ငွေကုန်လူပန်းဖြင့် ပဋိဒေဝမီးတောက်လောင်နေဆဲ မြောက်ဦးလက္ကာရွာဒေသခံများ

မြောက်ဦးမြို့နယ်တွင် ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခံခဲ့ရသော လက္ကာရွာမှ ဒေသခံများမှာ လတ်တလော တိုက်ပွဲများရပ်တန့်နေသော်လည်း ရွာသို့ ပြန်လည်နေထိုင်ရန် မဝံ့မရဲသဖြင့် စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်ကာ စားနပ်ရိက္ခာရှားပါးမှုအပြင် မိသားစုဝင်များ ဖမ်းဆီးခံထားရသောကြောင့် အမှုရင်ဆိုင်ရင်း ငွေကုန်ကြေးကျများသည့် ဒုက္ခကိုလည်း ရင်ဆိုင်နေရသည် 
 

Published on Dec 24, 2020
Published on Dec 24, 2020
မြောက်ဦးမြို့နယ်တွင် ယခုနှစ် မေလအတွင်းက ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခံခဲ့ရသည့် လက္ကာရွာအတွင်း တစ်နေရာကို ဒီဇင်ဘာ ၁၈ က တွေ့ရစဉ်။  (ဓာတ်ပုံ - ဖဒူထွန်းအောင်/ Myanmar Now) 
မြောက်ဦးမြို့နယ်တွင် ယခုနှစ် မေလအတွင်းက ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခံခဲ့ရသည့် လက္ကာရွာအတွင်း တစ်နေရာကို ဒီဇင်ဘာ ၁၈ က တွေ့ရစဉ်။  (ဓာတ်ပုံ - ဖဒူထွန်းအောင်/ Myanmar Now) 

သစ်ပင်ငယ်များနှင့်အတူ ဓနိပင်အစီအရီဖြင့် သာယာလှပသော လက္ကာရွာသည် ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာဖြစ်သည်။

ရေမြေတောတောင် သဘာဝအလှများဖြင့် သာသာယာယာရှိလှသော လက္ကာရွာမှာ လက်ရှိတွင် တိတ်ဆိတ်ခြောက်သွေ့လျက်ရှိသည်။ ရွာထဲသို့ ဝင်လျှင်ဝင်ချင်း မီးလောင်ထားသော နီနီရဲရဲ နေအိမ်အမိုးသွပ်များကို မြင်ရသည်။ တစစီပြိုကျပျက်စီးနေသော နေအိမ်များ၊ ပြာပုံအတိဖြစ်နေသော နေအိမ်များ တွေ့ရသလို တာလပတ်၊ ကောက်ရိုးများဖြင့် ဖြစ်သလိုမိုးထားသည့် နေအိမ်အချို့ကိုလည်း တွေ့ရသည်။ ရွာပျက်ကြီးတစ်ရွာလိုဖြစ်နေသည်။

မြောက်ဦးမြို့မှ ၈ မိုင်ခန့် အကွာ ရန်ကုန် - စစ်တွေကားလမ်းမနှင့် မနီးမဝေးရှိ လက္ကာရွာမှာ ၂၀၂၀ ပြည့်နှစ် မေလ ၁၆ ရက်နေ့က ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ရွာဖြစ်သည်။ အိမ်ခြေ ၃၀၀ ကျော်ရှိသည့်အနက် အိမ်အလုံးပေါင်း ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရာ လက်ရှိအချိန်တွင် ရွာပျက်ကြီးတစ်ရွာဖြစ်နေသည်။ 

လူဦးရေ ၂၀၀၀ ကျော်နေထိုင်သည့် လက္ကာရွာသည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခများအတွင်း ပျက်စီးဆုံးရှုံးခဲ့သော ကျေးရွာတစ်ရွာဖြစ်သည်။ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ နှစ်နှစ်ကျော်ကြာ အပြင်းအထန် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးဒဏ်ရာရသူများ၊ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများ ရှိခဲ့သည့်နည်းတူ မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ကျေးရွာများလည်း ရှိခဲ့သည်။

တိုက်ပွဲများကြောင့် နေအိမ်များကို စွန့်ခွာကာ ရွာသားများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေစဉ် လက္ကာရွာ မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။ ရွာမီးလောင်နေသည့် မြင်ကွင်းကို အဝေးမှနေ၍ ဝမ်းနည်းစွာကြည့်ရှုခဲ့ရသည်ဟု လက္ကာရွာသား ဦးအောင်စိန်လှက ဆိုသည်။ 

“တစ်လုံးပစ်လိုက်တယ်၊ မီးခိုးတွေထွက်လာတယ်။ နောက်တစ်လုံးပစ်တယ်။ လောင်ချာသုံးလုံး ပစ်တယ်။ ရွာထဲကိုပစ်တာ၊ အိမ်ကိုပစ်တာ။ မီးလောင်သွားတယ်။ လယ်ထွန်စက်ရှိသူတွေမှာ မိုးရာသီ လယ်ထွန်မယ်ဆိုပြီး ဆီတွေဝယ်ထားတယ်။ မီးလောင်တယ်” ဟု ခေါင်းတစ်ခုလုံး ဖွေးဖွေးဖြူနေသည့် ဆံပင်များဖြင့် အသက် ၆၆ နှစ်အရွယ် ဦးအောင်စိန်လှက ပြောသည်။ 

ပြီးခဲ့သည့် သီတင်းပတ်အတွင်း မြောက်ဦးမြို့နယ် လက္ကာရွာသို့ Myanmar Now က ရောက်ရှိခဲ့စဉ် ဦးအောင်စိန်လှအပါအဝင် ဒေသခံရွာသားများနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ 

လက္ကာရွာသူ ရွာသားများမှာ တိုက်ပွဲများနှင့် ဖမ်းဆီးမှုကြောင့် ၂၀၁၉ ခုနှစ်ကတည်းပင် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်။ လက္ကာရွာနှင့် မိုင်အနည်းငယ်ဝေးသည့် တိမ်ညိုနှင့် ပီပင်ရင်း ကျေးရွာများရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေခဲ့ကြရသည်။ 

ပြီးခဲ့သည့်မေလ ၁၆ ရက် နေ့လယ်ပိုင်းတွင် တပ်မတော်စစ်ကြောင်းရောက်ရှိလာပြီးနောက် လက္ကာရွာ မီးလောင်ပြာကျခဲ့ခြင်းဖြစ်သည်။ ရွာရှိ အိမ်ကြီးအိမ်ကောင်းအများစု ပျက်စီးခဲ့ရသည်ဟု ဆိုသည်။ ထိုစဉ်က မြောက်ဦးတဝိုက်တွင် တပ်မတော်နှင့် AA တို့ အပြင်းအထန်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

လက်ရှိတွင် တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် နေထိုင်လျက်ရှိသော အသက် ၃၄ နှစ်အရွယ် မသိန်းဝင်းယဉ်ကလည်း “ကိုယ့်ရွာ မီးလောင်နေတာကို တိမ်ညိုကယ်ဆယ်ရေးစခန်းကနေ ကြည့်နေရတယ်။ ရင်ကွဲမတတ်ခံစားရတယ်” ဟု မျက်ရည်စက်လက်ဖြင့် ပြောသည်။ 

မီးရှို့ခံရမှုကြောင့် သွပ်မိုး၊ ပျဉ်ကာနေအိမ်နှင့် ဆန်အိတ် ၂၀၀ ခန့် ဆုံးရှုံးခဲ့ရသည်ဟု မသိန်းဝင်းယဉ်က ဆိုသည်။ မည်သည့်ပစ္စည်းမှ မကျန်တော့သည့်အပြင် လက်ရှိတွင်လည်း စစ်ဘေးရှောင်ဘဝဖြင့် နေနေရသောကြောင့် အိမ်တစ်ဆောင် ဆောက်နိုင်ရန် မျှော်လင့်ချက်မရှိဟုလည်း ဆိုသည်။ 

“အခုကယ်ဆယ်ရေးပေးလို့ စားနေရတယ်။ လုပ်စရာကိုင်စရာလည်းမရှိ။ ဟိုကိုသွားလည်း စစ်သား၊ ဒီကိုသွားလည်း စစ်သား။ စိတ်ထဲမှာလည်း ကြောက်ရွံ့နေတာ။ လုံးဝအတွေ့တောင် မခံရဲဘူး” ဟု မသိန်းဝင်းယဉ်က ပြောသည်။

လက္ကာရွာမှ အသက် ၅၆ နှစ်အရွယ် ဒေါ်မခင်စိုးသည်လည်း ရွာမီးရှို့ဖျက်ဆီးခံရမှုကြောင့် ကျပ်သိန်း ၁၀၀ ကျော် အကုန်ကျခံဆောက်ထားသည့် တိုက်အိမ်တစ်လုံး ဆုံးရှုံးခဲ့ပြီး အုတ်နံရံတစ်ခုသာ ကျန်ရှိတော့သည်ဟု ဆိုသည်။ မိုးရာသီအတွက် ဝမ်းစာသိုလှောင်ထားသည့် ဆန်အိတ် ၄၀၀ ကျော်လည်း ဆုံးရှုံးခဲ့သည်ဟု ဆိုသည်။

“ကိုယ့်မှာ ပျက်စီးသွားတာတွေ၊ လုပ်ကိုင်စားသောက်လို့ မရတော့တာတွေကို စိတ်ပူတယ်။ ကြောက်လန့်နေရတယ်။ အဲဒါတွေကို စိတ်ပူတယ်” ဟု မီးလောင်သွားသည့်နေအိမ်ကို ကြည့်ရင်း ဒေါ်မခင်စိုးက ပြောသည်။ 

ရွာမီးရှို့မခံရမီကပင် လက္ကာရွာဒေသခံများကို တပ်မတော်သားများက တစ်အိမ်တက်ဆင်း စစ်ဆေးခြင်း၊ ဖမ်းဆီးခေါ်ဆောင်ခြင်းများ ရှိခဲ့သည်ဟု ဆိုသည်။ ၂၀၁၉ ခုနှစ် ဧပြီလအတွင်းက ရွာခံ ၂၁ ဦးနှင့် ဧည့်သည် ၆ ဦး ဖမ်းခံခဲ့ရပြီး ကျန်ရွာသူရွာသားများလည်း ကြောက်လန့်သဖြင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်ဟု ဆိုသည်။

လက္ကာရွာမှ ဖမ်းဆီးခံခဲ့ရသူ ၂၇ ဦးအနက် တပ်မတော်က စစ်ဆေးနေစဉ် သေဆုံးခဲ့သူ ၃ ဦးရှိသည်ဟု သိရသည်။ လက်ရှိအချိန်ထိ အသက်မပြည့်သေးသဖြင့် ပြန်လွှတ်ပေးခဲ့သူ ၂ ဦးသာရှိပြီး ရွာသား ၂၂ ဦးမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့် တရားစွဲဆိုခံထားရသည်။

လက္ကာရွာသူ ဒေါ်မငယ်၏ အမျိုးသား ဦးညွန့်မောင်သည်လည်း တပ်မတော်က ဖမ်းဆီးထားသူများတွင် အပါအဝင်ဖြစ်သည်။ AA နှင့် ပတ်သက်ဆက်နွှယ်သည်ဟူသော သံသယဖြင့် ဖမ်းဆီးခံခဲ့ရပြီး အဖမ်းခံရပြီး ရက်ပေါင်း ၂၀ ကျော်မှသာ စစ်တွေမြို့မရဲစခန်းတွင် တွေ့ခွင့်ရခဲ့သည်ဟု ဒေါ်မငယ်က ပြောသည်။

“သူတို့ကို ဟိုမှာရှာ၊ ဒီမှာရှာ စုံစမ်းလို့လည်း မရဘူး။ ရက်ပေါင်း ၂၀ ကျော်လောက်ကြာမှ သူတို့တွေနဲ့ သွားတွေ့ခွင့်ရတဲ့အခါ သိပ်နှိပ်စက်တယ်လို့ပြောတယ်။ ခါးပတ်တွေနဲ့ရိုက်တယ်တဲ့။ ထမင်းလည်းမကျွေး သိပ်နှိပ်စက်ခံခဲ့ရတယ်” ဟု ဒေါ်မငယ်က မျက်ရည်လည်ရွဲဖြင့် ပြောသည်။ 

မြောက်ဦးနှင့် မိုင် ၉၀ ခန့်ဝေးသည့် စစ်တွေမြို့အကျဉ်းထောင်တွင် ချုပ်နှောင်ခံထားရသော ခင်ပွန်းဖြစ်သူ၏ ရုံးချိန်းများတွင် အခြားဖမ်းဆီးခံရသူများ၏ မိသားစုဝင်များနှင့်အတူ ဒေါ်မငယ် ပုံမှန်သွားရောက်ဖြစ်သည်။ ခင်ပွန်းဖြစ်သူ အဖမ်းခံရသည့်အပြင် သူကိုယ်တိုင်မှာလည်း စစ်ဘေးရှောင်ဘဝ ရောက်သွားသဖြင့် ဘာစီးပွားရေးမှ မလုပ်နိုင်ကြောင်းလည်း ဒေါ်မငယ်က ပြောသည်။ 

စစ်ဘေးရှောင်စခန်းတွင် အစားဆင်းရဲ၊ အနေဆင်းရဲဖြင့် ဖြတ်သန်းနေရသည့်အပြင် ခင်ပွန်းဖြစ်သူ၏ ရုံးချိန်းများစွာ သွားရောက်နေရသဖြင့် နွားရောင်းရငွေများပင် ကုန်ဆုံးပြီဖြစ်ရာ နောက်ရုံးချိန်းများ သွားရောက်နိုင်ရန် မသေချာဟုလည်း ၎င်းက ပြောသည်။ 

“အခုဆိုရင် ငွေကျပ်သိန်း ၈၀ လောက်ကုန်သွားပြီ။ (စစ်တွေကို) သွားတယ်။ သွားပြီးတော့ အိမ်ရှင် (ခင်ပွန်း) သောက်ဖို့ ဆေးတွေကအစ --။ ထွက်လို့ချည်းပြေးနေရတော့ အလုပ်မလုပ်ရဘူး။ အခုဆိုရင် ရှိတာတွေလည်း အားလုံးကုန်သွားပြီ” ဟု ဒေါ်မငယ်က စိတ်မသက်မသာဖြင့် ပြောသည်။

လတ်တလောတွင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများရပ်တန့်နေသည်မှာ တစ်လကျော်ရှိပြီဖြစ်ကာ တပ်မတော်နှင့် AA အကြား တွေ့ဆုံဆွေးနွေးမှုများ ရှိနေသော်လည်း တချိန်ချိန်တွင် တိုက်ပွဲများပြန်ဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြဆဲဖြစ်သည်။ 

စစ်ဘေးရှောင်စခန်းများတွင် ကူညီထောက်ပံ့သူ နည်းပါးလာပြီး ဆန်ရိက္ခာတစ်ခုသာ ရှိတော့သည့်အတွက် စားဝတ်နေရေး အခက်အခဲဖြစ်နေသည်ဟု သိရသည်။ လတ်တလော တိုက်ပွဲများရပ်တန့်နေချိန်တွင် လက္ကာရွာဒေသခံအချို့ ရွာပြန်ပြီး ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းများရှိသလို ထင်းခုတ်ရောင်းသူများလည်း ရှိသည်ဟု သိရသည်။ 

“အခုအိမ်မှာ ခရမ်းပင်၊ ဗူးပင်တွေ စိုက်ထားတယ်။ ကယ်ဆယ်ရေးစခန်းမှာ ထမင်းတစ်ခုပဲရတယ်။ ဟင်းသီး၊ဟင်းရွက်က မဝယ်ရင် မစားရဘူး။ မိုးလင်းလာရင် ဟင်းဝယ်ဖို့ လိုတယ်။ ဒါကြောင့် အခြားစီးပွားရေးမရရင်လည်း ဟင်းပဲစိုက်ထားရင် ဟင်းအတွက်သက်သာမယ်ဆိုပြီး စိုက်ထားတာပါ” ဟု လက္ကာရွာကို ခေတ္တပြန်ရောက်နေသူ မသိန်းဝင်းယဉ်က ပြောသည်။ 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading