ကျုပ်တို့နှစ်ဦး ပါတီမတူ၊ သို့သော် ထရမ့်ကို အရေးယူဖို့ သဘောတူသည်

Calabresi သည် ရီပါဘလစ်ကန်ပါတီမှဖြစ်ပြီး Northwestern’s Pritzker School of Law တက္ကသိုလ်၏ ပါမောက္ခတစ်ဦးဖြစ်ကာ Eisen သည် Brookings သုတေသနအဖွဲ့၏ အကြီးတန်းသုတေသီဖြစ်ကာ ပါတီကိုအခြေမပြုသော မဲဆန္ဒရှင်များအား ကာကွယ်‌ရေးလှုပ်ရှားမှု၏ ပြင်ပအကြံပေးဖြစ်သည်။

Photo : Doug Mills/The New York Times

ကျွန်ုပ်တို့နှစ်ဦးအနက် တစ်ဦးမှာ သမ္မတရေဂင်လက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ဒေါ်နယ်ထရမ့်အား ၂၀၁၆ တွင် မဲထည့်ခဲ့သူဖြစ်သည်။ နောက်တစ်ဦးမှာ သမ္မတအိုဘားမားအတွက် တာဝန်ထမ်းဆောင်ခဲ့ပြီး ဒေါ်နယ်ထရမ့်အား ပထမအကြိမ်အဖြစ် ယမန်နှစ်က အောက်လွှတ်တော်ပြစ်တင်ရှုတ်ချမှုတွင် အောက်လွှတ်တော်၏ ဥပဒေပြုကော်မတီဆိုင်ရာ အထူးအကြံပေးအဖြစ် လုပ်ဆောင်ခဲ့သူဖြစ်သည်။

ကျွန်ုပ်တို့နှစ်ဦးမှာ နိုင်ငံရေးအရ ကြီးမားသည့် ကွဲပြားခြားနားမှုများရှိပါသည်။ သို့သော် သမ္မတအဖြစ် ရွေးချယ်ခံရသည့် ဂျိုးဘိုင်ဒန်ကျမ်းသစ္စာကြိမ်ဆိုသည့်နေ့ ဇန်နဝါရီ ၂၀ မတိုင်မီ သမ္မတဒေါ်နယ်ထရမ့်အား အောက်လွှတ်တော်တွင် ပြစ်တင်ရှုတ်ချပြီး အထက်လွှတ်တော်တွင်လည်း အမြန်ဆုံး အရေးယူမှုပြုလုပ်သင့်သည်ဟု ကျွန်ုပ်တို့နှစ်ဦးလုံး ခိုင်ခိုင်မာမာ ယုံကြည်ပါသည်။ ထိုယုံကြည်မှုသည် ပါတီနိုင်ငံရေးဆိုသည့် အခြေအနေများနှင့် မသက်ဆိုင်သင့်ပါ။

ဒေါ်နယ်ထရမ့်၏ ရုပ်ဆိုးအကျည်းတန်ဆုံးပြစ်မှုများမှာ အမေရိကန်လွှတ်တော်နှစ်ရပ်လုံးနှင့်တကွ ၎င်း၏ ဒုသမ္မတ မိုက်ပန့်စ်ကိုပင် လူစုလူဝေးဖြစ်အောင် သွေးထိုးလှုံ့ဆော်ကာ ပုန်ကန်စေခြင်းဖြစ်သည်။ ထို့ပြင် ဂျော်ဂျီယာပြည်နယ်အကြီးအကဲကိုလည်း ဖုန်းဆက်ပြီး ရှုံးနိမ့်ထားသည့် သမ္မတရွေးချယ်ပွဲတရားဝင်အတည်ပြုရလဒ်များ ပြောင်းပြန်လှန်သွားစေရန် “ငါလိုအပ်နေတဲ့မဲအရေအတွက်” ကို ရအောင်ကြံဖန်ပေးဦးဟု ဖိအားပေးခိုင်းစေခဲ့သည်။

ယမန်နေ့က အောက်လွှတ်တော်တွင် ဒေါ်နယ်ထရမ့်အား ပြစ်တင်ရှုတ်ချသည့်အဆိုကို အောင်မြင်စွာ မဲခွဲဆုံးဖြတ်ပြီးဖြစ်သည်၊ အရပ်စကားနှင့်ပြောရလျှင် တရားခွင်တွင် စွဲချက်တင်ပြီးဖြစ်သွားပါသည်။ ထိုအဆိုကို အထက်လွှတ်တော်သို့ တင်သွင်းပြီး အထက်လွှတ်တော်ရှိ ဒီမိုကရက်များနှင့်အတူတကွ ရီပါဘလစ်ကန်လွှတ်တော်အမတ်များက လိုအပ်သည့်မဲအရေအတွက် သုံးပုံနှစ်ပုံဖြင့် မဲခွဲကာ ဒေါ်နယ်ထရမ့်အား သမ္မတရာထူးမှ ချက်ခြင်းဖယ်ရှားရမည်ဖြစ်ပါသည်။

ဆီးနိတ်အထက်လွှတ်တော်က ဒေါ်နယ်ထရမ့်အား နောက်တစ်ကြိမ် မည်သည့်နိုင်ငံ့ရာထူးမှ တာဝန်ထမ်းဆောင်နိုင်ရန် မသင့်ကြောင်းလည်း ဆုံးဖြတ်သင့်ပါသည်။ ထိုသို့ဆုံးဖြတ်ချက်ချရန် အထက်လွှတ်တော်၏ သုံးပုံနှစ်ပုံမဲရရန်မလိုဘဲ အထက်လွှတ်တော်အမတ် ၁၀၀ ရှိသည့်အနက် ၅၁ မဲဖြင့် ရိုးရှင်းသည့် လူများစုကဆုံးဖြတ်သည့် ဆုံးဖြတ်ချက်မျိုးသာ လိုပါသည်။

သမ္မတဒေါ်နယ်ထရမ့်ကို အရေးတကြီး ယခုကဲ့သို့ အောက်လွှတ်တော်တွင် စွဲချက်တင် အထက်လွှတ်တော်တွင် ပြစ်ဒဏ်ပေးသင့်မပေးသင့် ဆွေးနွေးကြားနားသည့် လွှတ်တော်အစည်းအဝေး အမြန်ခေါ်ယူရပါမည်။ ယခုဖြစ်စဉ်သည် ရှည်လျားရှုပ်ထွေးနေသော အဖြစ်အပျက်မဟုတ်ပါ။

ဂျော်ဂျီယာပြည်နယ်အကြီးအကဲ Brad Raffensperger အား မဲအကြံအဖန်လုပ်ရန် တောင်းဆိုသော ဒေါ်နယ်ထရမ့် ဖုန်းထဲတွင်ပြောထားသည့် အသံဖိုင်သည် အများပြည်သူရှေ့မှောက်တွင် ရောက်ရှိနေပြီးဖြစ်ပါသည်။ လွှတ်တော်အဆောက်အအုံသို့ ချီတက်ပြီးဆန္ဒပြရန် ၎င်းက ၎င်းကိုထောက်ခံသူများကို ပြောဆိုမှုများသည် ရုပ်သံမှတ်တမ်းများတွင် သက်သေရှိသကဲ့သို့၊ ထို့နောက်ပိုင်း ဖြစ်ပေါ်လာခဲ့သည့် လွှတ်တော်ဝင်စီး၊ အကြမ်းဖက်ခဲ့သမျှကို ရုပ်မြင်သံကြားဖန်သားပြင်ပေါ်တွင် အားလုံး ကြည့်ရှုခဲ့ရပြီးဖြစ်ပါသည်။

ဥပဒေသဘောတရားအားဖြင့်လည်း ဘာမျှနားလည်ရန် ခက်ခဲသည့်အရာ မဟုတ်ပါ။ ရာဇဝတ်မှုကြီးများနှင့် မပြုအပ်သင့်သည့် ကိစ္စရပ်များဆိုသည်ကို အခြေခံဥပဒေတွင် ပြစ်တင်ရှုတ်ချထိုက်သည့် ပြစ်မှုများဖြစ်ကြောင်း အနက်ဖွင့်ဆိုထားပြီး ထိုအမှုများသည် အမေရိကန်ပြည်ထောင်စု၏ ဒီမိုကရေစီအားလည်း တိုက်ခိုက်ကျူးလွန်သည့် ပြစ်မှုများပင်ဖြစ်ပါသည်။ ထရမ့်၏ ပုန်ကန်ရန် သွေးထိုးလုပ်ဆောင်မှုများသည် ပြစ်တင်ရှုတ်ချထိုက်သည့်အမှုဖြစ်ကြောင်း မေးခွန်းထုတ်စရာမလိုပါ။

ဆီးနိတ်အထက်လွှတ်တော်အမတ် (ရီပါပဘလစ်ကန်ပါတီမှ) မစ်(ချ်) မက်ကောနဲလ်က အထက်လွှတ်တော်အမတ်အများစု သဘောမတူလျှင် ဂျိုးဘိုင်ဒန်ကျမ်းသစ္စာခံသည့် ဇန်နဝါရီ ၂၀ မတိုင်မီတွင် ဒေါ်နယ်ထရမ့်ကို ပြစ်တင်ရှုတ်ချသည့် ကြားနာပွဲမစတင်နိုင်ကြောင်း ပြောဆိုထားပါသည်။

အမှန်မှာ အထက်လွှတ်တော်တွင် ဒီမိုကရက် လွှတ်တော်အမတ်အနည်းစုကို ဦးဆောင်သူ ချက်ရှုးမားက အရေးပေါ်အခြေအနေများတွင် အထက်လွှတ်တော်ကို ချက်ခြင်းဆင့်ခေါ်ကျင်းပခွင့်ရှိကြောင်းဆိုထားပြီး ထိုကဲ့သို့လုပ်ခွင့်ရှိသည့် စည်းမျဉ်းများ ရှိပြီးဖြစ်ပါသည်။ ကိုယ့်နိုင်ငံအား ပုန်ကန်စေရန် လှုံ့ဆော်ရန်အားထုတ်ခဲ့သော သမ္မတတစ်ဦးကို ရာထူးမှဖယ်ရှားဖို့အရေးသည် အရေးပေါ်အခြေအနေထဲ သေချာပေါက်အကျုံးဝင်ပါသည်။

ယခုအခြေအနေတွင် ထရမ့်သည် အမေရိကန်ဒီမိုကရေစီအား ခြိမ်းခြောက်နိုင်ရန် အင်အားချိနဲ့သည့် အနေအထား ဖြစ်နေနိုင်ပါသည်၊ သို့ရာတွင် သူသည် ၂၀၂၄ တွင် သမ္မတရာထူးအတွက် နောက်တစ်ကြိမ် ဝင်ရောက်ယှဉ်ပြိုင်ဦးမည်ဖြစ်ကြောင်း အရိပ်အမြွတ် ဆိုထားပါသည်။ လွန်ခဲ့သည့် ဆောင်းဦးကာလတွင် ဒေါ်နယ်ထရမ့်သည် မဲဆွယ်လှုပ်ရှားမှုများအတွက် ရံပုံငွေရှာရာတွင် ဒေါ်လာ ၄၉၅ သန်း ရရှိခဲ့ပါသည်။

၎င်းကို ပြည်သူအချို့က မည်သို့ပင်ဆက်ပြီးထောက်ခံနေစေကာမူ ဒေါ်နယ်ထရမ့် သမ္မတရာထူး နောက်တစ်ကြိမ်မယူနိုင်ရေးအတွက် ပိတ်ဆို့တားမြစ်ရန်မှာ သင့်တော်သည်သာမက လိုလည်းလိုအပ်ပါသည်။ ထိုသို့မဖြစ်လာစေရန် ကျွန်ုပ်တို့ကြိုးပမ်းရမည်ဖြစ်ပါသည်။ သူသည် အမေရိကန်ပြည်ထောင်စုအတွက် အန္တရယ်ကောင်သာဖြစ်ပြီး လက်ရှိရာထူးမှ ဖယ်ရှားရုံသာမက နောက်တစ်ကြိမ် နိုင်ငံ့တာဝန်ထမ်းဆောင်ရန် အရည်အချင်းချို့ယွင်းကြောင်း သတ်မှတ်ရမည်ဖြစ်ပါသည်။

ဇန်နဝါရီလ ၁၃ ရက်တွင် ဖော်ပြထားသော New York Times သတင်းစာ၏ အတွေးအမြင်ဆောင်းပါးကို ဘာသာပြန်ထားခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading