ရခိုင်နှင့်ရှမ်းတွင် ရွေးကောက်ပွဲ အမြန်ကျင်းပဖို့ တပ်က ထပ်တောင်းဆို

လုံခြုံရေးအရ မဲပုံးမထောင်ခဲ့ရသည့် နယ်မြေများတွင် ရွေးကောက်ပွဲလုပ်ရန် ခက်ခဲနေသည်ဟု အစိုးရနှင့် အာဏာရပါတီက ပြောသည် 

၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတွင် တွေ့ရသည့် ရခိုင်အမျိုးသားပါတီ၏ယာဉ်တန်းကို တွေ့ရစဉ်။ (ဓာတ်ပုံ-ဖဒူ ထွန်းအောင်/ Myanmar Now)

နို၀င်ဘာလက ရွေးကောက်ပွဲ မဖြစ်မြောက်ခဲ့သည့် ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်ရှိ မြို့နယ်များတွင် ရွေးကောက်ပွဲများ အမြန်ဆုံးကျင်းပပေးရန် တပ်မတော်က ယမန်နေ့ (ဇန်နဝါရီ ၇) တွင် တောင်းဆိုလိုက်သည်။ 

နိုင်ငံသားများ၏ ဒီမိုကရေစီနှင့် လွှတ်တော်အမတ်များမှတစ်ဆင့် ဖော်ဆောင်ပေးမည့် ဒီမိုကရေစီအခွင့်အရေးများ မဆုံးရှုံးစေရန် ရခိုင်ပြည်နယ်ရှိ ၉ မြို့နယ်နှင့် ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့နယ်တို့တွင် ရွေးကောက်ပွဲ ပြန်ကျင်းပပေးရန် သက်ဆိုင်ရာအဖွဲ့အစည်းများကို တပ်မတော်က တိုက်တွန်းခဲ့သည်။

“ပါတီစုံဒီမိုကရေစီစနစ်၌ လွတ်လပ်၍ တရားမျှတသည့် အထွေထွေရွေးကောက်ပွဲများ ကျင်းပနိုင်ခြင်း၊ မိမိဒေသနှင့် ဒေသခံလူထုကို ကိုယ်စားပြုသည့် ကိုယ်စားလှယ် ရွေးကောက်ပွဲမှတဆင့် ရွေးရွယ်နိုင်ခြင်းတို့သည် နိုင်ငံသူ၊ နိုင်ငံသားအားလုံး၏ ဒီမိုကရေစီအခွင့်အရေးပင်ဖြစ်ပါသည်”ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုဝင်ဘာ ၈ က ကျင်းပပြီးစီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်ရှိ ၁၇ မြို့နယ်အနက် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား ၊ ပုဏ္ဏားကျွန်း ၊ မြေပုံ၊ ပေါက်တော ၊ ရသေ့တောင်၊  ဘူးသီးတောင် ၊ မောင်တောနှင့် မြို့နယ်အချို့ရှိ မဲဆန္ဒနယ်များတွင် လုံခြုံရေးအရ ဆိုကာ ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိခဲ့ပေ။

ထို့ကြောင့် ရက္ခိုင့်တပ်တော် (AA) က ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ ပြန်ကျင်းပနိုင်ရေး နိုဝင်ဘာ ၁၂ တွင် ထုတ်ပြန်ချက်ထုတ်ခဲ့ပြီး တပ်မတော်ကလည်း ကြိုဆိုခဲ့ကာ ရွေးကောက်ပွဲအမြန်ဆုံးကျင်းပနိုင်ရေး တိုက်တွန်းခဲ့သည်ဟု တပ်၏ ယမန်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့ပြင် အာဏာရ အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ကိုယ်စားလှယ်လောင်းသုံးဦးကို AA က ဖမ်းဆီးထားသောကြောင့် ရခိုင်ပြည်နယ်အတွင်း လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း သုံးသပ်မှုများရှိသောကြောင့် တပ်မတော်က AA နှင့် ဆွေးနွေးခဲ့ပြီး ထိုသုံးဦး ပြန်လွတ်မြောက်ခဲ့ကြောင်း ဖော်ပြထားသည်။ 

ဥပဒေအရ ဆိုလျှင် ကြားဖြတ်ရွေးကောက်ပွဲကို လွှတ်တော်သက်တမ်း၏ ပထမနှစ်တွင် ကျင်းပနိုင်မည်မဟုတ်ပေ။

ထို့ကြောင့် ရခိုင်နှင့်ရှမ်းတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက လာမည့် ၂၀၂၂ တွင်သာ ကျင်းပနိုင်မည် ဖြစ်သည်။ ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲများကို ၂၀၁၂၊ ၂၀၁၇ နှင့် ၂၀၁၈ တို့တွင် ကျင်းပခဲ့သည်။ 

တပ်နှင့် AA  တောင်းဆိုနေသည့် ရွေးကောက်ပွဲ အရေးပေါ်ပြုလုပ်ရေး အလားအလာနှင့် ပတ်သက်ပြီး မေးမြန်းရာတွင် NLD ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာမျိုးညွန့်က ကြားဖြတ်ရွေးကောက်ပွဲသာ ကျင်းပနိုင်မည်ဟု ဆိုသည်။ 

“ရွေးကောက်ပွဲဥပဒေမှာ အထွေထွေရွေးကောက်ပွဲနဲ့ ကြားဖြတ်ရွေးကောက်ပွဲပဲ ရှိပါတယ်။ သူတို့ တောင်းဆိုနေတဲ့ နောက်ဆက်တွဲရွေးကောက်ပွဲသဘောမျိုး မရှိပါဘူး။ သူတို့တောင်းဆိုနေတာ ဥပဒေပါတဲ့ အချက်အလက်တစ်ခုကို မှားယွင်းအဓိပ္ပာယ်ကောက်နေတယ်လို့ ကျွန်တော်တို့ ထင်ပါတယ်" ဟု ၎င်းက ပြောသည်။ 

ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် လုံခြုံရေးအကြောင်းကြောင့်ဖြစ်စေ၊ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်စေ မဲပေးခြင်း ရပ်တန့်ပါက ရွေးကောက်ပွဲ ထပ်မံကျင်းပ၍ရပြီး ရွေးကောက်ပွဲမကျင်းပရန် ပယ်ဖျက်ပြီးဖြစ်ပါက ကြားဖြတ်ရွေးကောက်ပွဲသာ ပြန်ကျင်းပခွင့်ရှိကြောင်း ဒေါက်တာမျိုးညွန့်က ဆိုသည်။

ရွေးကောက်ပွဲဥပဒေ၊ အခန်း ၁၁၊ ကော်မရှင်၏ လုပ်ပိုင်ခွင့်များတွင် " မဲဆန္ဒနယ်တစ်နယ်၌ ရွေးကောက်ပွဲကျင်းပရေးအတွက် မဲစာရင်းပြုစုရန်သော်လည်းကောင်း၊ ဆန္ဒမဲပေးရန်သော်လည်းကောင်း လုံခြုံမှုအခြေအနေ မရှိလျှင် ယင်းမဲဆန္ဒနယ်အတွက် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းနိုင်သည်" ဟု ပါရှိပြီး "ကော်မရှင်သည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သလိုဆောင်ရွက်နိုင်သည်" ဟု ပါရှိသည်။ 

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကိစ္စရပ်များအတွက် ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်ကလည်း ရွေးကောက်ပွဲပြန်ကျင်းပနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တိုက်တွန်းခဲ့သည်။ 

သို့သော်လည်း ရခိုင်ပြည်နယ် ၉ မြို့နယ်နှင့်ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပရေးကိစ္စနှင့် ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲပြန်ကျင်းပနိုင်ရေးအတွက် လတ်တလောတွင် ခက်ခဲသည့်အခြေအနေများ ရှိနေကြောင်း ဇန်နဝါရီ ၈ ရက်နေ့ သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ထည့်သွင်းပြောခဲ့သည်။ 

" အထူးသဖြင့် လုံခြုံရေးဆိုင်ရာ အာမခံချက်မရလို့ ကျန်ခဲ့တာ ဖြစ်တယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ရပ်ဖြစ်ဖို့က ဒီလုံခြုံရေးဆိုင်ရာ အာမခံချက်လည်း လိုပါတယ်" ဟု ၎င်းက ပြောသည်။ 

" သက်ဆိုင်တဲ့ UEC (ရွေးကောက်ပွဲကော်မရှင်) ကို ဒီဒေသ၊ ဒီဒေသတွေကတော့ လုံခြုံရေးအာမခံတယ် ဆိုတာမျိုး၊ ပေးထားတာမျိုး မရှိဘူး။ ဒီကြေညာတဲ့အပိုင်းမှာ တပ်မတော်ဘက်က ညှိနှိုင်းဆွေးနွေးရေးအဖွဲ့တွေနဲ့ ကျွန်တော်တို့ကို ပြောပြတာ ရှိပါတယ်။ (တပ်မတော် နှင့် AA) ဆွေးနွေးညှိနှိုင်းတယ်ဆိုတဲ့အပိုင်းက မပြီးသေးဘူး။ ခဏတာနားလည်မှုနဲ့ (တိုက်ပွဲ) ရပ်နေတာ" ဟု ဦးဇော်ဌေးက ပြောသည်။ 

ရွေးကောက်ပွဲ ကျင်းပရေးကိစ္စအပါအဝင် ငြိမ်းချမ်းရေးကိစ္စများကို ဆွေးနွေးရန်အတွက် ရက္ခိုင့်တပ်တော် (AA) အပါအဝင် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နှင့် ဇန်နဝါရီ ဒုတိယအပတ်တွင်တွေ့ဆုံရန် အစိုးရဘက်က အဆိုပြုထားကြောင်း ဦးဇော်ဌေးက ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၌ တပ်မတော်နှင့် AA တို့ နိုဝင်ဘာလဆန်းမှစတင်ကာ တိုက်ပွဲများ ရပ်တန့်နေခဲ့ပြီး ရွေးကောက်ပွဲများ ပြန်ကျင်းပရန် တောင်းဆိုနေကြခြင်းဖြစ်ကာ ဒေသခံအများစုနှင့် ရခိုင်ပါတီများကလည်း ၎င်းနယ်မြေများတွင် ရွေးကောက်ပွဲ ပြန်ကျင်းပပေးစေလိုကြသည်။ 

တပ်၏ တောင်းဆိုချက်မှာ လက်ရှိလိုအပ်နေသည့် နိုင်ငံရေးအခင်းအကျင်းနှင့် အံဝင်ခွင်ကျဖြစ်ပြီး ကော်မရှင်က နောက်ဆက်တွဲရွေးကောက်ပွဲ မြန်မြန်ဆန်ဆန်လုပ်ပေးလျှင် ကောင်းသည်ဟု ရခိုင်အမျိုးသားပါတီ (ANP)၏ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးဖေသန်းက ပြောသည်။

“အစိုးရရဲ့သဘောထားမှတ်ချက်က သူတို့ (NLD ပြောခွင့်ရပုဂ္ဂိုလ်တွေ) ပြောနေတာကြားလို့ ကြားဖြတ်ရွေးကောက်ပွဲပဲ အားသာနေပုံရတယ်။ နောက်ဆက်တွဲရွေးကောက်ပွဲကို သူတို့ လက်ခံချင်ပုံမရ။ အဲဒီလို တောင်းဆိုရင်း အချိန်လည်း ဇန်နဝါရီလဖြစ်လာပြီ။ ဒါပေမယ့် တပ်မတော်က နောက်ထပ်ကြိုးစားမှု ၊ ခြေလှမ်းတစ်ခုလို့ မြင်တယ်။ မျှော်လင့်ချက်ကတော့ သိပ်မထားတော့ဘူး”ဟု ဦးဖေသန်းက ဆိုသည်။

ရခိုင်ပြည်နယ်မြို့နယ်အများစုတွင် ရွေးကောက်ပွဲမကျင်းပနိုင်ပါက လူထုကို ကိုယ်စားပြုမှု လျှော့နည်းသွားမည်ဖြစ်ပြီး အားနည်းသည့် လွှတ်တော်၊ အစိုးရသာ ပေါ်ပေါက်လာမည်ဟုဆိုသည်။

ရခိုင်အမျိုးသားပါတီ (ANP) သည် ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် နေရာအများစုအနိုင်ရခဲ့ပြီး ပြည်နယ်လွှတ်တော်ကို ဦးဆောင်ခွင့်ရခဲ့ကာ NLD အစိုးရဝန်ကြီးတစ်ဦးကိုလည်း စွပ်စွဲအပြစ်တင်ကာ ဖြုတ်ချနိုင်ခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်မြို့နယ်အများစုတွင် ရွေးကောက်ပွဲမလုပ်ခဲ့သော်လည်း ANP ပါတီသည် ပြည်ထောင်စုလွှတ်တော် ၁၃ နေရာအနက် ၈ နေရာ အနိုင်ရခဲ့ကာ ကျန် ၅ နေရာကို NLD က  ၃ နေရာ၊ ပြည်ခိုင်ဖြိုး (USDP) နှင့် ရခိုင့်ဦးဆောင်ပါတီ (AFP) တို့က ၁ နေရာစီ ရရှိခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading