နေရာများတွင် တင်ထားသည့်အကြောင်းအရာများကို ဝင်ရောက် ဖတ်ရှုနိုင်သည်။

မိုဘိုင်းဖုန်းပေါ်တွင် ဘယ်ဘက်သို့ ပွတ်ဆွဲလိုက်ပါက မကြည့်ဘဲ ကျော်ခြင်းဖြစ်ပြီး ညာဘက်သို့ ဆွဲပါက Like ဟု သတ်မှတ်သည်။ တစ်ချက်တို့လိုက်ပါက ဝင်ရောက် ပြောဆို ဆွေးနွေးနိုင်သည်။

“ကျွန်တော်တို့က မြန်မာဘာသာစတစ်ကာနဲ့  လုပ်ဆောင်တဲ့ စနစ်ကို ပထမဆုံး မိတ်ဆက်စတင်တဲ့ အဖွဲ့တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်” ဟု ရဲမြတ်က ဂုဏ်ယူဝင့်ကြွားစွာ ပြောနေချိန်တွင် သူ လုပ်ဖော်ကိုင်ဖက်များဖြစ်သည့် အသက် ၂၃ နှစ်ဝန်းကျင် လူငယ်နှစ်ဦးကလည်း ထောက်ခံသည့် အမူအရာများကို ဖော်ပြခဲ့သည်။

အရာရာတိုင်းကတော့ အဆင်ပြေချောမွေ့ခြင်း မရှိခဲ့ပေ။  Hush 1.0 တွင် အမှားအယွင်းများရှိခဲ့ ပြီး ဖြေရှင်းရန် တစ်ပတ်မှ နှစ်ပတ်အထိ အချိန်ကြာမြင့်ခဲ့သည်။ ကနဦးအစမ်းတင်လိုက် သည့်အချိန်တွင်လည်း အမှားကို တင်လိုက်မှန်း တစ်နာရီအကြာတွင် သိလိုက်ရသည်။

“ကံကောင်းထောက်မစွာနဲ့ အဲဒါကို ဘယ်သူမှ ဆွဲမယူဖြစ်ခဲ့ကြဘူး” ဟု ရဲမြတ်က ပြောကြားသည်။ ညတွင်းချင်းပင် အမှန်ကို ပြန်တင်နိုင်ခဲ့သည်။

Hush ကိုစသုံးသူများတွင် ရန်ကုန်မြို့မှ လူများ ပါဝင်ခဲ့သည်။ ပြည်တွင်းမီဒီယာများက Hush နှင့်ပတ်သက်၍ ရေးသားလိုက်သောအခါတွင် သုံးစွဲသူအရေအတွက် မြင့်တက်သွားခဲ့သည်။ ယခုအခါ  မွမ်းမံထားသည့် Hush 2.0 အား ယခုနှစ်ဇူလိုင်လအတွင်း စတင် မိတ်ဆက်သွားရန် သတ်မှတ်ထားသည်။

အသစ်မွမ်းမံထားရာတွင် အကြောင်းအရာနှင့်ကဏ္ဍများကို ရှာဖွေသည့် စနစ်အပြင် အသံအရည်အသွေးကောင်းမွန်စေရန်လည်း လုပ်ဆောင်ထားသည်။

“အခု ခြောက်လအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ တင်ထားတာတွေ တွေ့ရပြီး မှတ်ချက်အများအပြားကတော့ အပြုသဘောဆောင်ပါတယ်။ ဘယ်သူက ရေးတယ်ဆိုတာ မသိတဲ့အတွက် အသုံးပြုတဲ့သူကို ကာကွယ်ပေးပါတယ်” ဟု ရဲမြတ်က ပြောသည်။

အမည်ဖော်ပြမထားတဲ့ သူတစ်ဦးက အပြုသဘောဆောင်တဲ့ ပြောဆိုမှုတွေကို ဘယ်လိုဖော်ပြသလဲ။ အနှုတ်သဘောဆောင်တဲ့ မှတ်ချက်တွေကိုရော ဘယ်လိုဖော်ပြသလဲ။ မှတ်ချက်တွေကိုရော ဖျက်ပစ်သလား။

မှန်ပါတယ်။ ကျွန်တော် အံ့သြမိပါတယ်။ တကယ်တော့ အမည်မဖော်ပြတဲ့ မှတ်ချက်တွေဟာ အနုတ်သဘောဆောင်ရမှာပါ။

“ကျွန်တော်တို့အနေနဲ့ အရမ်းစိုးရိမ်မိပါတယ်။ ကျွန်တော်တို့သာ မကဘူး ။ ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံသူတွေရော အကြံပေးတွေရော ပါပါတယ်။ အမည်မထည့်ဘဲ ဖော်ပြမှုနဲ့ အမုန်းစကားတို့ရဲ့ အကြားက စည်းတစ်ခုကို ရှာဖွေဖို့ လိုနေပါတယ်” ဟု ရဲမြတ်က ပြော ကြားသည်။

အော်ဂင်းနစ် ကြီးထွားဖွံ့ဖြိုးမှု

နှစ်နှစ်တာကာလအတွင်း Hush ကို မြန်မာနိုင်ငံရှိ မြို့ကြီးအားလုံးတွင် အသုံးပြုလာရန် မျှော်လင့်ထားကြောင်း  ရဲမြတ်၏ ငယ်သူငယ်ချင်းဖြစ်ပြီး NEX အား ထူထောင်ခဲ့သူများတွင် တစ်ဦးအပါအဝင်ဖြစ်သည့် အာကာက ပြောကြားသည်။

ကုမ္ပဏီအနေဖြင့်  တိုးတက်မှု အနည်းငယ်ရှိခဲ့သည်။ စင်ကာပူတွင် သူငယ်ချင်းအနည်းငယ်နှင့် စတင်ခဲ့သည့် လုပ်ငန်းက ယခုအခါ ဝန်ထမ်း ၂၂ ဦးအထိ ရှိနေပြီဖြစ်သည်။ အချို့ကို ထူးထူးခြားခြား ရွေးချယ်ခဲ့သည်။

ဥပမာ ဒီဇိုင်နာတစ်ဦးအား ရွေးချယ်ရာတွင် ရဲမြတ်သည် Instagram ဓာတ်ပုံများမှတစ်ဆင့် အထက်ကျောင်းတစ်ခုမှ တိုက်ရိုက်ရွေးချယ်ခဲ့သည်။

သင်္ချာနှင့် ရူပဗေဒဘာသာရပ်များတွင် မထူးချွန်မှန်း သိသောအခါ ရဲမြတ်သည် Republic Polytechnic တွင် ဒီပလိုမာသင်တန်းတက်ရောက်ရင်း အပိုဝင်ငွေရရန် အတွက် လိုင်းအား ကောင်း သော စင်ကာပူအင်တာနက်ကို အသုံးပြုကာ ဝက်ဘ်ဆိုက်များကို ရေးဆွဲခဲ့သောကြောင့်  သူ့သူငယ်ချင်း သစ်များကဲ့သို့ပင် Mac လပ်တော့ပ်တစ်လုံးကို ဝယ်ယူနိုင်ခဲ့သည်။

ဘွဲ့ရပြီးသည့်အချိန်တွင် သူ့အနေဖြင့် မြန်မာနိုင်ငံတွင် ကုမ္ပဏီထူထောင် လိုသော်လည်း  သံရုံးဝန်ထမ်းတစ်ဦးဖြစ်သည့် ဖခင်နှင့် အိမ်ရှင်မတစ်ဦးဖြစ်သူ မိခင်တို့က  သူကို တက္ကသိုလ်တွင် ပညာဆက်လက်သင်စေချင်သည်။

သို့သော် ကျောင်းက  သူ့ထံ သတိပေးစာများပေးပို့ခဲ့ပြီး ပထမနှစ်ဝက်တွင် တစ်ဘာသာ စာမေးပွဲကျခဲ့သည်။ တတိယ အကြောင်းကြာစာ ရရှိပြီးချိန်တွင် ကျောင်းမှ ထွက်ခဲ့ရသည်။ ထို့နောက် ကျောင်းမှထွက်ကာ NEX ကို ထူထောင်ခဲ့သည်။

တက္ကသိုလ် ကျောင်းထွက်လိုက်ရခြင်းအပေါ် နောက်တမရကြောင်းနှင့် ထိုအခြေအနေကြောင့် ရရှိပြီးသော ပညာအရည်အချင်းနှင့် ခက်ခဲသော ပတ်ဝန်းကျင်တစ်ရပ်ရှိနေစေကာမူ မြန်မာနိုင်ငံတွင် ကုမ္ပဏီထူထောင်ရန် ဆောင်ရွက်နိုင်ခဲ့သည်။

“သူတို့မှာ လုံလောက်တဲ့ အခွင့်အလမ်းတွေ မရဘူးဆိုပြီး ညဉ်းတွားနေတဲ့သူအများအပြားနဲ့ တွေ့ခဲ့ရပါတယ်။ ကျွန်တော်အဓိက အကြံပေးခဲ့တာကတော့ အပြင်ဘက်ကို မျှော်ကြည့်မယ့် အစား အထဲမှာပဲ အခွင့်အလမ်းတွေကို ရှာဖို့ပြောခဲ့ပါတယ်။ တစ်နေ့ချင်းစီ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ရင်ဆိုင်ပြီး အဲဒါတွေကို ဖြေရှင်းဖို့လိုပါတယ်။ လက်ရှိပြဿနာတွေအတွက် အဖြေတွေကို တွေ့ပြီးတဲ့နောက်ပိုင်းမှာ ပိုကောင်းတဲ့ အဖြေတစ်ခုကို ရရှိအောင် လုပ်ဖို့ပါပဲ”

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading