လက်ခုပ်တီးကြသူများ

သရုပ်ဖော် - မိုးထက်မိုး

လက်ခုပ်သံများ၊ သို့မဟုတ် သြဘာသံများ၊ လက်ခုပ်သြဘာသံများ၊ လူအပေါင်း၏ ကျေနပ် နှစ်သိမ့်စွာ အသိအမှတ်ပြုခြင်း သင်္ကေတများဖြစ်လေသည်။ နှစ်ထောင်းအားရ တသသဖြစ်စေခဲ့သော လူတို့၏ စွဲလမ်းမှုပုံရိပ်များ၊ ရှည်လျားလှသော လက်ခုပ်သံများကို လက်ဖက်ရည်ဆိုင်တွေမှာပင် ကြားနေရသည်။ ပီတိတွေတရှိန်းရှိန်းထနေကြသည်။ ပြည်သူချစ်သော အနုပညာသည်များကို ပြည်သူတွေက လက်ခုပ်တီး၍ ကောင်းချီးမင်္ဂလာပြုနေကြသံများ၊ သို့မဟုတ် သွေးစည်းသံများ၊ ရှည်လျားလှပါဘိ။ ကြီးကျယ်ခမ်းနားလှပါဘိ။ သြော် …စိတ်လိုလက်ရတီးသော လက်ခုပ်သံများ။

အသေအချာ ခွဲခြမ်းစိတ်ဖြာကြည့်လျှင် လက်ခုပ်သံတိုင်း၌ အနက်ရှိလေသည်။ ဂယက်ရှိလေသည်။ စကားရှိလေသည်။ တရားရှိလေသည်။ လက်ခုပ်သံတိုင်းကို နက်နက်ရှိုင်းရှိုင်း တူးဆွကြည့်ဖူးပါသလား။ မဆုံးနိုင်အောင် ရှည်လျားသော အတွေးပုစ္ဆာများနှင့် ဒုတ်ဒုတ်ထိ ရင်ဆိုင်ရဖွယ်ရှိလေသည်။ သို့သော် အတွေးများနှင့် နေထိုင်ရခြင်းကို နှစ်သက်သူဖြစ်ဖို့တော့ လိုပေသည်။ တချို့ကိစ္စရပ်တွေမှာ သင်ကြားပေး၍လည်း မရနိုင်ပါ။ အမှန်တကယ် သင်ကြားပေးနိုင်သော သင်တန်းကျောင်းမျိုးလည်း မရှိနိုင်ပါ။ ကိုယ်ရည်ကိုယ်သွေးနှင့်သာ တိုင်းတာဆုံးဖြတ်ရနိုင်သော ကိစ္စ ရပ်မျိုးဖြစ်သည်။ လောကတွင် အနက်နဲဆုံး အသိဉာဏ်မှာ စဉ်းစားတွေးခေါ်မြော်မြင်ခြင်းသာဖြစ်သည်။ စကားလုံးများ မပါဘဲ တိုက်ရိုက်သိရသည်။ ထိုးထွင်းသိမြင်ခြင်းဖြစ်လေသည်။

လက်ခုပ်သံ၏ အတွင်းသား၌ လျှို့ဝှက်သော အနက်သိပ်သည်းသော မူယာ၊ မာယာများလည်း ရှိနိုင်ပါသေးသည်။ နှစ်စဉ်နှစ်ခြိုက်စွာ အားပေးချီးမြှင့်သော လက်ခုပ်သံများ၊ အားနာပါးနာတီးသော လက်ခုပ်သံများ၊ ဘယာကြောင့်တီးသော လက်ခုပ်သံများ၊ ယဉ်ကျေးမှုအရ၊ ကျင့်ဝတ်အရ လက်ခုပ် သံဋီကာရယ်လို့ ရေးချင်စရာပင်ကောင်း ကောင်းသေးတော့။

လက်ခုပ်တီးခြင်းအလေးအထ ကမ္ဘာပေါ်တွင် မည်သည့်အချိန်က စတင်ခဲ့သနည်း။ ဗော်လဂါမှ ဂင်္ဂါသို့ လူ့သမိုင်းဖြစ်စဉ်ပြ ဝတ္ထုရှည်ကြီးထဲမှာတော့ ကမ္ဘာဦးကျောက်ခေတ်လူသားတွေက စတင်၍ လက်ခုပ်တီးခဲ့ကြသတဲ့။ သားကောင်များကို ခြောက်လှန့်ရာတွင်လည်းကောင်း၊ လူစုလူဝေးဖြင့် အချက်ပေးရာတွင်လည်းကောင်း လက်ခုပ်တီးခဲ့ကြသတဲ့။ ကမ္ဘာပေါ်ရှိ လူမျိုးတိုင်းက လက်ခုပ်တီးခြင်းအလေ့ကို နှစ်နှစ်သက်သက် ကျင့်သုံးလေ့ရှိကြသည်။ သို့သော် နိုင်ငံနှင့်လူမျိုးအလိုက်၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများအရ မသိမသာ၊ သို့မဟုတ် သိသာစွာကွဲလွဲနိုင်ကြလေသည်။ လူမျိုးတိုင်း၌ လက်ခုပ်တီးသောဓလေ့ရှိကြပါသည်။ ဘာကြောင့်တီးသလဲ၊ လူတစ်ကိုယ် လက်နှစ်ဖက်စီရှိကြသောကြောင့် လက်ခုပ်တီးခြင်းသည် ဘာမှအပန်းမကြီး‌သော အရင်းအနှီးမရှိသော မွေးရာပါတူရိယာပစ္စည်း ဖြစ်နေသောကြောင့်ဟု ထင်ပါသည်။

လူစုလူဝေးရှိသော နေရာတိုင်းလိုလိုမှာ (ခြွင်းချက်တော့ရှိပါသည်။) လက်ခုပ်သံများကို ကြား ရနိုင်ပါသည်။ နိုင်ငံရေးတရားပွဲများ၊ ကျန်းမာရေးဟောပြောပွဲများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပို့ချမှု များ၊ ဥရောပလွှတ်တော်များ၊ ဘောလုံးပွဲများစသဖြင့် နေရာဌာန အနှံ့မှာဖြစ်ပါသည်။ မြန်မာ့ရိုးရာ စိန်အိုးစည်သီချင်း၌ လက်ခုပ်တီးတာ မြန်မာ့နည်းပါဟု ပါလိုက်သေးသည်။ အမှန်တော့ သီချင်းရေး ဆရာ၏ ပမာဒလေခခြင်းဖြစ်ပါသည်။ လက်ခုပ်တီးခြင်းသည် မြန်မာလူမျိုးတစ်မျိုးတည်း၏ ကိုယ်ပိုင် နည်းနာတစ်ရပ်မဟုတ်ပါ။ ကမ္ဘာ့လူမျိုးစုကြီးတစ်ရပ်လုံး၏ ကမ္ဘာ့နည်းဖြစ်လေသည်။

အချက်ပေးခြင်း လူစုခြင်းအပါအဝင် လက်ခုပ်တီးခြင်းဖြင့် အပေါင်းလက္ခဏာသက်ရောက်မှု တစ်ခုခုကို ရရှိစေနိုင်သည်။ လက်ခုပ်သြဘာသံကို ကြားရခြင်းဖြင့် စင်မြင့်ပေါ်မှ သီချင်းဖြင့် ဖျော်ဖြေနေသူ၊ သို့မဟုတ် နိုင်ငံရေး၊ လူမှုရေးအကြောင်းအရာ တစ်ခုခုကို ဟောပြောနေသူအဖို့ အားတက်ခြင်း၊ ရွှင်လန်းဝမ်းမြောက်ခြင်း စသော တွန်းအားများကို ဖြစ်ပေါ်စေပါသည်။ ဖျော်ဖြေမှုကို မကြိုက်၍ဖြစ်စေ၊ ဟောပြောမှုကို မနှစ်သက်၍ဖြစ်စေ လက်ခုပ်သံဖြင့်ပင် ဆန့်ကျင်ကန့်ကွက်ခြင်း တစ်မျိုးကိုလည်း ပြုလုပ်နိုင်လေသည်။ သီချင်းဆိုမရအောင် သို့မဟုတ် ဟောပြောလို့မရအောင် စည်းချက်ဝါးချက် မကိုက်ညီစွာ လေးလေးတွဲ့တွဲ့တီးခြင်း၊ မညီမညာရှည်ရှည်မျောမျောတီးခြင်း၊ ကဘောက်တိ ကဘောက်ချာ တီးခြင်းဖြင့် ဆန့်ကျင်ကန့်ကွက်ခြင်းကို ဖော်ပြနိုင်လေသည်။ လှိုင်းလုံးကြီးကမ်းစပ်သို့ လှိမ့်လာသလို တိုးရာမှကျယ်၊ ကျယ်ရာမှ တဖြည်းဖြည်း ပြန်တိုးသွားသော နည်းဖြင့်လည်း ပရိသတ်အများစုကြီးက မိမိခံစားမှုကို ဖွင့်ထုတ်ပြန်နိုင်လေသည်။ ထို့ကြောင့် လက်ခုပ်သံဖြင့် အပေါင်းလက္ခဏာ ကောင်းချီးသြဘာပေး၍ ရနိုင်သလို အနုတ်လက္ခဏာ အပြစ်ပေး၍ လည်း ရနိုင်ပါသည်။

ပြောရလျှင်… လက်ခုပ်သံ၌ ဆွဲဆောင်ဖျားယောင်းမှုရှိပါသည်။ ညွတ်နူးလိုစိတ်ရှိပါသည်။ သူငယ်ချင်းဝတ္ထုတိုဆရာကတော့ ပြောဖူးသည်၊ လူဟာ ကိုယ့်ကိုမြှောက်ပင့်နေမှန်းသိရင်တောင် တစ်ဝက်တော့ သဘောကျနေတတ်သေးတယ်၊ အဲ… ကိုယ့်ကို မြှောက်မှန်းမသိရင်တော့ အပြည့်အ၀ သဘော ကျတတ်တယ်တဲ့။ အမှန်တရားနှင့် အတော်နီးစပ်သည့် မှတ်ချက်ဟု ဆိုချင်ပါသည်။

မြန်မာပြည်အနှံ့အပြား၌ လက်ခုပ်သံများကြားရနိုင်ပါသည်။ စင်မြင့်ဖျော်ဖြေပွဲများ၊ ဆုနှင်းသဘင်များ၊ စာပေဆုပေးပွဲများ၊ ဘောလုံးပွဲများ၊ ယုတ်စွအဆုံး မျက်လှည့်ပွဲများ၌ပင် လက်ခုပ်သံများ ကြားရတတ်ပါသည်။ သို့သော် လူစုလူဝေးရှိသောနေရာတိုင်း၌ လက်ခုပ်သံများ ကြားရလေ့ရှိသည် ဆိုလျှင် ရာခိုင်နှုန်းပြည့် မှန်ကန်မည် မဟုတ်ပါ။ ခြွင်းချက်တော့ ရှိနေပါသည်။ ဥပမာ မြန်မာလူမျိုးတို့၏ ထေရဝါဒဗုဒ္ဓဘာသာတရားပွဲများ၊ ဤလောကုတ္တရာဆိုင်ရာ တရားပွဲများ၌ လက်ခုပ်သံများ ကြားရမည် မဟုတ်ပါ။ လက်ခုပ်သံများအစား သာဓု သာဓု သာဓု (ကောင်းလေစွ ကောင်းလေစွ) ဟု ကြားရဖို့သာ ရှိပါသည်။ တရားပွဲများ၌ လက်ခုပ် လက်ဝါးတီး၍ အားပေးခြင်းအမှုကို ရိုင်းစိုင်းသောအပြုအမူအဖြစ် လူတွေက အစဉ်အဆက်လိုက်နာကျင့်သုံးနေကြလေသည်။

မြန်မာ့ဓလေ့၌ လက်ခုပ်တီးခြင်းကို လူ့ကျင့်ဝတ်အရ တင်းတင်းကျပ်ကျပ် လိုက်နာသော အခြားနေရာတစ်ခုမှာ အသုဘလိုက်ပါပို့ဆောင်စဉ် အချိန်ဖြစ်လေသည်။ ထိုအချိန်၌ လက်ခုပ်တီးမိလျှင် အကြီးအကျယ် ပြဿနာတက်နိုင်လေသည်။ အခန့်မသင့်လျှင် တုတ်ဆွဲ၊ ဓားဆွဲနှင့် လူသေဆုံး သည်အထိ ရန်ပွဲဖြစ်နိုင်သည်မှာ ဘာကြောင့်လဲ။ လူအများ ဝမ်းနည်းပူဆွေးနေစဉ် မိမိက ဝမ်းမြောက် ဝမ်းသာဖြစ်နေသည်ဟု အဓိပ္ပာယ်သက်ရောက်သွားနိုင်သောကြောင့် တစ်ကြောင်း၊ သေဆုံးသူကို သရော်မော်ကားပြုသည်ဟု ထင်မှတ်သွားနိုင်သောကြောင့် တစ်ကြောင်း လက်ခုပ်တီးခြင်းအမှုကို မည်သူကမှ မပြုလုပ်ကြချေ။ သို့သော် သချိုင်းသို့ရောက်ပြီး မြှုပ်နှံသဂြိုဟ်ခြင်းမပြုမီ (သေဆုံးသူက ထင်ရှားကျော်ကြားသော အနုပညာရှင်ဖြစ်လျှင်) သေဆုံးသူ၏ ဂုဏ်ပုဒ်ကို ဖော်ထုတ်ပြောကြားခြင်း၊ ကဗျာရွတ်ဆိုခြင်းများ ပြုလုပ်ပြီး လက်ခုပ်သြဘာပေးနိုင်ကြပြန်သည်။ ထိုအချိန် လက်ခုပ်တီးခြင်းက သေဆုံးသူ၏ ဂုဏ်ပုဒ်များကို ချီးကျူးဂုဏ်ပြုပါ၏။ သေဆုံးသူ၏ ကြီးကျယ်ခမ်းနားမှုကို မိမိကောင်းစွာ သိရှိပါသည်ဟု အဓိပ္ပာယ်သက်ရောက်သဖြင့် သေဆုံးသူကို ဂါရဝပြုခြင်းတစ်မျိုးဟု ယုံကြည်ကြလေသည်။

အသုဘပို့ဆောင်စဉ်နှင့် အခမ်းအနားကျင်းပနေစဉ် တစ်လျှောက်လုံး လက်ခုပ်သံ တဖြောင်းဖြောင်းကြားရသော လူမျိုးဆို၍ ကမ္ဘာပေါ်၌ အီတလီလူမျိုး တစ်မျိုးတည်းသာရှိလေသည်။ အီတလီ လူမျိုးတို့သည် အသုဘအခမ်းအနား၌ သေသူကို လက်ခုပ်တီးပြီး ဂါရဝပြုသော အလေ့ရှိလေသည်။

၂၀၀၅ ခုနှစ်က ကွယ်လွန်ခဲ့သော ပုပ်ရဟန်းမင်းကြီး၏ ဈာပနကျင်းပပုံကို ကမ္ဘာသို့ တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့လေသည်။ အီတလီနိုင်ငံ ဗာတီကန်နန်းတော်သို့ ကမ္ဘာအရပ်ရပ်မှ ကမ္ဘာ့ခေါင်းဆောင်များ ရာနှင့်ချီ၍ တက်ရောက် ဂါရဝပြုကြသည်။ ကမ္ဘာ့ပြည်သူ တစ်သန်းကျော် လိုက်ပါပို့ဆောင်ကြသည်။ ခေါင်းတလားကို ထမ်း၍ လှည့်လည်အပူဇော်ခံစဉ် ဓမ္မတေးများ သံပြိုင်သီဆိုနေစဉ် တစ်လျှောက်လုံး လက်ခုပ်သံတဖြောင်းဖြောင်းကို ရပ်နားသည်မရှိ ကြားနေရလေသည်။ အသုဘ အခမ်းအနားတွင် လက်ခုပ်တီးသောလူမျိုး အင်မတန်ရှားပါးလှလေသည်။

သေဆုံးသူ မကွယ်လွန်မီ သူ့အတွက်တီးခဲ့သော လက်ခုပ်သံတို့၌ အစစ်အမှန်လက်ခုပ်သံလည်း ပါနိုင်သည်။ ဟန်ဆောင်ပန်ဆောင် တီးခဲ့သည်များလည်း ရှိနိုင်ပါသည်။ အကျိုးမျှော်၍ လက်ခုပ်တီးခဲ့ခြင်းတို့လည်း ရှိနိုင်ပါသည်။ သေဆုံးသူအတွက် လက်ခုပ်တီးခြင်းကတော့ ဘာမှ ပြန်လည် မျှော်ကိုးမရနိုင်တော့သဖြင့် အစစ်အမှန် လက်ခုပ်သံဟု ဆိုချင်ပါသည်။ ထို့ကြောင့် သေဆုံးသူအတွက် လက်ခုပ်တီး၍ ဂါရဝပြုခြင်းသည် အလွန်ကောင်းမြတ်သော အတွေးအယူသာဖြစ်လေသည်။ သေသူကို အသန့်စင်ဆုံး ဂုဏ်ပြုခြင်းလည်း မည်သည်။

ဘာပဲဖြစ်ဖြစ်… စဉ်းစားရန်ရှိသည်မှာ လက်ခုပ်တီးခြင်းသည် ထောက်ခံခြင်းလည်းဖြစ်နိုင်သည်။ သို့မဟုတ် ကန့်ကွက်ခြင်းလည်းဖြစ်နိုင်သည်။ ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းကို မည်သို့ဆုံးဖြတ်မည်နည်း။ အသံ အရှည်၊ အတို၊ အဖိ၊ အဖော့၊ အနိမ့်အမြင့်တို့နှင့် ခွဲခြားနိုင်မည်လား။ မရနိုင်ဟု ထင်သည်။ သို့ဖြစ်လျှင် မည်သို့ခွဲခြားကြမည်နည်း။ လက်ခုပ်သံကြားရသောအချိန် ကြားရသောနေရာနှင့် ကြားရသည့် အကြောင်းအရာပေါ် ခြုံငုံသုံးသပ်၍သာ ထောက်ခံခြင်း လက်ခုပ်သံလား၊ ဆန့်ကျင်ခြင်း လက်ခုပ်သံလား ခွဲခြားနိုင်ပေလိမ့်မည်။

အမှန်တရားနှင့် ဆက်နွှယ်နေသော လက်ခုပ်သံ၌ စွမ်းအားများရှိကြောင်း ပြောလိုပါသည်။ လက်ခုပ်သံသည် တစ်ဖက်နှင့်တစ်ဖက် တိုက်ရိုက်သတင်းပို့လွှတ်နည်းလည်းဖြစ်သလို တည်ဆောက် စွမ်းအားရော၊ ဖျက်ဆီးရေးစွမ်းအားပါ နှစ်မျိုးစလုံးကို ဆောင်ကြဉ်းနိုင်သောကြောင့် သတိကြီးကြီးဖြင့် ဆင်ခြင်ရန်သာဖြစ်ပါသည်။

လက်ခုပ်သံ၌ စောင့်ကြပ်သော လောကပါလနတ်သားတစ်ပါးရှိနိုင်ပါသည်။ ထိုနတ်သား၌ အခြားအမည်တစ်ခုရှိသေးသည်ဆိုလျှင် ထိုအမည်မှာ အမှန်တရားပင်ဖြစ်ပေလိမ့်မည်။ ထိုအမည်မှ လွဲ၍ အခြားမည်သည့်အမည်မှ ထိုနတ်သားနှင့် မထိုက်တန်ချေ။

***

မောင်ခိုင်လတ်

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading