တပ်မတော်သတိပေးသော နိုင်ငံရေးအကျပ်အတည်းကို NLD မစိုးရိမ် 

‌ရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက်များသည် အပြီးအပြတ်ဖြစ်သည်ဆိုရုံမျှဖြင့် မလုံလောက်ဘဲ တရားမျှတပြီး ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲရလဒ်ဖြစ်ကြောင်း ထုတ်ဖော်ပြသနိုင်မှသာ ပြည်သူ့ဆန္ဒနှင့်အညီ လက်ခံသွားမည်ဖြစ်ကြောင်း စာမျက်နှာ ၄ မျက်နှာပါ တပ်မတော်၏ ထုတ်ပြန်ချက်က ဆိုသည် 

Published on Jan 21, 2021
ရွေးကောက်ပွဲနေ့က နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်းရှိ တပ်မဲရုံတွင် မဲပေးပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထွက်လာစဉ်။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 
ရွေးကောက်ပွဲနေ့က နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်းရှိ တပ်မဲရုံတွင် မဲပေးပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထွက်လာစဉ်။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

နိုင်ငံရေးအကျပ်အတည်း ဖြစ်နေသည်ဟူသော တပ်မတော်၏ သဘောထားထုတ်ပြန်ချက်နှင့် ပတ်သက်၍ မစိုးရိမ်ကြောင်းနှင့် ဥပဒေကြောင်းအရ ဖြေရှင်းနိုင်မည်ဟု အပြည့်အဝယုံကြည်ထားကြောင်း အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က Myanmar Now ကို ပြောသည်။

“ဒီမိုကရေစီကို ထိန်းသိမ်းဖို့အတွက်ဆိုပြီး ပုဒ်မတွေ ရည်ညွန်းဖော်ပြထားပေမယ့် ဒီပုဒ်မအားလုံးဟာ စနစ်တကျ ဥပဒေအတိုင်းပဲ လုပ်မယ်ဆိုရင် ဘာမှစိုးရိမ်ပူပန်မှု မရှိပါဘူး။ ဥပဒေနဲ့အညီ အပြည့်အဝ ဖြေရှင်းနိုင်ပါတယ်။ ဒီဟာတွေဟာ တပ်မတော်ကို အာဏာသိမ်းဖို့အတွက် ခွင့်ပြုထားတဲ့ ပုဒ်မတွေလည်း မဟုတ်ပါဘူး”ဟု ၎င်းက ပြောသည်။

တပ်မတော်ထုတ်ပြန်ချက်တွင် ပါဝင်သော အခြေခံဥပဒေပုဒ်မ ၂၀(င)နှင့် (စ) တို့ကို ဒေါက်တာမျိုးညွန့်က ရည်ညွန်းခြင်းဖြစ်သည်။ အထက်ပါပုဒ်မများသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနှင့် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင် တာဝန်ရှိကြောင်း အခြေခံဥပဒေ၌ ဖော်ပြထားခြင်းဖြစ်သည်။

‌၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်နိုင်သည့် အခြေအနေများရှိနေပြီး ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲရလဒ်ဖြစ်ကြောင်း ထုတ်ဖော်ပြသနိုင်မှသာ ပြည်သူ့ဆန္ဒနှင့်အညီ လက်ခံသွားမည်ဖြစ်ကြောင်း ယမန်နေ့ (ဇန်နဝါရီ ၂၀) ညတွင် ထုတ်ပြန်ခဲ့သည့် တပ်မတော်၏ သဘောထားတွင် နိုင်ငံရေးအကျပ်အတည်းရှိနေကြောင်းလည်း ရည်ညွှန်းထားသည်။ 

နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်စေရန်အလို့ငှာ ပြည်ထောင်စုလွှတ်တော်ကသော်လည်းကောင်း၊ အစိုးရကသော်လည်းကောင်း၊ ရွေးကောက်ပွဲကော်မရှင်ကသော်လည်းကောင်း ဖြေရှင်းပေးရန်လည်း တပ်မတော်က တောင်းဆိုထားသည်။ 

အခြေအနေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက်များသည် အပြီးအပြတ်ဖြစ်သည်ဆိုရုံမျှဖြင့် လုံလောက်မည်မဟုတ်ကြောင်း တပ်မတော်၏ထုတ်ပြန်ချက်က ဆိုသည်။ 

ရွေးကောက်ပွဲတွင် မဲမသာမှုများရှိနိုင်ကြောင်း ပြောဆိုနေသည့် တပ်မတော်က မဲစာရင်းစစ်ဆေးချက်များနှင့်ပတ်သက်၍ ရွေးကောက်ပွဲပြီးချိန်မှ ယမန်နေ့အထိ ၂၄ ကြိမ်အထိ ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါကိစ္စများကို ဖြေရှင်းပေးရန် ပြည်ထောင်စုလွှတ်တော်ခေါ်ယူပေးရန်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနည်းတူ တပ်မတော်က တောင်းဆိုခဲ့သည်။ 

လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် ဒီမိုကရေစီလိုလားမှုအရ ထိန်းသိမ်းဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း မဲစာရင်းမှားယွင်းမှုများ၊ မဲမသာမာမှုဖြစ်နိုင်သော စာရင်းပေါင်း ခုနှစ်သန်းကျော် တွေ့ထားသည်ဟုလည်း တပ်မတော်၏ ယမန်နေ့ညထုတ်ပြန်ချက်က ဆိုသည်။

ဒေါက်တာမျိုးညွန့်ကမူ “ဒီလောက်များပြားတဲ့ မဲစာရင်းတွေကို မသမာမှုဖြစ်နိုင်သောလို့ ထပ်ခါထပ်ခါပြောနေတာ ဘယ်လိုနည်းလမ်းနဲ့ စစ်ဆေးတယ်ဆိုတာလည်း အရေးကြီးပါတယ်။ ဘယ်လိုခိုင်လုံတဲ့ အရည်အသွေးသတ်မှတ်ချက်တွေနဲ့ စစ်ဆေးခဲ့လည်း ကျွန်တော်တို့ ဘာမှမသိရဘူး။ ဖြစ်နိုင်ဖွယ်ရှိသောဆိုတဲ့ ကိစ္စတွေဖြစ်နေတယ်”ဟု မှတ်ချက်ပြုသည်။

ရွေးကောက်ပွဲကိစ္စဖြေရှင်းရန် အပြီးအပြတ်ဖြစ်သည့်တာဝန်မှာ အခြေခံဥပဒေ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုသာ ပေးထားသဖြင့် ပြည်ထောင်စုလွှတ်တော်ခေါ်ယူရန် မလိုအပ်ဟုဆိုကာ လွှတ်တော်အာဏာပိုင်များက ပယ်ချထားပြီးလည်းဖြစ်သည်။

တပ်မတော်၏ သဘောထားနှင့်ပတ်သက်၍ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ဒုတိယဥက္ကဌ ဦးစိုင်းညွန့်လွင်ကမူ ဥပဒေကြောင်းဖြင့် ဖြေရှင်းရန်သာ မစဉ်းစားသင့်ဘဲ နိုင်ငံရေးကိုပါ ထည့်တွက်သင့်သည်ဟု ဆိုသည်။ 

“ဥပဒေကြောင်းအရ ငြင်းတာမဟုတ်ဘူးဗျ၊ နိုင်ငံရေးအကြောင်းပါ ရောယှက်နေတယ်လို့ မြင်တယ်။ ဥပဒေရှုထောင့်ကပဲ သက်သက်စဉ်းစားလို့ မရဘူး။ အဲဒါအဆင်မပြေဘူးဆိုရင် အစိုးရဖွဲ့စည်းရေးတွေ ဘာတွေမှာလည်း အခက်အခဲဖြစ်နိုင်တယ်။ တိုင်းပြည်က နဂိုတည်းကမှ မကောင်းသေးတာ ပိုပြီးဒုက္ခရောက်ဖို့ပဲရှိမှာ”ဟု ၎င်းက Myanmar Now ကို ပြောသည်။

ရွေးကောက်ပွဲရလဒ်အရ လွှတ်တော်ခေါ်ယူချိန်တွင် တပ်မတော်က ၂၅ ရာခိုင်နှုန်းကိုယ်စားပြုမတက်ရောက်ခြင်း၊ ဒုတိယသမ္မတတစ်ဦး အမည်စာရင်းတင်သွင်းခွင့်ကို လစ်လျူရှုခြင်း၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ ဝန်ကြီးနေရာများကို အဆိုမပြုခြင်းများ ပြုမူနိုင်ကြောင်းကို ဦးစိုင်းညွန့်လွင်က ခန့်မှန်းပြောဆိုခြင်းဖြစ်သည်။

“ဒီလိုကိစ္စမျိုးတွေကို မဖြစ်မနေလုပ်ရမယ်လို့ အခြေခံဥပဒေထဲမှာ ရေးထားတာလဲ မတွေ့ဘူး။ အဲဒီတော့ တပ်က ဒါမျိုးလုပ်လာနိုင်မလား မပြောနိုင်ဘူး။ သက်ဆိုင်ရာခေါင်းဆောင်တွေ တွေ့ပြီးဖြေရှင်းတာ အကောင်းဆုံးဖြစ်မယ်။ ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်ဘူး။ ပြည်သူလူထုဆို ပိုတောင်ဝေးဦးမယ်” ဟု ၎င်းက ဆိုသည်။

တပ်မတော်၏ ယမန်နေ့ညထုတ်ပြန်ချက်တွင် ၂၀၁၅ ရွေးကောက်ပွဲအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အစိုးရဖွဲ့စည်းစဉ်က အခြေအနေကိုလည်း တစ်စိတ်တစ်ဒေသ ဖော်ပြထားသည်။ 

"အနိုင်ရပါတီ၏ အစိုးရဖွဲ့စည်းမှုတွင် အငြင်းပွားဖွယ်အချို့ရှိခဲ့သည့်တိုင်အောင် ပြည်သူလူထုဆန္ဒနှင့်ထပ်တူ ဒီမိုကရေစီကို ထောက်ခံအားပေးသည့် တပ်မတော်ကလည်း လက်ခံခဲ့သည်" ဟု ဆိုထားသည်။ 

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁,၁၁၇ နေရာရှိသည့်အနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက နေရာ ၉၂၀၊ ဒုတိယနေရာမှ ပြည်ခိုင်ဖြိုးပါတီက ၇၁ နေရာသာ အနိုင်ရရှိခဲ့ပြီး အဆိုပါရလဒ်ကို စတင်အသက်သွင်းမည့် ပြည်ထောင်စုအဆင့် လွှတ်တော်အစည်းအဝေးများကို ဖေဖော်ဝါရီ ၁ရက်တွင် နေပြည်တော်၌ စတင်ကျင်းပရန်ရှိသည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ်အစုအဖွဲ့နှစ်ခုနှင့် တပ်မတော်သားကိုယ်စားလှယ်များအဆိုပြုသည့် ဒုတိယသမ္မတ သုံးဦးထဲမှ တစ်ဦးကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ရေးလုပ်ငန်းစဉ်ပါဝင်မည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကိုလည်း ဖေဖော်ဝါရီ ၅ ရက်တွင် စတင်မည်ဟု လွှတ်တော်အာဏာပိုင်များက ကြေညာထားပြီးဖြစ်သည်။

မဲစာရင်းကိစ္စဖြေရှင်းပေးရန် တပ်မတော်အပါအဝင် ပြည်ခိုင်ဖြိုးပါတီနှင့် မိတ်ဖက်ပါတီအချို့က တောင်းဆိုနေသည့်နည်းတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်ရှုတ်ချကြောင်းနှင့် တပ်မတော်ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်မှုများလည်း ရှိနေသည်။ 

လာမည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများ မစတင်မီ သုံးရက်အလို ဇန်နဝါရီ ၂၉ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်း တပ်မတော်ကို ထောက်ခံကြောင်း လူထုအစည်းအဝေးနှင့် အထိမ်းအမှတ်ကျောက်တိုင်စိုက်ထူခြင်း အခမ်းအနားပြုလုပ်ရန် ဝရမ်းပြေးဖြစ်နေသည့် မိုက်ကယ်ကျော်မြင့်၏ ပါတီက စိုင်းပြင်းလျက်ရှိသည်။ 

'တပ်မတော်က တိုင်းပြည်ကို ကယ်တင်ရန်' ဟူသော ထိုလှုပ်ရှားမှုကို ဦးဆောင်ပြုလုပ်မည်ဖြစ်သည့်အပြင် အထိမ်းအမှတ်ကျောက်တိုင်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထဲ တိုက်ရိုက်အပ်နှံဖြစ်ကြောင်း မိုက်ကယ်ကျော်မြင့်၏ အခြေခံလူတန်းစားဘဝတိုးတက်မြင့်မားရေးပါတီ တာဝန်ရှိသူက ပြောကြားထားသည်။ 

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading