ကရင်ပြည်နယ် ဖာပွန်တွင် တပ်မတော်ကို ဒေသခံများ ဆက်တိုက်ဆန္ဒပြနေ

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော KNU နှင့် တပ်မတော်တို့ကြား ဒီဇင်ဘာလဆန်းမှ စတင်၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ကာ စစ်ရေးအခြေအနေ တင်းမာလျက်ရှိသည်

ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်အတွင်း ဇန်နဝါရီ ၆ ၌ ဒေသခံတစ်ထောင်ကျော်က စီတန်းလှည့်လည်၍ ဆန္ဒထုတ်ဖော်နေစဉ်။ (ဓာတ်ပုံ - ပေးပို့)

ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် ထောင်နှင့်ချီသော ဒေသခံများက တပ်မတော်ကို ကန့်ကွက်ကြောင်း ဒီဇင်ဘာ ၃၀ ရက်တွင် ဆန္ဒဖော်ထုတ်ခဲ့ပြီးနောက် ယမန်နေ့ (ဇန်နဝါရီ ၆) တွင်လည်း ထပ်မံဆန္ဒပြခဲ့ကြသည်။ 

ဖာပွန်ခရိုင်အတွင်း တပ်မတော်က စစ်ရေးတိုးချဲ့ဆောင်ရွက်မှုများ ရှိနေပြီး တိုက်ပွဲများ ထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်၍ ဒွယ်လိုးမြို့နယ် ဒေသခံ ၁,၀၀၀ ကျော်က ယမန်နေ့တွင် ထပ်မံ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ 

ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်အတွင်းရှိ လေးခေါ်ထီ၊ နားကိုခီး၊ မယ်သူနှင့် မယ်ဝေ ကျေးရွာအုပ်စုများမှ ဒေသခံများက ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး ၎င်းတို့အခက်အခဲများကို ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ကမ္ဘာ့ကုလသမဂ္ဂတို့က ဝိုင်းဝန်းဖြေရှင်းပေးရန် တောင်းဆိုခဲ့ကြသည်။

“မြန်မာစစ်တပ်သည် ဒေသတွင်း KNU သတ်မှတ်ထားသည့်နေရာထက် ကျော်လွန်ကာ လှုပ်ရှားသွားလာခြင်း၊ ပုံမှန် တပ်အင်အားဖြည့်တင်းပို့ဆောင်ခြင်း၊ ပဋိပက္ခဖြစ်စေနိုင်သည့် နယ်မြေထောက်လှမ်းမှုများ လုပ်ဆောင်ခြင်းအပြင် စစ်ဆင်ရေးအတွက် အသုံးပြုနိုင်ရန် လမ်းများဖောက်လုပ် ပြင်ဆင်လာခြင်းတို့ ပြုလုပ်လျက်ရှိကြောင်း” ဒေသခံများက ထုတ်ဖော်ဆန္ဒပြခဲ့ကြသည်။ 

ပြီးခဲ့သည့်  ဒီဇင်ဘာ ၃၀ ကလည်း  KNU တပ်မဟာ (၅) နယ်မြေတွင်းရှိ နေရာ ၃ နေရာ၌ ထောင်နှင့်ချီကာ ဒေသခံများက တပ်မတော်ကို ကန့်ကွက်ကြောင်း အလားတူ ဆန္ဒပြခဲ့ကြသည်။

ဖာပွန်ခရိုင်အတွင်း တပ်မတော်နှင့် KNU တပ်မဟာ (၅) တို့ ၂၀၂၀ ၊ ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ကာ လက်ရှိအချိန်ထိ အပြန်အလှန်ပစ်ခတ်မှုများ ရှိနေသည်။

“တပ်မတော်အနေနဲ့ ပြည်သူလူထုရဲ့ ဆန္ဒကို အလေးထားသင့်တယ်၊ တိုက်ပွဲဖြစ်တယ်ဆိုရင် အဓိက ခံရတာက ဒေသခံတွေပဲ ဖြစ်တယ်။ ဒေသခံတွေပဲ ဒုက္ခရောက်မယ်။ ဒေသခံတွေ ဒုက္ခရောက်ပြီဆိုရင် တိုင်းပြည်ပဲ နစ်နာမယ်” ဟု ကရင်လူငယ်ကွန်ရက် (KYN) အဖွဲ့ဝင် စောအဲလ်ဘတ်ချိုက Myanmar Now ကို ပြောသည်။

စစ်ရေးပြန်လည်တင်းမာလာမှု၏ အဓိကအကြောင်းအရင်းမှာ တပ်မတော်အနေဖြင့် ဒွယ်လိုးမြို့နယ်၊ မဲဝိုင်ရွာ ( ဒေသအခေါ် မယ်ဝေ)အနီး တပ်စခန်းများ ပိုမိုတိုးချဲ့လာခြင်းကြောင့်ဖြစ်ပြီး ယင်းပတ်ဝန်းကျင်နယ်မြေများတွင် KNU နှင့် တိုက်ပွဲများ ဖြစ်ပွားလာခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“တပ်စခန်းအသစ်တွေ ထပ်ပြီးတော့ တိုးချဲ့လာနေတာတွေ ရှိတော့ အဲဒါတွေက ထောက်ပြစရာ ရှိလာနေတယ်” ဟု စောအဲလ်ဘတ်ချို က ဆိုသည်။

အဆိုပါ စစ်ရေးတင်းမာမှုများကြောင့် ဖာပွန်ခရိုင်အတွင်းရှိ ကျေးရွာများမှ နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ ၃,၀၀၀ ခန့် ရှိလာသည်ဟု ကရင်ဒေသခံအဖွဲ့အစည်းများ၏ အချက်အလက်များအရ သိရသည်။

လက်ရှိအချိန်တွင် ဆောင်းရာသီလည်း ဖြစ်သောကြောင့် နေရပ်တိမ်းရှောင်နေရသူများအတွက် အခက်အခဲများ ရှိနေကြောင်း ဒေသခံအဖွဲ့အစည်းတစ်ခုဖြစ်သည့် ကရင်ကျောင်းသားကွန်ရက် (KSN) မှ အဖွဲ့ဝင် စောထူးထူးက ဆိုသည်။

“စားဝတ်နေရေးအရသော်လည်းကောင်း၊ လုံခြုံရေးအရသော်လည်းကောင်း အခက်အခဲတွေ အများကြီးရှိတယ်” ဟု  ၎င်းက ပြောသည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်အတွင်းကလည်း တပ်မတော်စခန်းများ ရုပ်သိမ်းပေးရေးအတွက် ဖာပွန်မြို့နယ်မှ ဒေသခံ ၄,၀၀၀ ကျော်ခန့်က ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

တပ်မတော်သည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ အချက်အလက်များကို ချိုးဖောက်နေကြောင်း ကရင်အရပ်ဘက်အဖွဲ့အစည်းများက ဝေဖန်ခဲ့ကြသည်။

တပ်မတော်နှင့် KNU တို့ ဆွေးနွေးနိုင်ခြင်း မရှိသေးချိန်တွင် တပ်မတော်က ဖာပွန်ခရိုင်အတွင်း တပ်အင်အားတိုးချဲ့ခြင်း၊ တပ်စခန်းသစ်များ ထပ်မံတည်ဆောက်ခြင်းများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။ 

အပစ်ရပ် NCA စာချုပ် အခန်း (၃) တွင် တပ်နေရာချထားရေးဆိုင်ရာကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးရမည်ဟု ပါရှိပြီး အပစ်ရပ်နယ်မြေအတွင်း နှစ်ဖက်တပ်များက နယ်မြေစိုးမိုးရေးလှုပ်ရှားမှုများ၊ စစ်အင်အားတိုးချဲ့ခြင်းများနှင့် တိုက်ခိုက်မှုများ မလုပ်ဆောင်ရန် ပါရှိသည်။

ကရင်အမျိုးသားအစည်းအရုံး( KNU) သည် အပစ်ရပ် NCA လက်မှတ်ရေးထိုးထားသော တိုင်းသားလက်နက်ကိုင် ၁၀ ဖွဲ့တွင် အပါအဝင် ဖြစ်သည်။ 

ကရင်ပြည်နယ်၊ ဖာပွန်ဒေသအတွင်း ၂၀၂၀၊ ဧပြီ ၁ မှ ဇွန် ၃ အတွင်း တပ်မတော်နှင့် KNU တပ်မဟာ (၅) တပ်ဖွဲ့ များ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှု ၈၈ ကြိမ် ဖြစ်ပွားခဲ့ကာ တပ်မတော်ဘက်က သတ်မှတ်နယ်မြေကျော်လွန်ခြင်းနှင့် တပ်စခန်းများ လာရောက်ချထားခြင်းတို့ကြောင့် ဖြစ်ကြောင်း KNU ဘက်က ထုတ်ပြန်ခဲ့သည်။ 

လက်ရှိ ဖာပွန်ခရိုင်တွင် တပ်မတော် ခြေမြန်တပ်ရင်း ၃၄၀၊ ၃၄၁၊ ၄၃၄ နှင့် ၆၄၂ တို့ ရှိပြီး အခြေချစစ်ဗျူဟာတစ်ဖွဲ့၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ရင်း ( BGF)  ၁၀၁၃ နှင့် ၁၀၁၄ တို့ ရှိနေသည်။

ပြန်လည်ဖြစ်ပွားလာသော စစ်ရေးတင်းမာမှုများနှင့်ပတ်သက်ပြီး တပ်မတော်နှင့် KNU တို့မှ တာဝန်ရှိသူများထံ Myanmar Now က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

“တာဝန်ရှိသူတွေအနေနဲ့ ဒေသခံပြည်သူတွေရဲ့ အသံကို နားထောင်ပေးဖို့ လိုတယ်၊ သူတို့ခံစားနေရတဲ့ ခံစားချက်၊ သူတို့ရဲ့ စိုးရိမ်ချက်တွေအပေါ်မှာ နားလည်စာနာပြီးတော့ သူတို့အသံကို သူတို့နေရာကနေဝင်ပြီး ကိုယ်ချင်းစာနာပေးဖို့ လိုတာပေါ့” ဟု ကရင်လူငယ်ကွန်ရက် ( KYN ) အဖွဲ့ အတွင်းရေးမှူး စောကျော်လင်းက ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading