ဖုန်းတောင်းယာစကာတို့ ပေါများသည့်မြေ

သူတို့က တကယ်စားစရာမရှိလို့ တောင်းနေတာလား၊ ဂိုဏ်းဖွဲ့ပြီးတောင်းနေတာလား၊ သူတို့က ကျောင်းမနေကြဘူးလား၊ ကျောင်းမနေရင် အစိုးရက အရေးမယူဘူးလား၊ အစိုးရက လူမှုဖူလုံရေး အထောက်အပံ့တွေ မပေးဘူးလား၊ မြန်မာပြည်မှာ အလုပ်လက်မဲ့နှုန်းက ဘယ်လောက်ရှိသလဲ စသည်ဖြင့် လျှာကြောရှည်နေကြပေရာ တနေကုန် ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ပါသော်လည်း ထမင်းစားချိန်တွင် ထမင်းကောင်းကောင်းမစားရဘဲ အပိုဆာဒါးများနှင့် ဝိုင်းဝိုင်းလည်လာကြသောကြောင့် ဧည့်လမ်းညွှန်မှာ ကျွဲမြီးတိုလာကာ လက်ထဲတွင်အသင့်ကိုင်လာသော ကင်မရာဖြင့် ထိုးချိန်လိုက်မှ(သက်ဆိုင်ရာသို့ သက်သေသက်ကာယဖြင့် တိုင်မှာစိုးသဖြင့်) ခွက်ထိုးသမားများမှာ ပြေးသူပြေး ပုန်းသူပုန်း ဆဲသူကဆဲ မြည်တွန်တောက်တီးကာ လူစုကွဲလေသည်။

နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားများကို ဧည့်လမ်းညွှန်အဖြစ် လိုက်ပါပို့ဆောင်ရတိုင်း မန္တလေးသို့ မကြာခဏရောက်တတ်ပါသည်။ မန္တလေးရောက်တိုင်းကျွန်တော်တို့ ဧည့်လမ်းညွှန်များ မရောက်မဖြစ် ရောက်ကြသောနေရာမှာ အမရပူရ ရွှေမြို့တော်မှ မဟာဂန္စာရုံ ဘုန်းတော်ကြီးကျောင်းတိုက်ဖြစ်ပါသည်။ ထိုဘုန်းကြီးကျောင်းစာသင်တိုက်၌ သံဃာအပါး ရှစ်ရာမှ တစ်ထောင်ဝန်းကျင်ရှိတတ်ပြီး သံဃာတော်များ ဆွမ်းစားဆောင်သို့ကြွချီလာပြီး ဆွမ်းဘုန်းပေးပုံမှာ ဗုဒ္စသာသနာအတွက် ကြည်ညိုဖွယ်ကောင်းလွန်းသဖြင့် တိုးရစ်များက တကူးတကလာကြည့်ကြခြင်းဖြစ်သည်။ အများအားဖြင့် မဟာဂန္စာရုံတွင် ဆွမ်းစားချိန်မြင်ကွင်းကိုပြပြီးသောအခါ ဧည့်လမ်းညွှန်များသည် ဧည့်သည်ဖြစ်သူ နိုင်ငံခြားသားများကို ခေါ်ဆောင်ကာ ဘုန်းကြီးကျောင်းနှင့် ကပ်လျက်တည်ရှိသော ကမ္ဘာကျော် တောင်သမန်အင်းဆီသို့ ချီတက်ကြစမြဲဖြစ်သည်။

တောင်သမန်အင်းရေပြင်၌ ကမ္ဘာကျော် ဦးပိန်တံတားရှိသည်။ ငှက်လှေကလေးများ ရှိသည်။ ဘူးသီးကျော်ဆိုင်များရှိသည်။ ဆရာတော် ဦးပညာ(အမရပူရ၏) ကျောင်းသင်္ခန်းနှင့်မယ်ဇယ်ပင်တန်းရှိသည်။ တောင်မင်းကြီးမြတ်စွာဘုရားရှိသည်။ ချက်ချင်းရေး ချက်ချင်းရောင်းသော ဓားခြစ်ပန်းချီဆရာများရှိသည်။ လွှတ်ကြမလား ကုသိုလ်ရပါတယ် ဆိုသော စာကလေး၊ ဒီးဒုတ်၊ ဇီးကွက်ကလေးများရောင်းသော ငှက်လှောင်အိမ်များရှိသည်။ ဘော့စကိုင်းအစေ့များကို ပိုက်ဆံအိတ်လုပ်ရောင်းသော စျေးသည်များရှိသည်။ ကျောက်စိမ်းပုတီးများ လက်ကောက်ကလေးများကို မဝယ်မချင်း တောက်တဲ့ကပ် ကပ်ကာ Hello, what is your name? My name is Mya Mya ဆိုသောစကားကို နိုင်ငံခြားဘာသာ ၅ ခုလောက်နှင့်ပြောတတ်သော စျေးသည်ကောင်မလေးတွေရှိသည်။ ပြီးတော့ တောင်သမန်၏ သင်္ကေတတစ်ခုသဖွယ်ဖြစ်နေသော တောင်းရမ်းစားသောက်သူတွေ ရှိနေတတ်ပါသည်။

ကျွန်‌တော့်အတွေ့အကြုံအရ မြန်မာနိုင်ငံတွင် ခွက်ထိုးစီးပွားရေးသမား (သူတောင်းစားဟုရေးရမှာ အားနာသဖြင့် ဝေါဟာရအသစ်ထွင်လိုက်ပါသည်) အပေါများဆုံးနေရာသုံးခုမှာ ဦးပိန်တံတား၊ စစ်ကိုင်းတောင် အဆင်းလမ်းနှင့် ပဲခူးမြို့တို့ဖြစ်ပါသည်။ အခြားမြို့ ရွာများတွင် ကြိုးကြားကြိုးကြားသာတွေ့ရတတ်သော်လည်း ၎င်းနေရာသုံးခုမှာလောက် ရေရှည်စွဲ၍ တစ်စုတစ်ဝေးတည်း ကုမ္မဏီရုံးခန်းဖွင့်ကြသောနေရာ များများစားစား မရှိပါ။ ရန်ကုန်မြို့ကတော့ ထိုနှစ်နေရာပြီးလျှင် စတုတ္ထနေရာလောက် ချိတ်မည်ဟုထင်ပါသည်။ ဟိုယခင်ကဆိုလျှင် ဦးပိန်တံတားပေါ်မှာ တောင်းရမ်းစားသောက်သူ ခွက်ထိုးသမားများ ယခုထက် ပေါများပါသည်။ အများအားဖြင့် ၎င်းတို့မှာ ကိုယ်ပျက်နေသော ကိုယ်ရေပြားရောဂါသည်များ ဖြစ်ကြပါသည်။ ကိုယ်ရေပြားရောဂါသည် မဟုတ်သူများလည်း အနည်းငယ်ရှိပါသည်။ လွန်ခဲ့သော သုံးလေးနှစ်လောက်ကမူ သက်ဆိုင်ရာက အရေးယူဖယ်ရှားလိုက်သောကြောင့် တံတားပေါ်တွင် တောင်းရမ်းနေကြသော ကိုယ်ပျက်နေသည့် ဝေဒနာသည်များကို သိပ်ပြီးများများစားစား မတွေ့ရတော့ပါ။ သို့သော် ထိုက်သင့်သလောက်တော့ ကျန်ပါသေးသည်။

မန္တလေးဦးပိန်တံတား

ဓာတ်ပုံ-ရန်မိုးနိုင်/Myanmar Now 

ဦးပိန်တံတားရောက်တိုင်း ကျွန်‌တော် အမှတ်ရနေသော ခွက်ထိုးသမား တစ်ယောက်မှာ မျက်စိမမြင်သော လင်မယားဖြစ်ပါသည်။ မျက်စိမမြင်သည်မှာ လင်ယောက်ျားဖြစ်၍ မယားဖြစ်ဟန်တူသူကမူ ခြေအကောင်း လက်အကောင်း မျက်စိလည်းကောင်းပါသည်။ မိန်းမ၏အလုပ်မှာ မျက်စိမမြင်သောယောက်ျားအား တွဲခေါ်ကာ လမ်းပြရပါသည်။ ယောက်ျား လမ်းလျှောက်နိုင်ရန် ဖေးမကူညီရပါသည်။ တစ်ခါတစ်ရံ သနားကြပါရှင် စသည်ဖြင့် စျေးကွက်ချဲ့ထွင်ကာ ရောင်းအားမြှင့်တင်ရပါသည်။ သူတို့လင်မယားမှာ အသက်ခြောက်ဆယ်ခန့်ရှိကြမည်ဖြစ်ပြီး ယောက်ျားမှာ မျက်စိမမြင်သည်မှအပ ကိုယ်အင်္ဂါအားလုံး အကောင်းဖြစ်ပါသည်။ ကိုယ်ပျက်နေခြင်းလည်း မရှိပါ။ နွမ်းဖတ်သောအဝတ်ကိုပင် သပ်သပ်ရပ်ရပ် ဝတ်စားထားကြပါသည်။ ထိုလင်မယားကို သတိထားမိသည်မှာ သူတို့၏တောင်းရမ်းပုံနည်းဗျူဟာသည် သူများတကာ လုပ်ငန်းတူသူများနှင့် မတူခြားနားသောကြောင့် ဖြစ်ပါသည်။

သူတို့သည် အများသူငှာ ပင်ပင်ပန်းပန်းရှာထားရသောအသပြာငွေကို မျက်ရည်ခံထိုး၍ အလကားမတောင်းပေ။ သူတို့တတ်ကျွမ်းသောနည်းဖြင့် ဖျော်ဖြေရေး Live Show ကျင်းပကာ တောင်းရမ်းခြင်းဖြစ်သည်။ ဖျော်ဖြေပုံမှာ မယ်ဒလင်လေးတစ်လက်နှင့် ဆိုတီးကလေး လက်စွမ်းပြခြင်း ဖြစ်သည်။ အများအားဖြင့် လမ်းလျှောက်သွားရင်း အမျိုးသားဖြစ်သူက မယ်ဒလင်ကိုတီးကာ သီချင်းကလေးညီးလေသည်။ တစ်ခါတလေ သီချင်းမဆိုဘဲ တီးလုံးသက်သက်ဖြစ်သည်။ သူတို့အမြဲတီးလေ့ရှိသော တေးသွားတစ်ပုဒ်မှာ အဆိုတော် ဒိုရာသန်းအေး၏ လှေကလေးကိုလှော်မည် ဘေးမသန်းဘဲ အေးချမ်းတော့မည် ဟူသော တေးသီချင်းဖြစ်သည်။ အခြား ခွက်ထိုးသမားများမှာလည်း သူ့နည်းသူ့ဟန်ဖြင့်တောင်းကြရာ တံတားပေါ်တွင်ထိုင်တောင်းသော အခြားတစ်ယောက်မှာကား အင်္ဂလိပ်မြန်မာ ရောလျက် “ဟရို ဝမ်းကျပ် တူးကျပ်လောက် သနားခဲ့ပါ”ဟူသတည်း။

တရံရောအခါက ဧည့်လမ်းညွှန်အလုပ်ကိစ္စကြောင့် အနှီတောင်သမန်သို့ အမေရိကန်တိုးရစ် သုံးယောက်နှင့် ကျွန်တော်ရောက်ခဲ့ပါသည်။ မိခင်ဖြစ်သူ အသက်ခြောက်ဆယ်ခန့်အဖွားကြီးနှင့် သက်လတ်ပိုင်း သားတစ်ယောက်၊ သမီးတစ်ယောက်ဖြစ်သည်။ ဦးပိန်တံတားပေါ်မှ ခပ်ဝေးဝေးအထိ လျှောက်သွားကြမယ် ဆိုသောအခါ အမောမခံနိုင်သောအဖွားကြီးက မင်းတို့ပဲသွားကြပါ ငါဒီနေရာက စောင့်နေပါ့မယ် ဟုဆိုကာ ဦးပိန်တံတားပေါ်ရှိ သစ်သားခုံတန်းလျားတစ်ခုတွင် ထိုင်နေရစ်ပါသည်။ ကျွန်တော်နှင့် တိုးရစ်နှစ်ယောက်လည်း ဦးပိန်တံတားပေါ်တွင် ရှုခင်းကြည့်ရင်း၊ လတ်ဆတ်သောလေကိုရှူရင်း အရှေ့ဘက်သို့ လျှောက်လာခဲ့ကြပါသည်။ ထိုသို့ သွားလိုက် ရပ်လိုက်၊ နားလိုက် စကားပြောလိုက်ဖြင့် အချိန်ကုန်မှန်းမသိ ကုန်သွားပါသည်။ ၎င်းအပြင် တံတားအလယ်လောက် ရောက်သောအခါ ဘေးလှေကားမှ သောင်ပြင်ပေါ်သို့ဆင်းကာ အအေးဆိုင်ထိုင်ပြီး အုန်းရေများသောက်ကြပါသေးသည်။ ထို့အပြင် ငှက်လှေစီးကြည့်ချင်သည်ဆိုသဖြင့် သမ္ဗာန်တစ်စီးငှားပြီး လှေဖြင့် တံတားအောက်မှ ပြန်ကြပါသည်။ တိုတိုပြောရလျှင် ကျွန်တော်တို့သည် မူလက နာရီဝက်လောက် ကြာပါက ပြန်လာကြပါမည်ဟု သူတို့မိခင်ကြီးကိုပြောကာ စောင့်ခိုင်းခဲ့သော်လည်း တစ်နာရီကျော်ကျော် ကြာသွားပါသည်။ ကျွန်တော်တို့ပြန်ရောက်သောအခါ မိခင်ကြီးမှာ ထိုင်စောင့်နေရာတံတားပေါ်မှ လှေဆိပ်သို့ ဆင်းလာပါသည်။ ကျွန်တော်က စောင့်ခိုင်းပြီးမှာ ကြာသွားသည့်အတွက် တောင်းပန်ရာ တိုးရစ်အဖွားကြီးက “ရပါတယ် ငါလည်း ငါ့ဘာသာ ဖျော်ဖြေရေးလုပ်နေတာ“ ဟုပြောပါသည်။

စစ်ကိုင်းတောင်

မန္တလေးမြို့၊ မန္တလေးတောင်ပေါ်မှ မြင်ကွင်း။ ဓာတ်ပုံ-ရန်မိုးနိုင်/Myanmar Now 

ဘာတွေဖျော်ဖြေရေးလုပ်နေသနည်းဟု ကျွန်တော်တို့ကမေးသောအခါ တိုးရစ်အဖွားအိုက ပြောပြသည်မှာ ကျွန်တော်တို့ထွက်သွားသည်နှင့် သူလည်းပတ်ဝန်းကျင်ကိုလေ့လာကြည့်ရာ သူနှင့် မလှမ်းမကမ်း၌ အမျိုးသမီးတစ်ယောက်သည် ဖြတ်သွားဖြတ်လာ တိုးရစ်များထံမှ တောင်းရမ်းစားသောက်နေကြောင်း ထိုအမျိုးသမီးက “ဟလို မန်းနီး မန်းနီး” ဖြင့် အော်ဟစ်တောင်းရှာပါသော်လည်း အသံထွက်မပီသ၍ မန်းရီးမန်းရီးဟုသာ သူ့နားထဲတွင်ကြားရကြောင်း။ အသံထွက်မပီသသဖြင့် တိုးရစ်များကလည်း အဖက်မလုပ်ဘဲ လှည့်၍ပင်မကြည့်ကြကြောင်း။ သူလည်းပထမတွင် ထိုမြင်ကွင်းကို အေးအေးလူလူထိုင်ကြည့်နေသော်လည်း ခွက်ထိုးအမျိုးသမီး စျေးဦးမပေါက်တာကိုမြင်သဖြင့် တတ်သည့်ပညာ မနေသာဆိုသလို ဝင်၍ ကူကြောင်း။ ကူညီပုံမှာ တိုးရစ်များဖြတ်သွားသောအခါ ဟလိုမန်းနီးမန်းနီးဟု ကူအော်ပေးကြောင်း၊ အမေရိကန်အသံထွက်စစ်စစ်ကြောင့် တိုးရစ်များက လှည့်ကြည့်ကြကြောင်း၊ ထိုအခါ တောင်းရမ်းစားသောမိန်းမကို သူက လက်ညှိုးထိုးပြကြောင်း။ ထိုအခါ တိုးရစ်များက သဘောပေါက်သွားပြီး ပိုက်ဆံများထည့်ဝင်သွားကြောင်း။ နောင်အခါတွင် လက်ညှိုးထိုးပြရန်ပင်မလိုပဲ သူက ဟလိုဟလို မန်းနီးမန်းနီး ဟု အော်လိုက်သည်နှင့် ထိုမိန်းမက ခွက်ကိုထိုးခံပြီး ဖြစ်နေကြောင်း၊ မြန်မာ အမေရိကန်ပူးတွဲ၍ တောင်းရမ်းသည့် စီမံကိန်းမစ်ရှင်သည် အတော်ပင်ထိ‌ရောက်၍ တာသွားကြောင်း ခရေစေ့တွင်းကျပြောပြပါသည်။

အမှန်စင်စစ် ထိုအမျိုးသမီးကြီးသည် အမေရိကန်ပြည်ထောင်စု၌ သူဌေးကြီးတစ်ဦးဖြစ်သည်။ အနှီ သူဌေးရင့်မာကြီးတစ်ယောက်သည် တောင်သမန်အင်းကိုရောက်မှ ဘယ်ကဘယ်လိုစိတ်ပါသွားသည်မသိ သူဖုန်းစားပါတီတွင် မန်ဘာအသစ် ဖြစ်သွားပေတော့သည်။ ရေမြေကိုလိုက်၍ မြန်မာပြည်ရောက်ခိုက် ယာစကာစိတ်ပေါက်သွားသလား၊ ငရုပ်သီးနှင့်အပေါင်းအသင်းမှား၍ ကြက်သွန်မှာ ရောအထောင်းခံရခြင်းပေလော၊ သို့တည်းမဟုတ် တစ်သက်လုံး တောင်းရမ်းချင်သော မွေးရာပါဗီဇစိတ်သည် မအောင့်အီးနိုင်ဘဲ မြန်မာ့မြေတွင် ခေါင်းထောင်ထလာခြင်းပေလော၊ လူလူချင်း ကူညီချင်စိတ် သက်သက်ပေလော ဟူသည်ကား သူပဲသိပေတော့မည်။ ဤကား ကျွန်တော်ကြုံတွေ့ခဲ့သော တောင်သမန်အင်းစပ်မှ ဇာတ်လမ်းဖြစ်ပေသည်။

ပဲခူးတွင်တောင်းပုံမှာ ပို၍ ရုပ်ပျက်လေသည်။ သူဖုန်းစား ခွက်ထိုးသမားများသည် တိုးရစ်ကို ပစ်မှတ်ထား၏။ တိုးရစ်လာရာလမ်းကြောင်းကိုမှန်းဆရာ၌ ခရီးသွားကုမ္မဏီများထက် တော်၏။ သူတို့သည် နေရာတကာသို့ နေပူခံကာ‌‌လျှောက်မသွားပေ။ နေ့လယ်စာမစားမီ အချိန်လောက် ဆိုလျှင် ကြခတ်ဝိုင်းဘုန်းကြီးကျောင်းအထွက်မှ စောင့်တောင်း၏။ ထိုဘုန်းကြီးကျောင်းမှာ မန္တလေး မဟာဂန္စာရုံကျောင်းလိုပင် နာမည်ကျော်သဖြင့် သံဃာတော်များဆွမ်းစားချိန်တွင် တိုးရစ်များ လာကြည့်ကြသည်။ ထိုအချိန်ကောင်းကိုစောင့်ပြီး ဘုန်းကြီးကျောင်းအထွက်မှစောင့်၍ တောင်းခြင်းဖြစ်သည်။

ဆွမ်းစားပြီးချိန် တိုးရစ်များလူစုကွဲသောအခါ ခွက်ထိုးဘစ်စနက်သမားများသည် နေရာရွှေ့ကြ ပြန်ကုန်၏။ ဤတစ်ကြိမ်တွင် မူကား မလွဲနိုင်သောနေရာများဖြစ်သည့် ပဲခူးတွင် တိုးရစ်များ အများဆုံး နေ့လယ်စာ စားသုံးရာ စားသောက်ဆိုင်နှစ်ဆိုင်ဖြစ်သည့် ဟံသာဝတီစားသောက်ဆိုင်နှင့် သရီးဖိုက် စားသောက်ဆိုင်တို့ရှေ့မှ နှစ်ဖွဲ့ခွဲ၍ ပိတ်စောင့်ကြရာ တိုးရစ်များနှင့် ဧည့်လမ်းညွှန်များမှာ ပြေးစရာမြေမရှိ ကြတော့ပေ။ တောင်သမန်အင်းနှင့် ကွာသောအချက်မှာ ပဲခူးမှ ခွက်ထိုးသမားများမှာ သူတို့ကို သနားသည်ထက်သနားလာစေရန် ကိုယ်ပိုင်လား၊ နေ့စားဖြင့်ငှားထားသည်လား မသဲကွဲသော‌ နို့စို့အရွယ်ကလေးများကို ကိုယ်စီကိုယ်ငှ ချီပိုး၍ တောင်းရမ်းကြခြင်းဖြစ်သည်။ ကလေးများမှာလည်း ငိုယိုခြင်းမရှိဘဲ တညီတညွတ်တည်းပင်(ဘာမီတွန်များ တိုက်ထားသည့်သဖွယ်) အိပ်မောကျနေကြပေ၏။

ထိုမြင်ကွင်းကိုတွေ့သောအခါ စေတနာကောင်းသောတိုးရစ်များက မြန်မာကျပ်ငွေ၊ ဒေါ်လာ၊ ဘတ်ငွေ စသည်များကို ပေါပေါများများထည့်ဝင်ကြပေ၏။ အချို့ကမူ သူတို့က တကယ်စားစရာမရှိလို့ တောင်းနေတာလား၊ ဂိုဏ်းဖွဲ့ပြီးတောင်းနေတာလား၊ သူတို့က ကျောင်းမနေကြဘူးလား၊ ကျောင်းမနေရင် အစိုးရက အရေးမယူဘူးလား၊ အစိုးရက လူမှုဖူလုံရေး အထောက်အပံ့တွေ မပေးဘူးလား၊ မြန်မာပြည်မှာ အလုပ်လက်မဲ့နှုန်းက ဘယ်လောက်ရှိသလဲ စသည်ဖြင့် လျှာကြောရှည်နေကြပေရာ တနေကုန် ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ပါသော်လည်း ထမင်းစားချိန်တွင် ထမင်းကောင်းကောင်းမစားရဘဲ အပိုဆာဒါးများနှင့် ဝိုင်းဝိုင်းလည်လာကြသောကြောင့် ဧည့်လမ်းညွှန်မှာ ကျွဲမြီးတိုလာကာ လက်ထဲတွင်အသင့်ကိုင်လာသော ကင်မရာဖြင့် ထိုးချိန်လိုက်မှ(သက်ဆိုင်ရာသို့ သက်သေသက်ကာယဖြင့် တိုင်မှာစိုးသဖြင့်) ခွက်ထိုးသမားများမှာ ပြေးသူပြေး ပုန်းသူပုန်း ဆဲသူကဆဲ မြည်တွန်တောက်တီးကာ လူစုကွဲလေသည်။

ဤသည် ကားလမ်းပေါ်မှ မာဒင်္ဂ ဂိုဏ်းဝင်များအကြောင်းပေတည်း။ လမ်းပေါ်တွင်မတောင်းဘဲ အရိပ်ထဲ၊ ရုံးခန်းထဲ၊ အချို့ အဲကွန်းခန်းထဲမှတောင်းသော သူများကား ပို၍ နည်းဗျူဟာစနစ်ကျကာ သေသေသပ်သပ်ရှိကြပေသည်။ ကျွန်တော့်အသိ စာရေးဆရာတစ်ယောက် စင်္ကာပူတွင် အလုပ်သွားလုပ်ပြီး ရန်ကုန်သို့ အပြီးပြန်လာခဲ့ရာ ရန်ကုန်လေဆိပ်၌ “ဆရာကနိုင်ငံခြားမှာ ငါးနှစ်တောင်နေခဲ့တာဆိုတော့ တော်တော်စုမိမှာပဲ ကျွန်တော်တို့ကို မုန့်ဖိုးလေးပေးခဲ့ပါဦး“ ဟု ဝန်ထမ်းတစ်ယောက်ကတောင်းသဖြင့် စင်္ကာပူ ဆယ်ဒေါ်လာ ပူဇော်ပသခဲ့ရသည် ဟူ၏။ တစ်ယောက်ဆယ်ဒေါ်လာနှုန်းဖြင့်တွက်လျှင် ရန်ကုန်လေဆိပ်သို့ နေ့စဉ် လူအဝင်အထွက်မပြတ်သဖြင့် ဝင်ငွေမှာ နည်းမည်မဟုတ်ပေ။ အမှန်က ကျွန်တော့်မိတ်ဆွေမှာ ကျန်းမာရေးမကောင်းသဖြင့် အလုပ်ထွက်ကာ မြန်မာပြည်တွင်ဆေးကုရန် ပြန်လာခြင်းဖြစ်သည်။ ကားမောင်းသူအချို့မှာလည်း လှည့်ကင်းအဖွဲ့ကတားလျှင် ဆင်များ ခြင်္သေ့များဖြင့် ရှင်းကြရ၏။ ပါမစ်လျှောက်သောသူမှာလည်း ပါမစ်ကျလိုလျင် ပေးကြရပြန်၏။ ကျောင်းပြောင်းချင်သော ကျောင်းသားထံမှလည်း ကျောင်းအုပ်ကြီးများသည် တောင်းကြပြန်၏။ ၀န်ထမ်း နေရာကောင်းသို့ပြောင်းလိုလျှင် လုပ်ပိုင်ခွင့်ရှိသော အရာရှိကလည်း ဂါရဝပြုငွေအလိုရှိပေသည်။ ကန်ထရိုက်လုပ်ငန်းကြီးကြီး ရလိုပါလျှင်လည်း နားလည်မှုရှိဖို့လိုသည်။

ကျွန်တော့်မိတ်ဆွေတစ်ဦး၏ သားမက်သည် နယ်စပ်မြို့တစ်မြို့သို့ အကောက်ခွန်ဝန်ထမ်းတစ်ယောက် အနေဖြင့် ပြောင်းရွှေ့သွားပြီး ခြောက်လအတွင်းမှာပင် ရန်ကုန်မြို့ဆင်ခြေဖုံး၌ အိမ်တစ်လုံး ဝယ်နိုင်သွားလေသည်။ ကျွန်တော့်ငယ်သူငယ်ချင်းတစ်ယောက်မှာလည်း ဆယ်တန်း တဘုန်းဘုန်းကျနေသဖြင့် သူတို့အမျိုးများက (ဟိုစဉ်က) အစိုးရဓာတ်ဆီဆိုင်၌ အကူပန့်ကိုင်စာရေးအဖြစ် သွတ်သွင်းပေးလိုက်ရာ လခနည်းသော်လည်း သုံးနှစ်အတွင်းမှာပင် တိုက်နှင့်ကားနှင့် ဖြစ်သောဟူ၏။ ဆည်မြောင်းဦးစီးဌာနမှ ယာဉ်မောင်း(ဒရိုင်ဘာ)သည်ပင်လျင် မယား သုံးလေးယောက်ကို တင့်တင့်တယ်တယ် ထားနိုင်သည်အထိ အချို့ပုဂ္ဂိုလ်များ ဝင်ငွေကောင်းခဲ့ကြပေသည်။ အချို့…… အရာရှိအချို့မှာလည်း ရာထူးတာဝန်ထမ်းဆောင်ရင်း အောင်ဘာလေထီများ ဆယ်ခါပြန် ပေါက်သည်ထင်ရ၏။ သိန်းထောင်ကျော်တန်ကားကြီးများကို စီးနိုင်ကြပေသည်။ မြေစာရင်းဌာနနှင့် အခွန်ဦးစီးမှူးများမှာလည်း ငွေဝင်ဂါထာရှိကြပေကုန်၏။ အကျဉ်းဦးစီးဌာနနှင့်ရဲအရာရှိကြီးများ၊ တရားသူကြီး၊ ဥပဒေအရာရှိ၊ စည်ပင်အရာရှိများ၏ အိမ်တွင်လည်း လာဘ်ရွှင်ဂမုန်းတို့ တိုးတက်ဖြစ်ထွန်းကြကုန်၏။ အစိုးရဌာနအသီးသီး၏ ယန္တယားသည် ဆီမထည့်လျှင်မလည်သော အညာမှ ဆီဆုံအဟောင်းကြီးကဲ့သို့ ဆီထည့်မှ တကျွီကျွီ လည်ကြကုန်၏။

ထိုရောအခါ ကျွန်တော်သည် မြင်ခဲ့တွေ့ခဲ့ဖူးသော တောင်သမန်အင်းနှင့် ပဲခူးမှ ပုဂ္ဂိုလ်များကိုသတိရ လွမ်းဆွတ်မိပါသည်။ အကယ်စင်စစ် အလုပ်ချင်းတူသော်လည်း အကြံတူ နောက်လူသာစမြဲဟူသောစကားပုံအရ သူတို့လုပ်သော အလုပ်မျိုးကိုပင်လုပ်၍ သူတို့ထက် မြင်းမိုရ်တောင်နှင့် ဆီးစေ့လောက် ကွာဟနေသော ဘဝများကို မြင်ယောင်မိလေသည်။ လမ်းဘေးမှ ကယ်ပါနှင့် စောရများမှာမူကား ဘိစနက်မဟာဗျူဟာ နည်းစနစ် ချို့ယွင်းညံ့ဖျင်းမှုကြောင့် “ဟယ်လိုမန်းနီး“ အဆင့်မှ မတက်နိုင်ကြသေးပါတကား။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading