မြစ်ဆုံကိစ္စ တရုတ်သံအမတ်ကြီး လိုရာဆွဲ ထုတ်ပြန်ဟု ကချင်နိုင်ငံရေးပါတီများ တုံ့ပြန်

ပြည်သူများအကြား ဆန့်ကျင်ကန့်ကွက်မှု ကြီးမားသည့် မြစ်ဆုံစီမံကိန်းထောင်ချောက်မှ စစ်ယူနီဖောင်းချွတ် သမ္မတ ဦးသိန်းစိန်က ပါးပါးနပ်နပ်ဖြင့် ရှောင်ထွက်သွားခဲ့သော်လည်း အများပြည်သူ့အစိုးရအနေဖြင့်မူ ရှေ့တိုးထမ်းပိုး နောက်ဆုတ် လှည်းတုပ် အနေအထားနှင့် ရင်ဆိုင်နေရသည်။

Published on Jan 14, 2019
တရုတ်ကုမ္ပဏီဘက်က ထုတ်ပြန်ထားသည့် မြစ်ဆုံစီမံကိန်း ဂရပ်ဖစ်ဒီဇိုင်းပုံစံ (ဓာတ်ပုံ - Wikipedia/Myitsone Dam)
တရုတ်ကုမ္ပဏီဘက်က ထုတ်ပြန်ထားသည့် မြစ်ဆုံစီမံကိန်း ဂရပ်ဖစ်ဒီဇိုင်းပုံစံ (ဓာတ်ပုံ - Wikipedia/Myitsone Dam)

ရန်ကုန် — တရုတ်နိုင်ငံက တည်ဆောက်မည့် ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ကချင်ပြည်သူနှင့် ကချင်နိုင်ငံရေး ပါတီများက မဆန့်ကျင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး၏ ထုတ်ပြန်ချက်သည် ၎င်းတို့လိုရာဆွဲပြောခဲ့ခြင်းသာဖြစ်ကြောင်း ကချင်နိုင်ငံရေးပါတီများ ပူးပေါင်းရေးကော်မတီက ယနေ့နေ့စွဲဖြင့် ကြေညာချက်ထုတ်ကာ တုံ့ပြန်လိုက်သည်။

တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန် (Mr Hong Liang) သည် ကချင်ပြည်နယ်သို့ ဒီဇင်ဘာ ၂၈ နှင့် ၂၉ နှစ်ရက်တာ သွားရောက်ခဲ့ပြီး ၂၈ ရက်နေ့တွင် ကချင်ပါတီများနှင့်တွေ့ဆုံခဲ့သည်။ ထိုကဲ့သို့တွေ့ဆုံချက်အရ ဦးသိန်းစိန်လက်ထက်က ရပ်ဆိုင်းထားခဲ့သည့် မြစ်ဆုံစီမံကိန်းကို ကချင်ပြည်သူများ၊ ကချင် နိုင်ငံရေးပါတီများက မဆန့်ကျင်မကန့်ကွက်ဟု ဇန်နဝါရီ ၁၃ ရက်နေ့ ရက်စွဲဖြင့် တရုတ်သံရုံးက ထုတ်ပြန်ကြေညာခဲ့ သည်။

ကချင်နိုင်ငံရေးပါတီများ ပူးပေါင်းရေးကော်မတီသည် ကချင်တိုင်းရင်းသားများဖြင့် တည်ထောင်ထားသည့် ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP)၊ ကချင်ဒီမိုကရက်တစ်ပါတီ (KDP) နှင့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (UDP-KS)တို့ သုံးပါတီကို စုပေါင်းကာ ကချင်တိုင်းရင်းသားများကို ကိုယ်စားပြုမည့် ပါတီတစ်ခုအဖြစ် ရပ်တည်ရန် ပြင်ဆင်နေသော အဖွဲ့အစည်းဖြစ်သည်။

တရုတ်သံအမတ်နှင့် တွေ့ဆုံစဉ်က မြစ်ဆုံစီမံကိန်းကို ထောက်ခံသည်ဟု မပြောခဲ့ကြောင်း၊ တရုတ်သံအမတ်ကြီးကမူ ကချင်နိုင်ငံရေးပါတီများအနေဖြင့် မြစ်ဆုံစီမံကိန်းကို မဆန့်ကျင်ရန်နှင့် ပြည်သူလူထုကိုလည်း ထိုစီမံကိန်းကို မဆန့်ကျင်ရန် ပြောပေးဖို့ ပြောဆိုခဲ့ကြောင်း အဆိုပါကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်သည့် ကချင်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးကွမ်းဂေါင်အောင်ခမ်းက ပြောသည်။

“ဒီစီမံကိန်းနဲ့ ပတ်သက်လို့ လွန်ခဲ့တဲ့အချိန်ကတည်းက မလုပ်ဖို့ ကျွန်တော်တို့က ပြောခဲ့ပြီးသား။ နောင်လည်း ဒီအတိုင်းပြောမှာပဲ။ သံအမတ်က ဒီဟာကိုလုပ်မယ်။ ဆက်မလုပ်ဘူးဆိုရင် မြန်မာနိုင်ငံမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရောက်ဖို့ ခက်ခဲသွားမယ်၊ မလာတော့ဘူးပေါ့။ သူတို့လူတွေကလည်း ဒီဟာ ဆက်မလုပ်ရတာကို စိတ်ဆိုးနေကြတယ်။ မြန်မာ အစိုးရဆီမှာ ခုနစ်နှစ်လောက်အထိ သည်းခံပြီး စောင့်နေကြရတာ။ ကချင်ပါတီတွေအနေနဲ့ မဆန့်ကျင်ပါနဲ့။ ပြည်သူကိုလည်း မဆန့်ကျင်ဖို့ ပြောပေးပါဆိုတာမျိုးပြောတာ။ ကျွန်တော်တို့က ပြောလိုက်တာက ပြည်သူတွေရဲ့ သဘောထားအတိုင်းပါပဲလို့” ဟု ၎င်းက ဆိုသည်။

မိမိတို့ကချင်နိုင်ငံရေးပါတီများ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် ကချင်ပြည်သူလူထုတစ်ရပ်လုံးက ထိုစီမံကိန်းနှင့် ပက်သက်ပြီး ထောက်ခံခြင်းမျိုး မရှိကြောင်း၊ တရုတ်သံအမတ်အနေဖြင့် မိမိတို့လိုရာဆွဲပြောဆိုခြင်းက မသင့်တော် ကြောင်း ကချင်နိုင်ငံရေးပါတီများ ပူးပေါင်းရေးကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်သည့် ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာကလည်း ပြောသည်။

မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး စီမံကိန်းရုံး ဆက်ဖွင့်ထားပြီး လုပ်ငန်းတိုးချဲ့လုပ်ဆောင်မှုမျိုး ယနေ့အချိန်အထိ မရှိသော်လည်း စီမံကိန်းအကောင်အထည်ဖော်ခြင်းကိုတော့ အမြဲတမ်း ဆန့်ကျင်သွားမည်ဟု သူကဆိုသည်။

“ဒီလိုသူတို့ထုတ်ပြန်တာ ယုံကြည်မှုကို ထိခိုက်တာပေါ့။ တစ်ဖက်သတ် ထုတ်ပြန်ချက်ဖြစ်နေတယ်။ တစ်ဖက်သား သဘောထားနဲ့ မကိုက်ညီတာကို ထုတ်ပြန်တာမျိုးက မသင့်တော်ဘူး။ သူတို့ ဒီလိုထုတ်ပြန်လို့ အပြစ်တင်တာမဟုတ်ဘူး။ ဒီဟာကို ထောက်ခံသလား၊ ကန့်ကွက်သလားဆိုတာ ပြည်သူတွေ သိထားပြီးသားပါ” ဟု ၎င်းကဆိုသည်။

ထိုမြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး အများပြည်သူများ ဝေဖန်သုံးသပ်နိုင်ရန် ပွင့်လင်းမြင်သာစွာ ထုတ်ပြန်သင့်ကြောင်း ကချင်ပြည်နယ်တောင်ပိုင်းရှိ တိုင်းလိုင် (ရှမ်းနီ) တိုင်းရင်းသားများကို အခြေပြု တည်ထောင်ထားသည့် တိုင်းလိုင်(ရှမ်းနီ) အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးစောဝင်းထွန်းက သုံးသပ်သည်။

မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး တချို့ပညာရှင်များက လုပ်သင့်သည်ဟု ပြောဆိုနေမှုများရှိသလို၊ တချို့ကလည်း သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးများနှင့်တကွ ကန့်ကွက်သည့် ဝေဖန်ထောက်ပြမှုများ ရှိနေသောကြောင့် ပြည်သူများအနေဖြင့် စီမံကိန်းဆိုင်ရာ အချက်အလက်များကို ပွင့်ပွင့်လင်းလင်း သိသင့်သည်ဟု ၎င်းကဆက်ပြောသည်။

“ပြည်သူတွေက မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ရင် ဘာမှန်းမသိဘဲ ပြောနေကြသလို ဖြစ်နေတယ်။ ယေဘုယျအားဖြင့် ပြည်သူအားလုံးက ဆန့်ကျင်နေတာလည်းမဟုတ်၊ ထောက်ခံနေတာလည်း မဟုတ်ဘူး။ အဲဒီတော့ ဒီစီမံကိန်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပြည်သူတွေကို ပွင့်လင်းစွာ ချပြမှ ပြည်သူတွေက မှန်လား၊ မှားလား သုံးသပ်နိုင်မှာ။ အဲ့ဒီတော့မှ ပြည်သူအများရဲ့ ဆန္ဒအတိုင်း အကောင်အထည်ဖော်လို့ရမှာပေါ့” ဟု သူက ဆိုသည်။

ဧရာဝတီမြစ်ကြီးစတင်ရာ မေခနှင့်မလိခ မြစ်ဆုံအနီးတွင် တည်ဆောက်မည့် မြစ်ဆုံရေကာတာနှင့် ရေအားလျှပ်စစ်ဓာတ်အားစီမံကိန်းသည် စစ်အစိုးရလက်ထက် ဦးသိန်းစိန်က ဗိုလ်ချုပ်ကြီး သိန်းစိန်အဖြစ် တာဝန်ယူစဉ်ကတည်းက တရုတ်နှင့် သဘောတူစာချုပ်ချုပ်ခဲ့သည့် မေခ-မလိခ မြစ်ဆုံမြစ်ညာဒေသ ရေကာတာ စီမံကိန်း ခုနစ်ခုတွင် တစ်ခုအပါအဝင်ဖြစ်ပြီး တရုတ်အစိုးရပိုင် CPI လျှပ်စစ်ထုတ်လုပ်ရေး ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလျံ ရင်းနှီးမြှုပ်နှံမည့် စီမံကိန်းဖြစ်သည်။

ထိုစီမံကိန်းအတွက် တရုတ်ကုမ္ပဏီက ၈၀ ရာခိုင်နှုန်း၊ မြန်မာအစိုးရက ၁၅ ရာခိုင်နှုန်းနှင့် စစ်အစိုးရနှင့် နီးစပ်သည့် ဦးထွန်းမြင့်နိုင်ပိုင် အေးရှားဝေါလ်ကုမ္ပဏီက ၅ ရာခိုင်နှုန်း အသီးသီး ရင်းနှီးမြှုပ်နှံကြမည်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမည့် တရုတ်ကုမ္ပဏီ SPIC ၏ခန့်မှန်းချက်အရ မြစ်ဆုံစီမံကိန်းမှ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၆,၀၀၀ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ထွက်ရှိလာမည့်ဓာတ်အား၏ ၁၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံက ခံစားရမည်ဖြစ်ကာ ကျန် ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့မည်ဖြစ်သည်။

မြစ်ဆုံရေကာတာကြောင့် ဒေသခံတို့၏ ဘိုးစဉ်ဘောင်ဆက် အသက်မွေးဝမ်းကျောင်းများနှင့် အမွေအနှစ်များ ဆုံးရှုံးမည်၊ ထိုဒေသ၏ ကြွယ်ဝသည့် ဇီဝမျိုးစုံ မျိုးကွဲများကို ထိခိုက်မည်၊ ဧရာဝတီမြစ်၏ကျန်းမာရေး ဆိုးရွားစွာ ထိခိုက်နိုင်သည်ဆိုသော စိုးရိမ်ပူပန်မှုများ ပေါ်ထွက် လာခဲ့သလို ထိုနေရာသည် ငလျင်ဘေးဒဏ်နှင့် ပတ်သက်ပြီး စိတ်မချရကြောင်း ပြောဆိုမှုများလည်း ရှိလာခဲ့သည်။

မြန်မာနိုင်ငံသားအများအပြား၏ ဆန့်ကျင်မှုကြောင့် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ထိုစီမံကိန်းကို ၎င်းတို့ အစိုးရသက်တမ်းအတွင်း ရပ်ဆိုင်းထားမည်ဟု ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၉ ရက် နေ့စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။ NLD အစိုးရလက်ထက် ရောက်သည့်အခါ တရုတ်ဘက်က ထိုစီမံကိန်းကို ပြန်စသင့်ပြီ ဖြစ်ကြောင်း စကားလမ်းကြောင်းများ ပြန်စလာခဲ့သည်။

ရွေးကောက်ပွဲတွင် အနိုင်ရပါက မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်သည့် အချက်အလက်များကို အများပြည်သူ သိအောင် ချပြမည်ဟု ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအတွက် မဲဆွယ်စဉ်က ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ဖူးသည်။

မကြာသေးမီက ကချင်ပြည်နယ်ခရီးစဉ်အတွင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြစ်ဆုံ စီမံကိန်းကို ပြန်လည်စတင်မည့်သဘော အရိပ်အယောင်ပါသည့် စကားများ ပြောကြားခဲ့သည်။

ထက်ခေါင်လင်းသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading