လေထန်ကုန်းနှင့် ဦးသုံးကြိမ်

တစ်ဝိုင်းမှာ လက်ဖက်ရည် တစ်ခွက်ပဲမှာပြီး မျှသောက်ဖူးကြတယ်။ ရေနွေးကြမ်းအိုးတွေ တစ်အိုးပြီးတစ်အိုး မှာသောက်ဖူးကြတယ်။ ကိုယ့်စာမူခနဲ့ သူ့ကို လက်ဖက်ရည်တိုက်ပြီး သူ့စာမူခနဲ့ ကိုယ်လည်း လက်ဖက်ရည် သောက်ဖူးတယ်။ ‘လေထန်ကုန်း’ မှာ ဘေးချင်းကပ်ပြီး ထိုင်ဖူးကြတယ်။

သရုပ်ဖော် - မိုးထက်မိုး

(က)

တစ်နေ့သ၌ ကျွန်ုပ်သည် ‘သရုပ်ဖော်ပုံ ကားတစ်ချပ်ကို စိတ်ပါလက်ပါ ရေးဆွဲလျက်ရှိ၏။ အနှီသရုပ်ဖော်ပုံကား ပုံမှန် သရုပ်ဖော်ရေးဆွဲနေကျဆိုဒ် A4 တို့၊ A3 တို့ မဟုတ်မူဘဲ မူကွဲကာ ‘၁၀ ပေ x ၇ ပေ’ လောက် ရှိပါပေ၏။ ပုံကလည်းကြီးမားကာ အခရိုင်းလစ်အရောင်တွေကလည်း စုံလွန်းလှပါပေတော့၏။ ကျွန်ုပ်ရေးဆွဲနေသည်မှာ မိမိနေအိမ်ရှိ ပုံရေးစားပွဲပေါ်မှာမဟုတ်ဘဲ မြို့တော်ရန်ကုန်၏ အသည်းနှလုံး ဆူးလေလမ်းမကြီးနှင့်ကပ်လျက် ၃၃ လမ်း (အထက်) နောက်ဖေးလမ်းကြားမှာ ဖြစ်ပါ၏။

ဒီမှာဘက်ခေတ်အစိုးရတွေ လက်ထက်မှာ မြို့တော်ရန်ကုန်၏ နောက်ဖေးလမ်းကြားတွေကိုရှင်းလင်းကာ သာယာစိုပြည်လာအောင် ကြံဆောင်ဖန်တီးပြီး ရပ်ကွက်နေလူထု အပန်းဖြေနားနေစရာ နေရာလေးတွေ ဖြစ်အောင် ပြုစုပျိုးထောင်နေချိန်မှာ ကျွန်ုပ်တို့လည်း တတ်သည့်ပညာမနေသာဆိုသလို ပရဟိတ အခမဲ့အကျိုးဆောင်ပေးနေခြင်းလည်း ဖြစ်ပါ၏။

“ဆရာ ဆာသော်ဒိုးရေ . . . အင်တာဗျူးလေး နည်းနည်းရိုက်ချင်လို့”

၃၃ လမ်း နောက်ဖေးလမ်းကြားရှိ ကျောက်တံတား ရဲစခန်း၏ ကျောဘက်နံရံမှာ အမှန်အကန် စိတ်နှစ်ကာ ရေးနေခိုက် အနောက်ဘက်ဆီမှ ဤသို့ အသံပေါ်လာတာ ဖြစ်ပါ၏။ မီဒီယာတစ်ခုမှ အွန်လိုင်းတီဗွီအတွက် မေးမြန်းရိုက်ကူးမှုပြုရန် ခွင့်တောင်းလာပါလေ၏ ခင်ဗျာ။

(ခ)

မြို့တော်ရန်ကုန် ဒေါင်းတောင်းဧရိယာရှိ ပန်းဘဲတန်းမြို့နယ်တို့၊ ကျောက်တံတားမြို့နယ်တို့၏ နောက်ဘက်လမ်းကြားများမှာ အမှိုက်များ၊ အညစ်အကြေးများ၊ အဖီများ၊ အမိုးများ၊ အရှုပ်အပွများကို အချိန်ယူ ရှင်းလင်း၏။ ပြီးသော် ကွန်ကရစ် ပြန်လောင်း၏။ ပြီးသော် အချို့နံရံများကို ဖာထေးသင့်တာ ပြန်ဖာ၏။ သည့်နောက် ပန်းချီဆရာများ၊ ကာတွန်းဆရာများက တိုက်နံရံနှင့် ဝန်းကျင်နှင့် လိုက်ဖက်လှပအောင် ပုံများ ရေး

ခြယ်ပေးကြပါလေ၏။

ယခု အွန်လိုင်းတီဗွီတစ်ခုက အင်တာဗျူးလာပါ၏။ ယခု ၃၃ လမ်း (အထက်ဘလောက်) ကား စာပေလမ်း၊ အနုပညာလမ်းတစ်ခုဖြစ်ပေရာ ထိုအကြောင်းအရာများနှင့်ပတ်သက်၍ ဖြေကြားပေးပါရန် ပန်ကြားလာပါ၏။

“သည် ‘လေထန်ကုန်းလမ်းကြား’ နဲ့ပတ်သက်ပြီး ဆရာ့အနေနဲ့ အမှတ်တရလေးတွေ ရှိရင် ပြောကြားပေးပါ”

" ၃၃ လမ်းဟာ စာပေလမ်းပေါ့ ခင်ဗျာ။ ‘လေထန်ကုန်း’ လက်ဖက်ရည်ဆိုင်လေး စတင်ဖွင့်လှစ်တဲ့အချိန်ကစပြီး နောက်ဆုံး ဆိုင်ပိတ်သွားတဲ့နှစ်အထိ ထိုင်ဖြစ်ခဲ့ပါတယ်ခင်ဗျ။ လေထန်ကုန်းမှာ စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ ပန်းချီဆရာတွေ၊ ကာတွန်းဆရာတွေ၊ အယ်ဒီတာတွေ၊ ဂျာနယ်လစ်တွေ၊ အဆိုတော်တွေ၊ တေးရေးဆရာတွေ၊ ထုတ်ဝေသူတွေ၊ ရုပ်ရှင်သရုပ်ဆောင်တွေ၊ နယ်ပယ်ပေါင်းစုံက လူတွေ၊ အနယ်နယ်အရပ်ရပ်က အနုပညာရှင်တွေ ထိုင်ခဲ့ကြပါတယ်။ ဒီအထဲမှာ ‘စာပေနယ်’ က လူတွေကတော့ အများဆုံးပါ။ ရန်ကုန်အခြေစိုက် စာပေသမား ကြီးငယ်ပေါင်းစုံက လာထိုင်တာ မြင်ခဲ့ရပါတယ်။

ဆရာကြီးတွေကော၊ ဆရာလေးတွေကောပေါ့ဗျာ’ လေထန်ကုန်းမှာ မြင်တွေ့ခဲ့ရတဲ့ ဆရာတွေကို သူတို့ရဲ့ ‘ကလောင်’ အမည်တွေအတိုင်းပြောရရင် ပါရဂူ၊ ဒဂုန်တာရာ၊ မြသန်းတင့်၊ နတ်နွယ်၊ မောင်ပေါ်ထွန်း၊ မောင်သာရ၊ သုတေသီမြင့်ထွန်း၊ လင်းဝေမြိုင်၊ ဆင်ဖြူကျွန်းအောင်သိန်း၊ အီကြာကွေး၊ မင်းလူ၊ သုမောင်၊ ကိုအလင်္ကာ၊ ဗမိုး၊ တင်ဆွေမိုး၊ မောင်မိုးသူ၊ မောင်ဒီ၊ သန်းဌေးမောင်၊ မောင်နိုး၊ အောင်ဝေး၊ ဖေသိန်း၊ မောင်ဝဏ္ဏ၊ ကံချွန်၊ ချစ်စရာ၊ နေဝင်းမြင့်၊ သိုက်ထွန်းသက်၊ ရဲသျှမ်း၊ ဆူးငှက်၊ မင်းထက်မောင်၊ လွတ်လပ်အိမ်၊ သစ္စာနီ၊ ဖျာပုံနီလုံဦး၊ ခင်လွန်း၊ လှသန်း၊ နိုင်သစ်နီ၊ လူအိမ်၊ နေမျိုး၊ ငွေကြည်၊ ရွှေမင်းသား၊ ဇော်ဇင်၊ ဇာဂနာ၊ အရိုင်း၊ နေဇော်နိုင် . . . စသည်ဖြင့် အပါအဝင် ဆရာဖေမြင့် အထိပေါ့ဗျာ။ ဒီ ၃၃ လမ်း (အထက်) မှာ စာပေတိုက်တွေ၊ ပုံနှိပ်တိုက်တွေ၊ တေးသံသွင်းဆိုင်တွေလည်း အများကြီး ရှိခဲ့တာကိုး။ ဂုဏ်ထူးစာပေ၊ စာပေလောက၊ အင်ကြင်းမြိုင်စာပေ၊ ပေဖူးလွှာ မဂ္ဂဇင်းတိုက်၊ ရွှေအမြုတေ မဂ္ဂဇင်းတိုက်၊ မိုးဝေ မဂ္ဂဇင်းတိုက်၊ အလင်းတန်း ဂျာနယ်တိုက်၊ ဂီတာဖေဝင်း တေးသံသွင်းဌာန . . . အစစအရာရာ စုံလှပါသဗျာ။ ဒါတွေကို အင်တာဗျူး ထဲမှာလည်း ထည့်ဖြေဖြစ်ခဲ့ပါတယ်။

(ဂ)

‘လေထန်ကုန်း’ မတိုင်ခင်က ‘ရွှေကြည်အေး’ ရှိတယ်ဗျ။ ၃၃ လမ်းနဲ့ အနော်ရထာလမ်းထိပ် အနောက်ဘက်ထောင့်ဟာ ‘ရွှေကြည်အေး’ ပေါ့။ ‘ရွှေကြည်အေး’ မှာ အနုပညာသမားတွေ ထိုင်ကြတယ်။ အောင်ချိမ့်၊ မောင်ချောနွယ်၊ သစ္စာနီ၊ သိဒ္ဓတ္ထလှိုင်၊ ကိုလေးလွင်၊ မောင်ဆွေနွယ်၊ မုတ်သုန်၊ ကိုဆွေ အစရှိသူတို့ကို တွေ့ခဲ့ရပါတယ်။ ‘ရွှေကြည်အေး’ ရှေ့ က အခုအထိရှင်သန်နေဆဲ ‘ခရေပင်’ ရဲ့ အောက်က အုတ်ခုံလေးမှာလည်း အနုပညာသမားတွေ နှစ်နှစ်သက်သက်ကို ထိုင်တတ်ကြပါတယ်။ ‘ရွှေကြည်အေး’ ကို ကောင်းကောင်း မီလိုက်ပြီး အပတ်စဉ် တစ်ရက် နှစ်ရက်တော့ ထိုင်ဖြစ်ပါတယ်။ စာမူအပေးအယူ၊ စာမူခ အပေးအယူ အချိန်းအချက်ကို ‘ရွှေကြည်အေး’ မှာ လုပ်ခဲ့ကြတယ်။

‘ရွှေကြည်အေး’ က မျက်နှာစာ ‘နှစ်ဖက်ဖွင့်’ ပေါ့။ ၃၃ လမ်းဘက်မှာ တစ်ပေါက်၊ အနော်ရထာလမ်း ဘက်မှာ တစ်ပေါက်။‘ရွှေကြည်အေး’ နောက်ပိုင်းမှာ အနုပညာသည်တွေဟာ‘လေထန်ကုန်း’ မှာ တပ်စွဲကြပါတယ်။ ရုပ်ရှင်မင်းသားမြတ်လေးကြီးလည်း လာတယ်။ ကဗျာဆရာ မောင်စိမ်းနီကြီးလည်း သူ့လွယ်အိတ် ဧရာမဖားဖားကြီးနဲ့ စာအုပ်တွေ အပြည့်၊ စာအိတ်တွေ အပြည့်နဲ့ အမြဲတမ်း လာလာထိုင်တာ မြင်ရပါတယ်။ တင့်တင့်ထွန်းတို့ကလည်း ဒီလမ်းမှာ နေတယ်။ နာမည်ကျော် ဓာတ်ပုံဆရာကြီးတွေလည်း ဆိုင်တွေ ဖွင့်ထားတယ်။ ‘မကြီးစန်းပေါက်စ’ လေးလည်း ရောက် ရောက်လာတတ်တယ်။

စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာ ကြီးငယ်ပေါင်းစုံ ထိုင်ကြတာ မြင်ရပါတယ်။ နယ်ပေါင်းစုံက စာပေသမားတွေ ရန်ကုန်ရောက်ကြရင်လည်း ‘လေထန်ကုန်း’ မှာ ဝင်လိုက် ထွက်လိုက် ထိုင်ကြပါတယ်။ လေထန်ကုန်းမှာ မထိုင်ဖူးတဲ့ စာပေသမား မရှိသလောက် ရှားပါတယ်။ လှသန်း၊ အောင်ဘညို၊ မိုဃ်းဇော်၊ စိုင်းဝင်းမြင့်၊ မိုးဝေး၊ လူအိမ်၊ ကိုရွေး၊ မင်းထက်မောင်၊ လွတ်လပ်အိမ်၊ ကောက်နွယ်(ကနောင်)၊ ဖျာပုံနီလုံဦး၊ ညွန့်သစ်၊ မောင်လင်းယုန်(ရှမ်းပြည်)၊ ဗမိုး၊ ညိုသစ်၊ သန်းအုန်း၊ ငုအိမ်ထက်မြက်၊ နီကိုရဲ၊ တာရာမင်းဝေ၊ မင်း

ခိုက်စိုးစန်၊ ညမင်းကျော်၊ CNK၊ မြတ်ကျော့၊ NCS၊ ကောင်းထက်၊ နေမင်း၊ အော်ပီကျယ်၊ ကိုရွှေထူး (ပြည်) ၊ စိုးစံဝင်း၊ စောမင်းဝေ၊ အောင်မော်၊ ဇော်မောင်၊ ဘဌေးကြည်၊ ဧကစာချို၊ အောက်တိုဘာ အောင်ကြီး၊ ကျော်ဇင်ကိုကို . . . အများကြီးပါဗျာ။ သူတို့တွေနဲ့ တစ်ဝိုင်းထဲ ထိုင်ဖူးတယ်"

တစ်ဝိုင်းမှာ လက်ဖက်ရည် တစ်ခွက်ပဲမှာပြီး မျှသောက်ဖူးကြတယ်။ ရေနွေးကြမ်းအိုးတွေ တစ်အိုးပြီးတစ်အိုး မှာသောက်ဖူးကြတယ်။ ကိုယ့်စာမူခနဲ့ သူ့ကို လက်ဖက်ရည်တိုက်ပြီး သူ့စာမူခနဲ့ ကိုယ်လည်း လက်ဖက်ရည် သောက်ဖူးတယ်။ ‘လေထန်ကုန်း’ မှာ ဘေးချင်းကပ်ပြီး ထိုင်ဖူးကြတယ်။

ကျောချင်းကပ်ပြီး ထိုင်ဖူးကြတယ်။ သူ့စာမူခထဲကနေ ကိုယ့်အတွက် ‘လမ်းစရိတ်’ ရဖူးသလို ကိုယ့်စာမူခထဲကနေ သူ့အတွက် ‘ဘော်ဒါကြေး’ ရက်ရက်ရောရော ပေးဖူးတယ်။ ‘လေထန်ကုန်း’ မှာ အမှတ်တရ များစွာ ရှိခဲ့ဖူးကြတယ်။

အခု… ‘စာပေလမ်းကြား’ စာ ကဗျာ အရုပ်များ ရေးဆွဲနေတာကတော့ ‘ကျောက်တံတားအမတ်’ နှမတော် ‘မကြည်ပြာ’ ရဲ့ အကူအညီတောင်းခံမှုအရပါ။ ပရဟိတ အခမဲ့ လာရောက် ရေးဆွဲပေးနေတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ဝက်လောက် က ‘မကြည်ပြာ’ နဲ့ ဆုံတော့ ‘အစ်ကိုရေ . . . အဲသလိုလေးတော့ လုပ်ချင်တယ် . . . ’ ဆိုတာနဲ့ အခုလို ကူညီဖြစ်တာပါ။ ကိုယ့်အလုပ်ချိန်ထဲကနေ အချိန်အချို့ ခွဲပြီး ‘စာပေလမ်းကြား’ကို ဝင်ရောက် ကူညီနေတာပါ။

(ဃ)

" ‘လေထန်ကုန်း' ကနေ အမှတ်တရ အဖြစ်အပျက်တွေ ရှိရင်လည်း ပြောပြပေးပါဦး ဆရာ ဆာသော်ဒိုး"

"အမှတ်တရတွေကတော့ အများကြီးပါ။ နီကိုရဲနဲ့ တာရာမင်းဝေတို့လည်း လေထန်ကုန်း ဇာတ်လမ်းတွေထဲမှာ

ဆာသော်ဒိုးတို့ကို ထည့်ထည့် ကလော်ဖူးတယ်။ အစ်ကိုမင်းလူလည်း သူ့စာထဲမှာ ထည့်ထည့် နောက်ဖူးတယ်။ ဆာသော်ဒိုးလည်း ဒီလေထန်ကုန်းကနေ အစစ်အမှန်သရော်စာတစ်ပုဒ် ရဖူးတယ်ခင်ဗျ။ ခေါင်းစဉ်က

‘နှစ်ရာဖိုး သုံးကြိမ်’ တဲ့”

တစ်ခါတုန်းက နေ့လယ်ဘက် ဓမ္မာရုံပေါ်ကခုံမှာ ဆရာ‘အီကြာကွေး’ နဲ့ ထိုင်ပြီး တဝါးဝါး တဟားဟား လေပစ်နေတုန်း ဗြုန်းဆို ‘တနင်္ဂနွေနာမ်’နဲ့ စတဲ့ ‘အယ်ဒီတာလေး ပုလုကွေး’ ရောက်လာတယ်။ သူ့မဂ္ဂဇင်းမှာ အဲသည်လ ပါတဲ့ ဆရာကွေးရဲ့စာမူအတွက် စာအုပ်နဲ့ စာမူခ လာပေးတာပေါ့။ အဲသည်ကာလက စာမူခ လေးရာ၊ ငါးရာခေတ်။ ဆရာကွေးလည်း စာမူခထည့်ထားတဲ့ စာအိတ်အညိုကို ချက်ချင်းပဲ ဖွင့်လိုက်တော့… ‘ငွေကျပ်သုံးရာတိတိ’ ပဲ တွေ့ရတယ်။ ရရမှာက ‘ကျပ်ငါးရာ’ ဆိုတော့ကာ။ အယ်ဒီတာလေး ပုလုကွေးလည်း သူ့အင်္ကျီ အိတ်ကပ်ထဲ ဟိုနှိုက်သည်နှိုက်လုပ်ပြီး‘နှစ်ရာ’ ရှာသလိုလို ဘာလိုလိုပေါ့ဗျာ။ ပြီးတော့မှ စက္ကူဈေး

တွေ၊ ပုံနှိပ်ခတွေကို ညည်းပြရင်း ဘာမပြော၊ ညာမပြောနဲ့ ဓမ္မာရုံကြမ်းပြင် သမံတလင်းပေါ် ဆင်းထိုင်ကာ ဆရာကွေးကို 'ဦးသုံးကြိမ်' ချပါလေတော့တယ်။

“ဟဲ့. . . ဟဲ့ကောင် . . . ဘာလုပ်တာလဲဟ ဂုရု ငါ့ကို”

“ဆရာကွေးကို စာမူခ အပြည့်မပေးနိုင်လို့ တောင်းပန် ကန်တော့တာပါ”

“ဪ . . . အေးအေး . . . အေး . . ဟုတ်ပါပြီကွာ . .ဟုတ်ပါပြီကွာ. . . ”

လက်ဆယ်ဖြာဦးထိပ်တင် ကန်တော့ပန်းဆင်ပြီးတာနဲ့ အယ်ဒီတာလေး ပုလုကွေးလည်း သူ့တိုက်ရှိရာ ပန်းဆိုးတန်းကို ဒုန်းစိုင်းပါလေပြီ။

“လေထန်ကုန်းမှာ ကိုယ်တွေ့ဇာတ်လမ်းလေးပါ။ နောက်ထပ် ဇာတ်ဆန်းလေးတွေလည်း ရှိပါသေးတယ်ခင်ဗျ”

“ဟုတ်ကဲ့ပါဆရာ။ နောက်တစ်ခေါက်ကျ ထပ်မေးပါဦးမယ်”

***

ဆာသော်ဒိုး

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading