ရွေးကောက်ပွဲ ကျင်းပမည့်နှစ်တွင် တစ်ကျော့ပြန် ထွက်ပေါ်လာသည့် စွမ်းအားရှင်များ

နယ်မြေအာဏာပိုင်များက စုစည်းထားသည့် စွမ်းအားရှင်အုပ်စုများကို အသုံးပြု၍ အတိုက်အခံတို့အား နှိပ်ကွပ်မှုကို အရပ်သားအချင်းချင်း သဘောထားကွဲသောကြောင့် ဖြစ်ပွားသည့် ပဋိပက္ခအသွင် ပုံဖော်ပြီး မြန်မာလူမှုအသိုင်းအဝိုင်းအကြား စိတ်ဝမ်းကွဲပြားစေခြင်းဖြင့် ကျယ်ပြန့်သည့် လှုထုလှုပ်ရှားမှုကို ဖြိုခွဲရန် ရည်ရွယ်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဆိုသည်။

Published on Aug 4, 2015
၂ဝ၁၅ မတ်လ ရန်ကုန်မြို့တော်ခန်းမရှေ့ ဆန္ဒပြပွဲကို နှိမ်နင်းစဉ် စွမ်းအားရှင်များ အသုံးပြုပုံကို သတင်းစာ၊ ဂျာနယ်မျက်နှာဖုံးသတင်းများအဖြစ် ဖော်ပြခဲ့ကြသည်။
၂ဝ၁၅ မတ်လ ရန်ကုန်မြို့တော်ခန်းမရှေ့ ဆန္ဒပြပွဲကို နှိမ်နင်းစဉ် စွမ်းအားရှင်များ အသုံးပြုပုံကို သတင်းစာ၊ ဂျာနယ်မျက်နှာဖုံးသတင်းများအဖြစ် ဖော်ပြခဲ့ကြသည်။

ရန်ကုန် - စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကျည်ရွာရှိ ရေကန်တစ်ခု နံဘေးတွင် မေ ၃ဝ ရက်နေ့က လူတစ်စုသည် ဝမ်းနည်းခြင်းအထိမ်းအမှတ် အစီအစဉ်တစ်ခု ပြုလုပ်နေကြသည်။

လွန်ခဲ့သည့် ၁၂ နှစ်က အမျိုးသားဒီမိုကရေအဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့၏ ပါတီစည်းရုံးရေးခရီးစဉ်ယာဉ်တန်းကို တိုက်ခိုက်ခံခဲ့ရသည့် အဆိုပါနေရာသို့ သူ့ကို ထောက်ခံသူ ဒါဇင်များစွာ ရောက်ရှိနေကြသည်။ တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် အသက်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့သော်လည်း သေဆုံးသူ အနည်းဆုံး ၄ ဦး ရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတစ်ဦးဖြစ်သည့် ကိုဇော်ဖုန်းမြင့်က NLD ပါတီ ယာဉ်တန်းအား တုတ်ဓားကိုင်လူရမ်းကားများ တိုက်ခိုက်စဉ်က ကိုယ်တွေ့ကြုံခဲ့ရပုံကို ပြန်ပြောပြသည်။ ထိုလူစုသည် ယခင် စစ်အစိုးရလက်ထက်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းနှင့် ပတ်သက်နေသည့် စွမ်းအားရှင်ဆိုသည့်အဖွဲ့ဖြစ်ကြောင်း နောက်ပိုင်းတွင် ပေါ်ပေါက်လာခဲ့သည်။

“ကျွန်တော်တို့ဘဝမှာ ဒီဖြစ်စဉ်ကို ဘယ်လိုမှ မေ့လို့ ရမှာမဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီကိစ္စနဲ့ ပတ်သက်လို့ တရားမျှတမှုကို ရှာဖွေဖို့ဆိုတာ အခုချိန်မှာ မဖြစ်နိုင်သေးပါဘူး” ဟု ကိုဇော်ဖုန်းမြင့်က ပြောသည်။

အမှန်တကယ်တွင် လူရမ်းကားတို့ကို အမှန်တရား ဝန်ခံဖြေရှင်းခိုင်းဖို့ဆိုသည်မှာ အချိန်မတန်လှသေးပေ။ စစ်တပ်က ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပကာ ၂ဝ၁၁ ခုနှစ်တွင် အရပ်သားအစိုးရအား တင်မြှောက်လိုက်ပြီးနောက်ပိုင်း စွမ်းအားရှင်တို့ ပျောက်ကွယ်နေခဲ့သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့သည်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး) ဖြစ်သွားပြီး ၂ဝ၁ဝ ပြည့်နှစ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည်။

လွန်ခဲ့သည့် မတ်လတွင်ကား အရပ်ဝတ်စွမ်းအားရှင်တို့ လမ်းမပေါ်သို့ ပြန်ရောက်လာ၏။ လူအများ စက်ဆုပ်ရွံရှာသော စွမ်းအားရှင်တို့သည် မကြာသေးမီက ဖြစ်ပွားခဲ့သည့် ကျောင်းသားဆန္ဒပြပွဲတစ်ခု၊ အလုပ်သမားသပိတ်တစ်ခုတို့ကို အစိုးရက ဖြိုခွင်းရာတွင် ပါဝင်ခဲ့ကြသည်။ ထိုသို့ အင်အားသုံး ဖြိုခွဲရာတွင် အာဏာပိုင်တို့က ရန်ကုန်မြို့ရှိ ဆင်းရဲနွမ်းပါးပြီး လူနေမှုအဆင့်အတန်း နိမ့်ကျသော ရပ်ကွက်ကျေးရွာများမှ ဒေသခံတို့ကို စွမ်းအားရှင်များအဖြစ် အသုံးချခဲ့ကြောင်း Myanmar Now က စုံစမ်းဖော်ထုတ်နိုင်ခဲ့သည်။

စွမ်းအားရှင်များ တစ်ကျော့ပြန် ရောက်ရှိလာမှုကြောင့် အတိုက်အခံ နိုင်ငံရေးသမားများ၊ တက်ကြွလႈပ်ရှားသူများ စိုးရိမ်သောက ဖြစ်ကြသည်။ နိုဝင်ဘာ ရွေးကောက်ပွဲနှင့် အခြေအနေများ ရှုပ်ထွေးနိုင်သော ရွေးကောက်ပွဲလွန် ကာလတွင်လည်း စွမ်းအားရှင်တို့အား ထပ်မံ အသုံးပြုမည်ကို ပူပန်နေကြသည်။ ၂၅ နှစ်အတွင်း မြန်မာနိုင်ငံ၏ ပထမဆုံး ဒီမိုကရေစီ ရွေးကောက်ပွဲတွင် အတိုက်အခံ NLDပါတီက စစ်ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်သည့် ပြည်ခိုင်ဖြိုးပါတီကို အပြတ်အသတ် အနိုင်ရနိုင်ဖွယ် ရှိနေသည်။

“အဖွဲ့အစည်းတချို့က လူမျိုးရေး ၊ ဘာသာရေးကို ခုတုံးလုပ်ပြီး လှုံ့ဆော်မှုတွေ လုပ်လာရင် ဆူပူမှုတွေ ဖြစ်လာနိုင်ပါတယ်။ မဲစာရင်းတွေမှာ လွဲချော်မှုတွေရှိနေရင်လည်း တချို့လူတွေက ဆူပူတာတွေဘာတွေ လုပ်နိုင်ပါတယ်” ဟု မှန်ကန်သည့်ရွေးကောက်ပွဲများဖြစ်မြောက်ရေး လူထုမဟာမိတ်အဖွဲ့ (People's Alliance for Credible Elections) မှ ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာက ပြောကြားသည်။

လူရမ်းကားတွေကို ဘယ်လိုငှားသလဲ

မတ်လ၏ ခြောက်ကပ်ကပ် ညတစ်ညဖြစ်သည်။ နောက်ကျိကျိ ရွှံ့ရောင်ထနေသော လှိုင်မြစ်၏ ရေပြင်အား အပေါ်စီးမှ မိုးကြည့်နေသည့် မှောင်ကုတ်ကုတ် သက်ငယ်မိုး အရက်ဆိုင်တစ်ဆိုင်တွင် ဆေးမင်ကြောင်ထိုးထားသည့် အမျိုးသားတစ်စု ထိုင်နေကြသည်။ ထိုဆိုင်သည် ရန်ကုန် ကြည့်မြင်တိုင်ငါးစျေး၏တစ်ဘက်ကမ်း ဆင်းရဲနွမ်းပါးသည့် စက်ဆန်း အမည်ရသော ရွာတွင် တည်ရှိသည်။ ထိုဆိုင်တွင် ထိုင်နေသည့် လူတစ်စုက လွန်ခဲ့သည့် ရက်အနည်းငယ်က ဖြစ်ပွားခဲ့သည့် ကျောင်းသားဆန္ဒပြမှုတစ်ခုအား အကြမ်းဖက် နှိမ်နင်းခဲ့သည့်အကြောင်း ပြန်ပြောင်း ပြောဆိုနေကြသည်။

“ငါ အဲဒီကောင်ကို ပေါင်ကြားထဲ လှမ်းကန်ထည့်လိုက်တာ။ နောက်တစ်ယောက် ခေါင်းမှာလည်း သွေးတွေထွက်လာတာ ခင်ဗျား တွေ့တယ်မှတ်လား။ အဲဒါ ကျုပ်သား ချလိုက်တာလေ” ဟု အနားတွင်ရှိသည့် လူများအပေါ် သြဇာညောင်းဟန်ရှိသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက စားပွဲထိုးလုပ်နေသည့် အရပ်ရှည်ရှည် ခပ်တောင့်တောင့် လူရွယ်တစ်ဦးကို ညွှန်ပြပြီး သူ့ဘေးမှလူများကို ပြောနေသည်။

မိမိထိုင်နေသည့် စားပွဲဝိုင်းသည် ၎င်းတို့အနီးတွင် ရှိသောကြောင့် ပြောနေသည်များကို အတိုင်းသားကြားရပြီး ထိုလူရွယ်ကိုလည်း ကောင်းစွာ မှတ်မိသွားသည်။ ထိုနေ့က ခပ်နွမ်းနွမ်း အနီရောင် ဘောင်းဘီအနီ ဝတ်ဆင်ထားသော ထိုလူငယ်က ဆန္ဒပြကျောင်းသားတစ်ဦးအား လည်ပင်းမှ ဆွဲခေါ်သွားသောပုံမှာ ပြည်တွင်းသတင်းစာဂျာနယ်များ၏ မျက်နှာဖုံးတွင် ပါရှိခဲ့သည်။ မတ်လ ၅ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ဖြစ်ပွားခဲ့သော အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ဆန္ဒပြပွဲ ဖြိုခွင်းမှုတွင် ရဲများကို ကူညီရန် အာဏာပိုင်တို့က ‘တာဝန်’ ဟု ရေးသားထားသော လက်ပတ်နီဝတ် အမျိုးသားတချို့ကို အသုံးပြုပြီး၊ ဖေဖေဝါရီ ၂ဝ ရက်နေ့ ရန်ကုန် ဆင်ခြေဖုံး ရွှေပြည်သာစက်မှုဇုန် အထည်ချုပ် အလုပ်သမားများ ဖြိုခွင်းရာတွင်လည်း အလားတူ အသုံးပြုခဲ့သည်။

မြို့တော်ခန်းမရှေ့ နှိမ်နှင်းမှုတွင် လူမိုက်ပုံပေါက်နေသည့် အမျိုးသားတို့က ငယ်ရွယ်သည့်ဆန္ဒပြသူများအား ဒရွတ်တိုက် ဆွဲခေါ်သွားသည့် ဓာတ်ပုံများ ပေါ်ထွက်လာပြီးနောက် "စွမ်းအားရှင်များ ပြန်လာပြီ" ဟူသော သတင်းသည်လည်း တမဟုတ်ချင်း ပျံ့နှံ့ခဲ့သည်။

Myanmar Now သတင်းဌာနက စက်ဆန်းရွာနှင့် အနီးတဝိုက်ရှိ ရွာများမှ နယ်မြေခံများ၊ တာဝန်ရှိသူများ အပါအဝင် လူပေါင်း တစ်ဒါဇင်ကျော်အား စုံစမ်းမေးမြန်းခဲ့ပြီး၊ စက်ဆန်းရွာ မြစ်ကမ်းနံဘေးရှိ အရက်ဆိုင်တွင် တွေ့မြင်ခဲ့ရသူတို့အကြောင်းလည်း လေ့လာသိရှိခဲ့သည်။ ဆိုင်တွင် သြဇာရှိသည့်ပုံဖြင့် စကားပြောဆိုနေသော အသက်လေးဆယ်ကျော်အရွယ် အမျိုးသားမှာ ထိုဆိုင်၏ ပိုင်ရှင်ဖြစ်ပြီး စက်ဆန်းရွာ၏ ဘုရင့်နောင်လမ်းတွင် နေထိုင်သူဖြစ်သည်။ သူသည် ပြည်ခိုင်ဖြိုးပါတီ၏ လခစား စည်းရုံးရေးမှူးတစ်ဦးဖြစ်ပြီး၊ စက်ဆန်း၊ အောက်ရုံ၊ အလတ်ချောင်း သုံးရွာပေါင်း၏ အုပ်ချုပ်ရေးမှူးလည်းဖြစ်သည်ဟု ဒေသခံတို့က ဆိုကြသည်။ ထိုသူသည် ရာဇဝတ်မှု ကျူးလွန်ခဲ့သည်များ ရှိသော်လည်း အာဏာပိုင်တို့၏ အရေးယူအပြစ်ပေးခြင်းမှ လွတ်ကင်းခွင့်ရသူဟု ဒေသခံတို့က စွပ်စွဲပြောဆိုကြသည်။

ဆန္ဒပြဖြိုခွင်းမှုဓာတ်ပုံများတွင် လည်ကတုံးအင်္ကျီ အဖြူရောင် ဝတ်ဆင်ထားပြီး အညိုရောင် ယောပုဆိုးအစကို လက်တစ်ဖက်က ဆွဲကိုင်လျက် အနေအထားဖြင့် ပြေးလွှားနေသည်ကို မြင်တွေ့ရသော သူ့အပေါ် စွပ်စွဲပြောဆိုချက်များနှင့်ပတ်သက်၍ ဖုန်းဆက် မေးမြန်းရာ သူက ရွာအုပ်ချုပ်ရေးမှူးဖြစ်ကြောင်း ပြောဆိုသော်လည်း “ခင်ဗျားမှားနေပြီ။ မြို့တော်ခန်းမရှေ့က ကိစ္စနဲ့ ကျွန်တော်နဲ့ ဘာပတ်သက်တုန်း။ ကျွန်တော် မပါဘူးဗျ” ဟု ပြောဆိုရင်း ဖုန်းချသွားခဲ့သည်။

စွမ်းအားရှင်များ စေလွှတ်ခြင်း

စက်ဆန်းရွာမှ ထိုအရက်ဆိုင်ပိုင်ရှင်သည် သူ၏သားအပါအဝင် လူပေါင်း ၃ဝ ခန့် နီးပါးကို ကြည့်မြင်တိုင်မြို့နယ် အထွေထွေအုပ်ချုပ်မှူးရုံးသို့ မတ်လ ၅ ရက်နေ့ နေ့လယ်ခင်းတွင် ခေါ်ယူသွားကြောင်း ရွာခံအများအပြားက ဆိုကြသည်။ လက်တုံ့ပြန်ခံရမည်ကို စိုးရိမ်သောကြောင့် အမည်အပြည့်အစုံကို မဖော်ပြရန် မေတ္တာရပ်ခံထားသည့် ရာဇဝတ်မှုဖြင့် မကြာသေးမီက ထောင်မှထွက်လာသည့် ကိုစိုးဆိုသူမှာ ထိုလူစုထဲ ပါသွားခဲ့ပြီး ကြည့်မြင်တိုင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ လူတစ်ဦးက ၎င်းတို့အား လေးခွများ၊ ရှစ်လက်မခန့် ရှည်မည့် အဖျားချွန်သံချောင်းများ ထုတ်ပေးခဲ့ကြောင်း ပြောသည်။

“ကျွန်တော့်လိုပဲ ရာဇဝတ်မှု ကျူးလွန်ဖူးသူတွေကို ရပ်ကွက်လူကြီးတွေက ဆင့်ခေါ်တဲ့အခါ သွားရပါတယ်။ သူတို့စကားကို နားမထောင်ရင် ကျွန်တော်တို့ လုပ်ခဲ့တဲ့ ဒုစရိုက်မှုတွေကို ကိုင်ပြီး ပြဿနာရှာနိုင်တယ်လေ” ဟု ကိုစိုးက ပြောပြသည်။ မန္တလေးမှ ရန်ကုန်သို့ ချီတက်လာသည့် ဆန္ဒပြကျောင်းသားများကို အကြမ်းမဖက်ရေးအတွက် တောင်းဆို ဆန္ဒပြနေသည့် ရန်ကုန်မြို့တော်ခန်းမရှေ့သို့ ကိုစိုးအပါအဝင် ကြည့်မြင်တိုင်မြို့နယ်မှ စွမ်းအားရှင်အုပ်စုကို ဒိုင်နာကား နှစ်စီးဖြင့် ခေါ်ဆောင်သွားခဲ့သည်။

ကိုစိုးတို့အဖွဲ့ မြို့တော်ခန်းမရှေ့ ရောက်ချိန်တွင် သူတို့ကဲ့သို့ အခြားမြို့နယ်များမှ ရောက်လာနေသူတို့ကိုလည်း တွေ့ရသည်။

“ကျွန်တော်တို့ကို ရဲတွေရှေ့ကနေ သွားပြီး ဆန္ဒပြလူအုပ်ကို ရင်ဆိုင်ဖို့ ရှေ့ကိုတက်၊ ရှေ့ကိုတက်ဆိုပြီး ညွှန်ကြားပါတယ်” ဟု ကိုစိုးက ပြောသည်။

လူစုခွဲရန် သတိပေးချက်ကို လိုက်နာခြင်း မပြုသော ဆန္ဒပြသမားများအား ဝင်လုံးပြီး ဒိုင်နာကားပေါ်သို့ ဆွဲတင်ကြရန် အရပ်ဝတ်အရာရှိတို့က စွမ်းအားရှင်များကို အမိန့်ပေးလိုက်သည်။

စွမ်းအားရှင်တို့က ဆန္ဒပြလူအုပ်ကို ထိုးကြိတ်နေသည့် ဓာတ်ပုံများ၊ ရုပ်သံများကို ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။ ဆံပင်ဆေးဆိုးထားသည့် လူငယ်တစ်ဦးက ဆန္ဒပြ အမျိုးသမီးငယ်တစ်ဦးကို နောက်ဘက်မှ သိုင်းပြီး အတင်းချုပ်ကိုင် ဆွဲသွားပုံများ၊ စက်ဆန်းရွာ အုပ်ချုပ်ရေးမှူး၏သားဟု ယူဆရသော လူငယ်က ကျောင်းသားတစ်ဦးကို လည်ပင်းမှချုပ်ကာ ခေါ်သွားပုံများကိုလည်း မြင်တွေ့ခဲ့ရသည်။

အဆိုပါ အင်အားသုံးဖြိုခွဲသည့် ဖြစ်ရပ်ကို မျက်မြင်တွေ့ခဲ့ရသည့် သတင်းထောက်များက အခင်းဖြစ်စဉ်တွင် စွမ်းအားရှင်အရေအတွက် ဒါဇင်နှင့်ချီ ပါဝင်ခဲ့သော်လည်း ၄င်းတို့ထဲမှ ၂ဝ ခန့်ကသာ ဆန္ဒပြသူများကို အကြမ်းဖက်ခဲ့ကြကြောင်း ပြောကြားသည်။

Myanmar Now အနေဖြင့် စက်ဆန်းရွာသို့ သွားရောက်လေ့လာခဲ့ရာ ဆန္ဒပြမှု ဖြိုခွဲရာတွင် ရပ်ကွက်အုပ်ချုပ်ရေးပိုင်းမှ ငါးဦး၊ ရွာရှိသဗ္ဗာန်သမားများ၊ ကြည့်မြင်တိုင်တစ်ဖက်ကမ်းတွင် ကူလီထမ်းသမားအဖြစ် နေ့စဉ် သွားရောက်အသက်မွေးနေသူများ ပါဝင်ခဲ့ကြောင်း တွေ့ရှိရသည်။ ယင်းအင်အားသုံးဖြိုခွဲမှုအတွက် စွမ်းအားရှင်တစ်ဦးလျှင် ကျပ် ငါးထောင်မှ ရှစ်ထောင်အထိ ရခဲ့သည်ဟု ရွာတွင် ပြောဆိုနေကြသော်လည်း သူတို့အား ထိုညက ဘီယာနှင့်ထမင်းသာ တိုက်ကျွေးကြောင်း၊ မည်သည့် ပိုက်ဆံမှ မရခဲ့ကြောင်း ကိုစိုးက ပြောသည်။

ဆင်းရဲသားရပ်ကွက်များမှ စွမ်းအားရှင် စုဆောင်းခြင်း

စက်ဆန်းသည် ကြည့်မြင်တိုင်ဆိပ်ကမ်းမှ သွားရသည့် လှိုင်မြစ် အနောက်ဘက်ခြမ်းရှိ ကျေးရွာငါးရွာ အနက်မှ တစ်ရွာဖြစ်သည်။ ထိုရွာများသည် ကြည့်မြင်တိုင်မြို့နယ်အုပ်ချုပ်မှုထဲတွင် ပါဝင်ပြီး လွန်ခဲ့သည့် ခြောက်နှစ်ခန့်ကမှ လျှပ်စစ်မီး ရရှိခဲ့သည်။ လက်ရှိတိုင် ဒေသခံတို့ ဆင်းရဲနေကြဆဲဖြစ်သည်။ ပညာရေးအခြေအနေလည်း နိမ့်ကျနေဆဲဖြစ်ပြီး ဒုစရိုက်မှုများ၊ ဥပဒေမဲ့လုပ်ရပ်များ ဆက်လက် မင်းမူနေဆဲဖြစ်သည်။

ကြည့်မြင်တိုင်မြို့နယ် တာဝန်ခံစခန်းမှူး ရဲမှူးစိုးသင်းက ထိုရွာများတွင် လူဦးရေ စုစုပေါင်း ငါးသောင်းဝန်းကျင် ရှိသော်လည်း အဆိုပါ နယ်မြေများအတွက် ရဲတပ်ဖွဲ့ဝင် ၃၆ ဦးသာ ရှိကြောင်း၊ ၂ဝ၁၄ ခုနှစ်က ရန်ကုန်အနောက်ပိုင်းခရိုင်တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှု ၂၁ မှုထဲမှ ၄ မှု အပါအဝင်၊ ခြောက်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား မုဒိန်းကျင့်မှုတစ်ခုမှာ စက်ဆန်းရွာတွင် ဖြစ်ပေါ်ခဲ့ကြောင်း ပြောကြားသည်။

အဆိုပါရွာမှ အမျိုးသားများသည် ရန်ကုန်မြို့တွင် အကြီးဆုံးဖြစ်သော ကြည့်မြင်တိုင် ငါးစျေးတွင် ကုန်ထမ်း၊ သဗ္ဗာန်ခတ်၊ ဆိုက်ကားနင်းကြသည်။

“ဒီရွာက လူတွေဟာ အရမ်းဆင်းရဲတဲ့အတွက် တစ်ခါတလေကျရင် ညဘက်မှာ ရေငုပ်ပြီး မြစ်လယ်မှာ ကျောက်ချထားတဲ့ သင်္ဘောတွေကိုတောင် တွယ်တက်ပြီး ပစ္စည်းတွေ တက်ခိုးကြတယ်” ဟု ရွာသားတစ်ဦးက လှိုင်မြစ်အတွင်းမှ ကုန်တင်သင်္ဘောများ၊ ငါးဖမ်းစက်လှေကြီးများကို လက်ညှိုးညွှန်ပြရင်း ပြောသည်။

စက်ဆန်းကဲ့သို့ ရွာများသည် စွမ်းအားရှင်များ စုရုံးခေါ်ဆောင်ရန် ရေခံမြေခံကောင်းသော နေရာများဖြစ်နေသည်မှာ အံ့ဖွယ်မရှိပေ။

စက်ဆန်းအနီး အလတ်ချောင်းရွာ၏ NLD ဥက္ကဋ္ဌ ဖြစ်သော ဦးတင်မြင့်သည် ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်ပြီး သူက စစ်အစိုးရလက်ထက် ဆန္ဒပြသူများကို ဖြိုခွဲရန်၊ နိုင်ငံရေးအတိုက်အခံအုပ်စုတို့၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန် ၂ဝဝ၈ ခုနှစ်မှ ၂ဝ၁ဝ ပြည့်အထိ စွမ်းအားရှင်များကို စုဆောင်းပေးခဲ့ရကြောင်း ဝန်ခံပြောကြားသည်။

“ဒေသခံလူတွေက ဆင်းရဲကြတော့ အာဏာပိုင်တွေဆီကနေရတဲ့ လုပ်ပိုင်ခွင့် အသေးအမွှားလေးတွေကိုပဲ အလုအယက် မျှော်လင့်နေကြတယ်” ဟု ကိုတင်မြင့်က ပြောသည်။

ယင်းကဲ့သို့ အခြေအနေများကြောင့် ရပ်ကွက်နှင့်ကျေးရွာအဆင့် အုပ်ချုပ်ရေးမှူးများသည် သြဇာကြီးမားနေကြပြီး ယင်းအခွင့်အာဏာများကို အသုံးချကာ ငွေပိုငွေလျှံရရှိမည့် နည်းလမ်းများ တွေ့နေကြသည်။ အဆိုပါရာထူးနေရာ ရရှိရန်အတွက်လည်း အတိုက်အခံတို့အား ဖိနှိပ်ရာတွင် ကူညီရန်ကဲ့သို့သော အာဏာပိုင်များ၏ ခိုင်းစေတာဝန်ပေးမှုများကို အပြန်အလှန်အားဖြင့် ပြန်လည်လုပ်ဆောင်ပေးရသည်ဟု သူက ဆိုသည်။ အလတ်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်ခဲ့စဉ်က ဦးတင်မြင့်သည် သူ့ရွာအတွင်းမှ စွမ်းအားရှင်အဖြစ် လိုက်ပါမည့်သူများအား တစ်နေ့လျှင် ကျပ် ၃,ဝဝဝ ပေးပြီး ထမင်းတစ်နပ် ကျွေးရကြောင်း ပြောပြသည်။

စေတနာရှင်ပြည်သူတွေပါ

မတ်လဆန္ဒပြမှုများ ဖြိုခွင်းမှုနှင့်ပတ်သက်ပြီး ပြည်သူတို့၏ ပြင်းထန်သော ဝေဖန်မှုများ၊ နိုင်ငံတကာအသိုင်းအဝိုင်း၏ စိုးရိမ်မကင်း အာရုံစိုက်မှုများနှင့် ရင်ဆိုင်လာရသောအခါ အာဏာပိုင်တို့က စွမ်းအားရှင်များ အသုံးပြုမှုအပေါ် ကာကွယ်ပြောဆိုကြပြီး အဆိုပါလူအုပ်စုကို ခေါ်ယူအသုံးပြုရန် မည်သူက အမိန့်ပေးညွှန်ကြားသည် ဟူသည့် အချက်ကို ဖုံးဖိထားခဲ့ကြသည်။

စက်ဆန်း၊ အောက်ရုံ၊ အလတ်ချောင်းစသည့် ရွာများအထိ တာဝန်ယူထားရသူ ကြည့်မြင်တိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ဗိုလ်ကြီးဟောင်း ဦးထင်ကျော်လင်းကို ဆက်သွယ်မေးမြန်းရာ သူခေါ်ယူခဲ့သည့် စွမ်းအားရှင်များမှာ စေတနာရှင်ပြည်သူများ ဖြစ်သည်ဟု ရှင်းပြသည်။

“စေတနာရှင်ပြည်သူတွေပါ။ နောက်ပြီး ဒါ ကိုယ့်မြို့နယ်တစ်ခုတည်းမှာ ဖြစ်တာ မဟုတ်ဘူး။ ရန်ကုန်မှာရှိတဲ့ အခြားအခြားသော မြို့နယ်တွေလည်း ပါပါတယ်။ စေတနာရှင်ပြည်သူခေါ်ဟေ့ ဆိုလို့ ခေါ်ပေးရတာပဲ။ ပြည်သူလူထုကို ဥပဒေကြောင်းအရ ခေါ်ခွင့်ရှိလို့ ခေါ်ဟေ့ဆိုတဲ့နေရာမှာ နောက်ကြောင်းရာဇဝင် စစ်တာတို့ မရှိဘူး၊ နောက်ပြီး ဒီလူတွေ စနစ်တကျ ဖွဲ့ထားတာတို့ ဒါမျိုးတော့ မဟုတ်ပါဘူး” ဟု သူက ပြောကြားခဲ့သည်။ အဆိုပါ လူအုပ်စုအား စေလွှတ်ရန် မည်သူက အမိန့်ပေးခဲ့သည်ကိုမူ သူက ထုတ်ဖော်ပြောရန် ငြင်းဆိုခဲ့သည်။

သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက အာဏာပိုင်တို့သည် ဥပဒေအရ ခွင့်ပြုချက်မရှိသော စုဝေးမှုများကို ဖြိုခွဲရန် အရပ်ဘက် အင်အားစုများ အသုံးပြုနိုင်ကြောင်း ၁၈၉၈ ခုနှစ်၊ ရာဇဝတ်ကျင့်ထုံးဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၈ ကို ကိုးကားပြီး သူ၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

အာဏာပိုင်တို့က ကိုလိုနီခေတ်ဥပဒေကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့မှ လူ့အခွင့်အရေးလှုပ်ရှားသူ ရှေ့နေ ဦးကျော်ဟိုးက ပြောကြားသည်။

“ဆူပူဆန္ဒပြမှုတွေအတွက်သာ ဒီဥပဒေကို အသုံးပြုနိုင်ပြီး ငြိမ်းချမ်းစွာ စုဝေးမှုအတွက် အသုံးမပြုနိုင်ပါဘူး” ဟု ဦးကျော်ဟိုးက ပြောကြားသည်။

စစ်အစိုးရလက်ထက် လမ်းပေါ်ဆန္ဒပြမှုများ၊ အတိုက်အခံတို့၏ လှုပ်ရှားမှုများကို အစိုးရက စိုးရိမ်ပူပန်သည့်အခါ စွမ်းအားရှင်အုပ်စုများကို အဓိက အသုံးပြုခဲ့ကြောင်း ၂ဝဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ဖြိုခွဲမှုအတွင်း အဆိုပါအုပ်စုတို့၏ လှုပ်ရှားမှုများကို လေ့လာခဲ့သည့် နိုင်ငံတကာလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch ၏ အစီရင်ခံစာများတွင် ရေးသားထားသည်။

နယ်မြေအာဏာပိုင်များက စုစည်းထားသည့် စွမ်းအားရှင်အုပ်စုများကို အသုံးပြု၍ အတိုက်အခံတို့အား နှိပ်ကွပ်မှုကို အရပ်သားအချင်းချင်း သဘောထားကွဲသောကြောင့် ဖြစ်ပွားသည့် ပဋိပက္ခအသွင် ပုံဖော်ပြီး မြန်မာလူမှုအသိုင်းအဝိုင်းအကြား စိတ်ဝမ်းကွဲပြားစေခြင်းဖြင့် ကျယ်ပြန့်သည့် လှုထုလှုပ်ရှားမှုကို ဖြိုခွဲရန် ရည်ရွယ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဆိုသည်။

ယခင်စစ်အစိုးရလက်ထက်က စွမ်းအားရှင်များကို စခန်းသွင်း လေ့ကျင့်ပေးသည့်အပြင် တစ်ခါတရံ လက်နက်ကိုင်ဆောင်စေသည်ဟု ယခင် ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့သူ သောမတ်စ် အိုဟေးကင်တားနားကို ပြောဆိုခဲ့ကြောင်း ၂ဝဝ၉ ခုနှစ် ရန်ကုန် အမေရိကန်သံရုံး လျှို့ဝှက်ကြေးနန်းတစ်စောင်တွင် ရေးသားထားသည်။ ထိုစာကို အမေရိကန်အစိုးရ၏ လျှို့ဝှက်ချက်များကို ဖွင့်ချခဲ့သည့် ဝီကီလိခ်စ် အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

စွမ်းအားရှင်များကို အသုံးပြုခြင်းသည် “မီဒီယာကို မီဒီယာနဲ့တိုက်၊ ကျောင်းသားကို ကျောင်းသားနဲ့တိုက်၊ ပြည်သူကို ပြည်သူနဲ့တိုက်၊ သံဃာကို သံဃာနဲ့တိုက်” ဆိုသော ယခင်စစ်အစိုးရ၏ မူဝါဒကို ဆက်သုံးနေခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ရဲအရာရှိကြီးတစ်ဦးက ပြောကြားသည်။

အရပ်သားအုပ်စုများ အသုံးပြုခြင်းအပေါ် ပြည်သူတို့ စိုးရိမ်မှု မရှိစေရန် အစိုးရက တန်ပြန်သတင်းထုတ်မှုများ လုပ်ဆောင်ရန် ကြိုးစားခဲ့သော်လည်း ထိုကိစ္စနှင့်ပတ်သက်၍ တာဝန်ယူတာဝန်ခံခြင်း မရှိခဲ့။ ယင်းဖြစ်စဉ်များအပေါ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် တံခါးပိတ် ဆွေးနွေးခဲ့သည်။ ကျောင်းသားများအား အင်အားသုံး ဖြိုခွဲခဲ့မှုသည် ဥပဒေနှင့် ညီ၊ မညီကို ကော်မရှင်တစ်ရပ် ဖွဲ့စည်းစစ်ဆေးရန် သမ္မတဦးသိန်းစိန်က အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ကော်မရှင်၏ လေ့လာတွေ့ရှိချက်ကို မတ် ၃၁ ရက်တွင် သမ္မတထံသို့ တင်ပြခဲ့သော်လည်း အများပြည်သူအား ယခုတိုင် သတင်းထုတ်ပြန်ခဲ့ခြင်း မရှိပေ။

ရွေးကောက်ပွဲကို ခြိမ်းခြောက်နိုင်မှု

ရွေးကောက်ပွဲကာလတွင် အရပ်သားအင်အားစုများကို အသုံးပြုခြင်းကဲ့သို့သော စစ်အစိုးရလက်ထက် နည်းလမ်းများ ပြန်လည်ဖြစ်ပေါ်လာမည်ကို အတိုက်အခံနိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများက စိုးရိမ်လျက်ရှိသည်။ အထူးသဖြင့် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်ဘာသာဝင်များအကြား အပြန်အလှန် တိုက်ခိုက်မှုများအထိ ဖြစ်ပေါ်လာမည်ကိုလည်း စိုးရိမ်ကြသည်။ ယင်းကဲ့သို့ တိုက်ခိုက်မှုများကြောင့် ၂ဝ၁၂ ခုနှစ်မှစ၍ မြန်မာနိုင်ငံ အနောက်ပိုင်းနှင့် အလယ်ပိုင်းတွင် လူရာနှင့်ချီ သေဆုံးခဲ့ရသည်။

“စစ်တပ်က ဗိုလ်ချုပ်ကြီးတွေအနေနဲ့ အတိုက်အခံတွေကို ဘယ်တော့မှ အညံ့မခံဘူးလို့ ခံယူထားတယ်” ဟု ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းကို ပူးတွဲထူထောင်သူ ကိုမြတ်ကိုကိုက ပြောကြားသည်။ ထို့ပြင် စွမ်းအားရှင်များ အသုံးပြုခြင်းသည် ဦးသိန်းစိန်အစိုးရ၏ ပုံရိပ်ကို ထိခိုက်စေခဲ့ကြောင်းလည်း ၎င်းက ပြောကြားသည်။ “စွမ်းအားရှင်တွေ အသုံးပြုလိုက်လို့ သူတို့ပုံရိပ် ဘယ်လိုထိခိုက်မယ်၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ်မှာ ဘယ်လောက် ထိခိုက်စေတယ်ဆိုတာ အစိုးရက ထည့်မတွက်ဘူး၊ ပြုပြင်ပြောင်းလဲရေး ဆိုတာလည်း အဓိကက နိုင်ငံတကာကို ပြချင်လို့လေ၊ ပြည်သူတွေက ဒါကို ဘယ်လိုမြင်လဲဆိုတာ ဂရုမစိုက်ဘူးလေ” ဟု ကိုမြတ်ကိုကိုက သုံးသပ်သည်။

လာမည့် နိုဝင်ဘာ ရွေးကောက်ပွဲကာလ မဲရုံများအပြင်ဘက် လုံခြုံရေးအကူအညီပေးရန် အထူးရဲ ၄ဝ,ဝဝဝ ကို ၃ လတာ အစီအမံဖြင့် ခေါ်ယူ တာဝန်ပေးမည်ဖြစ်ကြောင်း အစိုးရက ဇူလိုင်လတွင် ကြေငြာခဲ့သည်။ ထိုတာဝန်ယူမည့်သူများသည် “ကျန်းမာရေးကောင်းမွန်သူ၊ အသက် ၁၈ နှစ်မှ ၆၀ အတွင်းရှိ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ ဖြစ်ပြီး ရာဇဝတ်မှုမှတ်တမ်း ကင်းရှင်း၍ နိုင်ငံရေးပါတီများနှင့် မပတ်သက်သူ” ဖြစ်ရန်လိုကြောင်း အဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြည်တွင်းမီဒီယာများကို ပြောကြားခဲ့သည်။ ယခုအစီအစဉ်အတွက် စွမ်းအားရှင်များ သုံးစွဲလာမည်ကို စိုးရိမ်မိသည်ဟု နိုင်ငံရေးအကဲခတ်များက ဆိုကြသည်။

စစ်တပ်နှင့် အာဏာရပါတီက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းကို အကွက်ကျကျ စီစဉ်ထားသောကြောင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အဆင်ပြေပြေ ဖြစ်ပေါ်သွားမည် ဖြစ်ကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောကြားသည်။

“ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာလိမ့်မယ်လို့တော့ မထင်မိပါဘူး။ ဒါပေမယ့် ဖြစ်မလာနိုင်ဘူးလို့လည်း မပြောလိုပါဘူး။ ကျွန်တော်တို့ကတော့ အရာအားလုံးကို သတိနဲ့တော့ စောင့်ကြည့်သွားမှာပါ” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

ပြည်ခိုင်ဖြိုး အမတ် ဦးသာဝင်းက စွမ်းအားရှင်များသည် ၎င်းတို့ပါတီနှင့် မသက်ဆိုင်ဟု ဆိုသည်၊ ရွေးကောက်ပွဲကာလတွင် အနှောင့်အယှက်များ ဖြစ်လာမည်ကို စိုးရိမ်ရန် မလိုဟုလည်း သူက ယူဆသည်။ “အသွင်ကူးပြောင်းမှုဟာ အစပိုင်းကာလလိုပဲ ငြိမ်းငြိမ်းချမ်းချမ်း ဆက်ဖြစ်သွားမှာပါ” ဟု ဦးသာဝင်းက ပြောသည်။

ဆွေဝင်းသည် Myanmar Now သတင်းဌာန၏ အယ်ဒီတာချုပ် ဖြစ်သည်။

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading